News @ M-Media

Tag: Yangon

  • သန်လျင်တွင် မေ ၁ မှ ၆ ရက်ထိ ၉၆၉ တရားပွဲပြုလုပ်မည်၊ အကြမ်းဖက်မည့် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေ

    သန်လျင်တွင် မေ ၁ မှ ၆ ရက်ထိ ၉၆၉ တရားပွဲပြုလုပ်မည်၊ အကြမ်းဖက်မည့် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေ

    မေလ ၃၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    သန်လျှင်မြို့။`    ။ ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် အကြမ်းဖက်ဖျက်ဆီးမှုများ စတင်ဖြစ်ပေါ်နေပြီဟူသော သတင်းများ ယနေ့တစ်နေကုန် အင်တာနက်စာမျက်နှာများနှင့် ရန်ကုန်မြို့တွင်းတစ်ဝိုက်တွင် ထွက်ပေါ်နေပါသည်။

    ထိုသတင်းအား သန်လျင်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ သန်လျင်မှာ ယခုအချိန်ထိ အကြမ်းဖက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသေးသော်လည်း လူစုလူဝေးပြုလုပ်နေမှုများရှိနေသည်။

    မြို့မ မြောက်ရပ်ကွက် ၊ ဟံသာဝတီလမ်း ရှိ ကျူလီယာဗလီ အား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးတစ်ယောက် ရောက်လာကာ ဗလီဂေါပက အား ဗလီမှာ ဘယ်သူတွေ အိပ်လဲ၊ လူဘယ်နှစ်ယောက်အိပ်လဲလို့မေးကာ ဗလီမှာ လူမအိပ်ပါနဲ့ ဟု သတိပေး စကားပြောကြားခဲ့ကြောင်း မြို့ခံတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။

    သန်လျင်မြို့တွင် မေလ ၁-ရက်နေ့မှ မေလ ၆-ရက်နေ့အထိ ၉၆၉ တရားပွဲ ပြုလုပ်မည်ဟုသိရသည်။  မေလ ၅-ရက်နေ့တွင် ဦးပညာဝရနှင့် မေလ ၆-ရက်နေ့တွင် ဦးဝီရသူမှ ဟောကြားမည်ဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက်မည့် သတင်းများ ထွက်ပေါ်လာခြင်းကို သန်လျင်မြို့ခံများမှ အလွန်အမင်း စိုးရိမ်နေကြသည်။

    ယမန်နေ့က ဟောကြားခဲ့သော ဆရာတော်သည်လည်း ဘာသာခြား မုန်းတီးရေးကို ထည့်သွင်းလှုံ့ဆော် ဟောကြားခဲ့ပြီးနောက်ပိုင်း အချိန်မှစ၍ အကြမ်းဖက်မည့်လူစုသည် နေရာတချို့တွင် လူစုနေကြပြီဖြစ်ကြောင်း သတင်းများဖြစ်ပေါ်လာသည်။

    အဆိုပါ သန်လျှင်မြို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်က ကားနှစ်စီးဖြင့် မိုက်နဲ့အော်ကာ အစ္စလာမ့်မုန်းတီးရေး စာရွက်၊ စာတမ်းများ၊ တရားခွေများ လိုက်လံဝေဌ ခဲ့ကြောင်း သတင်းရရှိသည်။

    ယမန်နေ့ညပိုင်းကလည်း အောင်ချမ်းသာရပ်ကွက်နှင့် သန်လျင် မင်းကျောင်းရှေ့တွင် လူစုလူဝေးပြုလုပ်ခဲ့ပြီး ကုလားများ၏ဆိုင်များ၏ ဖျက်ဆီးမည်ဟု ပြောဆိုနေကြကြောင်းနှင့် မကြာခင် ရဲများရောက်ရှိပြီးနောက်တွင် လူစုကွဲသွားသည်ဟု သိရသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သပ်၍ သန်လျှင်မြို့နေ ဒေသခံတစ်ဦးနှင့် M-Media  မှ ဆက်သွယ်မေးမြန်းရာတွင် -“ ဒီမှာ ၉၆၉ တရားပွဲတွေ ကျင်းပတာ ဒီနေ့နဲ့ဆို သုံးည ရှိပါပြီ၊ ဒီနေ့ည ၉၆၉က အကြမ်းဖက် သမားတွေက ဒီည ၀င်မယ် ဆိုပြီး ကောလဟလတွေ ဖြန့်ထားပါတယ်၊ တချို့ မွတ်စလင်တွေ အိမ်မှာ ယောက်ကျာင်္းသား မရှိတဲ့ အိမ်က ရန်ကုန်ထဲက ဆွေမျိုးသားချင်း အိမ်တွေကို ပြောင်းနေကြရတယ်၊ ဒီလို အသံတွေ ကြားနေရတော့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းမာ ဖြစ်နေတဲ့ သူတွေမှာ စိတ်သောက ရောက်နေရတယ်၊ အားလုံး အထိတ်အလန့် ဖြစ်နေရတယ် ” ဟု M-Media သို့ပြောသည်။

    ယနေ့ညပိုင်း ၇း၃၀ နာရီအချိန်တိုင် သန်လျင်မြို့တွင် အကြမ်းဖက်မှု တစ်စုံတစ်ရာဖြစ်ပွားမှု မပေါ်ပေါက်သေးကြောင်း သိရသည်

  • ဥက္ကံအကြမ်းဖက်မှု အုပ်ချုပ်ရေးမှူး ဦးဆောင်ခဲ့၊ အပြင်ကလူတွေနဲ့ ဒေသခံတွေ စနစ်တကျ တိုက်ခိုက်

    မေ-၁-၂၀၁၃
    Kamayut Media

    1
    အကြမ်းဖက် တိုက်ခိုက် မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကလေးငယ်များ Photo AP

    ဥက္ကံမြို့မှာ ဘာသာရေးလူမျိုးရေး အကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်ပုံနဲ့ ဖြစ်စဉ်တွေဟာ မိတ္ထီလာမှာ အကြမ်းဖက်မှုစတင်ခဲ့တဲ့ မတ်လ ၂ဝရက်နေ့က ဖြစ်စဉ်တွေနဲ့ တူညီနေပြီး ဥက္ကံ အနီးတဝိုက်က ကျေးရွာတွေကို မီးတင်ရှို့မှုမှာ ခြောက်တဲရွာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးဆောင်ပါဝင်တာဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီလို့ ကမာရွတ်သတင်းထောက်က ဒေသခံတွေ၊ တာဝန်ရှိသူတွေကို မေးမြန်းထားချက်ကို အခြေခံပြီး ပြောဆိုခဲ့ပါတယ်။

    ကျေးရွာ ၄ရွာက အိမ်ခြေ ၃ဝဝကျော်လောက် ဧပြီ ၃ဝရက်နေ့ညနေမှာ မီးတင်ရှို့ခံခဲ့ရတာဖြစ်ပြီး ကနဦး အကြမ်းဖက် မီးရှို့မှုတွေကို ဒေသခံတွေက လုပ်ဆောင်တာဖြစ်ပြီး နောက်ပိုင်း ပြင်ပက ဝင်ရောက်လာတဲ့ လူစိမ်းတွေက အကြမ်းဖက်မှုတွေကို စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာတွေကို ဝင်ရောက် အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူ ၁ဝဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုကို ခိုင်မာတဲ့ အတည်ပြုချက်တွေ မရရှိသေးပါဘူး။
    ဥက္ကံမြို့ပေါ်က မတော်မဆမှုဖြစ်စဉ် ပြီးဆုံးသွားပြီးနောက်ပိုင်းမှ အကြမ်းဖက်မှုကို ဦးဆောင်တဲ့ လူအုပ်ကြီးဟာ ပြင်ပကလူတွေပါဝင်နေပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ပုံစံရှိပြီး စနစ်ကျနတဲ့အကြောင်း မျက်မြင်တွေ့ရှိချက်နဲ့ မှတ်တမ်းတွေကိုကိုးကားပြီး သတင်းထောက်က ပြောဆိုခဲ့ပါတယ်။

    ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အဓိကရုဏ်းကျယ်ပြန့်လာမှာကို တားဆီးဖို့အတွက် အကြမ်းဖက်မှုကျူးလွန်သူတွေကို မှတ်တမ်းတွေနဲ့တကွ ဖမ်းဆီးမှုတွေပြုလုပ်နေပြီး လတ်တလောမှာ အခြေအနေတွေကို ယာယီ ထိန်းချုပ်ထားနိုင်တယ်ဆိုပေမယ့် ရဲနဲ့စစ်တပ် ထိန်းချုပ်မှုကင်းမဲ့တဲ့၊ သွားရေးလာရေး ခက်ခဲတဲ့ ကျေးရွာတွေမှာ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်ပွားဖို့ အလားအလာတွေရှိနေနိုင်တယ်လို့ ဆိုပါတယ်။

    ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ဟာ မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်တွေလိုပဲ ဖုန်းတွေနဲ့ ညွှန်ကြားပြီး လမ်းပြတာ၊ ရွာ ၄ရွာကို မီးတင်ရှို့ပြီးမှ မြို့ပေါ်ပြန်အထွက် ချောင်းကူး တံတားတွေကို စနစ်တကျ ဖျက်စီးခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ မလုပ်နိုင်သလို အိမ်ခြေတွေ မီးလောင်ပျက်စီးသွားတာမို့ အသက်မသေဘဲ ကျန်ရစ်သူ ရွာသားတွေဟာ ချောင်းနံဘေးမှာ ညလုံးပေါက် နေထိုင်ခဲ့ရပါတယ်။

  • ပနီပင်ရွာအား ယနေ့ ၁၁-နာရီတွင် ထပ်မံအကြမ်းဖက်မည်ဟု သတင်းများထွက်ပေါ်နေ

    ပနီပင်ရွာအား ယနေ့ ၁၁-နာရီတွင် ထပ်မံအကြမ်းဖက်မည်ဟု သတင်းများထွက်ပေါ်နေ

    မေ-၁ -၂၀၁၃
    M-Meida
    ထွန်းတောက်

    ယမန့်နေ့ညက ဥက္ကံမြို့ ဝန်းကျင်မှ မွတ်စလင်မ် အများစုနေထိုင်ရာ ရွာ(၄) ရွာအကြမ်းဖက်မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ အဆိုပါရွာ(၄) ရွာမှ ပနီပင်ရွာအား ယနေ့ ၁၁ နာရီမှာ ထပ်မံအကြမ်းဖက် မီးရှို့ဖျက်ဆီးမည့်ဟုသတင်းများ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး ဥက္ကံမြို့ ပနီပင်ရွာမှ ဒေသခံတစ်ဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ကျွန်တော် ဥက္ကံကို အခုမနက်ပဲ ပြန်ရောက်တယ်။ ညက ပနီပင်မှာရှိနေပါတယ်။ ဥက္ကံမှာတော့ တစ်ခုမှ ရစရာမရှိတော့ဘူး။ ဒီနေ့ ၁၁-နာရီကို ပနီပင်ကို ပြန်ဝင်မယ်လို့ ကြားနေတယ်။  အနောက်က ရွာတွေမှာ လူတွေစုနေတယ်တဲ့။ မနေ့တုန်းက ကိုရင်ကို တိုက်မိတဲ့ အမျိုးသမီးက ပနီပင်ကရွာက။ အဲဒါကို လုံးဝ မကျေနပ်ကြဘူး။ မနေ့က မီးရှို့တာလည်း သာမန်အိမ်တွေပဲပါသွားတာလေ။ သူတို့စာရင်းယူထားတဲ့ အိမ်တွေကဘာမှ မဖြစ်သေးဘူး။ မီးမလောင်ဘူး။ မီးမလောင်သေးတဲ့အပေါ်မှာ သူတို့မကျေနပ်ကြဘူး။ မနေ့က ပနီပင်က လူငယ်တွေကလည်း ပြန်ပြီးခုခံကြတယ်လေ။ အဲဒီအပေါ်မှာ သူတို့ လုံးဝမကျေနပ်ပဲ ဒီနေ့ထပ်ဖျက်မယ်ဆိုပြီး လူစုနေတယ်။ လူငယ်တွေ ပြန်ခုခံတယ်ဆိုတာက အကြမ်းဖက်သမားတွေက မီးကွင်းပစ်တယ်။ အဲလို မီးကွင်းပြစ်တဲ့အခါမှာ လူငယ်တွေက ၀ိုင်းပြီးလိုက်တာ။ မီးလောင်တဲ့အိမ်တွေကို အလျင်မီအောင် ရေတွေဖြန်းတယ်။ ဒါပေမယ့် အကြမ်းဖက် သမားတွေက ရေတိုင်ကီ၊ ကျောက်စည်တွေကိုလည်း ဖောက်ပစ်ကြတယ်။ ဒီဘက်က လူငယ်တွေ အင်အားကြောင့် အကြမ်းဖက်သမားတွေ ထွက်ပြေးသွားရတာ။ သူတို့မှာ စာရင်းရှိထားတဲ့ main အိမ်တွေကို မလုပ်လိုက်ရဘူး။ အဲဒီ အိမ်တွေကို လုပ်ဖို့ ပြန်ဝင်မယ်ပြောတယ်။”

    “မနေ့ညက ၂-နာရီခွဲလောက်မှာ ပနီပင်ကို စစ်သားတွေလာတယ်။ စစ်ကားတစ်စီးလာတယ်။ ဆိုင်ကယ် ၂-စီး  ရဲတွေလာတယ်။ လာပြီးတော့ ဟိုဟိုဒီဒီကြည့်ပြီး မိုးမလင်းခင် ဘယ်အချိန်ပြန်သွားလိုက်လဲတော့ မသိဘူး။ ကျွန်တော်တို့လည်း ချောင်းကမ်းစပ်ဘေးနားမှာ သွားထိုင်နေကြရတာ။ အခုမနက်လည်း ရဲကားတွေရှိတယ်။ ရွာကတစ်ခြား သူတို့စောင့်နေတာက တစ်ခြားပဲ။ သူတို့ ထိုင်စောင့်နေတာက ၄-၅-၆ ယောက်၊ ဟိုကလာမယ့်လူက ၃၀၀-၄၀၀ ၀န်းကျင်လာတာ။ အဲဒီပုံနဲ့ ဘယ်လိုလုပ်သွားပြီး နှိမ်နင်းလို့ရမလဲ၊ ဘယ်လိုလုပ်သွားပြီး တားဆီးလို့ရမလဲ။ သူတို့တွေက အားလုံး ဖျက်ဆီးပြီးသွားပြီဆို ရောက်လာပြီး စာရင်းလေးလာကောက်ကြတယ်။ မနေ့ကလည်း ဖြစ်မယ်ဆိုတာ ကြားလို့ သတင်းပေးပါတယ်။ ပနီပင်ကိုဖျက်မယ်လို့ပြောနေကြတယ်။ လူအုပ်စုက ၂၀၀-လောက်ရှိတယ်ဆိုတာ သတင်းပေးတယ်။ မယုံရင် ကျွန်တော်တို့လိုက်ပြမယ်ပြောတော့။ ‘ဟာ ငါတို့လိုက်လို့မရဘူးကွာ၊ ငါတို့လူအင်အားနဲ့မနိုင်ဘူးတဲ့’ ဒါပေမယ့်လုံခြုံရေးက ၁၀-ယောက်လောက်ပဲဆိုတော့ အကြမ်းဖက် လူအုပ်စုကြီးကို ဘယ်လိုထိန်းသိမ်းနိုင်မလဲဗျာ။ ပြီးတော့ သေနတ်သာကိုင်ထားတယ်။ သေနတ်က မြေအောက်စိုက်ထားတယ်။ ပြီးရင် အကြမ်းဖက်ခံနေရတာ ကျွန်တော်တို့ မွတ်စလင်မ်တွေပဲဖြစ်နေတယ်။”

    “ဟိုးအရင် မင်းလှတို့ အုတ်ဖိုတို့ လုပ်တုန်းက ဥက္ကံကိုလည်း လုပ်မယ် လုပ်မယ်ဆိုတုန်းက ဒီမှာ စစ်ကားတွေချလိုက်သေးတယ်။ အခု တကယ်လည်းဖြစ်ရော ချက်ချင်းလက်ငင်းဖြစ်တာမဟုတ်ဘူး။ မနက် ၈-နာရီလောက်ကဖြစ်သွားတဲ့ကိစ္စကနေ ၁၂-နာရီလောက်မှာ ကားလမ်းတွေပေါ်မှာ ချက်ချင်းလူတွေပြည့်သွားတယ်။ မိန်းမ ယောက်ျားအကုန်လုံးပဲ။ ၁-နာရီလောက်မှာတော့ စတော့တာပဲဗျာ။”

    “အခုလည်း ဒီနေ့ ၁၁-နာရီ ပနီပင်ကို ထပ်ဝင်ပြီး ဖျက်မယ်လို့ကြားနေရတယ်။ အဲဒါအတွက် ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်နေပါတယ်။ “လို့ M-Media ကို ဆက်သွယ် ပြောပြလာပါတယ်။

  • ဥက္ကံမြို့မှ အကြမ်းဖက်ခံရမှုကြောင့် မွတ်စလင်မ်တချို့ ဒဏ်ရာများနှင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ၊ ၂ ဦးကွယ်လွန်

    မေလ ၁၊ ၂၀၁၃
    M-Media
    KK

    IMAG0071

    ရန်ကုန် ။ ။ ယနေ့နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဥက္ကံမြို့ အကြမ်းဖက်ခံရမှုတွင် မွတ်စလင်မ်အချို့သည် ပြင်းထန်သော ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

    ဥက္ကံတွင် အကြမ်းဖက်ခံရမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော မွတ်စလင်မ် (၄)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ဥက္ကံမှ (၄)ဦး ခေါ်ဆောင်လာရာ တစ်ဦးသည် လမ်းတွင်ပင် ကွယ်လွန်သွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ ၄-ဦးအား ရဲနှင့်စစ်တပ်မှလည်း ပါဝင် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသော ၃-ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများရရှိထားပြီး ၂-ဦးမှာ အလွန်စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။ ခေါင်းတွင် ထိခိုက်ထားပြီး နောက်ကျောတွင်လည်း ဓါးဖြင့် ခုတ်ခံရသည် ဒဏ်ရာများရှိကြောင်းသိရသည်။ ယင်း လူနာများအား ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးနှင့် M-Media မှ ဆက်သွယ်မေးမြန်းနေစဉ်မှာပင် တစ်ဦးထပ်မံ ဆုံးပါးသွားသည်ဟု သိရသည်။

    “ဆေးရုံကို ရောက်လာတဲ့ ၃-ယောက်က ကိုဇော်ဇော်နိုင်၊ ကိုတင်ဝင်းနဲ့ ကိုအီစာလို့သိရပါတယ်။ ကိုဇော်ဇော်နိုင်က အသက် ၂၆-နှစ်ဝန်းကျင်၊ ကိုအီစာက ၃၀-ကျော်၊ ကိုတင်ဝင်းက ၂၄-နှစ်လို့ပြောတယ်။ ၃-ယောက်လုံးကတော့ အခြေအနေမကောင်းဘူး။ ၂-ယောက်ကတော့ ပိုဆိုးတယ်ဗျ။ ခေါင်းတွေကို ထိထားတယ်။ နားထဲကလည်း သွေးတွေစိမ့်ထွက်နေတယ်။ နောက်ကျောမှာလည်း ဓါးဒဏ်ရာကြီးရှိတယ်။ သူတို့မိသားစုဝင်တချို့ပါလာတယ်။သူတို့ကို ကြည့်ပြီး ကျွန်တော် စိတ်မကောင်းလို့။ NLD ကတော့ စကားပြောတယ် သူတို့နဲ့။ မိသားစုဝင်တစ်ယောက်ပဲပါတယ်။ကျန်တာတော့ သူတို့ဝန်းကျင်က လိုက်ပို့ပေးတာပါတယ်။ ကျွန်တော် သူတို့ကိုတော့ ဘာမှ မမေးဖြစ်ပါဘူး။ ကျွန်တော် ဘယ်အဖွဲ့ကမှလည်းမဟုတ်ပါဘူး။ ဒီအတိုင်း သွားကြည့်ခဲ့တာပါ။ မြင်ရတာ တော်တော်ကို စိတ်မကောင်းဘူးဗျာ။ သူတို့တွေနဲ့တော့ ကျွန်တော် စိတ်မကောင်းလို့ စကားမပြောလိုက်တော့ဘူး။ အခု ကျွန်တော်ပြောနေတုန်းပဲ ကိုဇော်ဇော်ဆိုတဲ့တစ်ယောက် ဆုံးသွားပြီဗျာ။ တကယ်ကို စိတ်မကောင်းဘူး”ဟု ဆေးရုံသို့ ရောက်ရှိခဲ့သူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

    IMAG0076

    IMG_20130430_225004014

    IMAG0074

  • ဥက္ကံတွင် အစ္စလာမ် ဘာသာဝင်တို့ နေအိမ်/ဗလီတို့အား အကြမ်းဖက်မှု ပျက်ဆီးမှု့ဓါတ်ပုံ မှတ်တမ်း

    ဧပြီ ၃၀ ၂၀၁၃

    သတင်းမီဒီယာများတွင် ဖော်ပြထားသော သတင်းဓါတ်ပုံများကို စုစည်းတင်ပြပါသည်။

    3