News @ M-Media

Tag: ThuraUAungKo

  • လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ဥပဒေ တစ်ရပ်ပြဌာန်းဖို့ ရှိတယ်လို့ သူရဦးအောင်ကိုပြော

    လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ဥပဒေ တစ်ရပ်ပြဌာန်းဖို့ ရှိတယ်လို့ သူရဦးအောင်ကိုပြော


    မြန်မာနိုင်ငံမှာ အမုန်းတရား တားဆီးဖို၊ ဘာသာပေါင်းစုံ စည်းလုံး ညီညွတ်စွာ နေထိုင်နိုင်ဖို့အတွက် ရှေ့ဆက် လုပ်ငန်းစဉ်များ အကြောင်း အစိုးရသစ်ရဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ၏ ဖြေကြားမှုဖြစ်ပါတယ်။

    ၉-၇-၂၀၁၆ နေ့တွင် မြန်မာမွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များအသင်း(ယာယီ) မှ ကြီးမှူးသော အီးဒ်မိတ်ဆုံညစာ စားပွဲ သို့ တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထေင်စု ဝန်ကြိး သူရဦးအောင်ကို အား မီဒီယာများမှ မေးမြန်းခဲ့မှု အစီအစဉ်တွင် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

    ရိုက်ကူး- မိုးစက်

  • တရားဥပဒေ စိုးမိုးမှု လွန်စွာ အားနည်းနေသေးကြောင်း ဝန်ကြီး သူရ ဦးအောင်ကို ပြောကြား

    တရားဥပဒေ စိုးမိုးမှု လွန်စွာ အားနည်းနေသေးကြောင်း ဝန်ကြီး သူရ ဦးအောင်ကို ပြောကြား

    မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၏ ဖြေကြားမှုဖြစ်ပါတယ်။

    ၉-၇-၂၀၁၆ နေ့တွင် ကျင်းပသော အီးဒ်မိတ်ဆုံညစာ စားပွဲ သို့ တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြိး သူရဦးအောင်ကို အား မီဒီယာများမှ မေးမြန်းခဲ့မှု အစီအစဉ်တွင် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

    ရိုက်ကူး- မိုးစက်

  • အကြမ်းဖက်မှုတွေကြောင့် ပိတ်ခံလိုက်ရတဲ့ ဗလီတွေ ပြန်ဖွင့်ခွင့်ရဖို့ ဝန်ကြီးသူရဦးအောင်ကို ဖြေကြားမှု

    အကြမ်းဖက်မှုတွေကြောင့် ပိတ်ခံလိုက်ရတဲ့ ဗလီတွေ ပြန်ဖွင့်ခွင့်ရဖို့ ဝန်ကြီးသူရဦးအောင်ကို ဖြေကြားမှု

    ယခင်အစိုးရတွေ လက်ထက် အကြမ်းဖက်မှုတွေကြောင့် ပိတ်ခံလိုက်ရတဲ့ ဗလီဝတ်ကျောင်းတွေ ပြန်ဖွင့်ခွင့်ရဖို့ နှင့် ပတ်သက်ပြီး ဝန်ကြီးသူရဦးအောင်ကို ဖြေကြားမှု

    မြန်မာမွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးသော အီးဒ်မိတ်ဆုံညစာ စားပွဲ သို့ တက်ရောက်လာတဲ့ ယဉ်ကျေးမှုနှင့် သာသနာရေး ပြည်ထောင်စု ဝန်ကြိး သူရဦးအောင်က အား မီဒီယာများမှ မေးမြန်းခဲ့မှု အစီအစဉ်တွင် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

    Video Credit -Ko Tin Shwe FB

  • ဘာသာပေါင်းစုံက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီးတိုက်တွန်း

    ဘာသာပေါင်းစုံက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီးတိုက်တွန်း

    မေ ၁၅ ၊ ၂၀၁၆
    RFA (မြန်မာပိုင်း)
    Thura Aung Ko.
    တိုင်းပြည်ဖံွ့ဖြိုးတိုးတက်ရေးနဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ကို တိုက်တွန်းလိုက်ပါတယ်။
    .
    ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ရန်ကုန်တိုင်း သာသနာရေးဝန်ကြီးဌာနရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် ပြော ခဲ့တာဖြစ်တယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဌ ဦးညွန့်မောင်ရှိန် က ပြော ပါတယ်။
    .
    “မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဘာသာပေါင်းစုံ၊ ညူမျိုးပေါင်းစုံ သဟဇာတညီဖို့အတွက် ဒါအားလုံးဟာ စိတ်သစ်၊ လူသစ်၊ အသွင်သစ်နဲ့ ဒီဥစ္စာတွေအားလုံးကို ဒီမိုကရေစီအစိုးရရဲ့ အင်္ဂါရပ်တွေနဲ့အညီ အားလုံးကပူးပေါင်းဆောင်ရွက်မယ်၊ အခုက စလုပ်တာဆိုတော့ အရှိန်အဟုန်တော့ မရသေးဘူး၊ ဒါတွေအားလုံးကို စုပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဒီအခက်အခဲတွေ ဟာ ဘယ်တော့မှရှိနိုင်စရာအေကြာင်းတော့ မရှိတော့ဘူးပေါ့၊ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ပဲ အရေးကြီးတယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတွေ ဘယ်လိုပဲ ဘာသာယုံကြည်ကိုးကွယ်ရာတွေကို များပြားပေမယ့်လို့ အားလုံးကိုတစ်သဘောတည်းအမြင်နဲ့ တိုင်းပြည်ကောင်းစားရေးကို ဝိုင်းဝန်းလုပ်ကြဖို့ ဆိုတဲ့အကြောင်းတွေပြောတယ်ပေါ့”
    .
    ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ မြိုင်ကြီးငူဆရာတော်ရဲ့ လမ်းညွှန်ချက်နဲ့ စေတီတည်နေတဲ့ကိစ္စတွေ မိတ္ထီလာ၊ ဥက္ကံနဲ့ မန္တလေးမြို့တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ပါတယ်။
    .
    ဒါ့အပြင် မိတ္ထီလာမြို့မှာ ပဋိပက္ခဖြစ်ပြီးနောက် ပိတ်ထားခဲ့တဲ့ ဗလီတွေကို ပြန်ဖွင့်ခွင့်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ဦးညွန့်မောင်ရှိန် က ပြောပါတယ်။
    .
    သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဟာ မန္တလေးမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တွေနဲ့လည်း ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က မန္တလေးမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
    .
    http://www.rfa.org/burmese/news/thura-aungko-say-religious-05152016111528.html

  • သူရဦးအောင်ကို၏ ဘာသာခြားများအပေါ်မှတ်ချက်စကားကြောင့် အဲန်အဲလ်ဒီက သူနှင့် တွေ့ဆုံခဲ့ကြောင်း အမည်မဖော်လိုသူ အဲန်အဲလ်ဒီအမတ်တစ်ဦးဆို

    သူရဦးအောင်ကို၏ ဘာသာခြားများအပေါ်မှတ်ချက်စကားကြောင့် အဲန်အဲလ်ဒီက သူနှင့် တွေ့ဆုံခဲ့ကြောင်း အမည်မဖော်လိုသူ အဲန်အဲလ်ဒီအမတ်တစ်ဦးဆို

    M-Media
    ဧပြီ ၇ ၊ ၂၀၁၆
    Thura U Aung Ko
    သာသနာရေးနဲ့ ယာဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုရဲ့ မွတ်စလင်မ်တွေနဲ့ ပတ်သတ်တဲ့ မှတ်ချက်စကားအပေါ်မှာ စိုးရိမ်ပူပန်မှု ရှိပါတယ်လို့ အမျိုးသားဒီမိုကရေစီပါတီဝင် ၀ါရင့်ပါလီမန်အမတ်တစ်ဦးက မြန်မာတိုင်းမ်စ်ကို ပြောဆိုလိုက်ပါတယ်။

    ဧပြီလတစ်ရက်နေ့ ၊ ဗွီအိုအေအင်တာဗျူးမှာ သူရဦးအောင်ကိုက မွတ်စလင်မ်တွေနဲ့ ဟိန္ဒူဘာသာဝင်အများစုတွေဟာ ဧည့်နိုင်ငံသားတွေလို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံသားဖြစ်ခြင်းဟာ ဘာသာကိုးကွယ်မှုနဲ့ မဆိုင်ဘူးဆိုတဲ့ မှတ်ချက်တွေ အများအပြား ထွက်ပေါ်လာခဲ့သလို ဧပြီ ၃ မှာတော့ မွတ်စလင်မ်အဖွဲ့ ငါးဖွဲ့ကနေ နိုင်ငံတော် သမ္မတထံ စာပို့ ကန့်ကွက်ခဲ့ပါတယ်။

    အမည်မဖော်လိုတဲ့ NLD ပါလီမန်အမတ်ရဲ့ အဆိုအရ သူတို့ပါတီအနေနဲ့ အစောပိုင်းမှာ သူရဦးအောင်ကိုရဲ့ မှတ်ချက်ကို စိုးရိမ်ပူပန်စရာမှတ်ချက်ဆိုပြီး လွှတ်တော်မှာ ပြောဆိုတင်ပြဖို့ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ NLD ရဲ့ စိုးရိမ်ပူပန်မှု မှတ်ချက်ဟာ လွှတ်တော်အထိမရောက်ခဲပါဘူး။ NLD က သူရဦးအောင်ကိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း၊ သူရဦးအောင်ကိုက သူအဆင်ပြေတဲ့အချိန်တစ်ချိန်ကျရင် လူထုကို ရှင်းလင်းဖြေကြားပေးမယ်လို့ ပြောခဲ့ကြောင်း NLD ပါလီမန်အမတ်က ဆိုပါတယ်။

    NLD ပါလီမန်အမတ်က ဒီလိုကိစ္စမျိုးကို အထူးတလည်မလုပ်လိုကြောင်း၊ တခါတလေမှာ မရည်ရွယ်ဘဲလည်းပြောမိတတ်ကြောင်း မြန်မာတိုင်းမ်စ်ကို ပြောပြထားပါတယ်။ သူရဦးအောင်ကိုရော၊ သူရဲ့ သာသနာရေးဝန်ကြီးဌာနကိုပါ တစုံတရာမှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့တာ၊ ဆက်သွယ်လို့မရဘူးလို့ မြန်မာတိုင်းမ်စ်က ဖော်ပြထားပါတယ်။

    သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်ကတော့ သူရဦးအောင်ကိုအနေနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပေမယ့် ရက်စွဲအတိအကျကိုတော့ မပြောပြခဲ့ပါဘူး။ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေကို ချက်ချင်းတွေ့ဖို့ အစီအစဉ်လည်း မရှိကြောင်း သိရပါတယ်။

    NLD ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်ကတော့ သူရဦးအောင်ကိုက ဦးဝီရသူကို ဆုံးမစကားတွေ ပြောဖို့ တွေ့ခဲ့တာလို့ ထင်ကြောင်း၊ တစ်စုံတစ်ရာစိုးရိမ်ပူပန်မှု မရှိတဲ့အကြောင်း ပြောပါတယ်။

    NGO အဖွဲ့ တစ်ခုဖြစ်တဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိးဝင်းကတော့ သူရဦးအောင်ကိုရဲ့ လှုပ်ရှားမှုတွေဟာ စိုးရိမ်စရာဖြစ်နေကြောင်း၊ အဲန်အဲလ်ဒီအနေနဲ့ ဘာသာရေးကဏ္ဍပြဿနာတွေမှာ ခက်ခက်ခဲခဲ ကိုင်တွယ်စရာ အနေအထားကို ပြသနေကြောင်း၊ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်တဲ့ ဘာသာရေးဆိုင်ရာ အခြေအနေတင်းမာမှုတိုင်းကို နိုင်ငံတော်အစိုးရက ကာကွယ်ရမယ့်အကြောင်း ပြောခဲ့ပါတယ်။

    Ref: mmtimes