News @ M-Media

Tag: Ukraine crisis

  • အပစ်ရပ်ရေးကာလ ကုန်ဆုံးပြီးနောက် ခွဲထွက်ရေးသမားများအား ယူကရိန်း ထိုးစစ်ဆင်

    ဇူလိုင် ၂  ၊ ၂၀၁၄
    M-Media
    ukraine-soldiers
    – ယူကရိန်းသမ္မတသစ်၏ ငြိမ်ချမ်းရေး အစီအစဉ်မှ ၁၀ ရက်တာ အပစ်ရပ်ရေးကို ဆက်လက်ထိန်းသိမ်းရန် ခွဲထွက်ရေးသမားများက ပယ်ချခဲ့ပြီးနောက် နိုင်ငံအရှေ့ပိုင်း ဒေသများတွင် ယူကရိန်းစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ရုရှားစကားပြောသူများရှိရာ အဆိုပါဒေသများတွင် လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် ယနေ့နံနက် စောစောပိုင်းက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    ထိုတိုခိုက်မှုများကြောင့် Kramatorsk ဒေသတွင် အရပ်သားလေးဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့သည်ဟု Donetsk မြို့ကို အုပ်ချုပ်နေသည့် ခွဲထွက်ရေးသမားများက ဆိုသည်။ ဒေသခံများကမူ ဘတ်စ်ကားများဖြင့် ရုရှားဘက်သို့ တိမ်းရှောင်နေကြသည်။

    ယူကရိန်းသမ္မတ ပိုရိုရှန်ကိုကမူ လွတ်လပ်ရေးရပြီးကတည်းက အဆိုးဝါးဆုံးဖြစ်သည့် ပြဿနာအား ပြေလည်ရန် စီစဉ်ခဲ့သော မိမိ၏ ငြိမ်းချမ်ရေးအစီအစဉ်ကို ပြည်သူ့စစ်များက လူအင်အားဖြည့်တင်းရန်နှင့် ရုရှားမှ လက်နက်ကြီးများ တင်သွင်းရန် အသုံးပြုခဲ့သည်ဟု ယမန်နေ့ည မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    Ref: : Al Jazeera and agencies

  • ယူကရိန်းအစိုးရ၏ အပစ်ရပ်ရေးကို လေးစားရန် ခွဲထွက်ရေး သမားများ သဘောတူ

    ဇွန်လ ၂၅ ရက်၊ ၂၀၁၄
    M-Media
    ukraine-crisis-defence
    – ယူကရိန်းသမ္မတသစ် ပိုရိုရှန်ကိုက ကြေညာခဲ့သော အပစ်ရပ်ရေး အစီအစဉ်ကို လေးစားရန် နိုင်ငံ အရှေ့ပိုင်းရှိ ရုရှားလိုလားသူ ခွဲထွက်ရေးသမားများက သဘောတူညီခဲ့သည်ဟု သိရသည်။

    ယခင်ယူကရိန်းသမ္မတဟောင်း၊ ရုရှားသံအမတ်၊ ဥရောပ တာဝန်ရှိသူများနှင့် နိုင်ငံ အရှေ့ပိုင်းဒေသများအား လွတ်လပ်ရေးကြေညာခဲ့သည့် ခွဲထွက်ရေးသမားများပါဝင်သော ဆွေးနွေးပွဲ ပထမနေ့ ယမန်နေ့က ခွဲထွက်ရေးသများက ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။

    အဆိုပါဆွေးနွေးပွဲမှာ ပြီးခဲ့သည့်သောကြာနေ့က အပစ်ရပ်ရေး ကြေညာခဲ့သော ယူကရိန်းသမ္မတသစ် ပိုရိုရှန်ကို၏ အစီအစဉ်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယူကရိန်းအစိုးရဘက်က အမည်စာရင်းပေးကာ တက်ရောက်ခဲ့ခြင်းမရှိသော်လည်း ယူကရိန်းသမ္မတဟောင်း လီယွန်နစ် ကူခ်ျမာ တက်ရောက်ခဲ့သည်။

    ခွဲထွက်ရေးသမားများနှင့် ယူကရိန်းအစိုးရတို့ တိုက်ရိုက်ဆွေးနွေးရန် ရုရှားက တိုက်တွန်းထားပြီး အမေရိကန်သမ္မတ အိုဘားမားကမူ ယူကရိန်းပြဿနာ ပြေလည်ရေးတွင် ရုရှားမှ မကူညီပါက ထပ်ဆောင်းပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။

    ယူကရိန်းပြဿနာတွင် လူပေါင်း ၃၅၀ ကျော်သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Al Jazeera And AP

  • ယူကရိန်းအစိုးရ၏ အပစ်ရပ်ရေး ယနေ့တွင် စတင်

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    Ukraine president announces temporary truce
    – နိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအား လျော့ကျစေရန် ပထမခြေလှမ်းအဖြစ် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအား တိုက်ခိုက်နေမှုကို ယူကရိန်းစစ်တပ်က ရပ်တန့်လိုက်ပြီဟု သိရသည်။

    သမ္မတသစ် ပိုရိုရှန်ကိုက သောကြာနေ့တွင် ကြေညာခဲ့သည့် တစ်ပါတ်ကြာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ခွဲထွက်ရေးခေါင်းဆောင်များက ငြင်းပယ်ပြီး တစ်ရက်အကြာ ယနေ့တွင် ရပ်တန့်ခဲ့ခြင်းဖြစ်သော်လည်း ခွဲထွက်ရေးသမားများက တိုက်ခိုက်လာပါက ယူကရိန်း စစ်သားများက တန်ပြန် တိုက်ခိုက်သွားဖွယ်ရှိနေသည်။

    “အကြမ်းဖက်နှိမ်နင်းရေး တပ်တွေ့ရဲ့ တိုက်ခိုက်မှုတွေကို ဒီနေ့ကစပြီး ဇွန်လ ၂၇ ရက်နေ့အထိ ရပ်တန့်သွားပါမယ်” ဟု ပိုရိုရှန်ကို၏ ပြောကြားမှုကို ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    သို့သော်လည်း ထိုကြေညာချက်မှာ ငြိမ်းချမ်းရေးကြေညာချက်ထက် ရာဇသံပေးခြင်းနှင့် ပိုတူနေသည်ဟု ရုရှားအစိုးရက ပြောကြားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီများက ဖော်ပြခဲ့သည်။

    အဆိုပါငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကြာသာပတေးနေ့က အသေးစိတ်ဆွေးနွေးပြီးနောက် ပိုရိုရှန်ကိုက ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ်မှာ ခွဲထွက်ရေးသမားများ လက်နက်ချ၍ တိုင်းပြည်မှထွက်ခွာရန် အချိန်ပေးခြင်းဖြစ်ပြီး ထို့နောက် ဆွေးနွေးမှုများ၊ ရွေးကောက်ပွဲအသစ်နှင့် အလုပ်အကိုင်အစီအစဉ်များ ဆောင်ရွက်သွားမည်ဟု ပိုရိုရှန်ကိုကဆိုသည်။

    Ref: Reuters And AP

  • ခွဲထွက်ရေးသမားများ ပစ်ခတ်မှု ယူကရိန်း စစ်သုံးလေယာဉ် ပျက်ကျ၊ စစ်သား ၄၉ ဦးသေဆုံး

    ဇွန်လ ၁၄ ရက်၊ ၂၀၁၄
    M-Media
    201461483518621734_20
    – ယူကရိန်းနိုင်ငံအရှေ့ပိုင်း လူဟန့်စ်မြို့တွင် ယူကရိန်း စစ်သုံး ပို့ဆောင်ရေးလေယာဉ် တစ်စင်းအား ခွဲထွက်ရေးသမားများက ပစ်ချခဲ့သောကြောင့် ထိုလေယာဉ်ပေါ်တွင် လိုက်ပါလာသည့် စစ်သား၄၉ ဦးစလုံးသေဆုံးခဲ့သည်ဟု သိရသည်။

    Ilyushin-76 လေယာဉ်မှာ ယမန်နေ့က လူဟန့်စ်လေဆိပ်သို့ ဆင်းသက်ရန် ပျံသန်းလာစဉ် အကြမ်းဖက်သမားများက စက်သေနက်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းအစိုးရက ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။ ထို့ပြင် သေဆုံးသွားသူများ အတွက် ၀မ်းနည်မိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    ခွဲထွက်ရေးသမားများက လွတ်လပ်သောနိုင်ငံ အဖြစ် ကြေညာထားသော လူဟန့်စ်မြို့မှာ ရုရှားနှင့် နီးစပ်သည့်မြို့ဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း တိုက်ပွဲများဖြစ်ပွားနေသည့် အဓိကမြို့နှစ်ခုမှ တစ်ခုလည်းဖြစ်လည်းဖြစ်သည်။ ထို့ပြင် လူဟန့်စ်လေဆိပ်မှာ ယူကရိန်း အစိုးရတပ်များ ထိန်းချုပ်ထားသည့် တစ်ခုသောနေရာဖြစ်သည်။

    Ref: Al Jazeera and agencies

  • ယူကရိန်းအရေး G 7 နိုင်ငံများ ယမန်နေ့က တွေ့ဆုံ၊ ရုရှားအား ပိတ်ဆို့မှုအသစ်များ ပြုလုပ်သွားမည်ဟုဆို

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    20146545537527734_20
    – ယူကရိန်းအရေး ရုရှား၏ စွက်ဖက်မှုနှင့်ပတ်သက်၍ အမေရိကန် အပါအ၀င် G 7 နိုင်ငံများမှာ ယမန်နေ့က ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ပူတင်အနေဖြင့် ယူကရိန်းနယ်စပ်တွင် ချထားသည့် ၎င်း၏တပ်များကို ရုပ်သိမ်းပြီး နိုင်ငံအရှေ့ပိုင်းတွင် ရှိနေသည့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအား ရပ်တန့်ပစ်ရမည်ဟု အဆိုပါ အစည်းအဝေးက ဆိုသည်။

    “ယူကရိန်းအရှေ့ပိုင်းဒေသကို မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ လုပ်ရပ်တွေဟာ လက်မခံနိုင်စရာဖြစ်ပြီး ဒါတွေကို ရပ်တန့်ရပါမယ်။ သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေပါတယ်” ဟု အစည်းအဝေးပြီးနောက် G 7 အဖွဲ့မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင်  ဖော်ပြထားသည်။

    သို့သော်လည်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်ကမူ ယူကရိန်းအခြေအနေ တိုးတက်မှု မရှိမှသာလျှင် ပိတ်ဆို့မှု အသစ်များကို ပြုလုပ် သွားမည်ဟု ပြောကြားခဲ့သည်။

    ရုရှားသမ္မတ ပူတင်ကမူ ၎င်းအနေဖြင့် ယူကရိန်းသမ္မတသစ် ပိုရိုရှန်ကို၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့နှင့် တွေ့ဆုံက ယူကရိန်း အရေး ဆွေးနွေးချင်သည်ဟု ပြောကြားထားသည်။

    Ref: Al Jazeera and agencie