News @ M-Media

Tag: Syria

  • ဆီးရီးယားတွင် အီရန်ကွန်မန်ဒိုများ တပ်ဖြန့်ထား

    ဆီးရီးယားတွင် အီရန်ကွန်မန်ဒိုများ တပ်ဖြန့်ထား

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    commando

    – အီရန်တပ်မတော်မှ အထူးကွန်မန်ဒိုတွေကို ဆီးရီးယားသို့ စေလွှတ်ခဲ့တယ်လို့ အီရန်စစ်တပ်၏ ခြေလျင်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြီးအကဲ အမီးရ် အလီက ပြောကြားလိုက်ပါတယ်။

    နိုင်ငံခြားကျောထောက်နောက်ခံပြု အတိုက်အခံတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်ရဲ့တပ်ဖွဲ့တွေကို အီရန်နိုင်ငံက ကူညီပေးနေတာဖြစ်ပြီး ဒီလိုကွန်မန်ဒိုတွေ ထားရှိလိုက်တာကလည်း ဆီးရီးယားတပ်ဖွဲ့တွေကို အကြံပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြီးတော့ ဒါဟာ အီရန်အစိုးရနဲ့ ဆီးရီးယားအစိုးရတို့အကြား ကာကွယ်ရေးသဘောတူညီချက်များရဲ့ တစိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း အလီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဆီးရီးယားအစိုးရရဲ့ တောင်းဆိုမှုကြောင့် နောက်ထပ်မဟာမိတ်ဖြစ်တဲ့ ရုရှားဟာလည်း ၂၀၁၅ စက်တင်ဘာလကတည်းက ဆီးရီးယားမှာ လေကြောင်းက ကူညီတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်အုပ်စုတွေကို တိုက်ခိုက်တာဖြစ်တယ်လို့ ရုရှားဘက်က ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကတော့ ဆီးရီးယားမှာ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ၂၀၁၁ မတ်လကတည်းကနေ အခုထိ လူသေဆုံးမှု အနည်းဆုံး ၂၇၀၀၀၀ ရှိပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ တစ်ချို့ဖော်ပြချက်တွေမှာတော့ သေဆုံးမှုနှုန်းဟု ၄၇၀၀၀၀ အထိမြင့်တက်လျက်ရှိတယ်လို့လည်း ဆိုကြပါတယ်။

    Ref : Presstv

  • ကနေဒါက ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံ လက်ခံမည်

    ကနေဒါက ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံ လက်ခံမည်

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    canada

    – ကနေဒါရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဂျွန် မက်ကော်လမ်က ပြီးခဲ့တဲ့လမှာ ဒုက္ခသည် ၂၅၀၀၀ ကျော် လက်ခံထားပြီးဖြစ်တဲ့ မိမိတို့နိုင်ငံဟာ နောက်ထပ် ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံလက်ခံသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    ကနေဒါ အသံလွှင့်ဌာနဖြစ်တဲ့ CBC ကို အခုရက်ပိုင်းအတွင်း ပြောကြားလိုက်တာဖြစ်ပြီး ဆီးရီးယားဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးချင်နေတဲ့ ကနေဒါအဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

    “ဒုက္ခသည်တွေကို ကူညီထောက်ပံ့ချင်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ဆန္ဒကို အလျင်မီအောင် ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားပြီး လုပ်ဆောင်ပေးနေပါတယ်” လို့ မက်ကောလမ်က ဆိုပါတယ်။

    လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကနေဒါမှာ မတ်လ ၂၈ ရက်အထိ ဆီးရီးယား ဒုက္ခသည် စုစုပေါင်း ၂၆၂၀၀ ကို လက်ခံထားပြီး တရားဝင်ရောက်လာကြခြင်း မရှိသေးပေမယ့် နောက်ထပ် ၁၆၀၀၀ နီးပါးလောက် စီစစ်နေကာ တစ်ချို့ကို အပြီးသတ်ပြီးပြီလို့လည်း သိရပါတယ်။

    မက်ကောလမ်က ၎င်းအနေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ချင်တဲ့ အဖွဲ့တွေရဲ့ လျှောက်လွှာတွေကို မတ်လ ၁ ရက်နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားရာကနေ မတ်လ ၃၁ ရက်နေ့အထိတိုးမြှင့်ပေးဖို့ အဆင့်ဆင့်ညွှန်ကြားထားပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဆီးရီးယားအရေး ရုရှား၏ပါဝင်မှုကို အမေရိကန် ချီးကျူး

    ဆီးရီးယားအရေး ရုရှား၏ပါဝင်မှုကို အမေရိကန် ချီးကျူး

    မတ် ၃၁၊ ၂၀၁၆
    M-Media

    us

    – ဆီးရီးယားပြည်တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ရုရှားအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ၀န်ခံလိုက်ပြီး၊ မြေပြင်မှာလည်း တိုးတက်တဲ့အခြေအနေတွေ တွေ့မြင်ခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်။

    “သူတို့(ရုရှား)အနေနဲ့ IS တွေကို စစ်ရေးနည်းလမ်းနဲ့ အရေးယူဖို့ အင်အားတော်တော်သုံးခဲ့တာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ အဲ့ဒါ ကောင်းတဲ့အလုပ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ သူတို့ရဲ့ ပထမပန်းတိုင်ကတော့ ဆီးရီးယားမှာ IS တွေကို နှိမ်နင်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလည်း သူတို့ပြောတဲ့အတိုင်း လုပ်နေပါတယ်” လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပီတာကွတ်က ၀ါရှင်တန်ဒီစီမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    မြေပြင်တိုးတက်မှုတွေကိုလည်း မိမိတို့ တွေ့မြင်ရပေမယ့် ဆီးရီးယားအပစ်ရပ်ရေးဟာ ဆီးရီးယားပြည်တွင်းစစ် အပစ်ရပ်ရေးအထိ ဖြစ်လာဖို့ မျှော်လင့်တယ်လို့က ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ဒီလို အသိအမှတ်ပြုပြောဆိုရာမှာ ကွတ်အနေနဲ့ ဆီးရီးယားပြည်တွင်းတည်ငြိမ်မှုဟာ သမ္မတ ဘာရှာ အလ်-အာဆတ်အပေါ် မူတည်နေကြောင်းနဲ့ သမ္မတကိုယ်တိုင်က အပြောင်းအလဲကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    လွန်ခဲ့တဲ့ ၅ နှစ် ဆီးရီးယားပဋိပက္ခဖြစ်ကတည်းက အမေရိကန်ဟာ စစ်ရေးပဋိပက္ခကချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့အတွက် သမ္မတအာဆတ်ဆင်းပေးဖို့ တောင်းဆိုခဲ့တာပါ။ ကွတ်ရဲ့ ဒီမှတ်ချက်ဟာ ဆီးရီးယားကိစ္စမှာ ရုရှားရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အိုဘားမားအစိုးရရဲ့ ထင်ရှားတဲ့ အပြောင်းအလဲကို မြင်တွေ့ရတာဖြစ်ပါတယ်။

    ရုရှားအနေနဲ့ ဆီးရီးယားတပ်မတော်ကို ကူညီပြီး အကြမ်းဖက်ဆန့်ကျင်ရေးတွေ စတင်လုပ်ဆောင်ခဲ့တဲ့ စက်တင်ဘာ ၂၀၁၅ ကတည်းက အမေရိကန်က ရုရှားဟာ အာဆတ်ကို ဆန့်ကျင်တဲ့သူပုန်တွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    Ref: RT

  • ဆီးရီးယားရှိ ရှေးဟောင်းသမိုင်းဝင်မြို့ကို IS လက်မှ ပြန်သိမ်းနိုင်ပြီ

    ဆီးရီးယားရှိ ရှေးဟောင်းသမိုင်းဝင်မြို့ကို IS လက်မှ ပြန်သိမ်းနိုင်ပြီ

    မတ် ၂၇၊ ၂၀၁၆
    M-Media

    palmyra 2

    – ပြီးခဲ့သည့်နှစ် မေလကတည်းက IS အဖွဲ့မှ သိမ်းပိုက်ထားသည့် သမိုင်းဝင် ပါလ်မိုင်ရာမြို့ကို ဆီးရီးယားအစိုးရတပ်များက ယနေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    ရုရှား၏ လေကြောင်းပစ်ကူနှင့်အတူ ဆီးရီးယားတပ်ဖွဲ့ဝင်များနှင့် မဟာမိတ်ပြည်သူ့စစ်များက သီတင်းတစ်ပတ်ကြာ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ဟု ဆီးရီးယားနိုင်ငံပိုင် ရုပ်သံက စစ်တပ်ရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။

    ထိုတိုက်ပွဲတွင် IS တိုက်ခိုက်ရေးသမား ၄၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး လွန်ခဲ့သည့် ၂ နှစ် အီရတ်နှင့် ဆီးရီးယားတို့ရှိ နယ်မြေများကိုသိမ်းပိုက်ကာ ခလီဖိတ်ဒေသအဖြစ် ကြေငြာခဲ့ပြီးနောက် IS ၏ အကြီးမားဆုံး ရှုံးနိမ့်မှုဖြစ်သည်။ လက်ရှိအချိန်တွင် ဆီးရီးယားစစ်တပ်မှာ မြို့တစ်ဝိုက်တွင် ထောင်ထားသောဗုံးများကို ရှင်းလင်းနေသည်။

    ယူနက်စကို၏ ကမ္ဘာ့ ရှေးဟောင်းသမိုင်းဝင်နေရာအဖြစ် သတ်မှတ်ထားသည့် ပါလ်မိုင်ရာမြို့မှာ ၂၀၁၁ ခုနှစ် ဆီးရီးယား မတည်မငြိမ်မဖြစ်ခင် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာမြို့ဖြစ်ပြီး နှစ်စဉ် ခရီးသွား သိန်းနှင့်ချီ လာရောက်သည့်နေရာဖြစ်သည်။

    Ref: Aljazeera

  • ဆီးရီးယားမှ ရှေးဟောင်းမြို့တစ်ခုကို IS လက်မှ ပြန်သိမ်းနိုင်တော့မည်

    ဆီးရီးယားမှ ရှေးဟောင်းမြို့တစ်ခုကို IS လက်မှ ပြန်သိမ်းနိုင်တော့မည်

    မတ် ၂၄၊ ၂၀၁၆
    M-Media

    palmyra

    – ကမ္ဘာ့သမိုင်းအမွေအနှစ် နေရာအဖြစ် သတ်မှတ်ထားသည့် ဆီးရီးယားနိုင်ငံမှ ရှေးဟောင်း ပါလ်မိုင်ရာမြို့အား ဆီးရီးယားအစိုးရတပ်များက IS လက်အတွင်းမှ ပြန်လည် သိမ်းယူနိုင်တော့မည်ဟု ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ရုရှား၏ လေကြောင်းမှ ကူညီပေးမှုဖြင့် ဆီးရီးယားစစ်တပ်နှင့် လက်ဘနွန်ပြည်သူ့စစ်များက ပြီးခဲ့သည့် ၂ ပတ်အရင်ကတည်းက ထိုးစစ်ဆင်နေကြခြင်းဖြစ်ပြီး မြို့နှင့် ၃ ကီလိုမီတာသာ ကွာဝေးတော့သည်ဟု နိုင်ငံပိုင် Ikhbariya TV က ဖော်ပြသည်။

    “ဘုရားသခင်အလိုတော်နဲ့ နောက်ထပ်နာရီအနည်းငယ်အတွင်းမှာပဲ မြို့တွင်းကိုဝင်ကာ မြို့ကို သိမ်းနိုင်တော့မှာပါ” ဟု အရာရှိတစ်ဦးက အဆိုပါတီဗီသို့ ပြောကြားခဲ့သည်။

    အဆိုပါ ပါလ်မိုင်ရာ ရှေးဟောင်းမြို့မှာ ၂၀၁၅ ခုနှစ် မေလကတည်းက IS ၏ လက်အတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သြဂုတ်လတွင် ထိုမြို့အတွင်းမှ ရှေးဟောင်း အမွေအနှစ်များကို ဖျက်ဆီးခဲ့ကြပြီး နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိသည့် Bel ဘုရားကျောင်းလည်း ပါဝင်ခဲ့သည်။

    Ref: Aljazeera