News @ M-Media

အဓမ္မကျင့်မှု တိုင်ကြားချက်အတွက် ရော်နယ်ဒိုထံမှ DNA နမူနာယူရန် အမေရိကန်ရဲတပ်ဖွဲ့ ၀ရမ်းထုတ်

ဇန်န၀ါရီ ၁၁၊ ၂၀၁၉
M-Media

– စွပ်စွဲခံထားရတဲ့ မုဒိမ်းမှုဆွဲချက်အတွက် ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုထံကနေ DNA နမူနာ ရယူဖို့ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလီစ်ရဲတပ်ဖွဲ့က မနေ့မှာ ၀ရမ်းထုတ်လိုက်ပါတယ်။

ရော်နယ်ဒိုရဲ့ရှေ့နေ ပီတာ အက်စ် ခရစ္စတီယန်ဆန်က ဒါဟာ လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အဲဒီဝရမ်းကို အီတလီက တရားရုံးကို ရောက်ရှိနေတယ်လို့ Wall Street ဂျာနယ်က ဖော်ပြပါတယ်။

အမေရိကန်မော်ဒယ်တစ်ဦးဖြစ်တဲ့ ကက်သရင်း မာယောဂါက ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ် လက်စ်ဗီးဂပ်စ်မှာ သူမကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ တိုင်ကြားခဲ့ပါတယ်။

ရှေ့နေ ခရစ္စတီယန်ဆန်က ဒီကိစ္စဟာ နှစ်ဦးသဘောတူ ဖြစ်ခဲ့တာဖြစ်တဲ့အတွက် DNA ကျန်ရှိနေမှာ သေချာတယ်လို့ ပြောဆိုခဲ့ပါတယ်။

မာယာဂေါဟာ ဒီအဖြစ်အပျက် ဖြစ်ပွားပြီးပြီးချင်းမှာ ရဲစခန်းသွားပြီး တိုင်ကြားခဲ့ကာ ဒီကိစ္စကို လူသိရှင်ကြား ထုတ်မပြောဖို့အတွက် ရော်နယ်ဒိုထံကနေ ကန်ဒေါ်လာ ၃၇၅၀၀၀ ယူပြီး ၂၀၁၀ ခုနှစ်မှာ ကျေအေးခဲ့တယ်လို့ ဂျာမနီသတင်းစာ Der Spiegel က ဖော်ပြပါတယ်။

ခရစ္စတီယန်ဆန်က သူ့ရဲ့အမှုသည်ဟာ ဒီငွေကြေးပေးကာ သဘောတူညီချက် ရယူခဲ့တဲ့အပေါ် ငြင်းဆိုခဲ့ခြင်း မပြုပေမယ့် အပြစ်ရှိကြောင်း ၀န်ခံတာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မာယောဂါရဲ့ရှေ့နေက သူ့ရဲ့အမှုသည်ဟာ အမျိုးသမီးတွေ အဓမ္မကျင့်ခံမှုကို ကိုယ်တိုင်ဖော်ထုတ်တဲ့ #MeToo လှုပ်ရှားမှုကို အားကျတဲ့အတွက် ဒီလို ပြန်လည်တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုက ဒီကိစ္စတွေဟာ သတင်းအမှားတွေဖြစ်တယ်လို့ အစပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။

Ref: BBC