News @ M-Media

Tag: UK

  • ဒုက္ခသည်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွင် ပါ၀င်သူ လက်ယာစွန်းရောက်တစ်ဦးကို ယူကေက ထောင် ၉ နှစ်ချ

    ဒုက္ခသည်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွင် ပါ၀င်သူ လက်ယာစွန်းရောက်တစ်ဦးကို ယူကေက ထောင် ၉ နှစ်ချ

    စက်တင်ဘာ ၇၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – တိုက်ခိုက်မှု မြင်ကွင်းတစ်ခု)

    -ဒုက္ခသည်တွေနေထိုင်တဲ့ ဟိုတယ်တစ်ခုရှေ့ မီးရှို့မှုမှာ ပါ၀င်တဲ့ လက်ယာစွန်းရောက် လူဖြူအမျိုးသား သောမတ်စ်ဘာလေကို ဗြိတိန်က ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ပါတယ်။

    သြဂုတ်လအတွင်း အင်္ဂလန်မှာ လက်ယာစွန်းရောက်တွေရဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေ၊ ဒုက္ခသည်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့ အင်္ဂလန်မြောက်ပိုင်းမှာ မိန်းကလေးငယ် ၃ ဦး အသတ်ခံခဲ့ရပြီး ဒီအမှုကို လူမျိုးခြား၊ ဘာသာခြားတွေက ကျူးလွန်တယ်ဆိုတဲ့ သတင်းမှား ထွက်လာပြီးနောက်ပိုင်း လူဖြူအစွန်းရောက်တွေ ထကြွလာတာ ဖြစ်ပါတယ်။

    မြောက်ပိုင်း ရိုတာဟန်မြို့က ဒုက္ခသည် ၂၀၀ လောက် ခိုလှုံနေတဲ့ Holiday Inn Express ဟိုတယ်ကို သြဂုတ်လ ၄ ရက်နေ့မှာ လူ ၄၀၀ လောက်ပါ၀င်တဲ့ အုပ်စုက ၀င်ရောက်တိုက်ခိုက်ဖို့ ကြိုးစားမှုဟာ ထင်ရှားပါတယ်။

    ဒီအဖြစ်အပျက်အတွက် သောမတ်စ်ဘာလေက ပထမဆုံး အရေးယူခံရသူ ဖြစ်လာပါတယ်။ လူအုပ်ကြီးဟာ ဟိုတယ်ကို တိုက်ခိုက်မီးရှို့ဖို့ ကြိုးစားခဲ့သလို၊ လူမျိုးရေးခွဲခြားစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ အော်ဟစ်ဆဲဆိုခဲ့ပါတယ်။

    ဒုက္ခသည်တွေ ထွက်မရအောင် ဟိုတယ်ရှေ့၀င်ပေါက်မှာ မီးပုံရှို့ထားခဲ့ကြပြီး၊ ၁၂ နာရီကြာတဲ့ ဒီအကြမ်းဖက်မှုကို ရဲတပ်ဖွဲ့က ခက်ခက်ခဲခဲ ထိန်းသိမ်း လူစုခွဲခဲ့ရပါတယ်။ အဖြစ်အပျက်အတွင်း ရဲတပ်ဖွဲ့၀င် ၆၄ ဦး၊ မြင်း ၃ ကောင်နဲ့၊ ရဲခွေးတစ်ကောင် ဒဏ်ရာရခဲ့ပါတယ်။

    သောမတ်စ်ဘာလေဟာ မီးရှို့မှုအပါအ၀င် တိုက်ခိုက်မှုအားလုံးမှာ ပါ၀င်ပတ်သက်ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

    Ref: Reuters


  • ယူကေရွေးကောက်ပွဲတွင် လေဘာပါတီက အံ့အားသင့်ဖွယ် အပြတ်အသတ် အနိုင်ရ

    ယူကေရွေးကောက်ပွဲတွင် လေဘာပါတီက အံ့အားသင့်ဖွယ် အပြတ်အသတ် အနိုင်ရ

    ဇူလိုင် ၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ယူကေ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ဆာ ကီယာ စတာမာ)

    -ဇူလိုင်လ ၄ ရက်နေ့က ကျင်းပတဲ့ ယူကေရွေးကောက်ပွဲမှာ လေဘာပါတီဟာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဲအပြတ်အသတ်ရပြီး အနိုင်ရရှိခဲ့ပါတယ်။

    ပါတီခေါင်းဆောင် ဆာ ကီယာ စတာမာဟာ ယူကေရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာမှာဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့မှာ အစိုးရသစ်ကို ဖွဲ့စည်းကြေငြာမှာ ဖြစ်ပါတယ်။

    “အပြောင်းအလဲတွေ အခုအချိန်ကနေ စတင်ပါပြီ။ ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် ကျေနပ်မိပါတယ်” လို့ ရွေးကောက်ပွဲရလဒ်တွေ ထွက်လာပြီးနောက် လန်ဒန်မြို့လယ်ကောင်မှာ လေဘာပါတီ ထောက်ခံသူတွေကို စတာမာက ပြောကြားခဲ့ပါတယ်။

    ခေါင်းဆောင်ဟောင်း ဂျယ်ရီမီ ကောရ်ဘန်လက်ထက် ၂၀၁၉ ခုနှစ်က ရွေးကောက်ပွဲမှာ သမိုင်းတစ်လျှောက် အနည်းဆုံးအဖြစ် အမတ်နေရာ ၂၀၂ နေရာသာ နိုင်ခဲ့တဲ့ လေဘာပါတီဟာ အခုရွေးကောက်ပွဲမှာ ၄၁၁ နေရာအထိ အနိုင်ရခဲ့ပါတယ်။

    လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီက ၁၁၉ နေရာသာ အနိုင်ရရှိထားပါတယ်။

    ကတိက၀တ်

    မဲဆွယ်ပွဲတွေမှာ လေဘာပါတီဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျဆင်းခဲ့တဲ့ ယူကေစီးပွားရေး ဦးမော့အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ စီမံကိန်းစနစ်ကို ပြုပြင်ပြောင်းလဲဖို့၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို၀င်လာစေဖို့လည်း လေဘာပါတီက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

    လေပါတီက ဆောင်ရွက်မယ့် ကိစ္စတွေထဲမှာ အလုပ်သမားဥပဒေကို ပြင်ဆင်ရေးဆွဲတာ၊ ရထားပို့ဆောင်ရေးကဏ္ဍ အားလုံးနီးပါးကို နိုင်ငံပိုင်အဖြစ် ပြန်လည်လုပ်ဆောင်တာ၊ နိုင်ငံပိုင် စွမ်းအင် လုပ်ငန်းတွေ ထူထောင်တာ၊ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံတာတွေလည်း ပါ၀င်မှာ ဖြစ်ပါတယ်။

    Ref : BBC


  • အကောင် ၂ သန်းတွင် တစ်ကောင်သာရှိသည့် အပြာရောင် ကျောက်ပုဇွန်

    အကောင် ၂ သန်းတွင် တစ်ကောင်သာရှိသည့် အပြာရောင် ကျောက်ပုဇွန်

    မေ ၁၀၊ ၂၀၂၄

    M-Media 


    -အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းက ကွန်း၀ေါ်လ် ကမ်းရိုးတန်းမှာ ရှားပါး အပြာရောင်ကျောက်ပုဇွန်တစ်ကောင်ကို တံငါသည်တစ်ဦးက တွေ့ရှိခဲ့ပါတယ်။ 

    မျိုးရိုးဗီဇ ချို့ယွင်းမှုတစ်ခုကြောင့် ခန္ဓာကိုယ်တွင်း ပရိုတိန်းတစ်မျိုး အထွက်များပြီး အပြာရောင် ဖြစ်နေတာလို့ အောက်စဖို့ဒ်တက္ကသိုလ် သတ္တဗေဒဌာနက ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ 

    ဒီလို အပြာရောက်ကျောက်ပုဇွန်မျိုးကို အကောင် ၂ သန်းမှာ တစ်ကောင်လောက်သာ တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ 

    ကျောက်ပုဇွန်ကို ရခဲ့တဲ့ ငါးဖမ်းသမား ဇနီးမောင်နှံက ဒီပုဇွန်ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ဖို့အတွက် ဒေသတွင်း အဏ္ဏ၀ါဗေဒ စောင့်ရှောက်ရေးစင်တာကို လွှဲပြောင်းပေးခဲ့ပါတယ်။ 

    ကျောက်ပုဇွန်ရဲ့ အရှည်ဟာ ၈၇ မီလီမီတာ ရှိတဲ့အတွက် အင်္ဂလိပ်ဥပဒေအရ ပင်လယ်ထဲ ပြန်လွှတ်ပေးဖို့ မလိုအပ်ပါဘူး။ 

    Ref: BBC 

  • ဗြိတိန်ရဲကို ဒုတိယံမိ တစ်ပတ်ရိုက်သွားတဲ့ လူသတ်သမား

    ဗြိတိန်ရဲကို ဒုတိယံမိ တစ်ပတ်ရိုက်သွားတဲ့ လူသတ်သမား

    သြဂုတ် ၂၇၊ ၂၀၂၃

    M-Media 


    -လူသတ်မှုကြောင့် ထောင်ဒဏ်တစ်သက် ကျနေတဲ့ ဗြိတိန်က ရာဇ၀တ်သားတစ်ယောက်ဟာ ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ 

    အသက် ၅၉ နှစ်အရွယ် သောမတ်စ် မက်ကာဘီဆိုသူ ဖြစ်ပြီး သြဂုတ်လ ၂၃ ရက်နေ့က ခံ၀န်ခြေချုပ်နဲ့ အပြင်ကို လွှတ်လိုက်ပြီးနောက် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ 

    မက်ကာဘီဟာ ၁၉၉၀ ပြည့်နှစ်က ဆယ်ကျော်သက်တစ်ဦးကို လန်ဒန်မှာ သတ်ဖြတ်ခဲ့မှုအတွက် ထောင်ဒဏ်တစ်သက် ကျနေတာ

    ၂၀၁၈ ခုနှစ်ကလည်း အခုလို လွတ်မြောက်သွားခဲ့ဖူးပြီး ၂၀၂၀ ခုနှစ်ရောက်မှ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

    ဗြိတိန်ရဲတပ်ဖွဲ့က မက်ကာဘီရဲ့ ကိုယ်ရေးအချက်အလက်ကို အများသိအောင်ထုတ်ပြန်ကာ တွေ့ရှိရင် အကြောင်းကြားဖို့ မေတ္တာရပ်ခံထားပါတယ်။ 

    Ref: BBC

  • ဗြိတိန်ထီးနန်းကို ချားလ်စ်မင်းသားက ဆက်ခံပြီး တတိယမြောက် ချားလ်စ်ဘုရင်ဖြစ်လာ

    ဗြိတိန်ထီးနန်းကို ချားလ်စ်မင်းသားက ဆက်ခံပြီး တတိယမြောက် ချားလ်စ်ဘုရင်ဖြစ်လာ

    စက်တင်ဘာ ၉၊ ၂၀၂၂
    M-Media

    -ဗြိတိန်ဘုရင်မကြီး ဒုတိယ အဲလိဇဘက် စက်တင်ဘာ ၈ ရက်နေ့က ကံတော်ကုန်သွားပြီးတဲ့နောက် အိမ်ရှေ့မင်းသားဖြစ်တဲ့ သားဖြစ်သူ ချားလ်စ်မင်းသားက ထိးနန်းအရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

    ဘုရင်မကြီး အဲလိဇဘက်ဟာ ဗြိတိန်သမိုင်းမှာ သက်တမ်းအရှည်ဆုံး ထီးနန်းစိုးစံခဲ့သူအဖြစ် မှတ်တမ်း၀င်ခဲ့ပြီး ချားလ်စ်မင်းသားကလည်း အိမ်ရှေ့စံ ၀ေးလ်မင်းသားအဖြစ် အချိန်အကြာဆုံး နေခဲ့ရသူပါ။

    စက်တင်ဘာ ၁၀ ရက်နေ့မှာ ချာလ်းစ်မင်းသားကို ဘုရင်အဖြစ် တရား၀င်ကြေငြာဖို့ ရှိပါတယ်။ ထုံးတမ်းစဥ်လာတွေအရ အခမ်းအနားနဲ့ ဘိတ်သိက်ခံယူပွဲကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကြာအုံးမှာပါ။

    ဇနီးဖြစ်သူ ကာမီလာဟာ မိဖုရားခေါင်ကြီးအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။
    တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ သားအကြီးဆုံး မင်းသား ၀ီလီယံဟာ ဖခင်ဖြစ်သူရဲ့ အိမ်ရှေ့မင်းသား အရိုက်အရာကို ဆက်ခံမှာပါ။ ဒါပေမယ့် အလိုအလျောက် ဆက်ခံရတာမျိုးမဟုတ်ဘဲ ချားလ်စ်ဘုရင်က ခန့်အပ်ပေးရမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ တတိယမြောက် ချားလ်စ်ဘုရင်လို့ ခေါ်တွင်နေပေမယ့် ဗြိတိန်ဘုရင်သစ်ဟာ ချားလ်စ်၊ ဖိလစ်၊ အာသာ၊ ဂျော့ဂျ် စတဲ့ ဘွဲ့အမည် ၄ ခုထဲက တစ်ခုကို စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

    ဗြိတိန်ရဲ့ဘုရင်ဖြစ်ပြီး၊ ဓနသဟာယနိုင်ငံ ၁၄ ခုရဲ့ ဦးသျှောင်ဖြစ်တဲ့ ချားလ်စ်ဘုရင်ဟာ သက်တော် ၇၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ ကမ်းဘရစ်ချ် တက္ကသိုလ်က ဘီအေဘွဲ့ရထားပြီ၊ ဗြိတိန် လေတပ်နဲ့ ရေတပ်မှာ အမှုထမ်းခဲ့ဖူးပါတယ်။

    ဗြိတိန်ရဲ့ လက်ရှိ နိုင်ငံတော်သီချင်း ‘God Save The Queen’ (ဘုရင်မကြီးကို ဘုရားသခင်စောင့်ရှောက်ပါစေ) ဟာ ‘God Save The King’ (ဘုရင်ကြီးကို ဘုရားသခင်စောင့်ရှောက်ပါစေ) အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

    Ref: BBC