News @ M-Media

Tag: South Korea

  • တိုက်လေယာဉ်များစွာ၊ စစ်သားများစွာဖြင့် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်

    တိုက်လေယာဉ်များစွာ၊ စစ်သားများစွာဖြင့် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်

    ဒီဇင်ဘာ ၄၊ ၂၀၁၇
    M-Media

    Raptors တိုက်လေယာဉ် အများအပြားကို တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

    – အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ လေယာဉ် ရာချီနှင့် စစ်သားသောင်းချီ ပါဝင်သည့် အကြီးစား စစ်ရေးလေ့ကျင့်မှုကို ယနေ့တွင် ဆိုးလ်မြို့တောင်ဘက်၌ စတင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    မြောက်ကိုရီးယားက အမေရိကန်၏ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်စွမ်းရှိသည့် ၎င်းတို့၏ စွမ်းအားအမြင့်ဆုံး တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပြီး တင်းမာမှုများ မြင့်တက်နေစဉ် နှစ်စဉ် ပြုလုပ်နေသည့် ယခု စစ်ရေးလေ့ကျင့်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    ၅ ရက်တာကြာမြင့်မည့် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွင် F-22 Raptors တိုက်လေယာဉ်များ၊ F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ အပါအ၀င် လေယာဉ်ပေါင်း ၂၀၀ ကျော်နှင့် အမေရိကန်စစ်သား ၁၂၀၀၀ ခန့် ပါဝင်သည်။

    Raptors တိုက်လေယာဉ် အများအပြားကို တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

    ACE ဟု အမည်ပေးထားသည့် ထို စစ်ရေးလေ့ကျင့်မှုမှာ မည်သည့်ရာသီဥတု၊ မည်သည့်အချိန်တွင်မဆို တောင်ကိုရီးယားနှင့် အမေရိကန်တို့အကြား လေတပ် ပူးပေါင်းဆောင်ရွက်နိုင်မှု မြင့်တက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • တောင်ကိုရီးယား-အင်ဒို ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ကုန်သွယ်ရေး သဘောတူညီချက်ရ

    တောင်ကိုရီးယား-အင်ဒို ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ကုန်သွယ်ရေး သဘောတူညီချက်ရ

    နိုဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားသမ္မတ၏ အင်ဒိုနီးရှားခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ကန်ဒေါ်လာ ၂ ဘီလီယံဖိုး လက်မှတ်ရေးထိုးခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

    ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့သည့် သမ္မတ မွန်ဂျီအင်မှာ စီးပွားရေဖိုရမ်တစ်ခု မတက်ရောက်ခင် ထိုသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့်လည်း ထိုနေ့နှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ယင်းသဘောတူညီချက်ထဲ၌ နှစ်ဖက်အစိုးရများ လက်မှတ်ရေးထိုးထားသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) တစ်ခုလည်း ပာဝင်သည်ဟု သမ္မတရုံးမှ ချုံ ဝေဒီက ပြောကြားခဲ့သည်။

    ပုဂ္ဂလိကကဏ္ဍတွင် ကန်ဒေါ်လာ ၁.၉ ဘီလီယံတန်သည့် နောက်ထပ် MOU ငါးခုကိုလည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။

    Ref:CNA

  • ဒုံးခွင်းစနစ်ကြောင့် တရုတ်နှင့် တောင်ကိုရီးယားတို့၏တင်းမာမှု ပြေလည်

    ဒုံးခွင်းစနစ်ကြောင့် တရုတ်နှင့် တောင်ကိုရီးယားတို့၏တင်းမာမှု ပြေလည်

    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media

    – အမေရိကန်၏ ဒုံးခွင်းစနစ် THAAD ကြောင့် တစ်နှစ်တာကြာမြင့်ခဲ့သည့် တောင်ကိုရီးယားနှင့် တရုတ်တို့၏ မကျေလည်မှုများကို အဆုံးသတ်ရန် အင်္ဂါနေ့တွင် နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    မြောက်ကိုရီးယားရန်ကြောင့် တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းစနစ် ချထားမှုကို တရုတ်က ဒေါသထွက်ခဲ့ပြီး၊ ခရီးသွားလုပ်ငန်း၊ အလှကုန်၊ ဖျော်ဖြေရေးတို့ အပါအ၀င် တရုတ်နိုင်ငံကို မှီခိုနေရသည့် တောင်ကိုရီးယား၏ စီးပွားရေးလုပ်ငန်းများအားလုံး တရုတ်က သပိတ်မှောက်ခဲ့သည်။

    “ကိုရီးယားနဲ့ တရုတ်နိုင်ငံအကြား ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းဟာ အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းစေတယ်ဆိုတဲ့ အမြင်မျိုး နှစ်ဖက်စလုံးမှာရှိပြီး၊ ဒီလို ဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို နဂိုဖြစ်ထွန်းထားတဲ့ လမ်းကြောင်းအတိုင်း အလျင်အမြန် ပြန်လည်ဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်” ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ လာရောက်ရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံအကြား ယခုကဲ့သို့ ပြေလည်မှု ရရှိခဲ့ခြင်းလည်းဖြစ်သည်။

    တရုတ်နှင့် မြောက်ကိုရီးယားက တစ်ဖက်၊ တောင်ကိုရီးယားနှင့် အမေရိကန်က တစ်ဖက် နီးကပ်သော ဆက်ဆံရေးများ ရှိသော်လည်း ဒုံးခွင်းစနစ် ချထားမှု မတိုင်ခင်က တရုတ်နှင့် တောင်ကိုရီးယားတို့မှာ ဆက်ဆံရေး ချောမွေ့ခဲ့ကြပြီး၊ တရုတ်သည် တောင်ကိုရီးယား၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်လည်း ဖြစ်သည်။

    THHAD ဒုံးခွင်းစနစ်၏ အားကောင်းသော ရေဒါစနစ်က တရုတ်နိုင်ငံ၏ အချုပ်အခြာကို ထိပါးသည်ဟု တရုတ်ဖက်က မှတ်ယူထားသည်။

    Ref : CNA

  • ကိုရီးယားကျွန်းဆွယ်တစ်ဝိုက် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင်မှု စတင်

    ကိုရီးယားကျွန်းဆွယ်တစ်ဝိုက် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင်မှု စတင်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    USS Ronald Reagan လေယာဉ်တင်သင်္ဘော

    – ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်ရှိ ရေပိုင်နက်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့မှာ တစ်ပတ်တာကြာမြင့်မည့် ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။

    နျူစွမ်းအင်သုံး USS Ronald Reagan လေယာဉ်တင်သင်္ဘောအပါအ၀င် နှစ်နိုင်ငံမှ စုစုပေါင်း စစ်သင်္ဘော ၄၀ ခန့် ပါဝင်မည်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် အရှေ့ကမ်းရိုးတမ်းနှင့် အနောက်ကမ်းရိုးတမ်းတို့တွင် အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ လေ့ကျင့်မှု ပြုလုပ်မည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။

    အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စစ်တိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားထားသည်။

    သမ္မတ ဒေါ်နယ်ထရမ့်မှာ မြောက်ကိုရီးယားနှင့် သံတမန်ရေးအရ နှစ်များစွာ ဆွေးနွေးမှုမှာ အလုပ်မဖြစ်ဘဲ ပြဿနာဖြေရှင်းရန် တစ်နည်းသာ ကျန်တော့သည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားကာ ကျွမ်းကျင်သူများက စစ်ရေးကို ရည်ညွှန်းခြင်းဖြစ်မည်ဟု ခန့်မှန်းပြောဆိုကြသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ထရမ့်မှာ မြောက်ကိုရီးယားကိစ္စကို သံတမန်အရေးရ ဖြေရှင်းနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ၎င်းအား အမိန့်ပေးထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: CNA

  • ဂျပန်ပင်လယ်တွင် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်

    ဂျပန်ပင်လယ်တွင် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်

    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် တောင်ကိုးရီးယားတို့ ပူးတွဲ၍ လာမည့်ရက်သတ္တပတ်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်ရေတပ်က ယမန်နေ့တွင် ပြောကြားခဲ့ပြီး မြောက်ကိုးရီးယားကို ဆန့်ကျင့်သည့်အနေဖြင့် နောက်ဆုံးပေါ်ထွက်လာသည့် အင်အားပြမှု ဖြစ်သည်။

    ကုလသမဂ္ဂ၏ အမျိုးမျိုးသော အရေးယူပိတ်ဆို့မှုများကြားမှ မြောက်ကိုးရီးယားသည် အင်အားပြင်း ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်ခြင်း၊ ၆ ကြိမ်မြောက် နျူကလီယားစမ်းသပ်ခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုးရီးယား၏ လက်နက်အစီအစဉ်များအပေါ် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ထို့ကြောင့် အမေရိကန်မှာ မြောက်ကိုးရီးယား၏ အနီးကပ်ဆုံး နိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုးရီးယားတို့နှင့် စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့် ပြုလုပ်လာခဲ့သည်။

    အမေရိကန် အမှတ် ၇ ရေယာဉ်စုမှ ထုတ်ပြန်သော ကြေငြာချက်တွင် လာမည့်တစ်ပတ် တောင်ကိုးရီးယား ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် USS Ronald Regan လေယာဉ်တင်သင်္ဘော၊ ဖျက်သင်္ဘော ၂ စီးတို့ ပါဝင်မည်ဟု ဖော်ပြထားသည်။

    အောက်တိုဘာ ၁၆ ရက်မှ ၂၆ အတွင်း ဂျပန်ပင်လယ်နှင့် ပင်လယ်ဝါတို့တွင် ပြုလုပ်မည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် “အပြန်အလှန် ဆက်သွယ်ရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ရန်” ဖြစ်သည်ဟု ကြေငြာချက်က ဆိုသည်။

    မည်သည့်စစ်ရေးလေ့ကျင့်မှုကိုမှ ထပ်မံမပြုလုပ်ရန် သတိပေးထားသော မြောက်ကိုးရီးယားကို အဆိုပါ လေ့ကျင်မှုကြောင့် ဒေါသ ထွက်စေမည်ဖြစ်သည်။

    Ref: CNA