News @ M-Media
Tag: South Korea
  • တောင်ကိုရီးယားသမ္မတဟောင်း ပုဒ်မများစွာဖြင့် တရားစွဲခံရ
    တောင်ကိုရီးယားသမ္မတဟောင်း ပုဒ်မများစွာဖြင့် တရားစွဲခံရ
    ဧပြီ ၁၇၊ ၂၀၁၇
    M-Media
    – အာဏာအလွဲသုံးစားလုပ်မှု၊ ခြစားမှု စွဲချက်များဖြင့် ရာထူးမှ ဖြုတ်ချခံလိုက်ရသည့် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေးမှာ ယနေ့တွင် တရားဝင် တရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။
    အစိုးရရှေ့နေများက သူမ ရင်ဆိုင်ရမည့် စွဲချက်များတွင် လာဘ်စားမှု၊ အကျပ်ကိုင်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားမှုတို့ ပါဝင်သည်ဟု ပြောကြားခဲ့သည်။
    အသက် ၆၅ နှစ်အရွယ်ရှိပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ပက်ဂျုံဟေးမှာ သူမ၏ မိတ်ဆွေ ချိုဆွန်အီလ်နှင့်အတူ နိုင်ငံရေးတွင် မျက်နှာသာပေးမည်ဟုဆိုကာ ကုမ္ပဏီများထဲမှ ငွေကြေးအများအပြားကို တောင်းခံခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
    နှစ်ဦးစလုံးမှာ ထိုစွဲချက်များကို ငြင်းဆိုခဲ့ပြီး ပက်မှာ ပြီးခဲ့သည့်လက ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။
    ချိုဆွန်အီလ်မှာလည်း သမ္မတနှင့် အဆက်အသွယ်ရှိမှုကို အသုံးပြု၍ သူမထိန်းချုပ်ထားသော ဖောင်ဒေးရှင်းတစ်ခုတွင် အလှူငွေ ဒေါ်လာသန်းနှင့်ချီထည့်ဝင်ရန်အတွက် ကုမ္ပဏီများကို ဖိအားပေးမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
    Ref: BBC
  • တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေး ဖမ်းဆီးခံရ
    တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေး ဖမ်းဆီးခံရ
    မတ် ၃၁၊ ၂၀၁၇
    M-Media
    တရားရုံးသို့ ကြားနာရန်လာရောက်စဉ်က တွေ့ရသည့် ပက်ဂျုံဟေး
    – ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ ခံနေရသည့် သမ္မတဟောင်း ပက်ဂျုံဟေးကို တောင်ကိုရီးယားက ယနေ့မနက်တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    အစိုးရရှေ့နေများက ပက်အား ဖမ်းဝရမ်းထုတ်ပေးရန် တရားရုံးသို့ ပြီးခဲ့သည့်တစ်ပတ်က တောင်းဆိုခဲ့ပြီး ယနေ့တွင် တရားရုံးက ၀ရမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
    ဆိုးလ် ဗဟိုခရိုင်တရားရုံးက ထုတ်ပြန်သော ကြောငြာချက်တွက် ပက်ဂျုံဟေးအပေါ် ပြုလုပ်ထားသည့် အဓိက စွဲချက်များ၊ ၎င်းအနေဖြင့် သက်သေများကို ဖျောက်ဖျက်ပစ်နိုသည်ဆိုသည့် စိုးရိမ်မှုတို့ကို အသိအမှတ်ပြုသည့်အတွက်ကြောင့် ယခုကဲ့သို့ ၀ရမ်းထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
    အစိုးရရှေ့နေများမှာ တရားသူကြီးထံသို့ စာမျက်နှာ ၁၂၀၀၀၀ ပါဝင်သည့် အထောက်အထားများကိုလည်း ပေးအပ်ထားသည်။
    Ref: Press TV
  • သမ္မတဟောင်းအား ဖမ်းဆီးတရားစွဲဆိုရေး တောင်ကိုရီးယား ဆောင်ရွက်နေ
    သမ္မတဟောင်းအား ဖမ်းဆီးတရားစွဲဆိုရေး တောင်ကိုရီးယား ဆောင်ရွက်နေ
    မတ် ၂၇၊ ၂၀၁၇
    M-Media
    – ရာထူးမှ ဖြုတ်ချခံလိုက်ရသည့် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေးဟာ ဖမ်းဆီးရေးအတွက် ၀ရမ်းရရှိရန် တောင်ကိုရီးယား အစိုးရရှေ့နေများက ဆောင်ရွက်နေသည်ဟု သိရပြီး ပက်အား ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုအတွက် မေးမြန်းပြီးနောက်ပိုင်း ရက်အနည်းငယ်အကြာတွင် ယခုပြောကြားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
    အသက် ၆၅ နှစ်အရွယ်ရှိ ပက်မှာ ခြစားမှု၊ အစိုးရ အချက်အလက်များ ပေါက်ကြားမှု၊ အာဏာ အလွဲသုံးစားလုပ်မှုများအပါအ၀င် ရာဇ၀တ်မှုများစွာ ကျူးလွန်သည်ဟု စွပ်စွဲခံထားရပြီးနောက် ပြည်သူများ၏ ဆန့်ကျင်မှုများ မြင့်တက်လာကာ လွှတ်တော်က ၎င်းကို ရာထူးမှ ဆိုင်းငံ့ခဲ့သည်။
    ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယခုလအစောပိုင်းတွင် အဆိုပါဆိုင်းငံ့မှုကို ထပ်မံ အတည်ပြုလိုက်သောကြောင့် ပက်မှာ တောင်ကိုရီးယားသမ္မတ အဖြစ်မှ တရားဝင် ဆင်းပေးခဲ့ရသည်။
    “ကြီးမားတဲ့ အာဏာကို အလွဲသုံးစားလုပ်ခဲ့တယ်၊ သမ္မတအဖြစ် ကုမ္ပဏီတွေက လာဘ်ငွေတွေ ရယူခဲ့တယ်၊ စီးပွားရေးမှာ လွတ်လပ်စွာ စီမံခန့်ခွဲမှု အခွင့်အရေးကို ချိုးဖောက်ခဲ့တယ်။ နိုင်ငံတော်ကိစ္စတွေရဲ့ လျှို့ဝှက်အချက်အလက်တွေကို ပေါက်ကြားစေခဲ့တယ်လို့ သူမဟာ စွပ်စွဲခံထားရပါတယ်။ ဒါဟာ ကြီးမားတဲ့ ပြဿ
    နာတွေပါ။ လက်ရှိအချိန်အထိ သက်သေခံ အထောက်အထားတော်တော်များများကို စုဆောင်းထားပြီးပါပြီ။ ဒါပေမယ့် စွပ်စွဲခံရသူက စွဲချက်အများစုကို ငြင်းဆန်နေပါတယ်။ အနာဂတ်မှာ အထောက်အထားတွေကို ဖျောက်ဖျက်ပစ်နိုင်တဲ့အန္တရာယ် ရှိနေပါတယ်” ဟု ယမန်နေ့တွင် အစိုးရရှေ့နေများက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    ထိုစွပ်စွဲမှုများတွင် ပက်ဂျုံဟေးနှင့်အတူ အဓိကပါဝင်သူ သူမ၏ မိတ်ဆွေ ချိုဆွန်အီလ်မှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို ၎င်းက ကိုယ်ကျိုးအတွက် အသုံးချနေသည့် အဖွဲ့အစည်းတစ်ခုအတွက် ကန်ဒေါ်လာ သန်း ၇၀ လှူရန် ဖိအားပေးမှုဖြင့် အမှုရင်ဆိုင်နေရသည်။
    အကယ်၍ ဆိုးလ် ဗဟိုခရိုင်တရားရုံးက ဖမ်းဝရမ်းကို အတည်ပြုလျှင် ပက်ဂျုံဟေးမှာ နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းများအကြား အနီးကပ်ဆက်ဆံရေးရှိသည့် အာရှ၏ စတုတ္ထမြောက် စီးပွားရေးအကြီးဆုံး တောင်ကိုရီးယားတွင် ခြစားမှုကြောင့် အဖမ်းခံရသည့် တတိယမြောက် ခေါင်းဆောင်ဟောင်း ဖြစ်လာမည်ြ
    ဖစ်သည်။
    ယခင် ၁၉၈၀ ပြည့်နှစ်များနှင့် ၁၉၉၀ ပြည့်နှစ်ျားတွင် စစ်တပ်က ကျောထောက်နောက်ခံပြုထားသော ခေါင်းဆောင်များဖြစ်သည် ချန် ဒီဟမ်နှင့် ရိုတေ၀ူးတို့မှာ အနားယူသွားပြီးနောက် ခြစားမှုအပါအ၀င် စွဲချက်များစွာဖြင့် ထောင်ဒဏ်ချမှတ်မှုများ ခံခဲ့ရသည်။
    Ref: Aljazeera
  • တောင်ကိုရီးယားတွင် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ အမေရိကန် ချထားမည်
    တောင်ကိုရီးယားတွင် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ အမေရိကန် ချထားမည်
    မတ် ၁၄၊ ၂၀၁၇
    M-Media
    – မြောက်ကိုရီးယားနှင့် တင်းမာမှုများ မြင့်တက်လာနေသည့်အချိန်တွင် အမေရိကန်စစ်တပ်မှာ တောင်ကိုရီးယားတွင် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ အမြဲတမ်းချထားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ကြီး ဂျက်ဖ် ဒါးဗီးစ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    လာမည့်နှစ်တွင် ချထားရန် စီစဉ်ထားပြီး တောင်ကိုရီးယားအတွက် ထူးခြားမှုတစ်ခု မဟုတ်ဘဲ ခြေလျင်တပ်များ ပိုမိုကောင်းမွန်သည့် ထောက်လှမ်းရေးသတင်းများ ရရှိရန်ဟု ဆိုသည်။ မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်သို့ တိုက်ချင်းပစ်ဒုံးကျည် ၄ လုံး ပစ်လွှတ်ပြီးနောက်ပိုင်းတွင် အမေရိကန်၏ ယခုကြေငြာမှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
    ကွန်ဆန် လေတပ်စခန်းတွင် MQ-1C Gray Eagle ဒရုန်း ၁၂ စီးပါဝင်သော တပ်စုတစ်စုကို ချထားမည်ဖြစ်ပြီး အဆိုပါ ဒရုန်းမှာ ဒုံးကျည်များနှင့် အခြားသော စစ်လက်နက်ပစ္စည်းများကို တပ်ဆင်အသုံးပြုနိုင်သည်။ ထိုတပ်စုတွင် စစ်သား ၁၂၈ ဦးက ဒရုန်းများကို ကိုင်တွယ် ထိန်းသိမ်းမည်ဖြစ်သည်။
    သို့သော်လည်း လက်တလောတွင် ဒရုန်း ၂ စီး သို့မဟုတ် ၃ စီးသာ ချထားမည်ဟု တပ်မှူးတစ်ဦးဖြစ်သူ ဂါရီ ရို့စ်က ပြောကြားခဲ့သည်။
    မြောက်ကိုရီးယား၏ရန်ကို ကာကွယ်ရန် အမေရိကန်မှာ ၎င်းတို့၏ THAAD ဒုံးခွင်းစနစ်ကို တောင်ကိုရီးယားတွင် တပ်ဆင်နေသည်။ တောင်ကိုရီးယားတွင် အမေရိကန်စစ်သား ၂၈၀၀၀ ရှိပြီး၊ ဂျပန်တွင်မူ ၅၀၀၀၀ ရှိနေသည်။
    Ref: CNA
  • ရာထူးပြုတ်သွားသည့် တောင်ကိုရီးယားသမ္မတ အိမ်တော်ကို စွန့်ခွာ
    ရာထူးပြုတ်သွားသည့် တောင်ကိုရီးယားသမ္မတ အိမ်တော်ကို စွန့်ခွာ
    မတ် ၁၂၊ ၂၀၁၇
    M-Media
    – ခြစားမှုပြဿနာကြောင့် သောကြာနေ့က ရာထူးမှ တရားဝင်ဖယ်ရှားခံလိုက်ရသည့် တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးမှာ ယနေ့ညနေတွင် သမ္မတစံအိမ်မှ ထွက်ခွာသွားခဲ့ပြီဟု သိရသည်။
    Blue House ဟု ခေါ်သည့် အဆိုပါသမ္မတအိမ်တော်မှ ရဲဆိုင်ကယ်များ ခြံရံကာ ပက်ဂျုံဟေး၏ ထွက်ခွာမှုကို တောင်ကိုရီးယားရုပ်သံက ပြသခဲ့ပြီး၊ ၎င်းမှာ ၀န်ထမ်းများအတွက် နှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    မြို့တော်ဆိုးလ်၏ ဂန်းနမ်းခရိုင်ရှိ သူမ၏ နေအိမ်သို့ ပြန်သွားခြင်းဖြစ်ပြီး ၎င်းအား ထောက်ခံသူများမှာ အလံများကိုင်ဆောင်ကာ ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။
    မိတ်ဆွေတစ်ဦးနှင့် ပူးပေါင်းကာ ခြစားမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ပက်ကို လွှတ်တော်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကတည်းက မဲခွဲဆုံးဖြတ်ကာ ရာထူးမှ ဖြုတ်ချခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သောကြာနေ့တွင် ထိုဖြုတ်ချမှုအား အတည်ပြုပေးခဲ့သည်။
    ပက်ဂျုံဟေး၏ အိမ်နားတွင် စောင့်ဆိုင်းနေသူများမှာ သူမ၏ ပုံနှင့် ခင်ဖြစ်သူ ပက်ချွန်ဟီးတို့၏ ပုံများ၊ တောင်ကိုရီးယားအလံများကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ‘ဖြုတ်ချမှု တရားမ၀င်’ ဟု ဟစ်အော်ခြင်းများ ပြုလုပ်ခဲ့သည်။ သူမ၏ ကွန်ဆာဗေးတစ်ပါတီဝင်များလည်း ထိုနေရာတွင် စုရုံးခဲ့သည်။
    Ref: Aljazeera