News @ M-Media
Tag: US Muslims
  • အမေရိကန် မွတ်စလင်မ် ကျောင်းသူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အရွေးခံရ
    ဇူလိုင်-၁၉၊ ၂၀၁၃
    M-Media
    ပါလက်စတိုင်းအရေးထောက်ခံလှုပ်ရှားတက်ကြွသူ အမေရိကန် မွတ်စ်လင်မ် ကျောင်းသူတစ်ဦးသည် ဂျူးအုပ်စုများ၏ ကန့်ကွက်မှုများအပေါ်အောင်မြင်ပြီး ၊ မွတ်စ်လင်မ်များအနက် ပထမဆုံး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်။
    Sadia Saifuddin
    ကယ်လီဖိုးနီးယားပြည်နယ်၏ ဂုဏ်ထူးဆောင်တက္ကသိုလ်ဖြစ်သော ဘာကလေ (Berkeley)တွင် လူမှုဗေဒဘာသာရပ် တက်ရောက်နေသည့် အသက် ၂၁ နှစ်အရွယ် စာဒီယဟ် စိုင်ဖွဒ္ဒီန်း(Sadia Saifuddin)က “ အတိုင်းထက်အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ရှင် ” ဟု ရိုက်တာသို့ ဇူလိုင် ၁၇ ရက် ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။
    သူမ၏ရာထူးကိုလက်ခံရန် သူမအားထောက်ခံသူ လူအုပ်ကြီးအကြား ဖြတ်သန်းလျှောက်လှမ်းလာစဉ် “ ဒီအနေအထား အတွက် ကျွန်မ အရမ်း စိတ်လှုပ်ရှားနေတယ် ” ဟု ဆိုခဲ့သည်။
    စိုင်ဖွဒ္ဒီးန်သည် ၂၀၁၄ ခုနှစ်မှစတင်မည့် စာသင်နှစ်တစ်နှစ်လုံးအတွက် ကျောင်းသားခေါင်းဆောင်ဘုတ်အဖွဲ့ဝင် ၂၆ ဦး အနက် ပထမဆုံးသော မွတ်စ်လင်မ်တစ်ဦး ဖြစ်လာတော့မည်။
    သူမ၏နေရာနှင့်ပတ်သက်ပြီး ထင်ရှားပေါက်ရောက်သော Simon Wiesenthal Center အပါအ၀င် ဂျူးအုပ်စုတို့၏ အပြင်းအထန်ဆန့်ကျင်မှုကို ကျော်ဖြတ်ခဲ့ရသည်။ အစ္စရေးစစ်တပ်နှင့်ချိတ်ဆက်နေသည့်ကုမ္ပဏီလုပ်ငန်းများထံမှ ရရှိသော တက္ကသိုလ်ရန်ပုံငွေများအား သူမလှုပ်ရှားနေသည့်ဆောင်ရွက်ချက်များတွင် အသုံးချလိမ့်မည်ဟု ၄င်းတို့က ပုတ်ခတ်စွပ်စွဲဆန့်ကျင်ထားကြသည်။ စန်တာခရုဇ် Santa Cruz ကျောင်းဝင်းမှ နည်းပြတစ်ဦးမှာ အစ္စလာမ်အပေါ် တစ်ဖက်သတ်အထင်မှားပြီးရွံကြောက်နေသူဖြစ်ကြောင်း ကျောင်းသားရေးရာအဖွဲ့၏ ရှုတ်ချချက်အပေါ် ရပ်တည်သည့် အတွက်ကြောင့်လည်း ၄င်းတို့က ကန့်ကွက်ခြင်းဖြစ်သည်။
    “ UC စံနစ်ကြီးစိုးထားတဲ့နှစ်တစ်နှစ်ရဲ့ ကျောင်းသတင်းထုတ်ပြန်ချက်မှာ ကျောင်းထဲက ထောင်နဲ့ချီတဲ့လူတွေကို အပြောင်းအလဲဖြစ်စေတဲ့သူအပေါ် ခန့်အပ်ရမယ်လို့ အဆိုတစ်ခုပါနေတယ်။ အခြားသင့်တော်တဲ့ မွတ်စ်လင်မ်တစ်ဦးဦးကို ဒီရာထူးမှာ ထားသင့်တယ်။ စာဒီယဟ်ဟာ သင့်တော်သူမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံထားတယ် ” ဟု Wiesenthal Center မှ ဂျူးဘုန်းကြီး အေရွန် ဟိုင်ယာ (Aron Hier) ပြောကြားကြောင်း စာဒီယဟ်အား ဘုတ်အဖွဲ့ဝင်အဖြစ်မှငြင်းဆိုရန် ထိုအဖွဲ့၏ထုတ်ပြန်စာ၌ ဖော်ပြထား၏။
    အတိုက်အခံများကြားမှ တက္ကသိုလ်ကျောင်းကိုယ်စားလှယ် ၂၅ ဦး၏ဆန္ဒမဲဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် သူမအား ခန့်အပ်ရန်  အတည်ပြုခဲ့ကြသည်။ မဲမထည့်သော ကျန်အဖွဲ့ဝင်တစ်ဦးမှာ ရစ်ချက် ဘလမ်း(Richard Blum)သာ ရှိခဲ့၏။ သူက စိုင်ဖွဒ္ဒီးန်၏လှုပ်ရှားမှုများနှင့်ပတ်သက်၍ ဝေဖန်ခဲ့သူဖြစ်၏။
    စိုင်ဖွဒ္ဒီးန်က အလွှာအသီးသီးမှ ကျောင်းသားများအတွက် ကျောင်းတွင်းဆိုင်ရာကိစ္စများ နှင့် ငွေကြေးအကူအညီများ ပိုမို တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဟု ရာထူးလက်ခံစဉ် ပြောကြားသွားခဲ့သည်။
    လာမည့်နှစ်အတွက် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များစုံညီ အစည်းအဝေး၌ ပါဝင်ခွင့်ရမည်ဖြစ်၏။ သို့သော် သူမ၏ တာဝန်စတင်မည့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမတိုင်မီတွင် ဆန္ဒမဲပေးခွင့်တော့ မရှိသေးချေ။
    အတိုက်အခံဖက်မှ အသံများလျှံထွက်နေလင့်ကစား စိုင်ဖွဒ္ဒီးန်ကိုထောက်ခံကြသူတို့က သူမသည် ဘာသာပေါင်းစုံ ကျောင်းသူကျောင်းသားများအပေါ်အလေးထားသော စံပြကျောင်းသူတစ်ဦးအဖြစ် ချီးကျူးခဲ့ကြသည်။
    “ စာဒီယဟ်ဟာ တကယ့်ထူခြားထိုက်တန်တဲ့ မိန်းကလေးတစ်ဦးပါ။ သူချစ်တဲ့ ဒီတိုင်းပြည်၊ ဒီတက္ကသိုလ် နဲ့ UC ကျောင်းသူကျောင်းသားအားလုံးအပေါ် နစ်မြုပ်ကူညီသူ ဖြစ်ပါတယ် ” ဟု သမဂ္ဂကိုယ်စားလှယ်ရွေးချယ်ရေးကော်မတီ  အဖွဲ့ဝင် ဘွန်နီရိုင်းစ်(Bonnie Reiss) မှ ပြောဆိုလိုက်သည်။
    အစ္စရေးတို့အား အထူးရပ်တည်ကူညီနေသော ဂျူးလူမျိုးဖြစ်သူ ရိုင်းစ် ကိုယ်တိုင်ကပင် “ တကယ်လို့သာ စိုင်ဖွဒ္ဒီးန်က ဘာသာရေးနဲ့နိုင်ငံရေးအမြင်ကို ထည့်မတွက်ပဲ ကျောင်းသားအားလုံးအကျိုးအတွက် ဆောင်ရွက်မယ်၊ ပြီးတော့ ကိုယ်စားပြုဖို့ထိုက်တန်မယ်လို့ ကျွန်မတို့ မယုံကြည်ခဲ့ယင် သူမကို အဆိုတောင် တင်သွင်းခဲ့မှာမဟုတ်ဘူး ” ဟု လေးလေးနက်နက် ရှင်းပြခဲ့သည်။
    သူမအား ခန့်အပ်လိုက်ခြင်းသည် ချိုးနှိမ်ခွဲခြားဆက်ဆံရေးအော်သံများအပေါ် အနိုင်ရရှိမှုအဖြစ်လည်း သတ်မှတ်ခံရသည်။
    အမေရိကန်-အစ္စလာမ်ဆက်ဆံရေးရာကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် အီဗ်ရာဟီမ် ဟူးပါး (Ibrahim Hooper) က သူမနှင့် နိုင်ငံရေးအမြင်မတူသောအတိုက်အခံပြိုင်ဖက်များအနေနှင့် သူမအား လူမှုဆောင်ရွက်မှုများမှ အဓမ္မဖယ်ထုတ်လိုခြင်းသာ ဖြစ်သည်ဟု ဆို၏။
    “ အမေရိကန်မွတ်စ်လင်မ်တစ်ဦးတစ်ယောက်က အရေးပါထင်ရှားတဲ့နေရာဆီရောက်လာတဲ့အချိန်တိုင်း ဒါမှမဟုတ် သြဇာကြီးလာတဲ့အခါတိုင်း ကျွန်တော်တို့လူ့အဖွဲ့အစည်းထဲက တစ်ဖက်သတ်အစ္စလာမ်ကြောက်ရောဂါဝင်နေတဲ့ မဖြစ်ညစ်ကျယ်လူတစ်စုဟာ လှုပ်လှုပ်ရှားရှား ထဖြစ်လာလေ့ရှိကြပြီး၊ ခွဲခြားရေး နဲ့ ကိုယ်စီရပိုင်ခွင့်တွေကို နင်းချေပစ်ဖို့ ကြိုးပမ်းအားထုတ်လာတတ်စမြဲပဲလေ ” ဟူ၍ ပြောခဲ့သည်။
    တရားဝင်စစ်တမ်းကောက်ယူမှုစာရင်းဇယားမရှိသော်လည်း အမေရိကန်ပြည်ထောင်စု၌နေထိုင်သူမွတ်စ်လင်မ်ဦးရေမှာ ၆ % မှ ၈ % ထိအနည်းဆုံးရှိကြောင်း ယူဆထားကြသည်။
    အမေရိကန်မွတ်စ်လင်မ်တို့သည် မျိုးချစ်စိတ်ဓာတ် ပြည့်ဝပြီး မိမိတိုင်းပြည်အပေါ် သစ္စာရှိသူများဖြစ်သည်သာမက အနာဂတ်ကိုအကောင်းမြင်တတ်သူများဖြစ်ကြသည် ဟူ၍ နှစ်ရှည်လများဆွေးနွေးမှုမှတ်တမ်းတစ်ရပ်ကဆိုထား၏။
  • အမေရိကန် အိမ်ရာမဲ့များဆီသို့ ရမဿွာန် လမြတ်၏ ကောင်းခြင်းများ ရောက်ရှိ
    ဇူလိုင်-၁၅၊ ၂၀၁၃
    M-Media
    Texas ပြည်နယ်၊ San Antonioနေ အမေရိကန် မွတ်စလင်မ်များသည် အထူးဝါဖြေပွဲ စားသောက်ဖွယ်ရာများကို မျှဝေခြင်းနှင့် အစ္စလာမ်ကို ပိုမို နားလည်စေရန် အခွင့်အလမ်း ဖန်တီးပေးခြင်းတို့အားဖြင့် အိမ်ရာမဲ့များဆီသို့ ရမဿွာန်လမြတ်၏ ပျော်ရွှင်မှုနှင့် ကရုဏာတရားတို့ကို ဆောင်ကြဉ်းပေးကာ အကူအညီလိုအပ်နေသူတို့ မျက်နှာများတွင် အပြုံးပန်းဝေစေခဲ့သည်။
    Ramadan Iftars Provide For America Homeless
    “အသင်တို့ကို ကျွေးမွေးခဲ့တာ ကျွန်တော်တို့ဆိုပေမယ့် ကျွန်တော်တို့ကို လာခွင့် လှူဒါန်းခွင့်ပေးခဲ့တာ အသင်တို့ပါ၊ အဲ့ဒီအတွက် အသင်တို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟု မွတ်စလင်မ် ကလေးငယ်များ ပညာရေးနှင့် အရပ်ဖက် စင်တာ (MCECC)၏ လူမှုဆက်ဆံရေး ညွှန်ကြားရေးမှူးဖြစ်သူ စကိဘ်ရှိုက်ခ်က San Antonio Express သတင်းဌာန ကို ဇူလိုင် ၁၅ရက်၊ တနင်္လာနေ့က ပြောကြားခဲ့ပါသည်။
    မွတ်စလင်မ် ယဉ်ကျေးမှုအမွေအနှစ် စိုဆိုင်တီနှင့် ပူးပေါင်းကာ MCECCက မြို့တော်၏ အိမ်ရာမဲ့များ ခိုနားရာ“မျှော်လင့်ချက် ရိပ်မြုံ”စင်တာမှ အဖွဲ့ဝင် ၃၀၀ ကို အထူးစားဖွယ်ရာများကို ပေးလှူခဲ့သည်။
    တနင်္ဂနွေ ညနေခင်းတွင် ကျွေးမွေးခဲ့သော စားဖွယ်ရာများသည် ရမဿွာန်လအခါ မွတ်စလင်မ်တို့၏ ၀ါဖြေချိန်တွင် ရောက်လာခဲ့သည်။
    ဤ၀ါဖြေပွဲကို မြို့ထဲရှိ မွတ်စလင်မ်အဖွဲ့နှစ်ဖွဲ့စလုံးမှ ပရဟိတလုပ်အားပေး ၅၀ ၀န်းကျင်က လုပ်အားပေးခဲ့ပြီး ကိတ်မု့န်ချိုများ၊ ကြက်သားကဗတ်၊ ဟင်းရွက်လုံးနှင့် အခြား အရသာရှိ အစားအစာများ ပါဝင်သော ပလတ်စတစ်ကာတွန်းဗူးများကို ရိပ်မြုံမှ နေထိုင်သူများကို ပေးဝေခဲ့ကြသည်။
    စင်တာတွင် နေထိုင်သူများက အစ္စလာမ်နှင့် အစ္စလာမ့်ယုံကြည်ချက်ဆိုင်ရာများကို သုတရရန် သူတို့ကို အခွင့်အလမ်းပေးခြင်းအတွက် ဤအစပျိုးလှုပ်ရှားမှုကို ချီးမွမ်းခဲ့ကြသည်။
    “ဘာကြောင့် ရမဿွာန်ကို ကျင်းပကြတာလဲ”ဟု StarLisa Leonardက ညနေစာ မတည်ခင်းမှီ ပင်မအဆောင်ထဲရှိ ဘာသာပေါင်းစုံချစ်ကြည်ရေး ၀တ်ပြုခန်းတွင် ရပ်လျက် မေးခဲ့သည်။
    မွတ်စလင်မ်လုပ်အားပေးများထဲမှ တစ်ဦးဖြစ်သူ Nazli Siddiquiက စားရန်အတွက် အစားအစာ၊ သောက်ရန်အတွက် ရေစသည် ကောင်းခြင်းများကို သတိတရဖြစ်ရန်နှင့် ဒုက္ခရောက် ခံစားနေရသူများကို ကိုယ်ချင်းစာ စာနာတတ်ရန် မွတ်စလင်မ်တို့သည် ရမဿွာန်လမြတ်တွင် ဥပုသ်သီလ စောင့်ကြပါသည်ဟု ရှင်းပြခဲ့ပါသည်။
    “ကမ္ဘာပေါ်မှာ အချို့သူတွေဟာ တစ်နေ့လုံးမှ တစ်နပ်ပဲ စားကြရတယ်”ဟု အမွေအနှစ်စိုဆိုင်တီ၏ ညွှန်ကြားရေးမှူးဖြစ်သူ Siddiqui က ပြောပြခဲ့သည်။
    “ကျွန်တော်တို့တွေ သနားကြင်နာမှု ခံစားဖြစ်တည်ဖို့ တစ်လကြာအောင် ဒီလိုရှင်သန်မှုမျိုးနဲ့ နေဖို့ ကြိုးစားကြတာပါ။”
    ညနေစာပြီးသောအခါ မွတ်စလင်မ်များသည် ၀တ်ပြုရန်အတွက် စောင်ဖြူများနှင့် ၀တ်ပြုအခင်းများကို အခန်းထဲတွင် ဖြန့်ခင်းလိုက်ကြသည်။
    အစ္စလာမ့်ပြက္ခဒိန်တွင် အထူးမြတ်ဆုံး လဖြစ်သော ရမဿွာန်လမြတ်သည် အမေရိကားတွင် ဇူလိုင် ၉ရက်၊ ကြသာပတေးနေ့တွင် စတင်ခဲ့သည်။
    ရမသွာန်လမြတ်တွင် အရွယ်ရောက်ပြီး မွတ်စလင်မ်များသည် စားခြင်း၊ သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် သံဝါသတို့ကို အရုဏ်ဦးမှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြပါသည်။
    ဥပုသ်သီလစောင့်ထိန်းခြင်းသည် မွတ်စလင်မ်တို့ကို သည်းခံခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် နာမ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းစသည်တို့ကို သင်ကြားပေးသည် မည်ပါသည်။ ၀တ်ပြုခြင်း၊ ကျမ်းတော်မြတ် ကုရ်အာန်ကို ရွတ်ဖတ်သရဇ္ဇယ်ခြင်းနှင့် ကောင်းမှုများကျင့်ဆောင်ခြင်းတို့ဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန် နှစ်မြှုပ်ထားသော လမြတ်အချိန်ခါလည်းဖြစ်ပါသည်။
    လမြတ်ကာလအတွင်း မွတ်စလင်မ်အများစုကြီးသည် ဆင်းရဲသားများနှင့် လိုအပ်နေသူများကို ဇကားသ်ဆင်းရဲသားဒါနကြေး ပေးရန် အခြားလများထက် ပိုမိုနှစ်သက်ကြပါသည်။
    ကျိုးပျက်သွားသော အေးစက်မှုများ
    အစ္စလာမ့် အလှစစ်ကို ရိပ်မြုံတွင် နေထိုင်သူများဆီသို့ ပိုမိုနီးကပ်စေခဲ့သော ဤအစပျိုးလုပ်ဆောင်မှုသည် အစ္စလာမ်၊ ရမဿွာန်နှင့် အစ္စလာမ့်ယုံကြည်ချက် မဏ္ဍိုင်များအပေါ်တွင် လုံးဝ သက်ရောက်မှု ဖြစ်စေခဲ့သည်။
    “မွတ်စလင်မ်တွေမှာ နားလည်ရခက်တဲ့ ဘာသာတရားရှိတယ်လို့ သင်ကြားဖူးလိမ့်မယ်၊ ဒါပေမယ့် အဲ့ဒါဟာ တကယ်မဟုတ်ပါဘူး” ဟု ရိပ်မြုံမှ Linda Downs က ပြောပြခဲ့သည်။
    “ကျွန်မတို့ (ရိပ်မြုံ အဖွဲ့ဝင်)တွေဟာ ကျွန်မတို့ဘ၀ရဲ့ ခက်ခဲလှတဲ့ အချိန်မှ ရှိနေပါတယ်။
    သူတို့တွေ ဒီမှာရှိနေပြီး ကျွန်မတို့ကို မျှဝေခံစားတာဟာ အင်မတန်မှကို သနားကြင်နာမှုပါပဲ။”
    ဒုက္ခရောက်ခံစားနေရသူတွေကို ကိုယ်ချင်းစာတတ်ဖို့အတွက် နာရီပေါင်းရှည်လျားစွာ အစာနှင့် ရေကို ရှောင်ကြဉ်သော အကြံဥာဏ်သည် Downsအတွက် အံ့သြစရာကောင်းနေပေသည်။
    “သူတို့ တစ်လလုံး ဥပုသ်သီလယူကြပြီး စွန့်လှူကြတယ်။ အဲ့ဒါက သူတို့ နှလုံးသားတွေကို ပြည့်ဝစေတယ်။”ဟု သူမက ပြောပြခဲ့သည်။
    “သူတို့တွေက လူကောင်းတွေပါ။”
    တရားဝင် ထုတ်ပြန်ထားသော ကိန်းဂဏန်းများ မရှိသော်လည်း၊ အမေရိကန် နိုင်ငံသည် ၆သန်းမှ ၈သန်းကြားရှိသော လူနည်းစု မွတ်စလင်မ်များ၏ အမိမြေဖြစ်သည်။
    အမေရိကန် သုသေတနစစ်တမ်းတစ်ခုအရ အမေရိကန်အများစုကြီးသည် မွတ်စလင်မ်များနှင့် အစ္စလာမ်အကြောင်းကို အနည်းငယ်မျှသာ သိကြသည်။
    သို့သော်လည်း မကြာသေးမီက မေးခွန်းစစ်တမ်းတစ်ခုအရ နိုင်ငံအနှံ့မှ ၄၃ ရာခိုင်နှုန်းသော အမေရိကန်များသည် မွတ်စလင်မ်များနှင့်ပတ်သက်ပြီး အနည်းငယ်မျှတော့ အကြောင်းမဲ့ မကောင်းမြင်ကြကြောင်း တွေ့ခဲ့ရသည်။
    Ref:OnIslam
  • အမေရိကန် မွတ်စလင်များ ရမဿွာန် (ဥပုတ်လ) ပညာပေး အစီအစဉ်များစတင်
    ဇွန် ၃၀၊ ၂၀၁၃
    M-Media
    US Muslims Share Ramadan To Unite Faithsကိုင်ရို။    ။ အစ္စလာမ်ဘာသာဝင်တို့၏ မြင့်မြတ်သော ဥပုပ်လ (ရမဿွန်) စတင်ရန် နာရီလက်တံတို့သည် တဖြည်းဖြည်း ရွေ့လျားနီးကပ်လာသည်နှင့်အမျှ ၊ အမေရိကန်ရှိ ပြောရေးဆိုခွင့်ရှိသူ များက နိုင်ငံတစ်ဝှမ်းရှိ မွတ်စလင် အဖွဲ့အစည်းများအား လမြတ် ရမဿွာန်နှင့်ပက်သက်၍ ဘာသာခြား အိမ်နီးနားချင်းများ အား အသိပေးဖြန့်ဝေရန် ဥပုတ်ထွက်ခြင်း(ဝါ) ဝါဖြေပွဲ (Iftar) များ ကျင်းပခြင်းဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အစီအစဉ်များ စတင်ရန် ပြောကြားလိုက်သည်။
    “ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များ၏ နှစ်ဘ၀သခင်ကျေးဇူးရှင်ခေါင်းဆောင် တမန်တော် မုဟမ္မဒ် ( ငြိမ်းချမ်းသာယာမှု ပါစေသား။) သည် လမြတ်ရမဿွာန်ဆိုတာ သူတစ်ပါးနှင့် မျှဝေခံစားကိုယ်ချင်းစာစိတ် ထားရမယ့် လဖြစ်တယ်ဆိုတာ လမ်းညွှန်ပြသဆုံးမခဲ့ပြီးသားပါ” ဟုအမေရိကန် အစ္စလာမ့်ရေးရာကောင်စီ ၏ အမျိုးသားရေးကိုယ်စားပြု ဒါရိုက်တာဖြစ်သူ Ibrahim Hooper က OnIslam သို့ပေးပို့သော သတင်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
    “ကျွန်တော်တို့ရဲ့ သုတေသန အရဆိုရင်လည်း အခြား ဘာဘာဝင်များသည် အစ္စလာမ်ဘာသာ အကြောင်းကိုသိမယ်၊ ပြီးတော့ မွတ်စလင်များနဲ့ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နေထိုင်မယ်ဆိုရင် အစ္စလာမ် ဘာသာနဲ့ပတ်သက်ပြီး မဟုတ်မမှန် စွပ်စွဲပြောဆိုတာတွေ ၊ အတင်းအဓ္ဓမ အဆိုးမြင်အောင် လုပ်ဆောင်ချက်တွေဟာ တဖြည်းဖြည်း လျော့နည်း ပပျောက်လာမှာဖြစ်ပါတယ်”  ဟု ၄င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
    ရမ်မဿွာန်လသည် အစ္စလာမ်ဘာသာဝင်များ ၏ ယူကြည်ချက်အရ အမြင့်မြတ်ဆုံးသော လ ဖြစ်သည်။
    ရမဿွာန်လတွင် အရွယ်ရောက်သူ မွတ်စလင်တိုင်းသည် အစာစားခြင်း၊ ရေသောက်ခြင်း ၊ ဆေးလိပ်သောက်ခြင်း နှင့် လိင်ဆက်ဆံခြင်း တို့အား နံနက်နေမထွက်မီ မှသည် ညနေ ၀င်ချိန်အထိ ထိန်းသိမ်း ရှောင်ရှားရမည်ဖြစ်သည်။
    နာမကျန်းဖြစ်နေသူများ (အထူး သဖြင့် အသည်းအသန် နေမကောင်းဖြစ်နေသူများ) နှင့် ခရီးသွားလာနေသူများ သည် ဥပုပ်စောင့်ခြင်းမှ ကင်းလွတ်ခွင့်ရသည်။
    ဥပုတ် ဆောက်တည် ခြင်းဆိုသည်မှာ ၀တ်ပြုခြင်း ၊ ကျမ်းတော်မြတ် ကုရ်အာန် ရွတ်ဖတ်ခြင်း၊ ကောင်းသော အမူအကျင့်များကို သာလုပ်ဆောင်ခြင်း တို့ဖြင့် ဖန်ဆင်းရှင် အလ္လာဟ်အသျှင်မြတ်နှင့် ပို၍ နီးကပ်မှု ရရှိသော အချိန် ၊ မိမိတို့၏ စိတ်ရှည်သည်းခံမှု၊ မိမိတို့၏ ခန္ဓာကိုယ်အား ထိန်းချုပ်မှု နှင့် အတွင်းစိတ် တို့အား ချုပ်တည်းရမည်ဟု အစ္စလာမ်ဘာသာက သင်ကြားပြသထားပါသည်။
    လမြတ် ရမဿွာန်နှင့် ပတ်သက်ပြီး အမေရိကန်ပြည်သူများ သိရှိစေရန်အလို့ငှါ ဘာသာပေါင်းစုံပါဝင်နိုင်သည့် ဝါဖြေပွဲ များ ပြုလုပ်ကျင်းပရန် အစီအစဉ်များ ထည့်သွင်းဖော်ပြ ထားသော ” ရမ်မဿွာန်ဆိုင်ရာ အသိပညာဖြန့်ဝေခြင်း လမ်းညွှန် ၂၀၁၃” အမည်ဖြင့် စာစောင် တစ်ခုကို ၀ါရှင်တန်ရှိ မွတ်စလင်အဖွဲ့က ထုတ်ဝေခဲ့ပါသည်။
    ထိုလမ်းညွှန်စာစောင်တွင် ” ရမဿွာန် အသိပညာ ဖြန့်ဝေခြင်း” ကော်မတီ ဖွဲ့စည်းပုံ၊ ဝါဖြေပွဲ အစီအစဉ် အကြံပြုချက်များနှင့် ထိုအကြံပြုချက်ဆောင်ရွက်ချက်များသည် ဒေသဆိုင်ရာ မီဒီယာများဆီရောက်ရှိရေး တို့ကိုပါ လမ်းညွှန်ဖော်ပြ ထားသည်။ ထို့အပြင် “ကျွန်ုပ်တို့၏ စုပေါင်း ဝါဖြေပွဲမှ ကြိုဆိုပါ၏” ဟူသော စာတမ်းပါ လက်ကမ်းစာစောင်များ၊ လမြတ်ရမ်မဿွာန် ဆိုင်ရာ အမေးအဖြေကဏ္ဍများ ၊ နမူနာ အစီအစဉ် ပုံစံများနှင့် သတင်းစာများ တွင်ပါ ကြော်ငြာ ထည့်သွင်းခြင်းစသော အစီအစဉ် များကိုလည်း လမ်းညွှန်အတွင်း ဖော်ပြထားပါသည်။
    “ဒေသခံပြည်သူများအား ဝါဖြေပွဲများ ကျင်းပပေးခြင်းနှင့် အခြားဘာသာခြား အိမ်နီးနားခြင်းများ ကိုပါ ဥပုပ်ဖြေပွဲ သို့ ဖိတ်ခေါ်ပါဝင်စေတဲ့ လုပ်အားပေးပွဲတွေဆိုတာ အမေရိကန် အစ္စလာမ့်ရေးရာကောင်စီ(CAIR) ရဲ့ “Sharing Ramadan” ဆိုတဲ့ အမည်ဖြင့် နှစ်စဉ် ဦးဆောင်ကျင်းပနေကျ အစီအစဉ်ပဲဖြစ်ပါတယ်၊ ကိုယ်ချင်းစာစိတ်ဖြင့် မျှဝေခံစားခြင်း နှင့် ၀မ်းမြောက်စွာကြိုဆိုခြင်းတို့သည် လမြတ် ရမ်မဿွာန် ၏ အရေးကြီးဆုံး ဂုဏ်အင်များဖြစ်သောကြောင့် ကျွန်တော်တို့အနေဖြင့် ဒေသတွင်း ဗလီဝတ်ကျောင်းတော်များ၊ အစ္စလာမ်မစ်စင်တာများ ၊ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများ ၌လည်း ယခုလို ဘာသာခြား အိမ်နီးနားချင်းများကိုပါ ဝါဖြေဖြေပွဲများတွင် ဖိတ်ခေါ်ဖို့ အခွင့်အရေး တွေ ရရှိလာပါလိမ့်မယ်” H Nihad Awad က ထိုလမ်းညွှန်စာစောင်တွင် ပြောဆိုထားပါသည်။
    နက္ခတ်ဗေဒဆိုင်ရာ တွက်ချက်မှုများအရ အစ္စလာမ်ဘာသာဝင်တို့၏  ရမ်မဿွာန်လသည် ဇူလိုင်လ (၉) ရက် ၊ အင်္ဂါနေ့တွင် စတင်မည်ဖြစ်ပါသည်။
    တရားဝင်စစ်တမ်း ကောက်ယူမှုများ မရှိသေးသော်လည်း အမေရိကန်ပြည်ထောင်စုရှိ မွတ်စလင်လူဦးရေသည် (၆) သန်းမှ (၈)သန်းအထိ ရှိသည်။ ။
    Ref: OnIslam
  • အမေရိကန် မွတ်စလင် အဖွဲ့များမှ တော်နေဒိုး မုန်တိုင်းခံ ဒုက္ခသည် များအားကူညီ
    မေ-၂၅၊၂၀၁၃
    M-Media
    Resident Taylor Tennyson sits in the front yard as family members salvage the remains from their home which was left devastated by a tornado in Moore, Oklahoma အိုကလာဟိုးမား(Oklahoma) ပြည်နယ်တွင် တိုက်ခိုက်ခဲ့သော အိမ်ရာ အမြောက်အများအား ပျက်ဆီးခဲ့ပြီး၊ လူအမြောက် အမြားအား သေစေခဲ့သော တော်နေဒိုး လေဆင်နှာမောင်း ဒဏ်ခံခဲ့ ရသူများအား အမေရိကန် မွတ်စလင်မ် အဖွဲ့အစည်းများမှ အကူညီပေးလျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံ မွတ်စလင်မ် အဖွဲ့အစည်းခေါင်းဆောင်များမှ အခြားသော အဖွဲ့ငယ်များအားလည်း အတူပူပေါင်းပါဝင်ရန် တောင်းဆိုလျက်ရှိကြောင်း သိရပါသည်။
    OnIslam.net သို့ မြောက်အမေရိကန်တိုက် အစ္စလာမ်အဖွဲ့စည်း(Islamic Society of North America(ISNA)) မှ ဥက္ကဋ္ဌ အီမန် မိုဟာမဒ် မဂျစ်(Imam Mohamed Magid) က ပြောကြားသည်မှာ “လေဆင်နှာမောင်းဒဏ်ခံခဲ့ရသော မိသားစုများနှင့် ထပ်တူခံစားရကြောင်း၊ အထူးသဖြင့် သဘာဝဘေး အန္တရာယ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသော ကလေးငယ်များ၏ မိဘများအတွက် ပို၍ ၀မ်းနည်းခံစားမိကြောင်း” ပြောကြားခဲ့ပါသည်။
    “မိုး(Moore) မြို့၏ ပြည်သူများနှင့် အတူတကွ ဘ၀များကို ပြန်လည်တည်ဆောက်ပေးချင်ပါသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အိုကလားဟိုးမား ပြည်နယ်၏ မိုးမြို့ ဆင်ခြေဖုံးများအားတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းသည် အတော်ပြင်းထန်ကာ လူ ၂၄ ယောက်ထပ်မနည်း သေဆုံးခဲ့သည်။
    လူများသည် အဆောက်အဦး အပြိုအပျက်များကြားထဲတွင် ပိတ်မိနေပြီး၊ လေဆင်နှာမောင်းကြောင့် အိမ်ခြေ နှင့် စီးပွားရေးလုပ်ငန်းများ ရာကျော်အားဖျက်စီးခဲ့ပြီး၊ ကျောင်းနှစ်ကျောင်း၊ ဆေးရုံတစ်ရုံ နှင့် ကလေးငယ် အမြောက်အများအပါဝင် လူ ၂၃၇ ယောက်အား ဒဏ်ရာရစေ ခဲ့ပါသည်။
    ကယ်ဆယ်ရေးသမားများသည် လူ ၁၀၀ ကျော်အား အိမ်၊ ကျောင်း နှင့် ဆေးရုံ အဆောက်အဦး အပျက်ဆီးပုံများကြားမှ ကယ်ဆယ်ခဲ့ရသည်။
    ISNA မှ အမေရိကန်ရှိပြည်သူများအား အရေးပေါ်အကူညီလိုနေသူများအား အကူညီပေးရန် နှင့် အကူညီလိုနေသူများအတွက် ပြည်နယ်တွင်းရှိ ကယ်ဆယ်အဖွဲ့များမှတစ်ဆင့် အလှူငွေများ နှင့် ပစ္စည်းပေးအပ်ရန် တောင်းခံ ခဲ့ပါသည်။
    အဂါင်္နေ့တွင် ပြုလုပ်ခဲ့သော ပြည်နယ်မိုးလေ၀သ ဌာန၏ ခန့်မှန်းချက်အရ လေဆင်နှာမောင်းသည် ရှားပါးသော EF-5 ဖြစ်ပြီး၊ Enhanced Fujita Scale အရ အင်အား ပြင်းထန်ပြီး၊ တစ်နာရီကို မိုင် ၂၀၀ ကျော်နိုင်သည် ဟု ခန့်မှန်းခဲ့သည်။
    အမေရိကန် သမ္မတ ဘာရက် အိုဘားမား(Barack Obama) သည် အိုကလာဟိုးမား ပြည်နယ် အတွင်း ဘေးအန္တရာယ်ကြုံတွေ့နေသော နေရာအဖြစ်သတ်မှတ်ထားပြီး၊ ပြည်နယ်သို့ ကယ်ဆယ်ရေး ပစ္စည်းများပေးပို့ရန်နှင့် မိုးမြို့အတွင်း လုပ်အားပေးကူညီဆောင်ရွက်ရန် အမိန့် ထုတ်ပြန် ထားကြောင်း သိရသည်။
    အမေရိကန်နိုင်ငံတွင် တစ်နှစ်ကို လေဆင်နှာမောင်း ၁၀၀၀ ကျော် တိုက်ခတ်လေ့ရှိကြောင်း၊ သို့ပေမယ့် ၁ ရာခိုင်နှုန်းလောက်သာ EF-5 အင်အားသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
    မွတ်စလင်မ် များကူညီမှု
    အိုကလာဟိုးမား ပြည်နယ်တွင်း လေဆင်နှာမောင်း ဒဏ်ခံခဲ့ရသူများအတွက် မွတ်စလင်မ် ကယ်ဆယ်ရေး အဖွဲ့စည်းများက သဘာဝဘေးအန္တာရာယ် ကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့ကာ ကူညီရေးများ ပြုလုပ်လျက် ရှိသည်။
    အစ္စလာမစ် သဘာဝ ဘေးအန္တရာယ် ခုခံကာကွယ်ရေး အဖွဲ့စည်း(Islamic Relief’s Disaster Assistance Response Team(DART))မှ ၀မ်းနည်းဖွယ်ရာအဖြစ်ပျက်အား ကြုံတွေ့ခဲ့ရသူများအတွက် ယခုတွင် ကူညီမှုများပေးနေပြီဖြစ်ကြောင်း သိရသည်။
    DART အဖွဲ့သည် အမေရိကန် ကြက်ခြေနီအသင်း နှင့် ပြည်နယ်တွင်းရှိ အာဏာရှိ သူများ ပါ အတူတကွ  ကယ်ဆယ်ရေးများအား အချိန်နှင့်အလျဉ်းမှီ ကယ်ဆယ်မှုများပေးရန် လုပ်ဆောင်နေကြောင်း။
    မြောက်အမေရိကန် အစ္စလာမ်မစ် အစည်းရုံး (Islamic Circle of North America(ICNA)) ၏ ကယ်ဆယ်ရေး မှ သူ၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့အား ဒေသသို့ ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ပို့ဆောင်ထားကြောင်း သိရသည်။
    ICNA ခေါင်းဆောင်ဖြစ်သူ နာအီးမ် ဗိုက်ခ်(Naeem Baig) မှ “လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် ဆုံးရှုံးခဲ့ရသော အသက်များ အထူးသဖြင့် ကလေးသူငယ်များ၏ အသက်များအတွက် များစွာဝမ်းနည်းမိကြောင်း”
    “အိုကလာဟုန်းမားပြည်နယ်တွင် ချစ်ခင်သူများအားဆုံးရှုံးခဲ့ရသော မိသားစုများထံတွင် ကျွန်တော်တို့၏ ခံစားချက်များနှင့် ဆုတောင်းများက သူတို့တွင်ရှိနေမည်”
    အမေရိကန်-အစ္စလာမ် ကောင်စီ(Council on American-Islamic Relations(CAIR)) ပြည်နယ်၏ အကြီးဆုံး မူစလင် ပြည်သူများအခွင့်အရေးနှင့် တရားစီရင်ရေး အသင်းဖွဲ့ မှ မူစလင်များနှင့် တစ်ခြားဘာသာဝင် အမေရိကန် နိုင်ငံသားများအား သူတို့ယုံကြည်ရာကို ကိုးကွယ်၍ ဒုက္ခသည်များ နှင့် ၄င်းတို့ချစ်ခင်သူများအပေါ် ဆုမွန်ကောင်း တောင်းပေးကြရန် လှုံဆော်ခဲ့ကြောင်း သိရသည်။
    CAIR ပြည်နယ်တွင်း ဆုံးဖြတ်ခွင့်အာဏာရှိသူ ညွန်ကြားရေးမှူး နီဟဒ် အာဝဒ်(Nihad Awad) က “အိုကလာဟိုးမား ပြည်နယ်တွင်းမှ မွတ်စလင်မ် များနှင့် အမေရိကန်နိုင်ငံရှိ မွတ်စလင်မ် များအား တောင်းဆိုချင်ပါသည်၊ ဘေးအန္တာရာယ်ကို ရင်ဆိုင်ရသူများအတွက် ဆုတောင်းပေးရန် နှင့် ကိုယ်တိုင်ကိုယ်ကျ အကူညီပေးခြင်းတို့ လုပ်ဆောင်ပေးကြရန် တောင်းဆိုပါသည်”
    “ယခုအချိန်တွင် တနိုင်ငံလုံး အနေနဲ့ စည်းလုံးစွာ လိုအပ်သူများအား အကူညီပေးကြရန် အချိန်ရောက်နေပြီဖြစ်တယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။
    CAIR ၏ အဖွဲ့ခွဲသည် တူလ်စာ အစ္စလာမ် ပြည်သူ့အဖွဲ့စည်း(Islamic Society of Tulsa) နှင့် အိုကလာဟိုးမားပြည်နယ် ပြည်သူ့အဖွဲ့စည်း အတူတကွ အန္တာရာယ်ကျရောက်နေသူများအတွက် ပစ္စည်းများအားစုဆောင်း၍ ကယ်ဆယ်ရေးပစ္စည်း အထုတ်အပိုးများ ပြင်ဆင်နေသည် ဟုသိရသည်။
    အာဝဒ်က ပြောကြားခဲ့သည်မှာ CAIR အိုကလာဟိုးမား ပြည်နယ် အဖွဲ့ခွဲမှ ဥက္ကဋ္ဌ အဖွဲ့ဝင် စအဒ် မုဟမ္မဒ် (Saad Mohammed) ၏ အိမ်သည် လေဆင်နှာမောင်းကြောင့် ပျက်ဆီးခဲ့ရပြီး၊ မိသားစုသည် ဗီဒိုအတွင်းတွင် ၀င်ကာ လေပြင်းတိုက်နေစဉ် ရှောင်ပုန်းနေခဲ့ရသည်။ သို့သော်လည်း မိသားစုအတွင်း မည်သူမှ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိ ဟုသိရသည်။
    အဖွဲ့ခွဲ၏ ဆုံးဖြတ်ခွင့် အာဏာရှိသူ ညွန်ကြားရေးမှူး အာဒမ် စိုလ်တာနီ(Adam Soltani) မှ “CAIR-Oklahoma သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့အစည်း ခေါင်းဆောင်များနှင့် အတူ ပြန်လည်တည်ထောင်ရေး လုပ်ငန်းတွင် မွတ်စလင်မ် အဖွဲ့စည်းတစ်ခုဖြင့် ပါဝင်ချင်ကြောင်း” ပြောကြားခဲ့သည်။
    Ref:OnIslam
  • အမေရိကန် ကျောင်းသားများအတွက် အစ္စလာမ်အကြောင်း သိကောင်းစရာ သီတင်းပတ် ပြပွဲပြုလုပ်
    ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၃
    M-Media
    GVSU0727_SU_C_^_SUNDAY
    ကိုင်ရို။ ။အစ္စလာမ်သာသနာ၊ အစ္စလာမ့်ယဉ်ကျေးမှုနှင့် ပက်သက်၍ အမေရိကန် ကျောင်းသားများ ပိုမိုသိရှိလာစေရန် အခွင့်အရေးတစ်ခုပေးခြင်းဖြင့် နားလည်မှုလွဲမှားခြင်းများ လွင့်ပျောက်သွားစေရန်အတွက် ‘နားလည် သဘောပေါက်မှု သီတင်းပတ်’(awareness week) တစ်ခုကို အနောက် မီချီဂန်ရှိ ဂရန်းဗာလီ စတိတ်(Grand alley State) တက္ကသိုလ်မှ မွတ်စလင် ကျောင်းသူ၊ ကျောင်းသားများက ဖေဖော်ဝါရီ ၂၅ရက် တနင်္လာနေ့တွင် စတင်ပြုလုပ်ခဲ့သည်။
    “ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ဖို့၊ ပြီးတော့ ကမ္ဘာပေါ်ကအကြီးဆုံး ဘာသာတရားကို ကိုယ်စားပြုတဲ့ ကျောင်းသားအုပ်စုအကြောင်း သူတို့ကိုပြောပြဖို့ ဒီ သီတင်းပတ်ဟာ အကောင်းဆုံး ကိရိယာပါပဲ။ နောက်ပြီး မွတ်စလင်ကျောင်းသားများ အစည်းအရုံး (Muslim Students’ Association (MSA)) က ကျောင်းသားတွေဟာ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ ပါကစ္စတန်နဲ့ အမေရိကန်နိုင်ငံတွေက လာကြတယ်လို့ သိရတာဟာ စိတ်ဝင်စားစရာပါ။” ဟု အဆိုပါတက္ကသိုလ်ရှိ အာရဗီဘာသာစကားနှင့် အစ္စလာမ့်ရေးရာ (Arabic and Islamic studies) ပါမောက္ခဖြစ်ပြီး၊ မွတ်စလင်ကျောင်းသားများ အစည်းအရုံး၏ အကြံပေးဖြစ်သူ ဆီဘက်စတီယန် မိုက်ဆယ် (Sebastian Maisel) က ဆိုသည်။
    ထို သီတင်းပတ်တွင် ကဗျာရွတ်ဆိုခြင်း၊ အစ္စလာမ့်မှပြောသည့် အမျိုးသမီးအခွင့်ရေးနှင့် ပက်သက်သည့် ဟောပြောပို့ချချက်များ အပါအ၀င် ကျောင်းသူ၊ ကျောင်းသားများ အစ္စလာမ်အကြောင်း နားလည်သိရှိမှု တိုးတက်စေရန် ရည်ရွယ်သည့်အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်စေရန် လူရွှင်တော်တစ်ဦးကိုလည်း ဖိတ်ခေါ်ထားသည်ဟု သိရသည်။
    “ဒီအစီအစဉ်တွေ၊ လှုပ်ရှားမှုတွေမှာ တက္ကသိုလ်မှာရှိတဲ့ မွတ်စလင်နိုင်ငံ ပေါင်းစုံက ကျောင်းသူ၊ ကျောင်းသားတွေ အတူတကွ ပါဝင်ဆာင်ရွက်သွားမှာပါ။” ဟု မိုက်ဆယ်က ထပ်လောင်းပြောကြားသည်။
    တရားဝင် စာရင်းကောက်ယူမှုမရှိသော်လည်း အမေရိကန်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင် ၆ သန်းမှ ၈ သန်းအထိရှိမည်ဟု ခန့်မှန်းရပြီး အမေရိကန်အများစုမှာ အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ အကြောင်း အနည်းငယ်သာသိရှိသည်ဟု စစ်တမ်းများက ဆိုသည်။
    သို့သော်လည်း လူထုဆန္ဒကောက်ယူမှုများအရ အမေရိကန်မွတ်စလင်အများစုမှာ တိုင်းပြည်အပေါ်တွင် သစ္စာစောင့်သိသူများဖြစ်ကြပြီး ၎င်းတို့၏အနာဂတ်နှင့် ပက်သက်၍ အကောင်းမြင်သူများဖြစ်သည်ဟု သိရသည်။
    စစ်မှန်သော အစ္စလာမ်
    အစ္စလာမ်၏ အဓိကမဏ္ဍိုင်များနှင့်ပက်သက်၍ ကျောင်းသူ၊ ကျောင်းသားများ သိရှိစေရန် အထူးဟောပြောပို့ချချက် တစ်ခုကိုလည်း ထို သီတင်းပတ်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။
    “လူတွေအနေနဲ့ အသစ်အဆန်းတစ်ခု ရရှိမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ တကယ်လို့ အရင်က အစ္စလာမ်နဲ့ပက်သက်ပြီး ဆိုးရွားတဲ့အတွေးအမြင်တွေ ရှိခဲ့မယ်ဆိုရင် ဒီ အစီအစဉ်က သူတို့ရဲ့စိတ်ကို ပြောင်းလဲနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။” ဟု တက္ကသိုလ် မွတ်စလင်ကျောင်းသားများအစည်းအရုံး၏ ဥက္ကဌဖြစ်သူ ဇီယာနာ ခိုဒေါ(Zeana Khodor) က ဆိုသည်။
    အဆိုပါ သီတင်းပတ်ကို အမေရိကန်ကျောင်းသားများအား အစ္စလာမ်၏ သွန်သင်မှုအစစ်အမှန်များကို မိတ်ဆက်ပေးရန် အခွင့်အရေးတစ်ခုအဖြစ် အစည်းအရုံး၏ အကြံပေး မိုက်ဆယ်က ရှုမြင်လေသည်။
    “ကျောင်းသူ၊ ကျောင်းသားတွေ ဒါမှမဟုတ် လူ့အဖွဲ့အစည်းကလူတွေဟာ ဘယ်လိုမီဒီယာ ပုံစံမျိုးကနေမဆို သတင်းတွေ နားထောင်ရတဲ့အခါ (အဲဒီသတင်းတွေဟာ) အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ ဗုံးခွဲမှုတွေကို မီးမောင်းထိုးပြပြီး အစ္စလာမ်ကို လိုရာဆွဲပုံ ဖော်ထားတာမျိုးသာ ဖြစ်ပါတယ်။” ဟု ဆိုသည်။
    အစ္စလာမ်နားလည် သဘောပေါက်မှု သီတင်းပတ်က တက္ကသိုလ်ပရ၀ုဏ်အတွင်း မတူကွဲပြားမှုများကို ဖော်ပြရာရောက်မည်ဟု မိုက်ဆယ်က ဆိုသည်။
    “ဒါက အနောက်မီချီဂန်မှာရှိတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းဟာ တစ်သားတည်းဖြစ်တယ်ဆိုတဲ့ နားလည်မှုမျိုးရှိတယ်ဆိုတာကို မြင်စေပါတယ်။ ပြီးတော့  ဒီ တက္ကသိုလ်ပရ၀ုဏ်ဟာ အယူဝါဒ ဘယ်လောက်များများကို ကိုယ်စားပြုထားတယ်ဆိုတာ ကျောင်းသားတွေ တအံတသြ သိရှိစေပါတယ်။”
    အမေရိကန်များအကြား အစ္စလာမ်၏ ပုံရိပ်အမှန်ကို ဖော်ပြရန် အမေရိကန် မွတ်စလင်များက လှုပ်ရှားမှုအများအပြားကို ပြုလုပ်ခဲ့ကြသည်။
    မွတ်စလင်အများစု ယုံကြည်လိုက်နာကြသည့် ဂျီဟတ်၏ အဓိပ္ပါယ်အစစ်အမှန်ကို ရှင်းပြသည့် လှုပ်ရှားမှုတစ်ခုကိုလည်း မွတ်စလင်တက်ကြွလှုပ်ရှားသူများက ချီကာဂိုမြို့တွင် ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ထို လှုပ်ရှားမှာ ဆန်ဖရန်စစ္စကိုနှင့် ၀ါရှင်တန် ဒီစီမြို့များသို့လည်း ပျံနှံသွားခဲ့လေသည်။
    Ref: OnIslam