News @ M-Media

Tag: Ukraine crisis

  • ရုရှားနယ်စပ်ရှိ ယူကရိန်း စစ်ဆေးရေးဂိတ်အား ခွဲထွက်ရေး သမားများက ပြင်းပြင်းထန်ထန် တိုက်ခိုက်၊

    ဖွန် ၃ ၊ ၂၀၁၄
    M-Media
    201462183513516734_20
    – ယူကရိန်းအစိုးရတပ်က လေကြောင်းမှ ထိုးစစ်ဆင်မည့်ဆိုသည့် သတင်းကြောင့် ခွဲထွက်ရေးသမားများက နိုင်ငံအရှေ့ပိုင်း Luhansk မြို့ နယ်စပ်ရှိ စစ်ဆေးရေးဂိတ်အား ယမန်နေ့က ပြင်းပြင်း ထန်ထန်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ခွဲထွက်ရေးသမားများမှာ လူအနေအဆောက်အဦးတစ်ခု၏ ခေါင်မိုးပေါ်မှ နယ်ခြားအစောင့် ဂိတ်အား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုဂိတ်တစ်ဝိုက်တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အစပထမတွင် ခွဲထွက်ရေးသမား ၇၀ ခန့်သာ ရှိသော်လည်း နောက်ပိုင်းတွင် ၅၀၀ ခန့်ဖြစ်လာခဲ့ပြီး၊ ထိုတိုက်ပွဲအတွင်း ခွဲထွက်ရေးသမား အနည်းဆုံး ၅ ဦး သေဆုံးခဲ့သည်ဟု ယူကရိန်း နယ်ခြားစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ရုရှားဘက်မှ ခွဲထွက်ရေးသမားများ ယူကရိန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ရန်အတွက် တိုက်ခိုက်ခြင်းဖြစ်မည်ဟု ယူဆရပြီး၊ ယူကရိန်းနယ်ခြားစောင့်တပ်များမှာ အဆောက်အဦးတစ်ခုတွင် ပိတ်မိနေသည်။ Luhansk ဒေသမှာ ခွဲထွက်ရေးသမားများက လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာထားသည့် ဒေသဖြစ်သည်။

    Ref: Al Jazeera and agencies

  • ယူကရိန်း အစိုးရသစ် ခွဲထွက်ရေးသမားများအား ထိုးစစ်ဆင်

    မေ ၂၇ ၊ ၂၀၁၄
    M-Media
    0,,17664148_303,00
    – သမ္မတသစ် ရွေးကောက် တင်မြှောက်ပြီးနောက် တစ်ရက်အကြာ ယမန်နေ့က နိုင်ငံရှေ့ပိုင်း ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် Donetsk မြို့ နိုင်ငံတကာ လေဆိပ်အား ယူကရိန်း စစ်တပ်က ကြီးမားသည့် ထိုးစစ်ဆင်မှုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ထိုစစ်ဆင်ရေးတွင် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုများလည်း ရှိခဲ့ပြီး မြေပြင်တပ်ဖွဲ့များကလည်း ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ သမ္မတသစ် ပိုရိုရှန်ကို မလာရောက်နိုင်ရန် ထိုလေဆိပ်အား  ခွဲထွက်ရေးသမားများက သိမ်းပိုက်ပြီး နာရီ အနည်းငယ်အကြာတွင် အစိုးရက တိုက်ခိုက်ခဲ့ခြင်ဖြစ်သည်။ Donetsk မြို့ အုပ်ချုပ်ရေးမှူးကမူ ပြည်သူများအား အိမ်အတွင်းတွင် နေကြရန် တိုက်တွန်းထားသည်။

    ထိုတိုက်ခိုက်မှု ရပ်တန့်ရန် ရုရှားက တိုက်တွန်းခဲ့ပြီး ထိုလုပ်ရပ်မှာ ယူကရိန်းပြည်သူများအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ တနင်္ဂနွေနေ့က ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသော သမ္မတသစ် ပက်ထရို ပိုရိုရှန်ကိုက မိမိအနေဖြင့် ခွဲထွက်ရေးသများနှင့် ဆွေးနွေးမည်မဟုတ်ဘဲ ၎င်းတို့အား ချေမှုန်းသွားမည်ဟု ပြောကြားထားသည်။ ထို့ပြင် ခရိုင်းမီးယားအား ရုရှားမှ ကျူးကျော်မှုကိုလည်း လက်မခံဟု  ၎င်းက ဆိုသည်။

    Ref:Agencies

  • လွတ်လပ်သော နိုင်ငံ တည်ထောင်ရန် ပြည်သူ့ ဆန္ဒခံယူပွဲ အောင်မြင်ဟု ရုရှား လိုလားသူ ခွဲထွက်ရေး သမားများ ကြေညာ

    လွတ်လပ်သော နိုင်ငံ တည်ထောင်ရန် ပြည်သူ့ ဆန္ဒခံယူပွဲ အောင်မြင်ဟု ရုရှား လိုလားသူ ခွဲထွက်ရေး သမားများ ကြေညာ

    မေ ၁၂၊ ၂၀၁၄
    M-Media

    –  ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသ အချို့အား လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ရန် ပြည်သူ့ဆန္ဒ ခံယူပွဲမှာ အောင်မြင်ခဲ့သည်ဟု ရုရှားလိုလားသူ ခွဲထွက်ရေး သမားများက ကြေညာလိုက်သည်။

    Donetsk ဒေသ၏ မဲပေးခွင့်ရှိသူ သုံးသန်းတွင် ၈၉ ရာခိုင်နှုန်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနိုင်ငံအဖြစ် ထူထောင်ရန် မဲပေးခဲ့ကြသည်ဟု Donetsk ပြည်သူ့ သမ္မတနိုင်ငံဟု ခေါ်ဆိုသည့် ဒေသမှာ ရွေးကောက်ပွဲ အကြီးအကဲ ရိုမန် လယာဂင်က ဆိုသည်။

    နိုင်ငံအရှေ့ပိုင်း စက်မှုမြို့ဖြစ်သည့် Luhansk ဒေသတွင်လည်း ခွဲထွက်ရေးသမားများက ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့ကြပြီး ရလဒ်များကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

    ထိုပြည်သူ့ဆန္ဒခံယူပွဲတွင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ မပါဝင်ဘဲ ခွဲထွက်ရေးကြေညာချက်ကို မှန်ကန်ကြောင်းကြေညာရန် မဖြစ်နိုင်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။ မဲရေတွက်မှုကို ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်အပြီး ၂ နာရီအကြာတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

    ယူကရိန်ဗဟိုအစိုးရနှင့် အနောက်ပိုင်း အစိုးရတို့က အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ နိုင်ငံတကာ ဥပဒေအား ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ ရှုတ်ချခဲ့ကြပြီး၊ ခရိုင်းမီးယားကို ပိုင်နက် အတွင်း သွတ်သွင်းခဲ့ပြီးနောက် တိုင်းပြည်၏ အစိတ်အပိုင်းများကို သိမ်းပိုက်ရန် အတွက် ရုရှား၏ ကြိုးကိုင်ဆောင်ရွက်မှု သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်နှင့် အနောက်နိုင်ငံများကလည်း ထိုရလဒ်အား အသိအမှတ်ပြုမည် မဟုတ်ဟု ပြောကြားထားပြီး ယူကရိန်းနိုင်ငံခြားရေး ၀န်ကြီးကမူ အဆိုပါ လူထုဆန္ဒ ခံယူပွဲနှစ်ခုကို ရာဇ၀တ်မှုမြောက်သည့် ဟာသပြဇာတ် အဖြစ် သရော်ခဲ့သည်။

    Ref : Aljazeera

  • ခရိုင်းမီးယား ရုရှား လက်အောက်ရောက်ပြီးနောက် ပထမဆုံး အကြိမ် သမ္မတပူတင် လာရောက်လည်ပတ်

    မေ ၉ ၊ ၂၀၁၄
    M-Media

    – မတ်လအတွင်းက ခရိုင်းမီးယားဒေသမှာ ရုရှားလက်အောက်သို့ ရောက်ခဲ့ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်မှာ ထိုဒေသသို့ ပထမဆုံးအကြိမ်အဖြစ် ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။
    _74742312_74742311
    ၁၉၄၅ ခုနှစ် နာဇီဂျာမနီအား ရုရှားစစ်တပ်မှအောင်နိုင်ခဲ့သည့် နှစ်ပတ်လည်အခမ်းအနား  တစ်စိတ်တစ်ပိုင်း အဖြစ် ပူတင်မှာ ဆီဗက်စတိုပို ရေတပ် စခန်းတွင် ရေတပ်သားများအား မိန့်ခွန်းပြောကြားခဲ့သည်။

    ထိုရေတပ်စခန်းတွင် ရုရှား တိုက်လေယာဉ်များ ပျံသန်းနေသည်ကို ကြည့်ရှုခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ပါဝင်ခဲ့ စစ်တပ်အား ကျေးဇူးတင်ကြောင်းပြောကြားခဲ့ကာ ခရိုင်းမီးယားကျွန်းဆွယ် ရုရှားနိုင်ငံအတွင်း ၀င်ရောက်ပူးပေါင်းမှုကိုလည်း ချီးကျူးခဲ့သည်။

    “ရုရှားနဲ့ ပေါင်းစည်းဖို့ ဒီမှာရှိတဲ့လူတွေ ခိုင်ခိုင်မာမာဆုံး ဖြတ်ခဲ့တဲ့ ဒီ ၂၀၁၄ ခုနှစ်ဟာ တစ်နိုင်လုံးရဲ့ သမိုင်းမှတ်တမ်းထဲမှာ ပါသွားမှာပါ။ သမိုင်းနဲ့ချီတဲ့ သစ္စာတရားနဲ့ ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ မှတ်တမ်းကို အတည်ပြုခဲ့ခြင်းလည်းဖြစ်ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

    ယူကရိန်း အစိုးရကမူ ထိုလည်ပတ်မှုအား ဆန့်ကျင်ခဲ့ပြီး ယူကရိန်း၏အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မော်စကိုရင်ပြင်နီတွင်ပြုလုပ်သည့်  နှစ်ပတ်လည်အခမ်းအနားတွင် ပူတင်က နာဇီများကို အောင်နိုင်ခဲ့သည့် မေလ ၉ ရက်နေ့မှာ နားကျည်းအမှတ်ရစရာ နေ့တစ်နေ့ဖြစ်ပြီး ဆိုဗီယက်ပြည်သူများ၏ သံမဏိစိတ်ဓာတ်က ကျွန်ဘ၀ရောက်မည့် ဥရောပအား ကယ်တင်ခဲ့ကြောင်း၊ အမိမြေကို ကာကွယ်ရန် မိမိတို့မှာ သန္ဓိဌာန်ချထားကြောင်း စသဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

  • ဖမ်းဆီးထားသည့် လက်နက်စစ်ဆေးရေးမှူများအား ယူကရိန်း ခွဲထွက်ရေးသမားများ လွှတ်ပေး၊ တိုက်ပွဲများ ဆက်ဖြစ်

    မေ ၃၊ ၂၀၁၄
    M-Media

    – ယူကရိန်းအရှေ့ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က ဖမ်းဆီးခဲ့သည့် ဥရောပ စစ်လက်နက်ဆိုင်ရာ စစ်ဆေးရေးမှူးများကို ခွဲထွက်ရေးသမားများက ယနေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

    765D6BEE-411F-437A-B042-121B6990A9E1_w640_r1_s

    ဥရောပဆိုင်ရာ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE မှ စစ်ဆေးရေးမှူး ၇ ဦးနှင့် ယူကရိန်းနိုင်ငံသား လက်ထောက် ၅ ဦး စုစုပေါင်း ၁၂ ဦးတို့ကို Slovyansk မြို့တွင် ချွင်းချက်မရှိ လွှတ်ပေးခဲ့ကြောင်း ထိုမြို့၏ အုပ်ချုပ်ရေးမှူးဟု ကြေညာထားသည့် ခွဲထွက်ရေးသမား ပိုနိုမာယွဗ်က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့ခေါင်းဆောင်ကလည်း ၎င်းတို့ လွတ်မြောက်လာကြောင်း အတည်ပြုခဲ့သည်။

    ထိုကဲ့သို့ လွှတ်ပေးခဲ့ခြင်းမှာ ရဲရင့်၍ လူသားဆန်သော လုပ်ရပ်ဖြစ်သည်ဟု ရုရှားက ချီးကျူးခဲ့သည်။

    ခွဲထွက်ရေးသမားများ ကြီးစိုးရာ အဆိုပါ Slovyansk မြို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေသည်ဟု ယူကရိန်း အကြမ်းဖက်ဆန့်ကျင်ရေး အကြီးအကဲက ယနေ့တွင် ပြောကြားခဲ့သည်။

    အခြားမြို့တစ်မြို့ဖြစ်သည့် Odessa တွင် ယူကရိန်းထောက်ခံသူများနှင့် ရုရှားထောက်ခံသူများအကြား ယမန်နေ့က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၄၀ ကျော် သေဆုံးခဲ့ရကာ၊ အဆောက်အဦးများလည်း မီးတင်ရှို့ခြင်း ခံခဲ့ရသည်။
    Live.aljazeera