News @ M-Media
Tag: singapore
  • စင်ကာပူလေထု ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ ရောက်ရှိ
    စင်ကာပူလေထု ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ ရောက်ရှိ
    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    Singapore Air Quality Reaches 'Hazardous' Levels
    – မိုလေ၀သဌာနမှ တိုင်းတာမှုများအရ လေထုညစ်ညမ်းမှု စံညွှန်းကိန်း PSI မှာ ယမန်နေ့ ညနေ ၄ နာရီအချိန်က ၁၁၀ သို့ရောက်ရှိလာခဲ့သောကြောင့် စင်ကာပူ၏ လေထုအရည်အသွေးမှာ ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ ရောက်ရှိလာပြီဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
    အောက်တိုဘာ ၂ ရက်နေ့ တိုင်းတာမှုများအရ PSI မှာ နံနက်ပိုင်းတွင် ၇၀ သာ ရှိခဲ့သော်လည်း ၁၁ နာရီတွင် ၁၀၀ အထိရောက်ခဲ့ပြီး ညနေ ၄ နာရီတွင် ၁၁၀ အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
    စင်ကာပူမိုးလေ၀သဌာနက ပြီးခဲ့သည့်လတွင် ယခုနှစ်အတွက် ခြောက်သွေ့ရာသီ ကုန်ဆုံးတော့မည့် အတွက်ကြောင့် လာမည့်သီတင်းပတ်များ၌ စင်ကာပူနှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးရွားသွန်းမည်ဟု ခန့်မှန်းခဲ့သည်။
    ထို့ပြင် လေတိုက်နည်းသော အခြေအနေတွင် လေထုအတွင်း အရာဝတ္ထုများ စုပုံနေမည့်အတွက်ကြောင့် လာမည့်ရက်အနည်းငယ်တွင် စင်ကာပူ၌ မြူဆိုင်းခြင်းဖြစ်မည်ဟုလည်း ခန့်မှန်းထားသည်။
    “မိုးရာသီကာလဟာ သာမန်အားဖြင့် အောက်တိုဘာကနေ နိုဝင်ဘာအထိ ကြာပြီး မိုးရွာသွန်းခြင်းနဲ့ နေရာပေါင်းစုံက လေတိုက်ခတ်ခြင်းတွေပိုဖြစ်မယ်လို့ သိရှိရပါတယ်။ မိုးပိုရွာတာက ဆူမားတြားကျွန်းနဲ့ ကလီမန်တန်ဒေသတွေမှာ မြူဆိုင်းခြင်းတွေကို လျော့ပါးစေပါလိမ့်မယ်” ဟု မိုးလေ၀သ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။
    ref_ ဆင်ဟွာ
  • စင်္ကာပူသို့ အမျိုးသမီး အိမ်အကူလုပ်သား စေလွှတ်ခြင်း မြန်မာမှ ယာယီ တားမြစ်ထား
    စင်္ကာပူသို့ အမျိုးသမီး အိမ်အကူလုပ်သား စေလွှတ်ခြင်း မြန်မာမှ ယာယီ တားမြစ်ထား
    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    myannmar maid
    စင်္ကာပူ ဈေးရုံတစ်ခုတွင် မြန်မာအိမ်ဖော်တွေကို လျော့ဈေးဖြင့် ရနိုင်ကြောင်း ကြေငြာထားစဉ် Photo: Nicolas Axelrod
    မဖွယ်မရာဆက်ဆံမှုနှင့် ညှင်းပန်းမှုများကြောင့် အမျိုးသမီးများကို စင်္ကာပူသို့ အိမ်အကူ လုပ်သားများ အဖြစ် စေလွှတ်ခြင်းကို မြန်မာအစိုးရမှ ယာယီ ပိတ်ပင်လိုက်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းအဖွဲ့ MOEAF မှ ပြောကြားသည်။
    ယာယီဆိုင်းငံ့ထားမှုသည် (၅)လနီးပါး အကျိုးသက်ရောက်မည်ဖြစ်ပြီး စင်္ကာပူရှိ အလုပ်သမားအေဂျင်စီ များနှင့် နားလည်မှု စာချွန်လွှာ ချုပ်ဆိုပြီးသည့်အခါ ချက်ခြင်း ပြန်လည်ရုပ်သိမ်းပေးမည်ဟု ဆိုသည်။ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာန၏ အရာရှိတစ်ဦးက ဤဆိုင်းငံ့ချက်ကို အတည်ပြုပြောကြားသည်။
    စင်္ကာပူအလုပ်သမားအေဂျင်စီများအဖွဲ့ AEAS ၏ ဥက္ကဌ မစ္စ K. Jayaprema က မြန်မာသံရုံးသည် ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းမှတဆင့် မည်သည့်ဆိုင်းငံ့ချက်ကိုမျှ မိမိအား အသိမပေးခဲ့ကြောင်း ဆိုသည်။
    သို့သော် အဖွဲ့အစည်းသည် လက်တွဲဖော် မြန်မာနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ တစ်ရပ် အတွက် ဆွေးနွေးမှုများ ရှိနေကြောင်းကိုမူ လက်ခံခဲ့သည်။ ၎င်း MOU သည် လက်ရှိ၌ မူကြမ်းအဆင့်သာရှိပြီး ညှိနှိုင်းရမည့်အချက်များစွာ ရှိသေးကြောင်း သူမက ပြောကြားသည်။
    “ ကျွန်တော်တို့ဖက်က ယာယီဆိုင်းငံ့မှု ပြုလုပ်လိုက်ခြင်းသာဖြစ်ပါတယ်။ MOU လက်မှတ်ထိုးပြီး တဲ့နောက်မှာ ပြန်လည် စတင်ဆောင်ရွက်သွားပါမယ်။ စင်္ကာပူဖက်က အလုပ်သမားအေဂျင်စီတွေနဲ့ ဒီ MOU အတွက် ဆွေးနွေးနေဆဲဖြစ်ပါတယ်” ဟု  The Straits Times နှင့်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် MOEAF ဒုဥက္ကဌ ဦးစိုးမြင့်အောင်က ပြောဆိုခဲ့သည်။
    အိမ်အကူလုပ်သားအပေါ်ညှင်းဆဲခြင်းဖြစ်ကြောင်း ဆိုင်းငံ့မှု ရုတ်တရက်ခြင်းနှင့်ပတ်သက်၍ သူက “စင်္ကာပူမှာ မြန်မာအိမ် အကူလုပ်သားတွေကိုညှင်းဆဲတဲ့ ပြဿနာအချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီသူတွေက ကျွန်တော်တို့ အေဂျင်စီက တဆင့်မဟုတ်ဘဲ တရားမ၀င်နည်းလမ်းနဲ့ သွားရောက်ခဲ့သူတွေပါ။ အရင်က ဒီလိုပြဿနာ မရှိခဲ့ပါဘူး။ အလုပ်သမား ၀န်ကြီးဌာနကလည်း ကျွန်တော်တို့ကို MOU မပါဘဲ လုပ်ကိုင်ခွင့်ပေး ခဲ့ပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာ စင်္ကာပူက အေဂျင်စီတွေ စည်းဖောက်မှုတချို့ဖြစ်လာတယ်။ ဒါကြောင့် အလုပ်သမားဝန်ကြီးဌာနက ဒီဆိုင်းငံ့ချက် ထုတ်ပြန်လိုက်တာပါ ” ဟူ၍ ရှင်းပြသည်။
    စင်္ကာပူတွင် အိမ်အကူလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးများ သုံးသောင်းမှ လေးသောင်း အထိရှိကြောင်း သတင်းများက ဖော်ပြသည်။ စင်္ကာပူအလုပ်ရှင်များထံမှ ထွက်ပြေးသော မြန်မာ အိမ်အကူလုပ်သားဦးရေ တိုးပွားလာကြောင်း ယမန်နှစ် ဧပြီလတွင်  The Straits Times က သတင်းဖော်ပြဖူးသည်။ လပေါင်းများစွာ လုပ်ခလစာ အလျဉ်းမရရှိဘဲ လုပ်ကိုင်နေရခြင်းကို မခံရပ်နိုင်ခြင်းက အကြောင်းတစ်ရပ် ဖြစ်၏။
    ယခုနှစ်အစောပိုင်း၌ မြန်မာအမျိုးသမီး စင်္ကာပူအိမ်အကူလုပ်သားတို့အား တစ်လလျှင် အနိမ့်ဆုံး လစာ ဒေါ်လာ ၄၅၀နှင့် တစ်လလျှင် နားရက် တစ်ရက်ပေးရန်၊ ၎င်းတို့၏လစာမှ အကျိုးဆောင်ခ လေးလစာ မဖြတ်တောက်ရန် အစိုးရမှ ဆန္ဒရှိကြောင်း မြန်မာမီဒီယာများမှ ဖော်ပြကြသည်။ ယခု MOU သည် ယင်းအဆိုပြုချက်များကို စည်းကမ်းချက်များဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
    “MOU လုပ်ပြီးရင်တော့ ကျွန်တော်တို့အားလုံး သဘောတူညီချက်အပေါ် လေးစားကြရပါမယ်။ ဒီ MOU က ကျွန်တော်တို့ပြည်တွင်းက ရွှေ့ပြောင်းလုပ်သားတွေအပေါ် အသုံးချခြင်းနဲ့ အခွင့်အရေးချိုးဖောက်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်” ဟု ဦးစိုးမြင့်အောင်မှ ပြောကြားသည်။
    အိမ်ရှင်နိုင်ငံတစ်ခုနှင့် MOU ပြုလုပ်စေခြင်းမှာ AEAS အဖို့ ပထမဆုံးအကြိမ်ဖြစ်ကြောင်း Ms Jayaprema က ဆိုသည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် ၎င်းတို့၏ ပြည်ပလုပ်သားများအတွက် ကာကွယ်ရေးဥပဒေများ ရှိပြီးဖြစ်သည်။
    ဤနှစ်အစောပိုင်းတွင်လည်း ဟောင်ကောင်သို့ အိမ်အကူလုပ်သား(၁၉)ဦး ပထမဆုံးအသုတ် အဖြစ် ရောက်ရှိပြီးနောက် ထပ်မံစေလွှတ်ရေးကို မြန်မာဖက်မှ ရပ်တန့်လိုက်သည်။ ဟောင်ကောင်ရှိ အိမ်ရှင်မများသည် အင်ဒိုနီးရှား အိမ်ဖော်လေးတို့ကို လပေါင်းများစွာ စော်ကားညှင်းဆဲသည့်သတင်း ထွက်လာပြီးနောက် ယင်းသို့ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
    Ref : St Asia Report
  • စင်ကာပူ၏ ပထမဆုံး သမ္မတ နာမည်ဖြင့် ဗလီ အသစ်တလုံး ဆောက်ပြီးဂုဏ်ပြုမည်
    စင်ကာပူ၏ ပထမဆုံး သမ္မတ နာမည်ဖြင့် ဗလီ အသစ်တလုံး ဆောက်ပြီးဂုဏ်ပြုမည်
    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    First president Yusof Ishak to be honoured
    ကွယ်လွန်သူ စင်္ကာပူနိုင်ငံ၏ ပထမဆုံး သမ္မတ၏ ဇနီးဖြစ်သူ ပူအန် နူးရ် အာအိရှဟ် (ဘယ်) စင်ကာပူနိုင်ငံ အမျိုးသားနေ့တွင် မိန့်ခွန်းပြောသည့် ဝန်ကြီးချူပ် လီရှန်လွန်း (ညာ)
    စင်္ကာပူနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်သူ ယူစွတ်ဖ်ဘင်အစ္စဟက် အား ဂုဏ်ပြုသောအားဖြင့် လုပ်ဆောင်သွားမည့်အစီအစဉ်များကို နည်းပညာတက္ကသိုလ်၏ ပင်မခန်းမဆောင်တွင် ကျင်းပသော (၂၀၁၄)အမျိုးသားနေ့ အထိမ်းအမှတ်ပွဲ ပထမညဥ့် (တနင်္ဂနွေနေ့ညဥ့်) ၌ ၀န်ကြီးချုပ် လီရှန်လွန်းမှ ထုတ်ဖော်ပြောကြား လိုက်သည်။
    စင်္ကာပူ၏ သမိုင်းအပြောင်းအလဲကာလများ အတွင်း သူ၏ စွမ်းဆောင်မှုနှင့် အနစ်နာခံမှုများအပေါ် ဗလီဝတ်ကျောင်းတစ်လုံး၊ ပါရဂူဘွဲ့တစ်ရပ်နှင့် သုတေသန စင်တာတစ်ခုအား သူ့အမည်ဖြင့် ကင်ပွန်းတပ်သွားမည်ဟု ဆိုသည်။
    စင်္ကာပူနိုင်ငံသည် (၁၉၅၉)ခုနှစ်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရခဲ့ပြီး၊ မစ္စတာ ယူစွတ်ဖ်သည် (၁၉၆၅)ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏ ပထမဦးဆုံးသမ္မတဖြစ်လာခဲ့သည်။ မစ္စတာယူစွတ်ဖ်သည် မလေးစကားဖြင့် သူမတူအောင် မိန့်ခွန်းပြောကြားနိုင်သူ၊ ပညာရေးအားဖြင့် တိုးတက်စေသူ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာ အားကောင်းစေခဲ့သူဖြစ်ကြောင်း၊ သူကိုယ်တိုင်မှာ ဘာသာတရား အလွန် ကိုင်းရှိုင်းပြီး မွတ်စ်လင်မ် မဟုတ်သူများနှင့် အလွန်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ကြောင်း၊ လူမျိုး/ဘာသာ/ယဉ်ကျေးမှုစုံ သဟဇာတ ယှဉ်တွဲနေထိုင်သော ဗဟုဝါဒမူ စံနစ်များကို အခိုင်အမာ အားပေးခဲ့သူဖြစ်ကြောင်း မစ္စတာလီမှ တခုတ်တရ ပြောကြား သွားသည်။
    AL-yusofishak2-1708e
    ယင်းပရိသတ်အတွင်း မစ္စတာ ယူစွတ်ဖ်၏ ဇနီး ပူအန် နူးရ် အာအိရှဟ်လည်း ပါဝင်ခဲ့ရာ သူမ၏(ကွယ်လွန်သူ) ခင်ပွန်း၏ ဂုဏ်ကျေးဇူးအားထုတ်ဖော်လျက် သူမကိုလည်း ၀န်ကြီးချုပ်မှ ကျေးဇူးတင်ကြောင်း နှစ်သိမ့်အားပေးစကား ဆိုခဲ့သည်။
    Ref : Straits Times
    စင်ကာပူနိုင်ငံ၏ ပထမဆုံးသမ္မတ ယူစွတ်ဖ်ဘင်အစ္စဟက် Yusof Bin Ishak အကြောင်းဖတ်လိုလျှင် Click Here
  • စင်ကာပူရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးသို့ ၀န်ကြီးချုပ် လီရှန်လွန်း သွားရောက်လည်ပတ်၊ မွတ်စလင်များနှင့် အတူ စုပေါင်းဝါဖြေခဲ့
    ဇူလိုင် ၂၄ ၊ ၂0၁၄
    M-Media
    6
    – စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းမှာ Queenstown အရပ်ရှိ မူဂျာဟစ်ဒင် ဗလီဝတ်ကျောင်းတော်သို့ တနင်္လာနေ့က သွားရောက်လည်ပတ်ခဲ့ပြီး မွတ်စလင်များနှင့် စုပေါင်းဝါဖြေခဲ့သည်ဟု သိရသည်။
    အဆိုပါဗလီဝတ်ကျောင်းတော်ကို မကြာသေးမီက ပြုပြင်ထားခဲ့ပြီး အဓိက ၀တ်ပြုခန်းမ တိုးချဲ့ခြင်း၊ ဓာတ်လှေကား၊ ရိုးရိုးလှေကားများ ထပ်မံထည့်သွင်းခြင်းနှင့် စာသင်ခန်း အသစ်များ ဆောက်လုပ်ခြင်း စသဖြင့် ပြင်ဆင်မွမ်းမံထားသည်။
    1
    လီရှန်လွန်းမှာ SAFTI RSM အရာရှိသင်တန်းကျောင်းတွင် ခင်မင်ရင်းနှီးခဲ့သည့် အသက် ၈၂ နှစ်အရွယ် ဟာဂျီ ရှမ်ရှူဒင် ရှာဒန်နှင့်လည်း ထိုဗလီဝတ်ကျောင်းတော်တွင် တွေ့ဆုံခဲ့သည်။
    ၎င်း၏ လည်ပတ်မှုကို ကြိုဆိုခဲ့ကြသည့် မူဂျဟစ်ဒင် ဗလီဝတ်ကျောင်းတော် ဥက္ကဌ မစ္စတာ ခိုင်ရူလ် ဂျမီလ်းနှင့် ၀ိုင်းတော်သူဝိုင်းတော်သားများအားလုံးကို ကျေးဇူးတင်ကြောင်း၊ အသက် ၈၂ အရွယ်ရှိနေသော်လည်း တက်တက်ကြွကြွရှိနေသည့် ရှမ်ရှူဒင်ရှာဒန်အား တွေ့ရသည့်အတွက် ၀မ်းမြောက်မိကြောင်း လီရှန်လွန်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
    စင်ကာပူ၏ ၅ သန်းကျော်သော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ ၁၄ ရာခိုင်နှုန်းရှိပြီး အများစုမှာ မလေးနွယ်ဝင်မွတ်စလင်များဖြစ်ကြသည်။ နှစ်စဉ် အစ္စလာမ်ဘာသာဝင်များ၏ ရမ်ဇာန်ဥပုသ်လရောက်တိုင်း စင်ကာပူစိုးရမှာ ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့ခြင်း၊ စုပေါင်းဝါဖြေပွဲများ ပြုလုပ်ပေးလေ့ရှိသည်။
    2 3 4 5 7 8
    Ref: Lee Hsien Loong FB
  • လိင်တူချစ်သူ အကြောင်း ရေးသည့် ကလေး ရုပ်ပြ ကာတွန်းများ ဖျက်ဆီးရန် စင်ကာပူ အမိန့်ထုတ်
    ဇူလိုင် ၁၂ ၊ ၂၀၁၄
    M-Media
    _76180480_books
    – လိင်တူချင်း အတူနေထိုင်ကာ ဘ၀ရှင်သန်ရပ်တည်သည့် ဇာတ်လမ်းများကို ရေးသားထားသော ကလေးဖတ် ရုပ်ပြစာအုပ်များကို ဖျက်ဆီးပစ်ရန် စင်ကာပူအစိုးရက အမိန့်ပေးခဲ့သည်ဟု သိရသည်။
    အဆိုပါ စာအုပ်များမှာ Central Park တိရစ္ဆာန်ရုံရှိ ပင်ဂွင်းအထီး နှစ်ကောင်အကြောင်း ရေးထားသော  And Tango Makes Three စာအုပ်၊ အမျိုးသမီးလိင်တူ အကြောင်းရေးသားထားသည့်  The White Swan Express နှင့် Who’s In  Family: All About Our Families တို့ဖြစ်ကြသည်။
    ထိုစာအုပ်များတွင် ပါဝင်သောအကြောင်းအရာများမှာ စင်ကာပူရှိ မိသားစုတန်ဖိုးနှင့် ဆန့်ကျင်နေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခြင်းကြောင့် စာကြည့်တိုက် ၂၆ ခုကို စီမံခန့်ခွဲနေသော အမျိုးသား စာကြည့်တိုက်ဘုတ်အဖွဲ့က ထိုစာအုပ်များကို ယခုသီတင်းပတ်အတွင်း စာကြည့်တိုက်များမှ ဖယ်ရှားခဲ့သည်။
    ထိုစာအုပ်များအား မည်သည့်အချိန်တွင် မည်သို့ဖျက်ဆီးမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ထိုစာအုပ်များကို ပိတ်ပင်ရန်အတွက် စင်ကာပူနိုင်ငံသားများမှာ အွန်လိုင်းအသနားခံစာများ၊ လူထောင်ပေါင်းများစွာ လတ်မှတ်ထိုးသားသည့် အိတ်ဖွင့်ပေးစားများ ပေးပို့ခဲ့ကြပြီး၊ စာကြည့်တိုက်များအား သပိတ်မှောက်ရန်ပင် လုပ်ဆောင်ခဲ့ကြသည်။
    မကြာသေးမီလများကပင် စင်ကာပူ၌ လိင်တူအခွင့်အရေးကို ဆန့်ကျင်သည့် ပြောဆိုမှုများ မြင့်တက်လာခဲ့သည်။ စင်ကာပူ၏ ဥပဒေတွင်လည်း လိင်တူလက်ထပ်ခြင်းကို ရာဇ၀တ်မှုကျူးလွန်ခြင်းအဖြစ် သတ်မှတ်ထားသည်။
    လိင်တူအခွင့်အရေး အသိအမှတ်ပြုရန် တောင်းဆိုသည့် လှုပ်ရှားမှုများမှာလည်း စင်ကာပူတွင်ရှိနေပြီး ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် လိင်တူအခွင့်အရေးတောင်းဆိုမှုတွင် လူပေါင်း ၂၆၀၀၀ ပါဝင်ခဲ့ကြသည်။