News @ M-Media

Tag: singapore

  • စင်ကာပူတစ်ခေါက်သွားပြီး မီလျံနာဖြစ်လာတဲ့ အင်ဒိုနီးရှားသား

    စင်ကာပူတစ်ခေါက်သွားပြီး မီလျံနာဖြစ်လာတဲ့ အင်ဒိုနီးရှားသား

    ဇန်န၀ါရီ ၁၆၊ ၂၀၁၇
    M-Media

    Be a Changi Millionaire အစီအစဉ်မှ မီလျံနာဖြစ်လာသူ အစ္စကန်ဒါ ရိုနီ

    – အင်ဒိုနီးရှားကနေ စင်ကာပူကို လာလည်တဲ့ ခရီးသည်တစ်ဦးဟာ ချန်ဂီလေဆိပ်မှာ ပြုလုပ်တဲ့ ကံစမ်းမဲ့အစီအစဉ်နဲ့တိုးပြီး မီလျံနာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

    အစ္စကန်ဒါ ရိုနီဆိုသဖြစ်ပြီး ချန်ဂီလေဆိပ်ကို ရောက်တဲ့အချိန် စင်ကာပူဒေါ်လာ ၅၀ တန် Adidas တီရှပ်အင်္ကျီတစ်ထည် ၀ယ်ယူကာ Be a Changi Millionaire ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။ ဒီဝယ်ယူမှုဟာ အစီအစဉ်မှာ ပါဝင်ချင်တဲ့သူတစ်ယောက် အနိုမ့်ဆုံး ၀ယ်ယူရမယ့် ပမာဏဖြစ်ပြီး ဇကာတင် ၈ ဦးမှာ ရိုနီဟာ ၀ယ်ယူမှုအနည်းဆုံးသူလည်း ဖြစ်ပါတယ်။

    နောက်ဆုံးအဆင့်မှာ ရိုနီဟာ အိန္ဒိယက အန်နီမက်ရှ် ဆင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရခဲ့တာပါ။

    “စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ယုံတောင် မယုံနိုင်ပါဘူး။ ဒါပေမယ့် အတိုင်းမသိ ၀မ်းသာပျော်ရွှင်မိပါတယ်။ စင်ကာပူဒေါ်လာတစ်သန်းက ဘယ်လောက်များမလဲဆိုတာ ကျွန်တော် မတွေးတတ်အောင်ပါပဲ။ တော်တော်များများမယ်ထင်တယ်” လို့ ရိုနီက ပြောကြားခဲ့ပါတယ်။

    ချန်ဂီလေဆိပ်လုပ်ငန်းအုပ်စု (CAG) က ပြုလုပ်တဲ့ ဒီ Be a Changi Millionaire ကံစမ်းမဲအစီအစဉ်ဟာ ရောင်းအားမြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ၂၀၁၆ ခုနှစ် ကံစမ်းမဲကာလကတော့ မေလ ၄ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်။

    ရိုနီဟာ ၂၀၁၆ အောက်တိုဘာလအတွင်း ပထမဆုံး စင်ကာပူကိုလာရောက်စဉ် ဒီကံစမ်းမဲအစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီငွေတစ်သန်းနဲ့ ဘာလုပ်မလဲလို့ မေးတဲ့အခါမှာတော့ ရိုနီက “ကျွန်တော့် တစ်မိသားစုလုံးကို ပထမဆုံး အွမ္မရာဟ်ဘုရားဖူးခေါ်သွားမယ်။ ဒီငွေတွေနဲ့ ဘာလုပ်ရမလဲဆိုတာ ကျွန်တော် စဉ်းတောင် မစဉ်စားရသေးပါဘူး။ ဒါပေမယ့် မိသားစုအတွက် ကားလေးတစ်စီးလောက် ၀ယ်ဖို့လည်း မျှော်မှန်းထားပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ၂၀၁၆ Be a Changi Millionaire အစီအစဉ်မှာ လူပေါင်း ၁.၂ သန်းလောက် ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက် အစီအစဉ်ကိုတော့ မေလမှာ စတင်မှာ ဖြစ်ပါတယ်။

    Ref: Channelnewsasia

  • ပါလက်စတိုင်း ရုပ်ရှင်ပွဲတော် စင်ကာပူတွင် ကျင်းပမည်

    ပါလက်စတိုင်း ရုပ်ရှင်ပွဲတော် စင်ကာပူတွင် ကျင်းပမည်

    ဇန်န၀ါရီ ၁၁၊ ၂၀၁၇
    M-Media

    singapore

    – ပါလက်စတိုင်းပြည်သူများ နယ်မြေဆုံးရှုံးမှုနှင့် နေ့စဉ်ရင်ဆိုင်နေရသည့် ဒုက္ခသုက္ခများကို ကမ္ဘာက သိရှိစေရန်အတွက် စင်ကာပူတွင် ပါလက်စတိုင်းရုပ်ရှင်ပွဲတော် (Palestinian Film Festival) ကို ယခုလအတွင်း ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

    The Projector ရုပ်ရှင်ရုံတွင် ဇန်န၀ါရီ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပါလက်စတိုင်းပြည်သူများနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရန် ၎င်းတို့၏ ကြွယ်ဝသော ယဉ်ကျေးမှုကိုတို့ မီးမောင်းထိုးပြရန် ဖြစ်သည်။

    ရုပ်ရှင်ပြသခွင့်၊ ခွင့်ပြုချက်နှင့် ပွဲအတွက် ပန်းဖလတ်များဝေငှရန် လိုအပ်သည့် ရန်ပုံငွေ ကန်ဒေါ်လာ ၂၅၀၀ ကို စင်ကာပူ အမျိုးသားတက္ကသိုလ် (NUS) ရှိ အရှေ့အလယ်ပိုင်းအသင်းက အကုန်ကျခံခဲ့သည်။

    အဆိုပါ ပွဲတော်ကို Speed Sisters အမည်ရှိ ရုပ်ရှင်ဖြင့် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ထိုရုပ်ရှင်မှာ ပါလက်စတိုင်း အမျိုးသမီး အပြေးအသင်း တွေ့ကြုံခဲ့ရသည့် ဒုက္ခသုက္ခများအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။ ထို့ပြင် ပါလက်စတိုင်း ဟစ်ဟော့ပ်တေးဂီတနယ်ပယ်အကြောင်းကို ရိုက်ကူးထားသော Slingshot Hip Hop ဇာတ်ကား၊ နွားနို့ထုတ်လုပ်မှုက အစ္စရေး၏ အမျိုးသားလုံခြုံရေးကို ထိခိုက်သည်ဟုဆိုကာ အစ္စရေးစစ်တပ်က ပါလက်စတိုင်းမှ နွားမ ၁၈ ကောင်ကို စီးနင်း ရှာဖွေသည့် အကြောင်းကို တင်ဆက်ထားသည့် The Wanted 18 တို့လည်း ပါဝင်မည်ဖြစ်သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများ ၀န်းရံခံထားရသည့် ပါလက်စတိုင်းရွာ ဘီအစ်လင်းမှ ရွာသားများ၏ နေ့စဉ်ဘ၀ ဖြန်သန်းရပုံများ၊ အစ္စရေးစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း လယ်သမားတစ်ဦး သေဆုံးခဲ့ရပြီး ၎င်း၏ မိသားစုမှာ ဒုက္ခဆင်းရဲနှင့် ရင်ဆိုင်ခဲ့ရပုံများအကြောင်းကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် 5 Broken Cameras လည်း အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ပြသ သွားမည်ဖြစ်သည်။

    Ref: Singapore Coconuts

  • မောင်းသူမဲ့ ထရပ်ကားများကို စင်ကာပူတွင် စမ်းသပ်ပြေးဆွဲမည်

    မောင်းသူမဲ့ ထရပ်ကားများကို စင်ကာပူတွင် စမ်းသပ်ပြေးဆွဲမည်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    diverless
    စင်ကာပူတွင် စမ်းသပ်မည့် မောင်းသူမဲ့ ထရပ်ကားစနစ် အခြေပြပုံ

    – မောင်းသူမဲ့ကားများနှင့် ဘတ်စ်ကား အမျိုးမျိုးကို စမ်းသပ်မှုပြုလုပ်ပြီးနောက် မိမိတို့အနေဖြင့် မောင်းသူမဲ့ ထရပ်ကားများကို စမ်းသပ်ရန် ရှိနေသည်ဟု စင်ကာပူ ပို့ဆောင်ရေးဝန်ကြီးဌာန (MOT) နှင့် PSA Corporation တို့က ကြေငြာလိုက်သည်။

    ဆိပ်ကမ်းတစ်ခုမှ တစ်ခုမှ တစ်ခုသို့ ကွန်တိန်နာများကို ပို့ဆောင်ရာတွင် အသုံးပြုမည့် ထရပ်ကားများနေရာတွင် စမ်းသပ်မည်ဖြစ်ပြီး အဆိုပါ မောင်သူမဲ့စနစ်ကို ဖော်ဆောင်ရန်အတွက် ကားကုမ္ပဏီနှစ်ခုဖြစ်သော Scania၊ Toyota Tusho တို့နှင့် ယနေ့တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ထိုစနစ်အရ ယာဉ်မောင်းတစ်ဦး မောင်းနှင်သော ထရပ်ကားတစ်စီးမှာ မောင်းသူမဲ့ ထရပ်ကားများကို ဦးဆောင်ကာ မောင်းနှင်ခြင်းဖြစ်သည်။

    MOT နှင့် PSA တို့မှ ပူးပေါင်းထုတ်ပြန်သည့် ကြေငြာချက်တွင် ထိုစနစ်က မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ် ပြတ်လတ်မှုအတွက် အကူအညီဖြစ်စေမည်ဟု ဖော်ပြထားသည်။

    “ဒီစနစ်က ထရပ်ကားဒရိုင်ဘာတွေကို ယာဉ်အုပ်စု ဦးဆောင်သူတွေ၊ မန်နေဂျာတွေအဖြစ် ကျွမ်းကျင်မှုပိုမြင့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်စေနိုင်မှာပါ” ဟု ပို့ဆောင်ရေးဌာနမှ အမြဲတမ်းအတွင်းဝန်ဖြစ်သူ မစ္စတာ ပန် ကင် ကီအွန်က ပြောကြားခဲ့သည်။

    အဆိုပါ စမ်းသပ်မှုကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၃ နှစ်အတွင်း အဆင့် ၂ ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

    ပထမအဆင့်တွင် Scania နှင့် Toyota Tusho ကုမ္ပဏီတို့က ဆွီဒင်နှင့် ဂျပန်တို့ရှိ ၎င်းတို့၏ စက်ရုံများတွင် ဒီဇိုင်းများ၊ စနစ်များအတွက် သုတေသန ပြုလုပ်သွားမည်ဖြစ်ပြီး၊ MOT နှင့် PSA တို့ကမူ ပထမအဆင့်မှ ရရှိသော ရလဒ်များအပေါ် မူတူ၍ ဒုတိယအဆင့်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

    စမ်းသပ်မှုအတွက် လမ်းကြောင်းကို ၁၀ ကီလိုမီတာ သတ်မှတ်ထားသည်။

    Ref : CNA

  • ကမ္ဘာ့ပထမဆုံး အစ္စလာမ့်နည်းကျ ရွှေဈေးကွက်ကို စင်ကာပူက စတင်

    ကမ္ဘာ့ပထမဆုံး အစ္စလာမ့်နည်းကျ ရွှေဈေးကွက်ကို စင်ကာပူက စတင်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    sgx

    – စင်ကာပူအိတ်ချိန်းဖြစ်သော (SGX) က Singapore Kilobar Gold Contract အမည်ဖြင့် ရွှေဈေးကွက်သစ်တစ်ခုကို ယနေ့တွင် ဖွင့်လှစ်လိုက်ပြီး ကမ္ဘာ့ပထမဆုံး ရရှီအာနည်းကျ ရွှေဈေးကွက် ဖြစ်လာမည်ဖြစ်သည်။

    SGX မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလကလည်း ကမ္ဘာ့ရွှေကောင်စီ၊ Singapore Bullion Market Association တို့နှင့် ပူးပေါင်းကာ ကမ္ဘာ့ပထမဆုံး ရွှေသားလက်ငင်းပေးသည့် လက်ကားရွှေဈေးကွက်ကို ဖွင့်လှစ်ခဲ့သည်။

    ယခု ရှရီအာနည်းကျ ရွှေဈေးကွက်မှာ အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အသင်းအဖွဲ့များဆိုင်ရာ စာရင်းစစ်အဖွဲ့ AAOIFI က သတ်မှတ်ထားသည့် ‘ရွှေဆိုင်ရာ ရရှီအာစံသတ်မှတ်ချက်’ နှင့် ကိုက်ညီသည်ဟု အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို အထူးအလေးထားသော အကြံပေးအဖွဲ့ Amanie Advisors ၏ ထောက်ခံချက် ရရှိထားသည်။

    SGX ၏ သတ္တုနှင့် ကျောက် ကုန်စည်ဆိုင်ရာ အကြီးအကဲ မစ္စတာ ၀ီလီယံ ချင်က “ဒါဟာ စုစုပေါင်းတန်ဖိုး ခန့်မှန်းခြေ ကန်ဒေါ်လာ ၂ ထရီလီယံလောက် ရှိနေပြီး အလျင်အမြန် တိုးတက်လာတဲ့ အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်နဲ့ risk management နည်းလမ်းအသစ်ကို ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းမှာ ကမ္ဘာလုံးဆိုင်ရာ အချက်အ
    ချာနေရာ ဖြစ်တယ်ဆိုတဲ့ စင်ကာပူရဲ့ အနေအထားကို ပိုမို ခိုင်မာစေပြီး၊ ရွှေရောင်းဝယ်မှုအတွက် နိုင်ငံတကာအချက်အချာ ဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်အပေါ်မှာ ဖြစ်တည်လာတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ကမ္ဘာ့ရွှေကောင်စီမှ ဘဏ်များနှင့် ပြည်သူ့ပေါ်လစီရေးရာ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ နာတာလီ ဒမ့်စတာကလည် ယခုဈေးကွက်အသစ်ကြောင့် ရှေ့တောင်အာရှတွင် ရွှေဝယ်လိုအား သိသိသာသာ တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများမှာ အိတ်ချိန်းတစ်ခုမှတစ်ဆင့် ရွှေချောင်းများကို ၀ယ်ယူနိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Singapore Kilobar Gold Contract ဈေးကွက်အသစ်မှာ ပွင့်လင်းမြင်သာမှုရှိပြီး ရွှေဈေးကွက်အတွက် အာရှတွင် ဗဟိုထိန်းချုပ်မှုစနစ်ရှိသည့် ဈေးနှုန်းသုံးသပ်ရေး ပလက်ဖောင်းတစ်ခုအဖြစ် အသုံးဝင်မည်ဖြစ်ကြောင်း SGX က ပြောကြားခဲ့သည်။

    လက်ရှိတွင် ကမ္ဘာ့ ရွှေအရောင်းအ၀ယ်၏ ၆၀ ရာခိုင်နှုန်းကို အာရှတွင် ပြုလုပ်နေခြင်းဖြစ်သည်။

    Ref : Straitstimes

  • နိုင်ငံအတွက် ငြိမ်းချမ်းရေးသာ အရေးကြီးဆုံးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    နိုင်ငံအတွက် ငြိမ်းချမ်းရေးသာ အရေးကြီးဆုံးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    နိုဝင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    suu-kyi

    – မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးထက် မည်သည့်အရာမှ အရေးမကြီးဟု စင်ကာပူသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး မိမိတို့နိုင်ငံအနေဖြင့် ထိုငြိမ်းချမ်းရေးကို အရယူနိုင်ကြောင်း ကမ္ဘာကြီးအား ပြသချင်သည်ဟု ပြောကြားလိုက်သည်။

    စင်ကာပူသို့ ၃ ရက်တာ ခရီးစဉ် အစိတ်အပိုင်းအဖြစ် စင်ကာပူသမ္မတအိမ်တော်တွင် ၀န်ကြီးချုပ် လီရှန်လွန်းက တည့်ခင်းဧည့်ခံသော ယနေ့ ညစာစားပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “ကျွန်မတို့တိုင်းပြည်ဟာ စိန်ခေါ်မှုတွေအများကြီး ကြုံတွေ့နေရတယ်ဆိုတဲ့အချက်ကို ကျွန်မ လျှို့ဝှက်ထားစရာ မလိုပါဘူး။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို ကြောက်ရွံ့နေမှာမဟုတ်ဘဲ ဒါတွေကိုကျော်ဖြတ်ဖို့အတွက် ကူညီမယ့် မိတ်ဆွေကောင်းတွေ၊ နားလည်မှုရှိတဲ့မိတ်ဆွေနိုင်ငံတွေ ရှိတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်”

    ယနေ့မနက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က မိမိတို့နိုင်ငံတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရန်မှာ ရှောင်လွှဲ၍မရသော ကိစ္စဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းများကို စွဲဆောင်ရန်အတွက် နိုင်ငံတည်ငြိမ်အောင် ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်မှုက ဒေသတွင်း အခြားနိုင်ငံတစ်ခု၏ တည်ငြိမ်မှုလည်း ဖြစ်သည်ဟု ဆိုသည်။

    “ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆိုတာ ကျွန်မတို့ တစ်နိုင်ငံချင်းစီအတွက်သာ မဟုတ်ပါဘူး။ ဒေသတစ်ခုလုံးအတွက်ပါ။ အဲဒီအတွက် ကျွန်မတို့နဲ့ စိတ်တူကိုယ်တူ မိတ်ဖက်တွေဖြစ်ဖို့ ရှင်တို့ကို ဖိတ်ခေါ်ချင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကလွဲလို့ ဘာမှအရေးမကြီးပါဘူး။ ဒါကို အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်ဆိုတာ ကမ္ဘာကြီးကို ကျွန်မတို့ ပြသချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    Ref : Channelnewsasia