ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
M-Media
– ရုရှားမှာ ၎င်းကိုယ်တိုင်နှင့် အမေရိကန်တို့၏ ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်ရပ်ရေး သဘောတူညီချက်အရ ဆီးရီးယားတွင် ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများကို ယနေ့တွင် ရပ်တန့်လိုက်ပြီဟု သိရသည်။
ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်၏ မဟာမိတ်အဖြစ် ရုရှားမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဆီးရီးယားပဋိပက္ခထဲသို့ ၀င်ရောက်လာခြင်းဖြစ်ပြီး အစိုးရတပ်များက မကြာသေးမီကာလအတွင်း ရရှိခဲ့သည့် နယ်မြေသိမ်းယူမှုများတွင် ရုရှား၏ လေကြောင်းမှ တိုက်ခိုက်မှုများက အရေးပါသည့်ကဏ္ဍမှ ပါဝင်ခဲ့သည်။
“ရုရှားလေတပ်ဟာ အစိမ်းရောင်ဇုန်မှာပါဝင်တဲ့နေရာတွေ၊ ကျွန်တော်တို့ကို အပစ်ရပ်ရေး တောင်းဆိုခဲ့တဲ့ လက်နက်ကိုင်တွေရှိတဲ့နေရာတွေမှာ ဗုံးကြဲမှုကို လုံးဝ ရပ်တန့်လိုက်ပါတယ်” ဟု ရုရှားစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဆာဂျီ ရုဒ်စ်ကိုက ပြောကြားခဲ့သည်။
အဆိုပါ အပစ်ရပ်ရေး သဘောတူညီချက်ကို ယနေ့ နေ့လည်ပိုင်းတွင် လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး ညသန်းခေါင်ယံအချိန်တွင် လုံးဝ အပစ်ရပ်ရမည်ဖြစ်သည်။ သဘောတူညီချက်ကို ဆီးရီးယားအစိုးရနှင့် တိုက်ခိုက်ရေးသမားပေါင်း ၆၁၀၀ ကျော် ပါဝင်သော အတိုက်အခံအဖွဲ့ ၇၄ ဖွဲ့က လက်မှတ်ရေးထိုးမည်ဖြစ်သည်။
Ref: Aljazeera