News @ M-Media

Tag: Tatarstan

  • အမြင်အာရုံ ချို့တဲ့သူများအား အစ္စလာမ်ဘာသာရေး သင်ခန်းစာ သင်ကြားမည့် စင်တာ ရုရှားမှပြည်နယ် တခုတွင်ဖွင့်

    အမြင်အာရုံ ချို့တဲ့သူများအား အစ္စလာမ်ဘာသာရေး သင်ခန်းစာ သင်ကြားမည့် စင်တာ ရုရှားမှပြည်နယ် တခုတွင်ဖွင့်

    ဇူလိုင် ၁၈ ၊ ၂၀၁၄
    M-Media
    q4
    – မျက်စိအလင်းမရသူများနှင့် အမြင်အာရုံချို့တဲ့သူများအတွက် ကုရ်အာန်ကျမ်းတော်မြတ်နှင့် အစ္စလာမ်ဘာသာရေး စာပေများ လေ့လာ ဖတ်ရှုနိုင်မည့် စင်တာ တစ်ခုကို ရုရှားနိုင်ငံ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Almetyevsk မြို့တွင် ဇူလိုင် ၁၀ ရက်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    “ရမ်ဇာန်- ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူရသည့်လ” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါ စင်တာကို တာတာစတန် အစ္စလာမ် ဘာသာရေးအဖွဲ့မှ စီစဉ်ကာ Almetyevsk ခရိုင် ဗလီဝတ်ကျောင်းတော်တွင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

    ဖွင့်ပွဲအခမ်းအနားသို့ တာတာစတန်ဒေသ လက်ထောက်မွဖ်သီချုပ် ရက်စတန် ဟာဇရသ် ဘာထရောဗ့် တက်ရောက်ဂုဏ်ပြုခဲ့ပြီး မျက်မမြင်များ ဖတ်ရှုနိုင်ရန် အထူးစီစဉ်ထားသော ကုရ်အာန်ကျမ်းတော်မြတ်နှင့် အစ္စလာမ်ဘာသာရေး စာအုပ်များကို လက်ဆောင်ပေးအပ်ခဲ့သည်။

    Almetyevsk ခရိုင်မှ မျက်မမြင်များနှင့် အမြင်အာရုံချို့တဲ့သူများမှာလည်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထိုကဲ့သို့ စီစဉ်ပေးခဲ့သည့် တာတာစတန်အစ္စလာမ်ဘာသာရေးအဖွဲ့ လူကြီးများအား ကျေးဇူး တင်ကြောင်းပြောကြားခဲ့သည်။

    အဆိုပါ စင်တာတွင် အစ္စလာမ်ဘာသာရေး စာအုပ်များအပြင် မျက်စိအလင်းမရသူများနှင့် အမြင်အာရုံချို့တဲ့သူများအတွက် အစ္စလာမ့် သင်ခန်းစာများကို ပို့ချပေးနိုင်ရန် အခန်း တစ်ခုကိုလည်း ပြုလုပ်ပေးထားသည်။ တစ်ပတ်တစ်ကြိမ် ပြုလုပ်မည့် အဆိုပါ သင်တန်းကို တက်ရောက်မည့်သူများအား ဒေသတွင်းရှိ တက္ကစီကုမ္ပဏီတစ်ခုက အခမဲ့ အကြိုအပို့ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

    Ref: islam.ru

  • SMS မဲပေးစနစ်ဖြင့် တစ်နှစ်တာ အကောင်းဆုံး ဗလီ ရှေ့ဆောင်ဆရာ ရွေးပွဲကို ရုရှားရှိ ပြည်နယ်တစ်ခုတွင် ပြုလုပ်မည်

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
    M-Media

    imami
    – ရုရှားနိုင်ငံ Tatarstan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွင် တစ်နှစ်တာအကောင်းဆုံး ရှေ့ဆောင်ဆရာတော် (အီမာမ်) ရွေးချယ်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သွားမည်ဟု ပြည်နယ်မွဖ်သီ ကမီးလ် ဆာမီဂူလ်လင်က ပြောကြားခဲ့သည်။

    ပြည်နယ်အတွင်းရှိ ခရိုင်တစ်ခုချင်းစီမှ တစ်နှစ်တာအတွင်း အကောင်းဆုံး အီမာမ်များကို အဆိုပြုတင်သွင်းရမည်ဖြစ်ပြီး၊ ပြည်သူများမှ SMS ပေးပို့၍ မဲပေးရွေးချယ်ရမည်ဖြစ်သည်။ တစ်နှစ်တာ အကောင်းဆုံး အီမာမ်အဖြစ် ရွေးချယ်ခြင်းခံရသူအား ဟဂ်ျဘုရားဖူးခရီးသွားရန် ဆော်ဒီအာရေဗျ နိုင်ငံသို့ စေလွှတ်သွားမည်ဟု မွဖ်သီ ဆာမီဂူလင်က Interfax  သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “ဒီလို နွေးထွေးစွာယှဉ်ပြိုင်မှုရဲ့ စွမ်းအားကနေ ကျွန်တော်တို့ အီမာမ်တွေ တိုးတက်စေဖို့ အကျိုးကျေးဇူးအချို့ရပါလိမ့်မယ်” ဟု မွဖ်သီချုပ်ကဆိုသည်။

    Tatarstan ပြည်နယ်အတွင်း ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၂၃ လုံးရှိပြီး ရှေ့ဆောင်ဆရာတော် အီမာမ်ပေါင်း ၁၃၇၃ ဦးရှိသည်ဟု ပြည်နယ်ရှိ အစ္စလာမ်ရေးရာဌာနက ပြောကြားခဲ့သည်။

    တစ်နှစ်တာအတွင်း အကောင်းဆုံး အီမာမ်ရွေးချယ်ပွဲကို ရုရှားရှိ Bashkiria ပြည်နယ်တွင် ယခုနှစ်အတွင်း ပထမဆုံးပြုလုပ်ခဲ့သည်။ ပြည်သူများ မဲပေးရွေးချယ်မှုမှတစ်ဆင့် တစ်နှစ်တာအကောင်းဆုံး အီမာမ်ကို အစ္စလာမ်ရေးရာဌာနက ဆုံးဖြတ်သွားမည်ဖြစ်သည်။

    Ref: islam.ru