News @ M-Media

Tag: singapore

  • Pray For Myanmar မြန်မာ့အရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား စင်ကာပူတွင် ပြုလုပ်

    ဧပြီ ၄ ရက်၊ ၂၀၁၃
    M-Media
    မြန်မာ့အရေး ဆုတောင်းပွဲ (စင်ကာပူ) – Pray For Myanmar (Singapore)

    sg pray for myanmar
    Photo from – Xin Yaw FB Page

    Myanmar Club စင်ကာပူမှ ဦးစီးပြီး Pray For Myanmar မြန်မာ့အရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကို ၄ရက်နေ့ ဧပြီလ ၂၀၁၃ တွင် Singapore Chinese Chamber of Commerce & Industry (SCCCI) Building မှာ ပြုလုပ်ခဲ့ပါတယ်။

    ဗုဒ္စဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာ များမှ သက်ဆိုင်ရာ ဘာသာအလိုက် ဆရာတော်များ၊ သာသာရေးဆိုင်ရာ ဆရာများ၊ အပါအ၀င် ဖိတ်ကြားထားသော စင်ကာပူနိုင်ငံရောက် မြန်မာမိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။

  • ဟာလီမာယာကွဘ် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

    ဟာလီမာယာကွဘ် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

    ဇန်နဝါရီ ၁၄ ၊ ၂၀၁၃
    M-Media

    Mdm Halimah Yacob

    Madam Halimah Yacob  သည် စင်ကာပူ၏ ပထမဆုံး အမျိုးသမီး လွှတ်တော်ဥက္ကဌဖြစ်လာခဲ့ပြီး တနင်္လာနေ့ နေ့လည်မှစ၍ လွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

    သူမသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးတာဝန်မှ တနင်္ဂနွေနေ့က နှုတ်ထွက်ခဲ့လေသည်။ လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ရာထူးမှ နှုတ်ထွက်သွားခဲ့သော People’s Action Party ၏ ပါတီဝင်ဟောင်း Mr Michael Palmer ၏ နေရာကို တာဝန်ယူထမ်းဆောင်ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန် ၀န်ကြီးချုပ် Lee Hsien Loong  က အမည်စာရင်းတင်သွင်းခဲ့သည်။

    လွှတ်တော်အတွင်း သူမ၏ ကိုယ်ပိုင်ပုံစံဖြင့် ပြောင်းလဲမှုလုပ်မည်ဟု  Channel News Asia သို့ အစောပိုင်းက ပြောကြားထားခဲ့သည်။

    “လွှတ်တော် ဥက္ကဌနေရာဆိုတာ လုပ်ငန်းဆောင်တာတွေကို ကျွမ်းကျွမ်းကျင်ကျင် စနစ်တကျ စီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း အလုပ်တွေအများကြီးလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ (လွှတ်တော်က) လူတိုင်းဟာ လွှတ်တော်ရဲ့ အဆင့်အတန်း၊ သြဇာတိက္ကမနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ နေရာကနေ ပါဝင်နေလို့ပါပဲ။ ဒါဟာ သိပ်ကိုအရေးကြီးပါတယ်။” ဟု သူမကဆိုသည်။

    ယခင် Madam Halimah  တာဝန်ယူခဲ့သည့် လူမှုရေး နှင့် မိသားစုဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး နေရာတွင် မည်သူ တာဝန်ယူမည်ဆိုသည်ကို ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပေ။

    သို့ရာတွင် Madam Halimah  ကအဆိုပါတာဝန် ထမ်းဆောင်ရန်အတွက် လုံလောက်သော စိတ်အားထက်သန်မှု ရှိရမည်ဟု ဆိုသည်။

    “အဲဒီ အလုပ်ကိုလုပ်ဖို့အတွက် စိတ်ဝင်စားတဲ့၊ စိတ်ဓာတ်ထက်သန်တဲ့လူမျိုး လိုအပ်ပါတယ်။ ဒီအလုပ်ဟာ အစီအစဉ်တွေ ချမှတ်ရုံတင် မဟုတ်ပါဘူး။ အလုပ်ကိုချစ်ရမယ်။ လူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်း လူတွေကိုချစ်ရပါမယ်။  ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဟာ မိသားစု အကျိုးဆောင်အဖွဲ့တွေ၊ လူမှုအကျိုးပြု အဖွဲ့တွေ၊ အများအကျိုးဆောင်ရွက်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ စသဖြင့် ဆက်သွယ်ဆောင်ရွက်ရပါတယ်။ အဲဒီလူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။” ဟု သူက ရှင်းပြခဲ့သည်။

    သူမနှစ်သက်သည့် လူမှုရေးလုပ်ငန်းဆောင်တာများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။

    “ဒီလုပ်ငန်းဟာ ကျမ ဆက်လက်လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းတစ်ခုပါ။ လိုအပ်နေသူတွေ၊ နွမ်းပါးသူတွေ၊ ဆင်းရဲသားတွေကို  ကူညီရင်းနဲ့ လူမှုရေးအခန်း ကဏ္ဍတွေမှာ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။ MSF မှာ ကျမ လုပ်ဆောင်ခဲ့တဲ့၊ ကျမနှစ်သက်တဲ့ နယ်ပယ်က အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဒါဟာ အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ ဆက်လက်လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။” လို့ ဟလီမာ ယာကွဘ်က ပြောကြားပါသည်။

    ဟာလီမာယာကွဘ် ဟာ စင်္ကာပူ နိုင်ငံသမိုင်းတလျှောက် လွှတ်တော်ဥက္ကဌ ရာထူးတွင် ရွေးချယ်ခံရသော ပထမဆုံး အမျိုးသမီးစာရင်းဝင်သွားပြီ ဖြစ်သည်။

    ကိုးကား Channel News Asia

  • စင်ကာပူ လွှတ်တော်ဥက္ကဌ အဖြစ် မွတ်စလင်မ် အမျိုးသမီးတဦးအား ဝန်ကြီးချုပ်မှ အမည်တင်သွင်း

    ဇန်န၀ါရီ ၈ ၊ ၂၀၁၃
    M-Media

    Halimah Yacob

    စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း သည် Community Development, Youth and Sports  ဝန်ကြီးဌာန ဝန်ကြီး ဟာလီမာ ဟာကွဘ် (Halimah Yacob) ၏ အစိုးရအဖွဲ့ ညီလာခံများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်မှုများကြောင့်  လွှတ်တော်ဥက္ကဌ အဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်ကြောင်းနှင့် သူမ၏လုပ်ဆောင်ချက်များ အတွက်လည်း ကျေးဇူးတင်ကြောင်း  တနင်္လာနေ့က လွှတ်တော်အတွင်း ပြောကြားခဲ့ပါသည်။

    အသက် (၅၈) ရှစ်နှစ်ရှိပြီဖြစ်သော Madam Halimah သည် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်မည်ဆိုပါက သူမ၏ ယခုလက်ရှိ အစိုးရအဖွဲ့ ဝန်ကြီး တာဝန်အား ဇန်န၀ါရီ (၁၃)ရက်နေ့မှာ  နှုတ်ထွက်သွားမည် ဆိုသည်ကို ၀န်ကြီးချုပ်က  ထည့်သွင်းပြောကြားခဲ့ပါသည်။

    သူမသည် လွန်ခဲ့သော နှစ်နှစ်ကျော်အတွင်း Community Development, Youth and Sports ၀န်ကြီး အဖြစ်လည်းကောင်း ၊ လူမှုရေး နှင့် မိသားစု ဖွံဖြိုးရေး ၀န်ကြီး အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါသည်။

    “ညီလာခံအတွင်းမှာဆိုရင်  Halimah က လက်တွေ့ကျသော ကိုယ်ချင်းစာတရားရှိသော အသံနဲ့ အမြဲပြောဆိုခဲ့ပါတယ်။ အဲဒီလို သူမ၏ အဆိုပြုချက်များသည် ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုအတွက် အမှန်တကယ် ထိရောက်သော နိုင်ငံရေးပေါ်လစီများကို ပုံဖော်ဖို့ ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟု ၀န်ကြီးချူပ် လီရှန်လွန်းက ဖော်ပြပြောကြားခဲ့ပါသည်။

    Halimah Yacob 2

    “Halimah က အိမ်တွေ နဲ့ အိမ်တွင်း အသက်ကြီးသူများအား စောင့်ရှောက်မှု တွေကို ဘယ်လိုကောင်းမွန်အောင် လုပ်ရမလဲဆိုတာ ကြိုတင်သိမြင်ခန့်မှန်းတယ်၊ ပြီးတော့ ဘိုးဘွားရိပ်သာများနဲ့ အိမ်တိုင်ယာရောက် သက်ကြီးရွယ်အို စောင့်ရှောက်မှု အဖွဲ့အစည်းတွေကို သူမရဲ့ အတွေးအမြင်သစ်တွေကို အစပျိုးပေးခဲ့ပါတယ်၊ သူမက ဆင်းရဲသားများကို ဘယ်လို စောင့်ရှောက်ရမယ် ပြီးတော့ မိသားစုစောင့်ရှောက်မှုနဲ့ ကင်းကွာနေသူ ကလေးငယ်များနဲ့ မိသားစုဝင်များကို ဘယ်လိုအားပေး ကူညီရမလဲ ဆိုတာတွေကို မြှင့်တင် လုပ်ဆောင်ခဲ့ပါတယ်။ Halimah သည် အမျိုးသမီးများ စီးပွားရေး နှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေရာရလာစေရန်လည်း  အမျိုးသမီးထုအတွင်း ပါဝင်လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်  ” ဟု ၀န်ကြီးချူပ် လီရှန်လွန်းက ထပ်လောင်းပြောကြားခဲ့ပါသည်။    ။

    ဝန်ကြီးချုပ် လီရှန်လွန်း၏ အမည်တင်သွင်းမှုအတိုင်း ဟယ်လ်လီမာဟ်အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် အတည်ပြုရွေးချယ်ဖြစ်ပါက သူမသည် စင်ကာပူလွှတ်တော်၏ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌ ဖြစ်လာမည်ဟု သိရှိရသည်။ ဟယ်လ်လီမာဟ်အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းကြောင်းကို ဝန်ကြီးချုပ် လီရှန်လွန်း၏ Facebook နှင့် Twitter စာမျက်နှာတို့တွင် ရေးသားဖော်ပြသည်။

    Ref: Straitstimes

  • စင်္ကာပူနိုင်ငံသား မြန်မာတစ်ဦး အသက်မပြည့်သူနှင့် ကျူးလွန်မှုကြောင့် အရေးယူခံရ

    စင်္ကာပူနိုင်ငံသား မြန်မာတစ်ဦး အသက်မပြည့်သူနှင့် ကျူးလွန်မှုကြောင့် အရေးယူခံရ

    ဇူလိုင် ၁၃ ရက်၊ ၂၀၁၂

    File photo of a masked Pyi Kyaw Han in a cap leaving the Subordinate Courts with his lawyer. Pyi, 31, and Louis Lee Lip Kian, 32, both Singaporeans, pleaded guilty to the offence in court to having sex with the Singaporean girl who was not yet 18 at the time of their offences between November and December 2010. — ST PHOTO: ASHLEIGH SIM

    အသက် ၁၈ နှစ် မပြည့်သေးသူ ပြည့်တန်ဆာအမျိုးသမီးဖြင့် ကျူးလွန်မှုကြောင့် လုံခြုံရေးကုမ္ပဏီ ဒါရိုက်တာတစ်ဦးဖြစ်သူ စင်္ကာပူနိုင်ငံသား မြန်မာလူမျိုး ‘ပြည်ကျော်ဟန်’ (အသက် ၃၁-နှစ်)နှင့် ဘဏ်အရာရှိဟောင်း ‘လီလစ်ကိယန်’ (အသက် ၃၃-နှစ်)တို့အား တရားရုံးတင် အမှုစစ်ဆေးနေကြောင်း သိရှိရသည်။

    ‘ပြည်ကျော်ဟန်’သည် ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ၌ ‘စထရန်း ဟိုတယ်’တွင် အဆိုပါအမျိုးသမီးအား ဒေါ်လာ ၆၅၀ ပေး၍ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တရားရုံးမှ ဩဂုတ်လ ၂၇-ရက်တွင် အမိန့်ချမီဖြစ်ကြောင်း သိရပါသည်။

    အဆိုပါအမျိုးသမီးငယ်နှင့် ကျူးလွန်ခဲ့သူ စုစုပေါင်း ၄၈-ဦး အရေးယူမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

     

    ကိုညီမောင်ဦး

    ကိုးကား

    http://www.channelnewsasia.com/stories/singaporelocalnews/view/1213126/1/.html

    http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_821445.html

  • စင်္ကာပူ ဂျမီအဟ် ကလေးများဂေဟာ အဆောက်အဦးသစ် ပြောင်းရွှေ့

    စင်္ကာပူ ဂျမီအဟ် ကလေးများဂေဟာ အဆောက်အဦးသစ် ပြောင်းရွှေ့

    ဇွန်လ ၈-ရက် ၂၀၁၂

    စင်္ကာပူနိုင်ငံ၌ ‘ဂျမီအဟ် ကလေးများဂေဟာ’ အား အဆောက်အဦးသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ပွဲ အခမ်းအနားသို့ လူ့စွမ်းအား အရင်းအမြစ်နှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး မစ္စတာ တန်ချူအန်ကျင်း တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

    ‘ဂျမီအဟ် ကလေးများဂေဟာ’ စတင် တည်ထောင် လည်ပတ်နေသည်မှာ ၁၀-နှစ်ကြာရှိခဲ့ပြီဖြစ်၍ ယခု အစိုးရထောက်ပံ့ငွေ ၉၀-ရာခိုင်နှုန်း (စင်္ကာပူဒေါ်လာ ၃.၅ သန်း)ဖြင့် နေရာပိုမို ကျယ်ဝန်းပြီး အထောက်အကူ ပစ္စည်း ကိရိယာ ပိုမိုစုံလင်သော ‘ဂူလီမာဒ့်လမ်း’သို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

    ၁၉၉၃-ခုနှစ်တွင် ‘ဘာတလေလမ်း’၌ စတင်တည်ထောင်ခဲ့ပြီး ‘ဒါရူလ် မာအဝါ’ အမည်ဖြင့် လူသိများထင်ရှားသည်။ ယခု အဆောက်အဦးသစ်၌ ဝတ်ပြုဆောင်၊ ကျယ်ဝန်းသော နားနေဆောင်အပြင် ကွန်ပြူတာ စက်ခန်းလည်း ပါရှိကြောင်း သိရသည်။

    မောင်လှငွေ

    ကိုးကား

    http://www.channelnewsasia.com/stories/singaporelocalnews/view/1212354/1/.html

    http://www.todayonline.com/Singapore/EDC120708-0000046/Jamiyah-Childrens-Home-moves-to-new-home