News @ M-Media

Tag: SerieA 2018-19

  • အဓမ္မကျင့်မှု တိုင်ကြားချက်အတွက် ရော်နယ်ဒိုထံမှ DNA နမူနာယူရန် အမေရိကန်ရဲတပ်ဖွဲ့ ၀ရမ်းထုတ်

    အဓမ္မကျင့်မှု တိုင်ကြားချက်အတွက် ရော်နယ်ဒိုထံမှ DNA နမူနာယူရန် အမေရိကန်ရဲတပ်ဖွဲ့ ၀ရမ်းထုတ်

    ဇန်န၀ါရီ ၁၁၊ ၂၀၁၉
    M-Media

    – စွပ်စွဲခံထားရတဲ့ မုဒိမ်းမှုဆွဲချက်အတွက် ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုထံကနေ DNA နမူနာ ရယူဖို့ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလီစ်ရဲတပ်ဖွဲ့က မနေ့မှာ ၀ရမ်းထုတ်လိုက်ပါတယ်။

    ရော်နယ်ဒိုရဲ့ရှေ့နေ ပီတာ အက်စ် ခရစ္စတီယန်ဆန်က ဒါဟာ လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အဲဒီဝရမ်းကို အီတလီက တရားရုံးကို ရောက်ရှိနေတယ်လို့ Wall Street ဂျာနယ်က ဖော်ပြပါတယ်။

    အမေရိကန်မော်ဒယ်တစ်ဦးဖြစ်တဲ့ ကက်သရင်း မာယောဂါက ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ် လက်စ်ဗီးဂပ်စ်မှာ သူမကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ တိုင်ကြားခဲ့ပါတယ်။

    ရှေ့နေ ခရစ္စတီယန်ဆန်က ဒီကိစ္စဟာ နှစ်ဦးသဘောတူ ဖြစ်ခဲ့တာဖြစ်တဲ့အတွက် DNA ကျန်ရှိနေမှာ သေချာတယ်လို့ ပြောဆိုခဲ့ပါတယ်။

    မာယာဂေါဟာ ဒီအဖြစ်အပျက် ဖြစ်ပွားပြီးပြီးချင်းမှာ ရဲစခန်းသွားပြီး တိုင်ကြားခဲ့ကာ ဒီကိစ္စကို လူသိရှင်ကြား ထုတ်မပြောဖို့အတွက် ရော်နယ်ဒိုထံကနေ ကန်ဒေါ်လာ ၃၇၅၀၀၀ ယူပြီး ၂၀၁၀ ခုနှစ်မှာ ကျေအေးခဲ့တယ်လို့ ဂျာမနီသတင်းစာ Der Spiegel က ဖော်ပြပါတယ်။

    ခရစ္စတီယန်ဆန်က သူ့ရဲ့အမှုသည်ဟာ ဒီငွေကြေးပေးကာ သဘောတူညီချက် ရယူခဲ့တဲ့အပေါ် ငြင်းဆိုခဲ့ခြင်း မပြုပေမယ့် အပြစ်ရှိကြောင်း ၀န်ခံတာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    မာယောဂါရဲ့ရှေ့နေက သူ့ရဲ့အမှုသည်ဟာ အမျိုးသမီးတွေ အဓမ္မကျင့်ခံမှုကို ကိုယ်တိုင်ဖော်ထုတ်တဲ့ #MeToo လှုပ်ရှားမှုကို အားကျတဲ့အတွက် ဒီလို ပြန်လည်တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ရော်နယ်ဒိုက ဒီကိစ္စတွေဟာ သတင်းအမှားတွေဖြစ်တယ်လို့ အစပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။

    Ref: BBC

  • စနေနေ့ည ဘောလုံးသတင်းများ

    စနေနေ့ည ဘောလုံးသတင်းများ

    သြဂုတ် ၁၈၊ ၂၀၁၈
    M-Media

    အဆင့်အတန်းကို ငွေနှင့်ဝယ်၍မရဟု မန်စီးတီးကို မော်ရင်ဟိုဝေဖန်
    ============
    စံချိန်တင်အမှတ် ၁၀၀ နဲ့ ပရီးမီးယားလိဂ်ဖလားရရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ရာသီကို ဖော်ကျူးထားတဲ့ မန်စီးတီးအသင်းရဲ့ အပိုင်း ၈ ပိုင်းပါ မှတ်တမ်းရုပ်ရှင်ကို မန်ယူနည်းပြ မော်ရင်ဟိုက ဝေဖန်လိုက်ပြီး အဆင့်အတန်းကို ငွေနဲ့ဝယ်လို့မရဘူးလို့လည်း စကားနာထိုးလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့နှစ်မှာ ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့ပေမယ့် မန်စီးတီးနဲ့ ၁၉ မှတ်တောင် ကွာဟခဲ့တာပါ။ မော်ရင်ဟိုကတော့ မန်စီးတီးရဲ့ဗီဒီယိုဟာ တစ်ခြားသူတွေကို လေးစားရမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မိုဒရစ်ကိစ္စအတွက် ရီးယဲလ်က အင်တာကို ဖီဖာထံ တိုင်ကြား
    ==================
    နောက်ခံလူ လူကာမိုဒရစ်ကို အင်တာမီလန်က တရားမ၀င်ချဉ်းကပ်တယ်လို့ ရီးယဲလ်မက်ဒရစ်က စွပ်စွဲလိုက်ပြီး ဒီကိစ္စကို အရေးယူပေးဖို့ ရီးယဲလ်က ဖီဖာကို တိုင်ကြားလိုက်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ခရိုအေးရှားနောက်ခံလူ မိုဒရစ်ကို အင်တာက ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ရီးယဲလ်ဥက္ကဌ ပီရက်ဇ်က စာချုပ်မှာ ရေးသားထားတဲ့ အလျော် ယူရို သန်း ၇၅၀ ပေးမှ ရမယ်လို့ ပြောပါတယ်။ အင်တာကတော့ သူတို့အနေနဲ့ မိုဒရစ်ကို တိုက်ရိုက်ချဉ်းကပ်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

    ဂျူဗင်တပ်စ်နည်းပြက ရော်နယ်ဒိုကို ချီးကျူး
    =================
    ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ပြီး ဒီနေ့ကစားမယ့် စီးရီးအေအဖွင့်ပွဲ ချီယေဗိုနဲ့ပွဲမှာ ထည့်သွင်းအသုံးပြုသွားမယ်လို့ ဂျူဗင်တပ်စ်နည်းပြ မက်စီမီလီယာနို အလ်လီဂရီက ပြောကြားလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒိုဟာ ဇူလိုင်လက ရီးယဲလ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အလ်လီဂရီက ရော်နယ်ဒိုဟာ သူလိုကိုယ်လို ကစားသမားမျိုး မဟုတ်ဘူးဆိုတာ သူ့ရဲ့ မှတ်တမ်းတွေက ပြသနေကြောင်း အသင်းမှာ သူရှိနေတဲ့အတွက် ပွဲတွေကို အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ထည့်သွင်းပြောဆိုပါတယ်။

    Ref: Goal, BBC