News @ M-Media

Tag: singapore

  • စင်္ကာပူတွင် မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦး လူသတ်မှုဖြင့် ဖမ်းဆီးခံရ

    မတ်- ၅၊ ၂၀၁၄
    M-Media
    1506741_10151905350717115_1478247700_n
    စင်္ကာပူမှာ မြန်မာနိုင်ငံက အိမ်ကူ အလုပ်သမအဖြစ် လာရောက် လုပ်ကိုင်နေတဲ့ မသန်းသန်းဝင်း(၂၄ နှစ်)ကို အသက် ၈၅ နှစ်အရွယ် အမယ်အို တစ်ဦးကို သတ်ဖြတ်မှုနဲ့ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

    ကွန်ဒို ၈ လွှာတိုက်ခန်းကြမ်းပြင်မှာ အမယ်အိုကို ကြမ်းပြင်ပေါ် မလှုပ်မယှက် အနေအထားနဲ့ အင်္ဂါနေ့ နေ့ခင်းပိုင်းက တွေ့ရှိခဲ့တာဖြစ်တယ်။ သူမ ခန္ဓာအထက်ပိုင်းမှာ ဒဏ်ရာတွေကိုတွေ့ရှိပြီး အဲ့ဒီဒဏ်ရာကြောင့် သေဆုံးရတယ်လို့ အတည်ပြုကြပါတယ်။

    တရားခံကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့အတွက် ချန်ဂီအမျိုးသမီး အကျဉ်းထောင်ကို လွှဲပြောင်းပေးမှာဖြစ်ပြီး၊ မတ်လ ၂၆ ရက်မှာ ထပ်မံရုံးတင် စစ်ဆေးဦးမှာဖြစ်ပါတယ်။

    The Straits Times

  • နေထိုင် အလုပ်လုပ်ခွင့် လျှောက်ရာတွင် လစာလိမ်ပြသူ ၂၂ ဦး စင်ကာပူ အစိုးရ တရားစွဲ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media

    EP နှင့် S Pass လျှောက်ထားရာတွင် လစာ လိမ်လည် ဖော်ပြသူများအား စင်ကာပူ အစိုးရ တရားစွဲ၊ ပြစ်မှုထင်ရှားပါက ဒဏ်ကြေး သို့မဟုတ် ထောင်ဒဏ် နှင့် အလုပ်လုပ်ခွင့် ရာသက်ပန် ပိတ်ပင်မည်။

    ministry-of-manpower

    – စင်ကာပူတွင် နေထိုင်အလုပ်လုပ်ခွင့် EP၊ S Pass လျှောက်ထားရာတွင် လစာနှုန်းထား လိမ်လည်ဖော်ပြခဲ့သော အိန္ဒိယနိုင်ငံသား ၂၂ ဦးအား စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာန MOM က အင်္ဂါနေ့တွင် တရားစွဲဆိုခဲ့သည်ဟု သိရသည်။

    အဆိုပါ နိုင်ငံခြားအလုပ်သမား ၂၂ ဦးမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း EP ၁၉ ခု နှင့် S Pass ၃ ခုတို့ကို လျှောက်ထားရာတွင် လိမ်လည်ဖော်ပြထားမှုများ ရှိခဲ့ကြောင်း MOM က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ၎င်းတို့အားလုံးမှာ စင်ကာပူရှိ 7-Eleven ဆိုင်များကို ဖွင့်လှစ်သော ကုမ္ပဏီလေးခုတွင် အလုပ်လုပ်နေကြသူများဖြစ်သည်။ စင်ကာပူတွ၌ နေထိုင် အလုပ်လုပ်ခွင့် EP နှင့် S Pass ရရှိရန်အတွက် အစိုးရက အနည်းဆုံး လစာနှုန်းထားကို သတ်မှတ်ထားပြီး လျှောက်ထားသူများမှာ ထိုသတ်မှတ်ချက်ကို ပြည့်မီ ရမည်ဖြစ်သည်။

    EP နှင့် S Pass လျှောက်ထားရာတွင် အနိမ့်ဆုံး လစာမှာ စင်ကာပူ ဒေါ်လာ ၂၄၀၀ နှင့် ၄၅၀၀ အကြား ဖော်ပြထားသော်လည်း တကယ့်လက်တွေ့တွင် ထိုထက်လျှော့၍ ရမည်ကို အလုပ်သမားများကလည်း သိရှိကြောင်း MOM က ပြောကြားခဲ့သည်။

    စုံစမ်းစစ်ဆေးမှုများအရ အလုပ်သမားများမှာ ၀န်ကြီးဌာနသို့ လျှောက်ထားရာတွင် ဖော်ပြထားသော လစာအတိုင်း ရရှိကြသော်လည်း နောက်ပိုင်းတွင် အလုပ်ရှင်အား စင်ကာပူဒေါ်လာ ၆၀၀ မှ ၃၃၅၀ ပမာဏကို ပြန်လည်ပေးအပ်ရသည်ဟု တွေ့ရှိရသည်။

    အဆိုပါ နိုင်ငံခြားအလုပ်သမား ၂၂ ဦးမှ ၁၀ ဦးအား ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ နှင့် ၇၀၀၀ အကြား ပေးဆောင်ရန်၊ သို့မဟုတ်ပါက ထောင်ဒဏ် ၅ ပတ်မှ ၇ ပတ် ကျခံရန်  အမိန့်ချမှတ်ခဲ့ပြီး ၎င်းတို့မှာ ဒဏ်ကြေးပေးဆောင်ခြင်း မရှိဘဲ ထောင်ဒဏ်ကိုသာ ကျခံခဲ့သည်။ ပြစ်ဒဏ်ကျခံပြီးနောက် ၎င်းတို့မှာ မိမိနိုင်ငံသို့ ပြန်ရမည်ဖြစ်ပြီး စင်ကာပူတွင် အလုပ် လုပ်ကိုင်ခြင်းအား ရာသက်ပန် ပိတ်ပင်ခံရမည်ဖြစ်သည်။

    ကျန်ရှိသည့် ၁၂ ယောက်မှ ၁၁ ယောက်၏ အမှုကို လာမည့် အင်္ဂါနေ့နှင့် မတ်လ ၁၈ ရက်နေ့တို့တွင် ကြားနာရန် ရွှေ့ဆိုင်းထားခဲ့ပြီး၊ အခြားတစ်ယောက်မှာလည်း တရားရင်ဆိုင်နေရသည်။

    ထို့ပြင် အလုပ်ရှင် ၇၅ ဦးနှင့် နိုင်ငံခြား အလုပ်သမား ၂၃၀ ပါဝင်ပက်သက်နေသည့် ထိုကဲ့သို့ EP နှင့် S Pass လိမ်လည်လျှောက်ထားမှုများကို ဆက်လက် စုံစမ်းနေသည်ဟု MOM က ထပ်လောင်းပြောကြားခဲ့သည်။
    Ref: CNA

  • စင်္ကာပူထုတ် ဟာလလ် တံဆိပ်ဖြင့် ဝက်သားထုပ်ပုံများ ဆိုရှယ် မီဒီယာတွင် ပြန့်နှံ ၊ လုပ်ကြံသတင်း ဖြစ်ကြောင်းသိရ

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media

    PHOTO: NTUC
    PHOTO: NTUC

    – စင်ကာပူနိုင်ငံ NTUC FairPrice ကုမ္ပဏီမှ ထုတ်လုပ်သော ၀က်သားထုပ်များတွင် ဟာလာလ်တံဆိပ်ကပ်ထားသည့် ဓာတ်ပုံတစ်ပုံမှာ မကြာသေးခင်က Facebook စာမျက်နှာတွင် ပေါ်ထွက်လာခဲ့ပြီး ထိုဓာတ်ပုံမှာ လုပ်ကြံထားသော ဓာတ်ပုံဖြစ်သည်ဟု သိရသည်။

    ထိုဓာတ်ပုံမှာ ၂၀၀၇ ခုနှစ်မှ စတင်ကာ အင်တာနက် စာမျက်နှာများတွင် ပေါ်ထွက် လာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့ပြီး ၆ နှစ်ကြာမှ ပြန်လည် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

    ထိုကိစ္စနှင့် ပတ်သက်၍ FairPrice ၏ စီအီးအိုဖြစ်သူ Seah Kian Peng ကမူ ထိုကဲ့သို့ လုပ်ကြံမှုမှာ ဆိုးရွားသော ဘာသာရေးဆိုင်ရာ ဂယက်ရိုက်မှု တစ်ခုဖြစ်လာကြောင်း၊ တမင်အကွက်ချ ဖန်းတီးမှုဖြစ်ပြီး ရဲတပ်ဖွဲ့ကိုလည်း တိုင်ကြားထားကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့ကုမ္ပဏီမှ ဖြန့်ချီသော ၀က်သားအထုပ်များတွင် စင်ကာပူအစ္စလာမ်ဘာသာရေးကောင်စီ(MUIS) က ထုတ်ပေးသော ဟာလာလ်တံဆိပ် ကပ်ထားမှုများမရှိကြောင်း၊ FairPrice ၏ အစားအသောက်များတွက် အဟာရနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအား ဂရုတစိုက်ဆောင်ရွက်ပြီး၊ အစားအသောက် များပေါ်တွင် ရိုက်နှိပ်ထားသော အချက်အလက်များမှာ တိကျ၍ အသိအမှတ်ပြုထားသော အချက်အလက်များဖြစ်ကြောင်း Kian Peng က ထည့်သွင်းပြောကြားခဲ့သည်။

    ဆက်လက်၍ မလိုအပ်သော ရှုပ်ထွေးမှုများအား ရှောင်ရှားရန် အတွက် ထိုလုပ်ကြံထားသည့် ပုံများကို ဆက်လက်ဖြန့်ဖြူးမှုများ မပြုလုပ်ရန်ကိုလည်း ပြည်သူများအား မေတ္တာရပ်ခံခဲ့ပြီး၊ စုံစမ်းမေးမြန်းလိုပါက ကုမ္ပဏီအား ဖုန်းဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ ၀ဘ်ဆိုဒ်တွင်ဖြစ်စေ မေးမြန်းနိုင်ကြောင်း အသိပေးပြောကြားခဲ့သည်။
    Ref: CNA

  • သံလွင်အိပ်မက် ၁၀နှစ်ပြည့် စာပေဟောပြောပွဲကို စင်္ကာပူတွင်ပြုလုပ်မည်။

    ဇန်နဝါရီ ၁၁၊ ၂၀၁၄
    M-Media
    sg
    ဇန်န၀ါရီ ၂၆ရက်နေ့တွင် သံလွင်အိပ်မက် ၁၀နှစ်ပြည့် စာပေဟောပြောပွဲကို စင်္ကာပူနိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်းသိရှိရသည်။

    ဟောပြောမည့် ဆရာများမှာ –
    (၁) ဆရာ ဦးဖေမြင့် မှ မြန်မာ့ ဒီမိုကရေစီ နှစ်တစ်ရာခရီး ခေါင်းစဉ်၊
    (၂) ဆရာဦးကိုနီ မှ အနာဂတ် ပဉ္စမ မြန်မာနိုင်ငံတော် ခေါင်းစဉ်
    (၃) ဆရာနေဘုန်းလတ် မှ နှစ်သစ် ကွင်းသစ် စိန်ခေါ်မှု အသစ် ခေါင်းစဉ် များဖြင့် ဟောပြောကြမည်ဟု သိရှိရပါသည်။

    နေရာ ။ ။ NTUC Auditorium, Level 7, One Marina Boulevard, Marina Bay, Singapore 018989
    နေ့ရက်။ ။26 January 2014 Sunday
    အချိန် ။ ။13:00 to 18:00

    အဆိုပါ စာပေဟောပြောပွဲမှာ ဝင်ကြေးအခမဲ့ဖြစ်ပြီး ထိုင်ခုံနေရာ အကန့်အသတ်ရှိပါဖြင့်  [email protected] သို့ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် တို့ဖြင့် အမြန်ဆုံး Email ပို့ပြီး Register လုပ်နိုင်ကြောင်းသိရှိရပါသည်။

    Ref: Modelling your future FB စာမျက်နှာ

  • အွန်လိုင်းတွင် လူမျိုးရေးအရ စော်ကားသော မှတ်ချက်ပေးခဲ့သူအား အရေးယူနိုင်ရန် စင်ကာပူ ရဲတပ်ဖွဲ့ စုံစမ်းနေ

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၄
    M-Media

    nsikeyboard10114e
    – အွန်လိုင်း ဆိုရှယ်မီဒီယာတွင် တွင် လူမျိုးရေးအရ စော်ကားသော မှတ်ချက်များပေးသည့် လူတစ်ဦးကို ရှာဖွေစုံစမ်းနေသည်ဟု စင်ကာပူ ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။

    အကောင့်အမည် Hearther Chua ဟု ပေးထားပြီး အသက် ၂၂ နှစ်အရွယ်ရှိသည်ဟု သိရသည့် အဆိုပါပုဂ္ဂိုလ်မှာ ဆိုရှယ်မီဒီယာ တစ်ခုတွင် လူမျိုးရေးအရ စော်ကားသော မှတ်ချက်များပေးခဲ့သည်ဟု ဇန်န၀ါရီ ၃ ရက်နေ့က အဆိုပါ ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးမှ ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အခြား သူများကလည်း ထိုကဲ့သို့ တိုင်ကြားမှုများကို ပြုလုပ်ခဲ့သည်။

    ထို့ကြောင့် ရဲတပ်ဖွဲ့အနေဖြင့် Harther Chua အမည်ဖြင့်အသုံးပြုသူအား ရှာဖွေနေပြီး၊ စင်ကာပူ နိုင်ငံ ဥပဒေပုဒ်မ ၂၉၈(က)၊ အခန်း ၂၂၄ အရ မတူညီသောအုပ်စု၊ ဘာသာတရားများနှင့် လူမျိုးစုများအကြားတွင် မလိုမုန်းထားမှုများဖြစ်ပွားစေရန် လှုံဆော်ခြင်း၊ နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းများအတွင်း သဟာဇာတဖြစ်မှုကို ပျက်ပြားအောင် ပြုလုပ်ခြင်း စသည်တို့နှင့် ပက်သက်၍ အပြစ်ရှိကြောင်းတွေ့ရှိရပါက ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ သို့မဟုတ် ငွေဒဏ် ဖြစ်စေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်ဟု ပြဌာန်းထားသည်။

    Ref: straitstimes