News @ M-Media
Tag: UK
  • ဆော်ဒီအိမ်ရှေ့မင်းသားအား ဖိတ်ကြားမှုကို ရုပ်သိမ်းရန် ဗြိတိန်ကို လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို
    ဆော်ဒီအိမ်ရှေ့မင်းသားအား ဖိတ်ကြားမှုကို ရုပ်သိမ်းရန် ဗြိတိန်ကို လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို
    ဇန်န၀ါရီ ၁၆၊ ၂၀၁၈
    M-Media
    – ယူကေသို့လာရောက်ရန် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်အား ဖိတ်ကြားထားမှုကို ပြန်ရုပ်သိမ်းသင့်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ယူကေ၀န်ကြီးချုပ် ထရီဇာမေကို တိုက်တွန်းလိုက်သည်။
    လက်နက်ရောင်းချမှု ဆန့်ကျင်ရေးအဖွဲ့ CAAT၊ ယူကေအခြေစိုက် အာရပ် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ AOHR UK တို့အပါအ၀င် လူ့အဖွဲ့အရေးအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့မှာ ယမန်နေ့တွင် ယူကေ ၀န်ကြီးချုပ်ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး အိမ်ရှေ့မင်းသား၏ လာရောက်မှုမှာ ယူကေ၏ အကျိုးစီးပွား၊ ၎င်း၏ စွန့်စားလိုစိတ်ကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများ၏ အကျိုးစီးပွားအတွက် သက်ရောက်မှုရှိမည်မဟုတ်ဟု ဖော်ပြခဲ့သည်။
    “ဆော်ဒီအစိုးရဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး မှတ်တမ်းရှိတဲ့ အစိုးရတွေထဲက တစ်ခုပါ။ ညှင်းပမ်းမှု၊ စိတ်ထင်တိုင်းဖမ်းဆီးမှုနဲ့ တစ်ခြား ဆိုးရွားတဲ့ လုပ်ရပ်တွေအတွက် မှတ်တမ်းတွေ ရှိထားပါတယ်။ ငတ်မွတ်မှုကို လက်နက်တစ်ခုဖြစ် သုံးတဲ့၊ ယီမင်မှာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ၀မ်းလျှောမှု ကပ်ရောဂါကို ဖြစ်စေတဲ့ ကြမ်းကြုတ်တဲ့ အာဏာရှင်ကို ကျွန်တော်တို့တိုင်းပြည်က ထောက်ခံတာ၊ ဆက်ဆံတာမျိုးဟာ ရှက်စရာကောင်းပါတယ်” ဟု လူ့အခွင့်အေ
    ရးအဖွဲ့များက ပြောကြားခဲ့သည်။
    ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့မှာ ၂၀၁၅ ခုနှစ် မတ်လမှစ၍ ယီမင်ရှိ ဟူသီသူပုန်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
    ထိုအချိန်မှစ၍ ယူကေကလည်း ကန်ဒေါ်လာ ၆.၃ ဘီလီယံ တန်ဖိုးရှိ လက်နက်များကို ဆော်ဒီအား ရောင်းချခဲ့သည်ဟု CAAT က ဆိုသည်။
    လက်ရှိအချိန်အထိ ယီမင်စစ်ပွဲကြောင့် လူပေါင်း တစ်သောင်းခန့် သေဆုံးခဲ့ပြီး၊ ၀မ်းရောဂါကြောင့် ၂၀၀၀ ခန့် သေဆုံးခဲ့သည်။
    “ဗြိတိန်ကထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေ၊ ဗုံးတွေဟာ အဆင်းရဲဆုံး (ယီမင်) နိုင်ငံရဲ့ အရပ်သားပစ်မှတ်တွေ၊ အခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထား ဖျက်ဆီးရာမှာ အဓိကကျနေပါတယ်။ စစ်တပ်နဲ့ BAE System က ယူကေစစ်သားတွေဟာ ဆော်ဒီ စစ်ဆင်ရေးစင်တာတွေမှာ တာဝန်ထမ်းဆောင်ကာ ဒီကပ်ဆိုးကြီးကို ကူညီပေးနေကြပါတယ်” ဟု ၀န်ကြီးချုပ် ထရီဇာမေထံ ပေးပို့သောစာတွင် ဖော်ပြထားသည်။
    Ref: Aljazeera
  • အမုန်းဗီဒီယိုကိစ္စ ၎င်းအားဝေဖန်သည့် ဗြိတိန်ဝန်ကြီးချုပ်ကို ထရမ့် ပြန်လည်တုန့်ပြန်
    အမုန်းဗီဒီယိုကိစ္စ ၎င်းအားဝေဖန်သည့် ဗြိတိန်ဝန်ကြီးချုပ်ကို ထရမ့် ပြန်လည်တုန့်ပြန်
    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media
    – ဗြိတိန်က လက်ယာစွန်းရောက်တစ်ဦးရဲ့ မွတ်စလင်မုန်းတီးရေး ဗီဒီယိုတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ဆင့်မျှဝေမှုနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒေါ်နယ်ထရမ့်တို့အကြား အပြန်အလှန် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ယူကေအစိုးရက အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ Britain Firsts အဖွဲ့ ဒုတိယခေါင်းဆောင် ဂျေဒါ ဖရဆန်ရဲ့ Twitter စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယို ၃ ခုကို ထရမ့်က ယမန်နေ့မှာ ထပ်ဆင့် မျှဝေလိုကတာဖြစ်ပြီး ဒီလုပ်ရပ်ဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဝေဖန်ခဲ့တာပါ။
    ထရမ့်က သူ့ကိုဝေဖန်နေမယ့်အစား ဗြိတိန်က အကြမ်းဖက်ဝါဒကို အာရုံစိုက်ပါလို့ Twitter စာမျက်နှာကနေတစ်ဆင့် ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
    “ထရီဇာမေခင်ဗျား- ကျွန်တော့်အပေါ်မှာ အာရုံမစိုက်ပါနဲ့။ ယူကေမှာ ဖြစ်နေတဲ့ အဖျက်သဘောဆောင်တဲ့ အစွန်းရောက်အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒကို အရုံစိုက်ပါ။ ကျုပ်တို့က အေးဆေးပါပဲ” လို့ မနေ့က နှောင်းပိုင်းမှာ ထရမ့်က ရေးသားခဲ့ပါတယ်။
    အစွန်းရောက်ဝါဒဖြန်မှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ဖရန်ဆန်ရဲ့ ဗီဒီယိုကို ထရမ့်က ပြန်လည်မျှဝေမှုနဲ့ပတ်သက်ပြီး ထရီဇာမေရဲ့ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ Britain First အဖွဲ့ဟာ ‘အမုန်းစကားတွေ၊ လိမ်လည်သတင်းတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွင်း သွေးကွဲအောင်၊ တင်းမာမှုတွေ မြင့်တက်လာအောင်’ လုပ်
    ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
    ထရမ့်ရဲ့ ဒီလိုလုပ်ဆောင်မှုကို ဗြိတိန်က နိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန်ရှုတ်ချခဲ့ပါတယ်။
    Ref: Aljazeera
  • လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်
    လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်
    နိုဝင်ဘာ ၃၊ ၂၀၁၇
    M-Media
    – လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုရှိသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ဗြိတိန်ကာကွယ်ရေးဝန်ကြီး မီခေးလ် ဖော်လွန်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီး ဗြိတိန်လွှတ်တော်အမတ်များ၏ လိင်ပိုင်းဆိုင်ရာပြဿနာ သတင်းထွက်မှုများတွင် ပထမဆုံး ထိခိုက်မှုလည်းဖြစ်သည်။
    “ကိုယ်စိုက်တာကို ကိုယ်ရိတ်သိမ်းခဲ့ရတာပါ။ ဒါ့ကြောင့် ကျွန်တော် ကာကွယ်ရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ရခြင်းဖြစ်ပါတယ်” ဟု ဖော်လွန်က ထရီဇာမေအား ပြောကြားခဲ့သည်။
    ဖော်လွန်သည် ၂၀၀၂ ခုနှစ်က ညစာစားပွဲတစ်ခုတွင် ဂျာနယ်လစ် အမျိုးသမီးတစ်ဦး၏ ဒူးခေါင်းဟာ အကြိမ်ကြိမ် ထိကိုင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
    အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု သတင်းများ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ ဆွေးနွေးကြရန်လည်း ထရီဇာမေက တိုက်တွန်းခဲ့သည်။
    Ref : Aljazeera
  • ပါလက်စတိုင်းပိုက်နက်ဆုံးရှုံးမှု အစပြုခဲ့သည့် ဘဲလ်ဖိုးကြေငြာချက်ကို ဗြိတိန်တက်ကြွလှုပ်သူများ ဆန့်ကျင်
    ပါလက်စတိုင်းပိုက်နက်ဆုံးရှုံးမှု အစပြုခဲ့သည့် ဘဲလ်ဖိုးကြေငြာချက်ကို ဗြိတိန်တက်ကြွလှုပ်သူများ ဆန့်ကျင်
    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media
    ဥရောပမှဂျူးများက ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက်မှုအဆင့်ဆင့်
    – ပါလက်စတိုင်းပိုင်နက်တွေကို ဥရောပကဂျူးတွေကို ခွဲပေးဖို့ဆိုပြီး အတည်ပြုထားတဲ့ ဘဲလ်ဖိုးကြေငြာချက် (Balfour Declaration) အတွက် တောင်းပန်တဲ့အနေနဲ့ ဗြိတိန်တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုဟာ ယူကေကနေ ဂျေရုစလင်ကို ၁၇၄ ရက်ကြာ လမ်းလျှောက်ခဲ့တယ်လို့ သိရပါတယ်။
    ကြေငြာချက်ရဲ့ နှစ် ၁၀၀ ပြည့်မြောက်တဲ့အချိန်မှာ ဒီလှုပ်ရှားမှု ပေါ်လာတာဖြစ်ပြီး အစ္စရေးက ပါလက်စတိုင်းပိုင်နက်တွေ သိမ်းပိုက်မှုကို ဆန့်ကျင်ဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်။
    ၁၉၁၇ ခုနှစ်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် အာသာ ဘဲလ်ဖိုးက ဗြိတိန် ဂျူးလူ့အဖွဲ့အစည်းခေါင်းဆောင် လော့ဒ် ဝေါလ်တာ ရော့သ်ချိုင်းကို ပေးစာမှာ ဗြိတိသျှအစိုးရအနေနဲ့ ပါလက်စတိုင်းပိုက်နက်မှာ ဂျူးတွေအတွက် နိုင်ငံတစ်ခု ထူထောင်ပေးမယ်ဆိုတဲ့ ကတိက၀တ်ကို ပေးခဲ့ပြီး ဒါကို ဘဲလ်ဖိုးကြေငြာချက်လို့ လူသိများပါတယ်။
    ပါလက်စတိုင်းအစိုးရက အခု နှစ် ၁၀၀ ပြည့်တဲ့အချိန်မှာ ဗြိတိန်အနေနဲ့ ဒီကြေငြာချက်အတွက် ပါလက်စတိုင်းပြည်သူတွေကို မတောင်းပန်ဘဲ နှစ်ပတ်လည်အခမ်းအနား ကျင်းပမယ်ဆိုရင် နိုင်ငံတကာ ခုံရုံးတွေမှာ တရားစွဲသွားမယ်လို့ သတိပေးထားပါတယ်။
    ဒီဘဲလ်ဖိုးကြေငြာချက်အတွက် ပါလက်စတိုင်းပြည်သူကို တောင်းပန်တဲ့အနေနဲ့ ဗြိတိန်က တက်ကြွလှုပ်ရှားသူတွေ ဆောင်ရွက်တဲ့ လမ်းလျှောက်ပွဲမှာ လူ ၁၀၀ ကျော်လောက် ပါဝင်ခဲ့ပြီး ဂျေရုစလင်ကို ရောက်တဲ့အခါမှာ ပါလက်စတိုင်း ကျေးရွာတွေမှာ လမ်းလျှောက်ခဲ့ကာ အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေကိုလည်း ကြည့်ရှုခဲ့ပါတယ်။
    လမ်းလျှောက်မှုမှာ ပါဝင်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဖြတ်ကျော်ခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ ခရစ်က သူနဲ့ သူ့ရဲဘော်တွေရဲ့ လမ်းလျှောက်လှုပ်ရှားမှုဟာ အာသာ ဂျိမ်းစ် ဘဲလ်ဖိုးရဲ့ ကြေငြာချက်ကို ဆန့်ကျင်ကြောင်း ပြသတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    မြင့်မြတ်သောမြေအတွင်းဝန်ဌာနရဲ့ အဖွဲ့ဝင်တစ်ဦဖြစ်တဲ့ အီလီယက် ဒါအစ်ကလည်း အစ္စရေးရဲ့ ကျူးကျော်မှုရဲ့ ရိုက်ခတ်မှုကို သိရှိစေဖို့အတွက် ဒီတစ်နှစ်ပတ်လုံးမှာ ဒီလိုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဂျေရုစလင်ကိုရောက်လာတဲ့ ဗြိတိန်တက်ကြွလှုပ်ရှားသူအဖွဲ့ကို ရွာသားတွေ၊ ကလေးငယ်တွေက ကြိုဆိုခဲ့ကြပါတယ်။
    Ref: Alarabiya
  • အင်္ဂလိပ်ကလပ်အသင်းမှ ဂိုးသမား ကွင်းအတွင်း ရှူရှူးပေါက်၍ အနီကဒ်ပြခံရ
    အင်္ဂလိပ်ကလပ်အသင်းမှ ဂိုးသမား ကွင်းအတွင်း ရှူရှူးပေါက်၍ အနီကဒ်ပြခံရ
    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media
    Salford ကလပ်က ဂိုးသမား မက်စ် ခရိုကွမ်ဘီ
    – အင်္ဂလိပ် သတ္တမန်တန်း National League North ဘောလုံးကလပ်အသင်းတစ်ခုက ဂိုးသမားတစ်ဦးဟာ ပွဲကစားနေစဉ်အတွင်း ရှူရှူးပေါက်တဲ့အတွက် အနီကဒ်ပြ ထုတ်ပယ်ခံလိုက်ရတယ်လို့ သိပါတယ်။
    Salford ကလပ်က ဂိုးသမား မက်စ် ခရိုကွမ်ဘီဖြစ်ပြီး အိမ်ကွင်း Bradford Park Avenue မှာ အခုတစ်ပတ်အတွင်း ကစားတဲ့ပွဲမှာ ဒီလိုပြုမူခဲ့တာဖြစ်ပါတယ်။
    အသက် ၂၄ နှစ်အရွယ် နယူးဇီလန်နိုင်ငံသား ခရိုကွမ်ဘီ ပွဲကစားချိန်မှာ ကွင်းအတွင်း ရှူရှူးပေါက်နေတာကို ပရိသတ်တစ်ယောက်က တွေ့မြင်သွားပြီးတဲ့နောက် ရဲတပ်ဖွဲ့ကို တိုင်ကြားလိုက်တာဖြစ်ပါတယ်။
    “လုံခြုံရေးတွေက ဒါမျိုးမလုပ်ဖို့ သူ့ကို ၂ ကြိမ်ပြောခဲ့ပေမယ့် သူက နားမထောင်ဘဲ ရှူရှူးပေါက်ခဲ့ပါတယ်။ ကျွန်တော်သိသလောက်တော့ သူဟာ ပရိတ်သတ်တွေထိုင်တဲ့နေရာနား သွားပြီး ပေါက်ခဲ့တာပါ။ ကျွန်တော် မမြင်ပါဘူး။ ဒါပေမယ့် စည်းကြပ်ဒိုင်တွေက အသိပေးပြီးတဲ့နောက် ကွင်းလယ်ဒိုင်က သူ့ကို အနီကဒ်နဲ့ ထုတ်ခဲ့ပါတယ်” လို့ အသင်းရဲ့ အတွင်းရေးမှူး ကိုလင် ဘာကာရ်က ပြောကြားခဲ့ပါတယ်။
    အဲဒီအဖြစ်အပျက်ကို ရဲတပ်ဖွဲ့ကို တိုင်ထားတာကြောင့် ဘာတွေဖြစ်လာအုံးမလဲဆိုတာ စောင့်ကြည့်ရမယ်လို့လည်း သူက ဆိုပါတယ်။
    Salford အသင်းဟာ စီးပွားရေးသမား ပီတာလင်နဲ့ မန်ယူရဲ့ ‘၉၂ ခုနှစ် ကြယ်ပွင့်’ တွေဖြစ်ကြတဲ့ ရိုင်ယန်ဂစ်၊ ဂယ်ရီနဗီးလ်၊ ပေါလ်စခိုးလ်နဲ့ နစ်ကီဘတ်တို့ ပိုင်ဆိုင်တာဖြစ်ပါတယ်။
    Ref: Alarabiya