News @ M-Media

Tag: UK

  • မလျှော့သောဇွဲဖြင့် ဆရာဝန်ဖြစ်အောင်ကြိုးစားခဲ့သည့် ဆီးရီးယားဒုက္ခသည်ကို လန်ဒန်မြို့တော်ဝန် ချီကျူး

    မလျှော့သောဇွဲဖြင့် ဆရာဝန်ဖြစ်အောင်ကြိုးစားခဲ့သည့် ဆီးရီးယားဒုက္ခသည်ကို လန်ဒန်မြို့တော်ဝန် ချီကျူး

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    – နိုင်ငံ ၄ နိုင်ငံတွင် ခိုလှုံကာ ၂၁ ကြိမ်တိုင်တိုင် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည့် ဆီရီးယားဒုက္ခသည်တစ်ဦးမှာ လန်ဒန်တက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပြီး ၎င်း၏ မလျှော့သောလုံ့လကို လန်ဒန်မြို့တော်ဝန်က ချီးကျူးခဲ့သည်။

    ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့မှ ထွက်ပြေးလာရသည့် တီရက်ဂ်ျ ဘရီမိုမှာ ယူကေတွေ ခိုလှုံခွင့်တောင်းခံခဲ့ပြီးနောက် ပြီးခဲ့သည့် ၄ နှစ်မှစ၍ လန်ဒန်တက္ကသိုလ်တွင် တက်ရောက်ခဲ့ကာ ဒေါက်တာဘွဲ့ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

    လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ဘရီမိုကို ချီးကျူးခဲ့ပြီး ၎င်းနှင့် တွဲရိုက်ထားသည့်ပုံကို Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

    ဘရီမိုက မိမိအနေဖြင့် အရေးပေါ် ဆေးဝါးကုသမှု ဘာသာရပ်တွင် ထူးချွန်ပေါက်မြောက်ချင်ကြောင်း၊ ဘ၀သစ်ကိုစတင်ကာ ချစ်ရသူများကို ကြည့်ရှုစောင့်ရှောက်ချင်ကြောင်း London Evening Standard သို့ ပြောကြားခဲ့သည်။

    “(ဆီးရီးယားနဲ့ ယူကေကို) ကျွန်တော် သံယောဇဉ်ရှိတယ်။ ဒီနှစ်နိုင်ငံစလုံးအတွက် လုပ်ပေးချင်တယ်။ တစ်နေ့ကျရင် စစ်ဖြစ်ခဲ့တဲ့နေရာ (ဆီးရီးယား) ကို ကျွန်တော်သွားမယ်။ ဘာ့ကြောင့်လည်းဆိုတော့ အရာအားလုံးကို တစ်ကြိမ်တည်းမှာ ဆုံးရှုံးလိုက်ရတာဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ကျွန်တော် နားလည်တယ်။ တစ်ယောက်ယောက်က နောက်တစ်ယောက်ကို ထွေးပွေ့ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒါကို ဗြိတိန်လူ့အဖွဲ့အစည်းအပေါ်ထားတဲ့ ကျွန်တော့်ရဲ့စေတနာနဲ့တော့ နှိုင်းယှဉ်မှာမဟုတ်ပါဘူး”

    ဘရီမိုမှာ အလက်ပိုတွင် ဆေးကျောင်းတက်ခဲ့ပြီး ၆ နှစ်တာမြင့်မည့် သင်ကြားမှုတွင် ၁၀ လသာ တက်ခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ် ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာခဲ့ရသည်။ ထို့နောက် လက်ဘနွန်မှတစ်ဆင့် အီဂျစ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဆေးကျောင်း အပြီးအထိတက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

    ၂၀၁၃ ခုနှစ်တွင် မိခင်၊ ညီ၊ ညီမများနှင့်ယူကေသို့ ရောက်ရှိလာခဲ့ပြီးနောက် ဘရီမိုမှာ ဆေးကျောင်းတိုင်းကို လိုက်လံလျှောက်ထားခဲ့ပြီး သင်ရိုးများ မတူသောကြောင့် အများစုက ၎င်းအား လက်မခံခဲ့ပေ။ သို့သော်လည်း လန်ဒန်တက္ကသိုလ်ရှိ စိန့်ဂျော့ကောလိပ်က ၎င်းအား အင်တာဗျူးခဲ့ပြီး တတိယနှစ်မှစ၍ တက်ရောက်ခွင့်ပေးခဲ့သည်။

    Ref: Alarabiya

  • လန်ဒန်တွက် အက်စစ်ဖြင့်တိုက်ခိုက်မှု ၅ ခု တစ်ဆက်တည်းဖြစ်ပွား

    လန်ဒန်တွက် အက်စစ်ဖြင့်တိုက်ခိုက်မှု ၅ ခု တစ်ဆက်တည်းဖြစ်ပွား

    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media

    – ယူကေမြို့တော် လန်ဒန်အရှေ့ပိုင်းတွင် အက်စစ်ဖြင့်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူအများအပြားမှာ မျက်နှာတွင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရမှုများ ရှိခဲ့ကာ ရဲတပ်ဖွဲ့ကမူ ဆယ်ကျော်သက် ၂ ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။

    ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က တိုက်ခိုက်သူ ၂ ဦးမှာ ဆိုင်ကယ်ဖြင့် မိနစ် ၉၀ အတွင်း နေရာ ၅ ခု၌ လူများကို အက်စစ်ဖြင့် ပက်ခဲ့ကြောင်း၊ ၎င်းတို့၏ ဆိုင်ကယ်များ အခိုးခံရမှုကြောင့် ထိုကဲ့သို့ တိုက်ခိုက်ခြင်း ဖြစ်ပုံရကြောင်း ပြောကြားခဲ့သည်။

    တိုက်ခိုက်ခံရသူများတွင် ၁ ဦးမှာ ဘ၀တစ်ခုလုံးကို ထိခိုက်နိုင်သည့် ဒဏ်ရာမျိုး ရရှိထားသည်ဟုလည်း ဆိုသည်။

    ထိုတိုက်ခိုက်မှုအတွက် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ၂ ဦးကို လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ဇွန်လအတွင်းကလည်း လန်ဒန်အရှေ့ပိုင်းတွင် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၀မ်းကွဲညီအမတစ်ဦးမှာ မွေးနွေးပွဲကျင်းပပြီးအပြန်တွင် အက်စစ်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

    Ref : The Guardian

  • ယူကေတွင် အီးဒ်နေ့ ၀တ်ပြုပြီးထွက်လာသည့် မွတ်စလင်လူအုပ်စုကို ကားတစ်စီးက ၀င်တိုက်

    ယူကေတွင် အီးဒ်နေ့ ၀တ်ပြုပြီးထွက်လာသည့် မွတ်စလင်လူအုပ်စုကို ကားတစ်စီးက ၀င်တိုက်

    ဇွန် ၂၅၊ ၂၀၁၇
    M-Media

    – အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့ ဘောလုံးကွင်းတစ်ခု အပြင်ဘက်တွင် ၀ါကျွတ်အီးဒ်နေ့ ၀တ်ပြုဆုတောင်းပြီး ထွက်လာသည့် မွတ်စလင်အုပ်စုကို ကားတစ်စီးက ၀င်ရောက်တိုက်မိမှုကြာင့် ကလေးငယ် ၃ ဦးအပါအ၀င် လူ ၆ ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု သိရသည်။

    ဒေသစံတော်ချိန် ယနေ့မနက် ၉ နာရီ ၁၄ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကမူ ထိုအဖြစ်အပျက်မှာ အကြမ်းဖက်မှုနှင့် ဆက်စပ်မှုမရှိဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။ ကားဖြင့်တိုက်မိမှုအတွင်း အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။

    ရမ်ဇာန်ဥပုသ်လကုန်ဆုံးသည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် ၀ါကျွန်အီးဒ်ပွဲတော်အတွက် ရာနှင့်ချီသော မွတ်စလင်များမှာ နယူးကာဆယ်ရှိ ဘောလုံးကွင်းတစ်ခုတွင် စုပေါင်းဝတ်ပြုခဲ့ပြီးနောက် ယခုအဖြစ်အပျက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားသည်ဟု ဆိုသည်။

    “ဘာဖြစ်ခဲ့သလဲဆိုတာ သေချာသိရဖို့အတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒါဟာ အကြမ်းဖက်လုပ်ရပ် မဟုတ်ဘူးလို့ ယုံကြည်ရပါတယ်” ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    နယူးကာဆယ် ဂျာမေဗလီဝတ်ကျောင်းတော်က ထုတ်ပြန်သော ကြေငြချက်တွင် မွတ်စလင်များ အီးဒ်နေ့ဝတ်ပြုဆုတောင်းမှုပြီးနောက် ချက်ခြင်းဆိုသလိုပင် အဆိုပါကားတိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများ အမြန်ဆုံး သက်သာပျောက်ကင်းရန် ဆုတောင်းပါကြောင်း၊ အခြားသူများအနေဖြင့်လည်း ထိုကဲ့သို့ ဆုမွန်ကောင်းတောင်းပေးရန် တိုက်တွန်းပါကြောင်း၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ယူကတွင် လတ်တလော၌ အကြမ်းဖက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်လာခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့ကလည်း လန်ဒန်မြို့ ဖင်စ်ဘူရီပါ့ခ်ရပ်ကွက်ရှိ ဗလီတစ်လုံးမှ ၀တ်ပြုပြီး ထွက်လာသော လူအုပ်ကို ကာတစ်စီးက ၀င်တိုက်မှုကြောင့် တစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ထိုအဖြစ်အပျက်မှာ မွတ်စလင်များအား ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Independent

  • ကွန်မြူတီဒိုင်းမှရသည့် ၀င်ငွေများကို လန်ဒန်မီးဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

    ကွန်မြူတီဒိုင်းမှရသည့် ၀င်ငွေများကို လန်ဒန်မီးဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – ၂၀၁၇-၁၈ ဘောလုံးရာသီအကြို သြဂုတ်လ ၆ ရက်နေ့တွင် ၀င်ဘလေကွင်း၌ ကစားမည့် ကွန်မြူနတီဒိုင်းလုပွဲမှ ရရှိသည့် ငွေကြေးများအားလုံးကို Grenfel Tower မီးလောင်မှုအတွက် ထိခိုက်ခံစားရသူများကို လှူဒါန်းသွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးနှင့် FA ဖလားချန်ပီယံ အာဆင်နယ်အသင်းတို့ ကစားမည့် အဆိုပါပွဲတွင် စတာလင်ပေါင် ၁.၂၅ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။

    “ကွန်မြူနတီဒိုင်းကနေ နည်းနည်းပါးပါးလောက် ကူညီနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဘောလုံးဟာ လူတိုင်းအတွက်ပါ။ အလိုအပ်ဆုံးသူတွေကို ကူညီဖို့မှာ ဘောလုံးအားကစားနည်းကလည်း သူ့နည်းသူ့ဟန်နဲ့ ပါဝင်ဖို့ မျှော်လင့်ပါတယ်” ဟု FA အကြီးအကဲ ဂါ့ဂ်ျ ကလာကီက ပြောကြားခဲ့သည်။

    EFL အဖွဲ့က မီးဘေးသင့်ပြည်သူများအတွက် ပေါင် ၁၇၅၀၀၀ လှူဒါန်းမည်ဟု ပြောကြားခဲ့ပြီး အဖွဲ့ဝင်အသင်းများက ပြိုင်ပွဲမှ မျှဝေရရှိသည့် ၀င်ငွေများကို လှူဒါန်းသွားမည်ဟု ဆိုသည်။ ပရီးမီးယားအသင်းများကလည်း ပေါင် ၂ သိန်းခွဲ လှူဒါန်းရန် သဘောတူထားကြသည်။

    ဇွန်လ ၁၄ ရက်နေ့က လန်ဒန်အနောက်ပိုင်း ကန်ဆင်တန်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါမီးလောင်မှုကြောင့် ၇၉ ဦး သေဆုံးသည်ဟု ယူဆရပြီး ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

    Ref: BBC

  • မီးဘေးစိုးရိမ်ရသဖြင့် လန်ဒန်ရှိ အိမ်ထောင်စု ၈၀၀ ကျော်ကို ကယ်ထုတ်

    မီးဘေးစိုးရိမ်ရသဖြင့် လန်ဒန်ရှိ အိမ်ထောင်စု ၈၀၀ ကျော်ကို ကယ်ထုတ်

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – လန်ဒန်မြို့မြောက်ပိုင်း ကမ်ဒန်ရပ်ကွက်ရှိ လူနေတာဝါများတွင် မီးဘေးအန္တရာယ် စိုးရိမ်မှုများ ရှိနေသောကြောင့် လူနေအိမ်ခြေ ၈၀၀ ကျော်ကို အရေးပေါ် ပြောင်းရွှေ့မှုများ ပြုလုပ်ပေးခဲ့ရသည်ဟု သိရသည်။

    ကမ်ဒန်ကောင်စီက ချာ့ကော့စ် လူနေအိမ်ယာရှိ တာဝါအဆောက်အဦး ၅ ခုတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး အရေးပေါ် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကယ်ထုတ်ခဲ့ရသူများကို ဟော်တယ်များတွင် အခန်းယူပေးထားသည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း လူ ၁၀၀ ခန့်မှာ ယမန်နေ့ကကို အပန်းဖြေနေရာများတွင် ကုန်ဆုံးခဲ့ရသည်။

    အဆိုပါ လူနေအိမ်ယာများတွင် အပူဒဏ်နှင့် ရာသီဥတုဒဏ် ခံနိုင်ရန်အတွက် အသုံးပြုထားသည့် အကာများမှာ ပြီးခဲ့သည့်တစ်ပတ် လန်ဒန်အနောက်ဖက်တွင် မီးလောင်သွားခဲ့သည့် Grenfell Tower မှ အပြားများကဲ့သို့ အရည်အသွေးပြည့်မီခြင်း မရှိပေ။

    လူပေါင်း ၇၀ ကျော် သေဆုံးခဲ့သည့် Grenfell Tower မီးလောင်မှုမှာ ရေခံသေတ္တာ အပူလွန်ကဲခြင်းမှတစ်ဆင့် အပူခံအကာများကို မီးကူးကာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လန်ဒန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ချာ့ကော့စ်အိမ်ယာများကို ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း Rydon လုပ်ငန်းက ပြင်ဆင်ပေးခဲ့ပြီး အဆိုပါ လုပ်ငန်းမှာ ၂၀၁၆-၁၆ တွင် Genfell Tower ကို ပြင်ဆင်ပေးခဲ့သည့် လုပ်ငန်းလည်းဖြစ်သည်။

    ကမ်ဒန်ကောင်စီက အဆိုပါအိယ်ယာ ၅ ခုတွင် အသုံးပြုထားသည့် အပူခံ အကာများကို ဖယ်ရှား လဲလှယ်သွားမည်ဖြစ်ပြီး ဓာတ်ငွေ့ပိုက်တွင် အသုံးပြုထားသည့် အပူခံအကာများ၊ အရေးပေါ်ထွက်ပေါက်များအတွက်လည်း စိုးရိမ်မှုများ ရှိသည်ဟု ပြောကြားခဲ့သည်။

    Ref : BBC