News @ M-Media

Tag: UEFA

  • ယူအီးအက်ဖ်အေက ပင်နယ်တီကန်သွင်းမှုစနစ် ပြောင်းလဲမည်

    ယူအီးအက်ဖ်အေက ပင်နယ်တီကန်သွင်းမှုစနစ် ပြောင်းလဲမည်

    ဧပြီ ၄၊ ၂၀၁၇
    M-Media

    ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ် မန်ယူနှင့် ချယ်ဆီးတို့ပွဲတွင် ချယ်ဆီးနောက်ခံလူ ဂျွန်တယ်ရီ ပင်နယ်တီ ကန်သွင်းယူနေစဉ်

    – ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က ၎င်းတို့လက်အောက်ရှိ ပြိုင်ပွဲများတွင် ပင်နယ်တီ ကန်သွင်းမှုစနစ်ကို ပြောင်းလဲရန် စီစဉ်နေသည်ဟု သိရသည်။

    ပွဲချိန်အတွင်း အနိုင်အရှုံး အဖြေမထွက်သည့် ပွဲများတွင် ပင်နယ်တီအဆုံးဖြတ် ခံယူရာ၌ အသင်း A နှင့် အသင်း B တို့မှာ ပင်နယ်တီကို အလှည့်ကျ ကန်သွင်းရသည့် ABAB စနစ်ကို လက်ရှိတွင် ကျင့်သုံးနေသည်။

    သို့သော်လည်း ယူအီးအက်ဖ်အေ၏ စနစ်သစ်မှာ အသင်း A နှင့် အသင်း B တို့ ပထမတစ်လုံးစီ ကန်သွင်းပြီးနောက် ဒုတိယအလုံးတွင် အသင်း B က စတင်ကန်သွင်းရသည့် ABBA စနစ်ဖြစ်သည်။ ထိုစနစ်အတွက် ပထမဆုံး ကန်သွင်းရမည့် အသင်းကို ခေါင်းပန်းလှန်၍ ဆုံးဖြတ်မည်ဖြစ်သည်။

    စနစ်သစ်ကို ဗုဒ္ဓဟူးနေ့က ခရိုးအေးရှားနိုင်ငံတွင် စတင်ကျင်းပခဲ့သည့် ဥရောပ အမျိုးသား ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အင်္ဂါနေ့က ချက်နိုင်ငံတွင် စတင်ကျင်းပခဲ့သည့် ဥရောပ ယူ ၁၇ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတို့တွင် စမ်းသပ်ကျင့်သုံးနေသည်။

    လက်ရှိ ABAB စနစ်မှာ ပထမဆုံး ကန်သွင်းခွင့်ရသည့် အသင်းကို ၆၀ ရာခိုင်နှုန်း အသာရရှိစေပြီး ဒုတိယကန်သွင်းရသည့် အသင်းမှာ ဖိအားများ ပိုမိုခံစားရကြောင်း ယူအီးအက်ဖ်အေက ပြောကြားခဲ့သည်။

    Ref : BBC

  • ပါလက်စတိုင်းကို ထောက်ခံမှုအတွက် UEFA ၏ ဒဏ်တပ်မှုကို ဆဲလ်တစ်ပရိသတ်များ တုန့်ပြန်

    ပါလက်စတိုင်းကို ထောက်ခံမှုအတွက် UEFA ၏ ဒဏ်တပ်မှုကို ဆဲလ်တစ်ပရိသတ်များ တုန့်ပြန်

    သြဂုတ် ၂၃၊ ၂၀၁၆
    M-Media

    celtic

    – အဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် အစ္စရေးကလပ်အသင်းနှင့်ပွဲတွင် ပါလက်စတိုင်းအလံများကို လွှင့်ထူခဲ့မှုကြောင့် ယူအီးအက်ဖ်အေ၏ ဒဏ်ရိုက်မှုအား ဆန့်ကျင်သောအားဖြင့် ဆဲလ်တစ်အသင်း ပရိတ်သတ်များမှာ ပါလက်စတိုင်း ပရဟိတ အဖွဲ့များအတွက် အလှူငွေ ပေါင် ၈၀၀၀၀ ရှာဖွေပေးခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်က Hapoel Be’er Sheva အသင်းနှင့် စကော့တလန်တွင် ကစားခဲ့သည့်ပွဲတွင် ဆဲလ်တစ်ပရိတ်သတ်များက ထိုကဲ့သို့ ပါလက်စတိုင်းအလံများကို ဝှေ့ယမ်း လွှင့်ထူခဲ့ခြင်းဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက စည်းမျဉ်းစည်းကမ်း ချိုးဖောက်သည်ဟုဆိုကာ ဒဏ်ငွေရိုက်ခဲ့သည်။

    ထိုအရေးယူမှုကို မကျေနပ်သည့် ဆဲလ်တစ်ပရိတ်သတ်များကမူ ယူအီးအက်ဖ်အေ ဒဏ်ငွေရိုက်သည့် ပမာဏအတိုင်း ပါလက်စတိုင်းပရဟိတအဖွဲ့များအတွက် အလှူငွေ ပေါင် ၇၅၀၀၀ ရှာဖွေပေးရန် Go Fund Me အွန်လိုင်းစာမျက်နှာတစ်ခုကို ယမန်နေ့က ဖန်တီးခဲ့သည်။

    ထိုအလှူငွေများကို အစ္စရေး၏ တိုက်ခိုက်မှု၊ နယ်မြေသိမ်းပိုက်မှုနှင့် အတင်းအဓမ္မရွှေ့ပြောင်းခိုင်းမှုတို့အား ခံစားရသူ ပါလက်စတိုင်းများကို ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများ ပေးနေသည့် Aid Palestine၊ ဘက်သလီဟမ်ရှိ အိုက်ဒါ ဒုက္ခသည်စခန်းမှ ကလေးငယ်များအတွက် ယဉ်ကျေးမှုနှင့် အားကစားစီမံကိန်းများကို ဆောင်ရွက်ပေးနေသည့် Lajee Centre တို့ကို ပေးအပ်သွားမည်ဖြစ်သည်။

    အဆိုပါ ရန်ပုံငွေကောက်ခံရေးအဖွဲ့က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မိမိတို့၏ ပါလက်စတိုင်းအား ထောက်ခံမှုကို နိုင်ငံတကာက လေးစားခဲ့ကြောင်း၊ သို့သော်လည်း ယူအီးအက်ဖ်အေက ဒဏ်ရိုက်ခဲ့သည့်အတွက် ထိုကဲ့သို့ ယူအီးအက်ဖ်အေ၏ သေးသိမ်သော၊ နိုင်ငံရေးအရ မရိုသားသောလုပ်ရပ်အတွက် မိမိတို့က ထိုဒဏ်ရိုက်ခဲ့သည့် ငွေပမာဏအတိုင်း ပါလက်စတိုင်းများအတွက် ရန်ပုံငွရှာဖွေခြင်းလှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ဆဲလ်ပရိသတ်များ၏ ထိုလှုပ်ရှားမှုတွင် ၂၄ နာရီအတွင် အလှူငွေ ပေါင် ၇၇၀၀၀ ရရှိခဲ့ပြီး၊ ရန်ပုံငွေ ပစ်မှတ်ကို ၈၀၀၀၀ အထိ တိုးမြှင်ခဲ့သည်။

    ထိုရန်ပုံငွေဖြင့် ဘောလုံးအင်္ကျီများ၊ အားကစားပစ္စည်းများဝယ်ယူကာ အိုက်ဒါဒုက္ခသည်စခန်းတွင် ဘောလုံးအသင်းတစ်ခု ထူထောင်သွားမည်ဖြစ်ပြီး Aida Celtic ဟု အမည်ပေးမည့် အဆိုပါဘောလုံးအသင်းကို ဘက်သလီဟမ် လူငယ်လိဂ်တွင် ယှဉ်ပြိုင်ကစားစေမည်ဟု ဆဲလ်တစ်ပရိတ်သတ်များ၏ ကြေငြာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: Goal

  • ဘောလုံးပြိုင်ပွဲ မဲခွဲရာတွင် ယူအီးအက်ဖ်အေ၏ မသမာမှုကို မျက်မြင်ကြုံတွေ့ခဲ့သည်ဟု ဘလတ္တာပြော

    ဘောလုံးပြိုင်ပွဲ မဲခွဲရာတွင် ယူအီးအက်ဖ်အေ၏ မသမာမှုကို မျက်မြင်ကြုံတွေ့ခဲ့သည်ဟု ဘလတ္တာပြော

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    blatter

    – ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေအနေဖြင့် ဒေသတွင်းပြိုင်ပွဲများအတွက် မဲခွဲမှုများတွင် မသမာမှုများ ရှိခဲ့သည်ကို မိမိက မျက်မြင်ကြုံတွေ့ခဲ့ရကြောင်း ဖီဖာဥက္ကဌဟောင်း ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။

    လွန်ခဲ့သည့် ၂ နှစ် ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားအသင်းအား အုပ်စုချောင်အောင် ဖီဖာက မဲခွဲမှုတွင် ဆောင်ရွက်ပေးခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဘလတ္တာက ယူအီးအက်ဖ်အေနှင့်ပတ်သက်၍ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ၂၀၁၄ ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားအား ပွဲချောင်စေရန် ဆောင်ရွက်ပေးခဲ့သည်ဆိုသည့် သတင်းကိုမူ ၎င်းက ငြင်းဆိုခဲ့သည်။

    “(၂၀၁၄ ကမ္ဘာဖလား) အုပ်စုမဲခွဲမှုက နောက်ဆုံးအချိန်အထိ သန့်ရှင်းပါတယ်။ ကျွန်တော်ဆို အသင်းနာမည်တွေထည့်ထားတဲ့ ဘောလုံးလေးတွေကို ထိတောင်မထိပါဘူး။ တကယ်တော့ အဲဒီဘောလုံးတွေကို အပူပေးတာ၊ ဒါမှမဟုတ် အအေးခံတာမျိုးနဲ့ အမှတ်အသားလုပ်လို့ရပါတယ်။ ဒါဟာ နည်းပညာအရ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဖီဖာမှာတော့ ဒါမျိုး မလုပ်ခဲ့ပါဘူး။ ဥရောပအဆင့်မှာ ဒါမျိုးလုပ်တာကို ကျွန်တော် မျက်မြင်ကြုံဖူးပါတယ်။ ဒါပေမယ့် ဖီဖာမှာတော့ ဒါမျိုး မဖြစ်ခဲ့ပါဘူး” ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    Ref: Goal

  • FFP စည်းမျဉ်း လုံးဝ အလုပ်မဖြစ်ခဲ့ဟု ၀င်းဂါးပြော

    FFP စည်းမျဉ်း လုံးဝ အလုပ်မဖြစ်ခဲ့ဟု ၀င်းဂါးပြော

    မေ ၂၀၊ ၂၀၁၅

    M-Media

    winger

    – ဥရောပကလပ်အသင်းများအကြား ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း FFP ကို လျော့ပေါ့ပေးရန် စီစဉ်နေသည်ကို မိမိအနေဖြင့် မအံ့သြမိဘဲ အဆိုပါ စည်းမျဥ်းမှာ လုံးဝ အလုပ်မဖြစ်ခဲ့ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေမှာ ကလပ်အသင်းများ ၎င်းတို့ပိုင်ဆိုင်သည့် ငွေကြေးပမာဏထက် အလွန်အကျွံ ပိုမိုသုံးစွဲ၍ အသင်းအား ပြင်ဆင်ခြင်းကို တားမြစ်ရန်အတွက် အဆိုပါ FFP စည်းမျဉ်းကို ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၂ လတာ ကာလအတွင်း မန်စီးတီး၊ ပီအက်စ်ဂျီနှင့် အင်တာမီလန်တို့အား အဆိုပါစည်းမျဉ်းကို မလိုက်နာမှုအတွက် ဒဏ်ငွေများ အသီးသီးဆောင်ခဲ့ရသည်။

    သို့သော်လည်း ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီကမူ မိမိတို့အနေဖြင့် အနာဂတ်တွင် အဆိုပါစည်းမျဉ်းကို လျော့ပေါ့ရန် အလားအလာရှိနေသည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။ အသင်းများ ငွေကြေးအလွန်အကျွံမသုံးစွဲရေး ဆောင်ရွက်ရန် ယခင်ကတည်းက အဆိုပါပြုခဲ့သည့် အာဆင်ဝင်းဂါးကမူ FFP စည်းမျဉ်းမှာ အလုပ်မဖြစ်ခဲ့ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့မှာရှိတဲ့ငွေကြေးကိုပဲ အမြဲတမ်း ကျွန်တော်တို့ သုံးစွဲတာကြောင့် ဒီစည်းမျဉ်းစည်းကမ်းဟာ ကျွန်တော်တို့ကို ထိခိုက်မှု မရှိပါဘူး။ FFP ကို ဘယ်တုန်းကမှ မလေးစားခဲ့တဲ့ ကလပ်အသင်းအချို့ ရှိပါတယ်။ ပြီးတော့ အခြားတိုင်းပြည်တွေမှာ
    ရင်းနှီးမြှုပ်နှံသူတွေရဲ့ အလားအလာရှိတာကြောင့် ဒီစည်းမျဉ်းကို ပိုပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ နိုင်ငံတကာက ဖိအာပေးနေပုံပါပဲ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ယူအီးအက်ဖ်အေမှာ လွန်ခဲ့သည့် ၁၀ နှစ် ၁၅ နှစ်က သြဇာမျိုး မရှိတော့ကြောင်း အရာရာတိုင်းမှာ စိန်ခေါ်မှုများရှိနေပြီး ဥရောပဥပဒေအောက်ရှိ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှုနှင့် ဆန့်ကျင်သော တင်းကျပ်သည့် ဥပဒေများမှာ အံမ၀င်တော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပရိတ်သတ်များ၏ လုပ်ရပ်အတွက် စပါးအား ယူအီးအက်ဖ်အေ တရားစွဲ

    ပရိတ်သတ်များ၏ လုပ်ရပ်အတွက် စပါးအား ယူအီးအက်ဖ်အေ တရားစွဲ

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    659601_heroa

    – ကြာသာပတေးနေ့က ကစားခဲ့သည့် ယူရိုပါလိဂ် ပါတီဇန်အသင်းနှင့်ပွဲတွင် ပရိတ်သတ်များ၏ အပြုအမူများနှင့် ပတ်သက်၍ ယူအီးအက်ဖ်အေက စပါးအသင်းအား တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    စပါးအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော အဆိုပါပွဲ၏ ပထမပိုင်းတွင် စပါးအသင်းပရိတ်သတ် ၃ ဦးမှာ ကွင်းအတွင်းသို့ ၀င်ရောက်နှောက်ယှက်ခဲ့ပြီး ပွဲအား သုံးကြိမ်အထိ ရပ်နားခဲ့ရသည်။

    `နိုဝင်ဘာ ၂၇ ရက်နေ့က လန်ဒန်မှာကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု C စပါးနဲ့ ပါတီဇန်တို့ပွဲ ပြီးတဲ့နောက် စည်းကမ်းထိးန်းသိမ်းမှုဆိုင်ရာ တရားစွဲဆိုမှုကို လုပ်ဆောင်ခဲ့ပါတယ်။ ထိုအမှုနဲ့ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကြားနာသွားမှာပါ´ ဟု ယူအီးအက်ဖ်အေက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    စပါအသင်းကလည်း ကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ၎င်း၏တို့ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    `အချက်အလက်အားလုံးကို ရရှိပြီးသွားတဲ့အခါ တတ်နိုင်သမျှ နောက်ဆုံးရ သတင်းတွေကို ဖော်ပြပေးသွားပါမယ်။ လုံးဝလက်မခံနိုင်စရာဖြစ်တဲ့ အပြုအမူကနေ အနှောက်အယှက်ဖြစ်ခဲ့ရတဲ့အတွက် ပရိတ်သတ်များအားလုံးကို တောင်းပန်ပါတယ်´ ဟု စပါးအသင်းက ရေးသားခဲ့သည်။

    ပါတီဇန်အား အနိုင်ရခဲ့သည့် စပါးမှာ ယူရိုပါလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက် သွားပြီဖြစ်သည်။