News @ M-Media

Tag: WuhanVirus

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဒီဇင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    ဝူဟန်မြို့

    ပြင်သစ်သမ္မတ မာခရွန် ကိုဗစ်ကူးစက်ခံရ

    သမ္မတ အီမန်နျူယဲလ်မာခရွန်ဟာ ကိုဗစ်ကူးစက်ခံထားရပြီး တစ်ပတ်တာ ကွာရန်တင်းဝင်သွားမယ်လို့ ပြင်သစ်သမ္မတရုံးက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    အသက် ၄၂ နှစ်အရွယ် မာခရွန်ဟာ ရောဂါလက္ခဏာတွေ ပြတာကြောင့် ကိုဗစ်စစ်ခဲ့တာပါ။ အသက် ၆၇ နှစ်အရွယ် သမ္မတကတော်နဲ့ ဝန်ကြီးချုပ် ဂျီင် ကက်စ်တက်စ်တို့လည်း ကွာရန်တင်း ဝင်နေပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မာခရွန်နဲ့တွေ့ဆုံခဲ့တဲ့ ဥရောပထိပ်ပိုင်းခေါင်းဆောင်တွေထဲက တော်တော်များများက သူတို့လည်း ကွာရန်တင်းဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    မာခရွန်ဟာ ကွာရန်တင်းဝင်နေပေမယ့် လုပ်ငန်းတာဝန်တွေကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    WHO အဖွဲ့ ဝူဟန်သွားပြီး ကိုဗစ်အကြောင်း စုံစမ်းမည်

    ကိုဗစ်ရောဂါပိုးရဲ့ ရင်းမြစ်ကို လေ့လာစုံစမ်း ဖော်ထုတ်ဖို့အတွက် ပညာရှင် ၁၀ ဦးပါတဲ့အဖွဲ့ဟာ လာမယ့်လမှာ ​တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားရောက်မယ်လို့ WHO က ထုတ်ပြန်ပါတယ်။

    ကိုဗစ်ဟာ ဝူဟန်မြို့ အသားငါးရောင်းတဲ့စျေးက ကူးစက်တာလို့ သတင်းထွက်တာပါ။ ဒီကိစ္စအတွက် နိုင်ငံတကာ ပညာရှင်တွေ လာရောက်စူးစမ်းဖို့ တရုတ်ဟာ အရင်တုန်းက ခါးခါးသီးသီး ငြင်းခဲ့ပါတယ်။

    WHO အဖွဲ့ထဲမှာ ပါဝင်မယ့် ပညာရှင် ရောဘတ်ခို့က အခုခရီးစဉ်ဟာ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မဟုတ်ဘဲ ဝူဟန်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ စုံစမ်းဖို့၊ ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး အနာဂတ်မှာဖြစ်လာမယ့် အန္တရာယ်ကို တားဆီးဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုဗစ်ဟာ တရုတ်အစိုးရက ဖန်တီးပြီး ဖြန့်တာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီး ဒီအတွက် တရုတ်အစိုးရနဲ့ တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

    ယူကေတွင် တစ်ပတ်အတွင်း လူ ၁ သိန်းကျော် ကိုဗစ်ကာကွယ်ဆေးထိုး

    ယူကေမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူပေါင်း ၁၃၇၈၉၇ ဦး ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရခဲ့ပါတယ်။

    ယူကေဟာ Pfizer / BioNTech ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံး အသုံးပြုတဲ့နိုင်ငံပါ။ လက်ရှိမှာ ကာကွယ်ဆေးစင်တာ ၂၀၀ လောက်ရှိနေပြီး နောက်တစ်ပတ်အတွင်း တစ်ထောင်လောက်အထိ တိုးချဲ့ဖို့ ရှိနေပါတယ်။

    ယူကေအစိုးရဟာ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် ၇၀ ကျော်အရွယ်တွေကို ဦးစားပေး ထိုး​ပေးနေတာ ဖြစ်ပါတယ်။

    ယူကေမှာ ကိုဗစ်ကာကွယ်ဆေးစထိုးတဲ့ တစ်ပတ်အတွင်း ဓာတ်မတည့်သူ ၂ ဦးသာ တွေ့ခဲ့ရပါတယ်။ ဆေးရဲ့ အန္တရာယ်ကင်းမှုကို စိတ်ချရပေမယ့် ဆေးသယ်ယူရေးမှာ အခက်အခဲတစ်ချို့ရှိတယ်လို့ ယူကေအစိုးရက ပြောကြားထားပါတယ်။

    Ref: BBC, CNN

  • ဆော်ဒီအာရေဗျတွင် ကိုဗစ်ကာကွယ်ဆေး စထိုး

    ဆော်ဒီအာရေဗျတွင် ကိုဗစ်ကာကွယ်ဆေး စထိုး

    ​ဒီဇင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    -ဆော်အာရေဗျနိုင်ငံမှာ မနေ့က Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိလာခဲ့ပြီးတဲ့နောက် ဒီကနေ့မှာ စတင်ပြီး ကာကွယ်ဆေးထိုးနှံနေပြီ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးနှံမယ့်စင်တာတွေကို နောက် ၃ ရက်အတွင်း ဝေငှ ဖြန့်ဖြူးပေးသွားမှာပါ။

    ကာကွယ်ဆေးထိုးနှံရေးအတွက် အွန်လိုင်းက စာရင်းပေးမှုကို ဆော်ဒီက အင်္ဂါနေ့မှာ စတင် လက်ခံခဲ့တာဖြစ်ပြီး လက်ရှိ နိုင်ငံတစ်ဝှမ်း စာရင်းပေးထားသူ ၁ သိန်းခွဲလောက် ရှိနေပါတယ်။

    ဆော်ဒီဟာ နိုင်ငံသားတွေနဲ့ နိုင်ငံအတွင်း ရှိနေသူအားလုံးကို အခမဲ့ ကာကွယ်ဆေး ထိုးပေးမယ်လို့ ကြေငြာထားတာပါ။ ဒါပေမယ့် မထိုးမနေရမဟုတ်ဘဲ ကိုယ့်ရဲ့သဘောဆန္ဒ​အတိုင်းပဲလို့ ဆော်ဒီအစိုးရက ပြောပါတယ်။

    “ဆော်ဒီအာရေဗျက ဒေသအားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရေးစင်တာတွေ ထားရှိသွားမှာ ဖြစ်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သောင်ဖစ်က် အလ် ရာဘီယာက ပြောကြားခဲ့ပါတယ်။

    အခုရောက်လာတဲ့ Pfizer-BioNTech ကာကွယ်ဆေးဟာ အန္တရာယ်ကင်းတယ်လို့လည်း ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    Ref: Alarabiya

  • တောင်ကိုရီးယားတွင် ကိုဗစ်ကူးစက်မှု စံချိန်တင်မြင့်တက်

    တောင်ကိုရီးယားတွင် ကိုဗစ်ကူးစက်မှု စံချိန်တင်မြင့်တက်

    ဒီဇင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    -တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု စံချိန် မြင့်တက်လာတာကြောင့် အာဏာပိုင်​တွေက ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်းဥပဒေတွေထုတ်ဖို့ ပြင်ဆင်နေပါတယ်။

    ဒီကနေ့ ကူးစက်မှုအရေအတွက်ဟာ ၁၀၇၈ ဦးရှိခဲ့ပြီး ကိုဗစ်စတင်ပြန်နှံ့ပြီးတဲ့နောက်ပိုင်း တစ်နေ့တာ အမြင့်ဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။ သေဆုံးသူက ၁၂ ဦး ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၆၁၂ ဦး ရှိလာတာပါ။

    တောင်ကိုရီးယားမှာ စုစုပေါင်း ကိုဗစ်ကူးစက်သူအရေအတွက်က ၄၅၄၄၂ ဦး ရှိလာပြီ ဖြစ်ပါတယ်။ အခု ကူးစက်မှုအသစ်တွေကို မြို့တော်ဆိုးလ်၊ အနီးအနားက ဂျုံဂျီပြည်နယ်နဲ့ အင်ချန်မြို့တွေမှာ အများဆုံး တွေ့ရတာပါ။

    ကိုဗစ်ကပ်ရောဂါ အစောပိုင်းမှာ တောင်ကိုရီးယားဟာ ထိန်းချုပ်မှု အကောင်းဆုံးလုပ်နိုင်တဲ့ နိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

    ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အတွက် အရေးပေါ် ဆေးရုံတွေ ပြင်ဆင်တာ၊ ​ကိုဗစ်သီးသန့် စမ်းသပ်ကုသတဲ့ ဒေသန္တရဆေးခန်းတွေ တိုးချဲ့ဖွင့်လှစ်တာ၊ စစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်တာတွေကို အာဏာပိုင်တွေက လုပ်​နေပါတယ်။

    အခုကိုဗစ်လှိုင်းမှာ တစ်နေ့ကို ကူးစက်သူ ၁၂၀၀ လောက်အထိ ရှိလာနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

    Ref: Aljazeera

  • တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ပီရူးရပ်ဆိုင်း

    တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ပီရူးရပ်ဆိုင်း

    ဒီဇင်ဘာ ၁၃၊ ၂၀၂၀
    M-Media

    -စမ်းသပ်ထားသူတစ်ယောက်မှာ အာရုံကြောဆိုင်ရာ ရောဂါတစ်ခု ဖြစ်လာခဲ့ပြီးတဲ့နောက် တရုတ်အစိုးရဆေးကုမ္ပဏီ Sinopharm က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုကို ပီရူးနိုင်ငံက ရပ်ဆိုင်းလိုက်ပါတယ်။

    ပီရူးဟာ ဒီကာကွယ်ဆေးကို လူ ၁၂၀၀၀ မှာ စမ်းသပ်ခဲ့ပြီး ရလဒ်ကို ဒီတစ်ပတ်မှာ သုံးသပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုးထားသူလူတစ်ဦးဟာ လက်တွေ လှုပ်လို့မရတော့တဲ့အခြေအနေကို ကြုံတွေ့ခဲ့တာကြောင့် စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    “ပြီးခဲ့တဲ့ရက်အနည်းငယ်က စမ်းသပ်မှုမှာပါဝင်သူတစ်ယောက်မှာ Guillain-Barre ဆင်ဒရုန်းဖြစ်နိုင်တဲ့ လက္ခဏာမျိုး တွေ့ရကြောင်း အာဏာပိုင်တွေဆီ ကျွန်တော်တို့ အကြောင်းကြားခဲ့ပါတယ်” လို့ စမ်းသပ်မှုဆိုင်ရာ အကြီးအကဲ ဂျာမန် မာလာဂါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြာခဲ့ပါတယ်။

    ပီရူးဟာ စမ်းသပ်မှုအောင်မြင်ရင် တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၂၀ လောက် ဝယ်ယူဖို့ စီစဉ်ထားတာပါ။ Sinopharm ထုတ် ကာကွယ်ဆေးကို အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျတို့ အပါအဝင် ကမ္ဘာတစ်ဝှမ်းက လူ ၆ သောင်းလောက်မှာ စမ်းသပ်နေတာပါ။

    ကိုဗစ်ကူးစက်ပြီး သေဆုံးမှုနှုန်းမှာ ပီရူးနိုင်ငံက အမြင့်ဆုံးဖြစ်ပြီး ၃ သောင်း ၆ ထောင်ကျော် ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း ကူးစက်မှု အလွန်အမင်းမြင့်တက်လာတာကြောင့် ပီရူးဟာ ဒေသ ၅ ခုမှာ ယာယီအရေးပေါ်အခြေအနေ ကြေငြာခဲ့ရပါတယ်။

    Ref: CNA

  • Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးသည့် နိုင်ငံ ၅ နိုင်ငံ ရှိလာ

    Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးသည့် နိုင်ငံ ၅ နိုင်ငံ ရှိလာ

    ဒီဇင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    -အမေရိကန်-ဂျာမန် ဆေးကုမ္ပဏီ Pfizer-BioNTech က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အခြေအနေတွေမှာ အသုံးပြုဖို့ မက္ကဆီကိုနိုင်ငံက မနေ့မှာ ခွင့်ပြုလိုက်ပြီး ဒီဆေးကို အသုံးပြုခွင့်ပေးတဲ့နိုင်ငံ ၅ နိုင်ငံ ရှိလာတာပါ။

    Pfizer-BioNTech ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်းထိရောက်မှုရှိပြီး ယူကေက ပြီးခဲ့တဲ့တစ်ပတ်မှာ ပထမဆုံး ပြည်သူတွေကို ထိုးပေးခဲ့ပါတယ်။ အဲဒီနောက် မနေ့က ကနေဒါ၊ အမေရိကန်နဲ့ ဘာရိန်းအစိုးရတို့ဟာ အရေးပေါ်အခြေအနေမှာ ဒီဆေးကို အသုံးပြုခွင့် ပေးခဲ့ပါတယ်။

    မက္ကဆီကို အစိုးရဟာ ကာကွယ်ဆေးအလုံးရေ ၂၄.၄ သန်း မှာယူဖို့ စာရင်းပေးထားပြီး အခုလနှောင်းပိုင်းမှာ ၂ သိန်းခွဲ စတင်ရရှိကာ ပြည်သူတွေကို ထိုးပေးမှာဖြစ်ပါတယ်။ စုစုပေါင်း လူ ၁၂၅၀၀၀ ထိုးနှံခွင့်ရမှာဖြစ်ပြီး၊ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေက ပထမဦးစားပေးအဆင့် ဖြစ်ပါတယ်။ မက္ကဆီကိုဟာ ကိုဗစ်ကူးစက်မှု စတုတ္ထအဆိုးရွားဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

    လက်ရှိ ယူကေမှာ ထိုးနှံမှုရလဒ်တွေအရ Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးဟာ အစားအစာနဲ့ ဆေးဝါး ဓာတ်မတည့်သူတွေမှာသာ ဘေးထွက်ဆိုးကျိုးရှိတာကို တွေ့ရပါတယ်။

    Ref: Reuters