News @ M-Media

Tag: Youth

  • MMSY Foundation မှ “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ် ဓါတ်ပုံပြိုင်ပွဲ ဆုပေးပွဲကျင်းပ

    ဇွန် ၉၊ ၂၀၁၃
    M-Media
    သုတ

    ရန်ကုန် ။         ။        ၂၀၁၃-ခုနှစ် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ်အဖြစ် ဓါတ်ပုံပြိုင်ပွဲတစ်ရပ်ကို MMSY Foundation က ပြုလုပ်ခဲ့ရာ ယနေ့ နေ့လည်ပိုင်းတွင် ဆုပေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

    P6090091

    ယခုကဲ့သို့ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ်အဖြစ် ဓါတ်ပုံပြိုင်ပွဲ ပြုလုပ်ရခြင်းမှာ လူငယ်များအနေဖြင့် ခေတ်နှင့်တပြေးညီ အားလုံးတန်းတူ ရင်ဘောင်တန်း ပါဝင်နိုင်စေရန်၊ ဓါတ်ပုံပညာရပ်အား စိတ်ဝင်စားသော လူငယ်များအနေဖြင့် ဓါတ်ပုံပညာရပ်တွင် ပိုမိုလေ့လာနိုင်စေရန်၊ လူတိုင်း Camera အသုံးပြုနေသော ခေတ်ကာလ အခြေအနေတွင် Camera ကို ပိုမို အကျိုးရှိစွာအသုံးပြုတတ်ပြီး Quality ကောင်းသော ဓါတ်ပုံများ ချိန်ဆ ရိုက်ကူးတတ် လာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

    ယခု ၂၀၁၃-ခုနှစ် MMSY Foundation ဓါတ်ပုံပြိုင်ပွဲတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြိုင်ပွဲဝင် ဓါတ်ပုံပေါင်း ၃၄-ပုံကို လက်ခံရရှိပြီး ဇွန်လ ၂-ရက်နေ့မှ ၈-ရက်နေ့အထိ ခင်းကျင်းပြသထားခဲ့ပြီး၊ လာရောက်ကြည့်ရှုသူများ၏ အမှတ်ပေးမှုဖြင့် ရွေးချယ်ခဲ့ပြီး၊ ထိုအထဲမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ခေါင်းစဉ်နှင့် ကိုက်ညီသည့် ဓါတ်ပုံများကို ပြန်လည်ရွေးထုတ်ပြီး၊ ဓါတ်ပုံပညာရပ် ကျွမ်းကျင်သူများမှ ပြန်လည်၍ ဆုရွေးချယ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။

    ပထမဆုကို ‘ဒီမိုး၊ ဒီရေ၊ ဒီလျှပ်စစ်’ခေါင်းစဉ်ဖြင့် မသရဖီ၊ ဒုတိယဆုကို ‘Think. Eat. Save : Let’s save the world evenviroment by preserving ecosystem-keeping the natural balance of plants, animals and people in our daily lives’ ခေါင်းစဉ်ဖြင့် မမေလဲ့လဲ့အောင်၊ တတိယဆုကို ‘စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များကြောင့် မြစ်၊ ချောင်းများထဲ၌ သွားလာနေသော သင်္ဘောများ တိမ်းမှောက်သည်အထိ အန္တရာယ်ဖြစ်ပွားနိုင်’ဟူသော ခေါင်းစဉ်ဖြင့် မဆောင်းနှင်းဖြူတို့က အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။

    P6090143

    ပထမဆုရရှိခဲ့တဲ့ မသရဖီက “ဒီဓါတ်ပုံလေးက ကိုယ်တွေ့ ခံစားရတာပါ။ အဲဒီနေ့က မေလ (၂၂)ရက်နေ့ပါ။ မိုးတွေက အရမ်းရွာပြီး ရေကူးရတာ။ ရေတွေက ညစ်ပတ်နေတာပဲ။ ဖီလေးက သန်လျင်မှာနေတာပါ။ ဒီနေ့အချိန်ထိ ရေတစ်ခါမှ မကူးရဘူး။ မြို့လယ်ခေါင်ရောက်မှပဲ ရေကူးရတာပါ။ ကိုယ်လိုပဲ ညစ်ညမ်းတဲ့ရေကို ကူးနေသူတွေကို စာနာပြီး တိုက်တစ်တိုက်ပေါ်ကနေ အမှတ်တမဲ့ ရိုက်လိုက်တာ။ ရိုက်ကာမှ အန္တရာယ် လျှပ်စစ်ကြိုးတွေက ကင်မရာထဲဝင်လာပြီး သေသေချာချာ zoom ဆွဲပြီး ရိုက်လိုက်တာပါ။ နောင်လိုအပ်လာရင်လည်း သုံးလို့ရအောင်လို့ပါ။ ဖီလေးသူငယ်ချင်းကလည်း မှာဘူးတယ်။ ဓါတ်ပုံကို အားနေရိုက်နေတဲ့။ တစ်ချိန်လိုအပ်လာမယ်တဲ့။ အခုတော့ ဒီပုံလေးကို ပြိုင်ပွဲဝင်လိုက်တာ ဆုရတော့ ပျော်ပါတယ်။”ဟု သူ၏ ခံစားချက်ကို ပြောပြလာပါတယ်။