News @ M-Media

Tag: US Muslims

  • အမေရိကန် မွတ်စလင် ဆရာဝန်များ စုပေါင်း၍ ကယ်ရိုလိုင်းနားတွင် အခမဲ့ဆေးခန်း ဖွင့်လှစ်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃
    M-Media
    Muslim Free Clinic Success Story
    ကိုင်ရို။     ။အစ္စလာမ်ဘာသာ၏ မရှိဆင်းရဲသားများအား ကူညီပေးရမည်ဟူသော သင်ကြားမှု အပေါ် ၄င်းသူမ၏ စိတ်ကူးကို အကောင်အထည်ဖော်သည့်အနေဖြင့် အမျိုးသမီး အထူးကုဆရာဝန် Dr.Reshma Khan ဦးဆောင်၍ South Carolina ပြည်နယ် တွင် ချို့တဲ့ နွမ်းပါးသူများနှင့် ကျန်းမာရေး အာမခံ မရှိသူ အမေရိကန် နိုင်ငံသားများအတွက် အခမဲ့ ဆေးကုခန်းဖွင့်လှစ်လိုက်သည်။”ယခုလို ဆင်းရဲနွမ်းပါးသူများကို ကူညီခြင်းသည် ကျမ်းတော်မြတ် ကုရ်အာန်က တသတ်မတ်တည်း သင်ကြားထားတဲ့ လူနေထိုင်မှု ဘ၀ရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပါတယ်” ဟု သူမက ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် The Post and Courier သတင်းသို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

    “ယုံကြည်မှု သစ္စာတရားဆိုတာ လက်တွေ့ မှာ လည်း လုပ်ဆောင်ရမှာပါ ” ဟု (၂၀၁၂) ဇန်န၀ါရီလ တွင် Mount Pleasant တွင် အခမဲ့ ဆေးခန်းအား သူမက စတင်ဦးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ North America Relief USA ၏ Islamic Circle အဖွဲ့သည်  Lowcountry Boulevard ရှိ ရုံးခန်း အဆောက်အဦးတွင် အခန်းသုံးခန်းပါ ဆေးခန်း အား ငှားပေးခြင်းဖြင့် မွတ်စ်လင် ဆရာဝန်များအား ကူညီခဲ့ပါသည်။

    Dr.Reshma ၏ အမျိုးသားဖြစ်သူ ရောဂါဗေဒဆေးဝါးဆိုင်ရာ အထူးကု Dr.Ahsan Khan ကလည်း ဆေးရုံမှာပါဝင် တာဝန်ယူ လျက်ရှိပါသည်။ယခုလို ချို့တဲ့သူများအတွက် အခမဲ့ ဆေးခန်းဖွင့်လှစ်ခြင်းသည် အမေရိကန်မွတ်စလင် ဆရာဝန်များအတွက်တော့ ပထမအကြိမ်မဟုတ်ပါ။နောက်ထပ်ဆေးခန်း တစ်ခုကိုလည်း Islamic Foundation of Greater St.Louis နဲ့ Volunteers in Medicine အဖွဲ့အစည်းနှစ်ခုရဲ့ စုပေါင်းအင်အားနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖွင့်လှစ်နိုင်ခဲ့ပါသည်။

    “ဒီအခမဲ့ဆေးခန်းကိုလာပြတဲ့ လူနာအများစုက မွတ်စလင်မဟုတ်သူတွေပါ။ ကျွန်မကတော့ မတူညီတဲ့လူတွေ၊ မတူညီတဲ့ နှလုံးသားတွေ မတူညီတဲ့ ယုံကြည်မှုတွေနဲ့ မတူညီသော လူမျိုးတွေ အများကြီးကို တွေ့ရပါတယ်။ ကျွန်မ ဒီလောက် လူအများကြီးကို တွေ့ပြီး ဆေးကုသပေးရတာ တကယ်ပဲ မငြိုငြင်မိပါဘူး၊ လူနာတွေရဲ့တစ်ဝက်လောက်ပေါ့နော် လူသုံးရာနီးပါးလောက် က အလုပ်လက်မဲ့တွေပါ၊ လူနာတစ်ယောက်ချင်းစီမှာလည်း အမျိုးမျိုးသော နောက်ကြောင်းတွေ ရှိနေတတ်ပါတယ်” ဟု Dr.Khan က ပြောပါတယ်။

    မွတ်စ်လင်မဟုတ်တဲ့ Michele McFadden က  ” ကျွန်တော် ဟာ အခြားဆေးရုံတစ်ခုမှာအလုပ်လုပ်ပါတယ် ။ ဒါပေမယ့် ကျွန်တော်မှာ ကျန်းမားရေး အာမခံ(Health Insurance) မရှိပါဘူး ၊ ဘာလို့လဲဆိုတော့ ကျွန်တော် က နေ့စား အလုပ်သမားဖြစ်နေလို့ပါ ၊ ဒါပေမယ့် နေမကောင်းလို့  ဒီ Shifa အခမဲ့ ဆေးခန်းကိုလာရင် ဘာမှပြသနာမရှိပါဘူး ၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်းဆိုတာ အလွန်ကို သာတူညီမျှ နဲ့ လူတိုင်းအတွက်ပါ၊ လူနာသည် မည်သည့် ဘာသာဝင် မည်သည် လူမျိုးမဆို ကိစ္စမရှိပါဘူးလို့ Dr.Khan က ပြောနေကျပါ” ဟု ပြောပါတယ်။

    “ကျွန်မရဲ့ ရည်ရွယ်ချက်က တော့ ဖန်ဆင်းရှင်ကို နာခံဖို့ပါ ၊ အဖန်ဆင်းခံလူသားများ၏ လိုအပ်ချက်ကို ကူညီပေးခြင်း သည် ဖန်ဆင်းရှင်အား နာခံခြင်းအတွက်အ ကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါတယ်၊ အသျှင်မြတ် က ကျွန်မကို ဒီဆေးပညာ ပေးထားတာပါ၊ ဒီပညာကို ကျွန်မကိုယ်ကျိုးထက် အများအကျိုးအတွက် အသုံးချဖို့လိုပါတယ်” ဟု Shifa အခမဲ့ ဆေးခန်းကို ဦးစီးသူ Dr.Khan က ပြောကြားခဲ့ပါသည်။            ။

  • ယေရှုခရစ်ကို ကြမ်းကြုတ်သူ အဖြစ် ရိုက်ကူးသော ရုပ်ရှင်ကို အမေရိကန် မွတ်စလင်များ ဒေါသဖြစ်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
    M-Media

    ကိုင်ရို။ ။ယေရှုခရစ်တော်အား ကြမ်းကြုတ်သူ၊ သွေးရူးသွေးတန်း ဖြစ်နေသူတစ်ဦးပုံစံ ရိုက်ကူးထားသည့် အမေရိကန် ရုပ်ရှင်တစ်ခုက ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များနှင့် ခရစ်ယာန် သန်းပေါင်းများစွာအား စော်ကား သကဲ့သို့ဖြစ်နေပြီး အမေရိကန်မွတ်စလင်များထံမှ ကန့်ကွက် ရှုတ်ချမှုကို ဖိတ်ခေါ်လျက်ရှိသည်။

    Jesus movie.jpg1

    “ယေရှု(ငြိမ်းချမ်းမှု သက်ရောက်ပါစေ) နဲ့ ပက်သက်ပြီး ဒီလို လွဲမှားစွာဖော်ပြမှုဟာ သူ့ရဲ့ သတင်းစကားကို ယုံကြည်သူအားလုံးနဲ့ မွတ်စလင်တွေကို လွန်လွန်ကျူးကျူး စော်ကားခြင်းသာ ဖြစ်ပါတယ်။ ” ဟု OnIslam.net မှ ဖေဖော်ဝါရီ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့က ရရှိသော ကြေညာချက်တွင် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (Council on American-Islamic Relations) ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ နီဟတ် အ၀ဒ် (Nihad Awad) က ပြောဆိုထားသည်။

    NBC ရုပ်သံဌာနက “Saturday Night Live” အစီအစဉ်တွင် ထုတ်လွှင်ခဲ့သော ရုပ်ရှင်နမူနာတွင် ယေရှုအား ကြမ်းကြုတ်သူ၊ သွေးရူးသွေးတန်း ဖြစ်နေသူ တစ်ဦးပုံစံအဖြစ် လည်းကောင်း၊ သေနတ်တ၀င့်ဝင့်ကိုင်ကာ ရောမတို့အား တိုက်ခိုက်ချေမှုန်းသူ တစ်ဦးအဖြစ်လည်းကောင်း ရိုက်ကူးပုံဖော်ထားသည်။

    “ရယ်ရွှင်ဖွယ်ရာ တုန့်ပြန်မှုတစ်ခုကို ဖြစ်စေဖို့ တုန်လှုပ်ဖွယ်ပုံရိပ်တွေ၊ ယုတ္တိကင်းမဲ့မှုတွေ အသုံးပြုထားတာကို ကျနော်တို့မြင်ရတဲ့အခါ၊ သန်းပေါင်းများစွာသော ခရစ်ယာန်တွေ၊ မွတ်စလင်တွေ ကြည်ညိုလေးစားတဲ့ ဘာသာရေး ပြယုဂ်တစ်ဦးကို ဒီလို မနှစ်မြို့ဖွယ် ပုံဖော်မှုဟာ ဟာသ စည်းမျဉ်းကို ကျော်လွန် လုပ်ဆောင်တာဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အားလုံးအတွက် လွတ်လပ်စွာ ပြောဆိုမှုကို ကျနော်တို့ လေးလေးနက်နက် ထောက်ခံပါတယ်။ ဒါပေမယ့် အခြားသူတွေရဲ့ ယုံကြည်မှုအတွက် လေးစားမှုနဲ့ လူမှုကျင့်ဝတ်တွေကို အလေးထားရပါလိမ့်မယ်။ ဒီလို မကောင်းတဲ့ ပုံဖော် ရိုက်ကူးမှုတွေကိုလည်း ရှောင်ရှားရပါလိမ့်မယ်။ ” ဟု အ၀ဒ် ကဆိုသည်။

    တမန်တော်များအား အသရေဖျက်ထားသည့် ရုပ်ရှင်ရိုက်ကူးမှုများမှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တမန်တော်မိုဟာမက် (ငြိမ်းချမ်းမှု သက်ရောက်ပါစေ) အား ပျက်ရယ်ပြုထားသည့် အမေရိကန်လုပ် ရုပ်ရှင်တစ်ခု ထွက်ရှိခဲ့လေသည်။ အဆိုပါ ရုပ်ရှင်ကြောင့် မွတ်စလင်ကမ္ဘာတွင် ကြီးမားသည့် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လစ်ဗျားနိုင်ငံရှိ အမေရိကန် သံအမတ် အပါအ၀င် လူအများအပြား သေဆုံးခဲ့သည်။

    နောက်ပိုင်းတွင် ဘာသာရေးဆိုင်းရာစော်ကားမှုကို ပိတ်ပင်တားမြစ်ခြင်းနှင့်ပက်သက်၍ ကုလသမ္မဂ္ဂမှ အဖြေရှာရန် ဆော်သြမှုများလည်း ရှိခဲ့လေသည်။

    ကြီးကျယ်သော တမန်တော်တစ်ပါး

    မွတ်စလင်များက ယေရှုကို အလ္လာအရှင်မြတ်၏ တမန်တော်များထဲမှ တစ်ဦးအဖြစ် ကြည်ညိုလေးစားကြသည်ဟု အ၀ါဒ် ကဆိုသည်။

    “မွတ်စလင်တွေက ယေရှုကို အလ္လာဟ်ရှင်မြတ်စေလွှတ်တော်မူတဲ့ တမန်တော်တွေထဲက တစ်ပါးအဖြစ် ချစ်ခင်လေးစားကြတယ်ဆိုတာကို လူတော်တော် များများက မသိကြပါဘူး။ ယေရှုရဲ့ နာမတော်ကို ပြောတိုင်းပြောတိုင်းမှာ မွတ်စလင်တွေဟာ “ငြိမ်းချမ်းမှုသက်ရောက်ပါစေ” ဆိုတာကို ထည့်ပြောလေ့ရှိပါတယ်။” ဟု သူက ဆိုသည်။

    မွတ်စလင်များသည် ယေရှုအား အလ္လာဟ်အရှင်မြတ်၏ တမန်တော်များမှ တစ်ပါးအဖြစ်လည်းကောင်း၊ မေရီသခင်မ၏ သားအဖြစ်လည်းကောင်း လက်ခံ ယုံကြည်ကြပြီး အလ္လာဟ်အရှင်မြတ်၏ သားတော် အဖြစ် ယုံကြည်ခြင်းမရှိပေ။

    ယေရှုကို ကုန်အာန်ကျမ်းတော်မြတ်တွင် အီစာ(Isa) ဟုခေါ်ဝေါ်ပြီး၊ အလ်-မစီ(the Christ) ဟူ၍လည်းကောင်း၊ အစ်ဗနေ့ မရ်ယမ် (Son of Mary) ဟူ၍ လည်းကောင်း သုံးနှုန်းထားသည်။

    လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရခြင်းနှင့်ပက်သက်၍ မွတ်စလင်များက ယုံကြည်ခြင်းမရှိဘဲ၊ လက်ဝါးကပ်တိုင် အတင်မခံရဘဲ ကောင်းကင်သို့ ဆောင်ယူခြင်း ခံရသည် ဟူ၍သာ လက်ခံထားကြသည်။

    နောက်ဆုံးနေ့ မတိုင်မှီအချိန်တွင် အမှန်တရားနှင့် တရားမျှတမှုကို ရယူရန်၊ အလ်-မစီအား ဆန့်ကျင်သူကို တွန်းလှန်ရန်နှင့် ငြိမ်းချမ်းမှုကို ပြန်လည် ထိန်းသိမ်းရန် ယေရှုသည် ဤကမ္ဘာမြေသို့ ပြန်လည် ကြွရောက်လာမည်ဟု မွတ်စလင်များက ယုံကြည်ကြသည်။

    Ref:OnIslam

  • ဆင်းရဲသားများ အတွက် ချီကာကိုမြိုမှ မွတ်စလင်များ၏ လူမှုကူညီရေး လုပ်ဆောင်မှုများ

    IMAN.jpg1.jpg2.jpg3ကိုင်ရို။ ။ ပိုမိုကောင်းမွန်သော ဘ၀တည်ဆောက်ရန် ဘာသာတရားက မောင်းနှင်ပေးခြင်းကြောင့်၊ ချီကာဂိုရှိ မွတ်စလင် စေတနာ့ဝန်ထမ်းများက ဆင်းရဲသော အမေရိကန်များအတွက် လူမှုရေးကူညီရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

    “အလှူဒါနပြုခြင်းဟာ ကျနော်တို့သာသနာရဲ့ အစိတ်အပိုင်းတစ်ခုပါ။” ဟု Inner-City Muslim Action Network (IMAN) အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ Adiba Khan က ၀ါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။

    မွတ်စလင် အန်ဂျီအို အဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ချီကာဂိုမြို့ရှိ ဆင်းရဲသော အိမ်နီးချင်းများ၏ လူနေမှုဘ၀ တိုးတက်စေရန်အတွက် ကူညီလုပ်ဆောင်လျက်ရှိသည်။

    IMAN မှာ ထို အန်ဂျီအို အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပြီး ဆင်းရဲသောသူများအတွက် ကျန်းမာရေးကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ရန် အခမဲ့ဆေးပေးခန်းတစ်ခု ဖွင့်လှစ်ပေးခဲ့သည်။

    “စောင့်ရှောက်မှုလုပ်ငန်းရဲ့ အရည်အသွေးကတော့ အံ့မခန်းပါပဲ။ ဆရာဝန်က သိပ်ကို နားလည်မှုရှိပါတယ်။” ဟု သွေးဖိအား ပြဿနာကြောင့် ဆရာဝန်ပြသရန်စောင့်ဆိုင်းနေသည့် လူနာ Yolanda Voss က ဆိုသည်။

    IMAN အဖွဲ့ကို အသက် ၄၀ အရွယ်ရှိ မွတ်စလင်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ Rami Nashashibi က ဖွဲ့စည်းခဲ့ပြီး ချီကာဂိုမြို့ရှိ အကျဉ်သားဟောင်းများအတွက် အလုပ်အကိုင်များ၊ နေရာထိုင်ခင်းများ ရရှိအောင်လည်း ကူညီဆောင်ရွက်ပေးလေသည်။ ၎င်းအပြင် မွတ်စလင်များအား အနုပညာ၊ လူမှုရေးကူညီမှုလုပ်ငန်းများနှင့် ဆယ်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ကဗျာရွတ်ဆိုပွဲများ၊ မြို့တွင်းဈေးရောင်းပွဲတော်များကိုလည်း ကျင်းပပေးခဲ့သည်။

    အခြား မွတ်စလင်အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်သည့် Council for the Advancement of Muslim Professionals (မွတ်စလင် အတတ်ပညာရှင်များ တိုးတက်ရေးကောင်စီ) ကလည်း ထိုကဲ့သို့ ကူညီမှုများကို ဆောင်ရွက်လေသည်။ အဆိုပါကောင်စီမှာ နွေဦးကာလရောက်တိုင်း အီလီနွိုက်စ် ပြည်နယ်လွှတ်တော် အဆောက်အအုံတွင် မွတ်စလင်လူငယ်များ စုရုံကား နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်လေ့ရှိကြသည်။

    ချီကာဂိုမြို့တွင် မွတ်စလင်ဦးရေ ၄ သိန်းခန့်ရှိကာ နိုင်ငံအတွင်း အကြီးဆုံးမွတ်စလင် လူ့အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်နိုင်ငံရှိ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၆ သန်းမှ ၈ သန်းအထိ ရှိသည်။

    မွတ်စလင် တက်ကြွလှုပ်ရှားသူများ တိုးတက်လာခြင်းမှာ အမေရိကန်နိုင်ငံအတွင်း အစ္စလာမ့်ပုံရိပ် အစစ်အမှန်ကို ရောင်ပြန်ဟပ်စေသည်ဟု လေ့လာစောင့်ကြည့်သူများက ယူဆကြသည်။

    နိုင်ငံတစ်ဝှမ်း ကွန်ယက်ဖွဲ့ထားသည့် လူငယ် တက်ကြွလှုပ်ရှားသူများ ဦးဆောင်သည့် မွတ်စလင် ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းများ တစ်ဟုတ်ထိုး တိုးတက်လာခြင်းက “ယခုလက်ရှိ အမေရိကမှ အစ္စလာမ်သာသနာ၏ အရေးအကြီးဆုံး မှတ်တမ်းပင်ဖြစ်သည်”ဟု ကောလိပ်အခြေပြု Interfaith Youth Core အဖွဲ့ကို ဖွဲ့စည်းတည်ထောင်သူ Eboo Patel က ၀ါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။

    ဟားဗတ် ခရစ်ယာန်ဓမ္မ သင်တန်းကျောင်း၏ ဌာနမှူးဟောင်းဖြစ်သူ Jane I. Smith ကလည်း “နေရာတော်တော်များများမှာ ဒီလို ကောင်းမွန်တဲ့ကိစ္စတွေ ဖြစ်နေပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ကတော့ ချီကာဂိုဟာ အမျိုးအစား အားလုံး ရှိနေတဲ့ နေရာလို့ ထင်မိပါတယ်။ ကျောထောက်နောက်ခံ ပေါင်းစုံက ကိုယ်စားပြုတဲ့သူတွေရှိတယ်။ ပြီးတော့ အစ္စလာမ်ကို ချဉ်းကပ်ရာမှာ နည်းလမ်း မျိုးစုံလည်း ရှိပါတယ်။” ဟု ဆိုသည်။

    IMAN နှင့် အခြားမွတ်စလင် အန်ဂျီအို အဖွဲ့များ၏ အောင်မြင်မှုများမှာ မွတ်စလင် တက်ကြွလှုပ်ရှားသူများကို အားကျစေခဲ့ပြီး ဒက်ထရွိုက်၊ အတ္တလန်တာ၊ နယူးယောက်နှင့် ၀ါရှင်တန်ဒီစီမြို့များအပါအ၀င် အခြားမြို့ကြီးများတွင်လည်း ထိုကဲ့သို့ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

    ချီကာဂိုမြို့ရှိ မွတ်စလင် တက်ကြွလှုပ်ရှားများ၏ အားထုတ်မှုများမှာ လူမှုရေး ဘက်တွင်သာမကဘဲ သာသနာရေးနှင့်ပက်သက်၍ နားလည်မှုလွဲမှားခြင်းအား ဖြေရှင်းမှုများကိုလည်း ချဲ့ထွင်လုပ်ဆောင်ခဲ့ကြသည်။

    မကြာသေးမှီကပင် မွတ်စလင် အများစု သက်ဝင်ယုံကြည်၊ လိုက်နာကြသည့် ဂျီဟာဒ်၏ အဓိပ္ပါယ်အစစ်အမှန်ကို ရှင်းပြသည့် လှုပ်ရှားမှုတစ်ကိုလည်း ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါလှုပ်ရှားမှုမှာ ဆန်ဖရန်စစ္စကို မြို့နှင့် ၀ါရှန်တန်ဒီစီ မြို့များသို့ ပျံနှံသွားခဲ့သည်။

    မကြာသေးမီက ကောက်ယူခဲ့သော မှတ်တမ်းများအရ အမေရိကန်နိုင်ငံသား အများစုမှာ အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ၏ အကြောင်းကို အနည်းငယ်မျှသာ သိရှိသည်ဟု သိရသည်။ လူထုဆန္ဒကောက်ယူ စစ်ဆေးရာတွင် အမေရိကန်မွတ်စလင် အများစုမှာ တိုင်းပြည်ကိုချစ်သူများ၊ တိုင်းပြည်အပေါ်တွင် သစ္စာစောင့်သိသူများ၊ ၎င်းတို့၏ အနာဂတ်နှင့် ပတ်သက်၍ အကောင်းမြင်သူများဖြစ်သည်ဟု တွေ့ရှိရလေသည်။

    source:onislam.net