News @ M-Media

Tag: Youth

  • ဝေဝါးနေသော အနာဂတ်များ

    ဝေဝါးနေသော အနာဂတ်များ

    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    ထက်မြတ် ရေးသည်။

    2195345705_24a7c5118d

    လူငယ်များသည် အနာဂတ်ကိုပိုင်ဆိုးကြသူများဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အနာဂတ်ကို လူငယ်တို့ကသာ ပိုင်ဆိုင်သည်။ လူကြီးတို့ကမပိုင်ပါ။ အနာဂတ်ကို စဉ်းစားမည်ဆိုလျှင် လူငယ်တို့ကို ချန်လှပ်ထား၍မရပါ။ လူငယ်တွေမပါဝင်ပဲ အနာဂတ်ကိုတည်ဆောက်၍မရပါ။

    လူငယ်တွေရဲ့အနာဂတ်လှပဖို့ ဘာတွေပြင်ဆင်ကြရမည်နည်း။ သိပ်ကိုစဉ်းစားစရာကောင်းတဲ့ အရာတစ်ခုပင်ဖြစ်သည်။

    ယနေ့ခေတ်လူငယ်များအနေဖြင့် အနာဂတ်ရည်မှန်းချက်၊ ဘာဆက်လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက် အစီအစဉ်တွေနဲ့ လှုပ်ရှားလုပ်ကိုင်နေတဲ့ လူငယ်တွေရောရှိပါသေးရဲ့လား။ အနည်းငယ်တော့ရှိမည်ဟု ထင်မိသည်။ တချို့သောလူငယ်များမှာလည်း အနာဂတ်ရည်မှန်းချက် ပျောက်ဆုံးနေပြီး

    မရေရာမသေချာတဲ့ဘဝတွေနဲ့ ရပ်တည်နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ လူငယ်များတွင် သတ္တိတွေ၊ အားမာန်တွေ အပြည့်ရှိနေပါလျက်နှင့်ပင် ထိုသတ္တိ၊ အားမာန်တွေကို မည်သည့်နေရာတွင် မည်ကဲ့သို့ အသုံးချရမည်ကို လူငယ်တွေအနေနှင့် ဆန်းတဝါးဝါး ဖြစ်နေကြသည်။

    လူငယ်အချို့ကိုကြည့်မည်ဆိုလျှင် ဟိုနားထိုင်၊ ဒီနားထိုင်၊ လက်ဖက်ရည်ဆိုင်မှာ ညဥ့်နက်သန်းခေါင်ချိန်ထိ ဘောလုံးပွဲကြည့်။ ဘောလုံးပွဲကြည့်ရတာကိုက သူတို့အတွက် အလုပ်တစ်ခုလိုပင်ဖြစ်နေတော့သည်။ လူငယ်အချို့မှာလည်း ပညာမတတ်တဲ့အနေအထားတစ်ခုကို ရောက်နေကြတယ်။

    မိသားစုစီးပွားရေးအခြေအနေ စသည့်အကြောင်းရပ်တစ်ခုခုကြောင့် လူငယ်များအနေနှင့် ပညာဆက်လက်သင်ကြားခွင့်မရတဲ့ အတိုင်းအတာတစ်ခုထိဖြစ်နေခဲ့တယ်။ ရုပ်လုံးမကြွသေးသည့် ဘဝများစွာကျန်ရှိနေပါသေးသည်။

    တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ်ဆက်တော့မယ်ဆိုတော့လည်း လူငယ်အများစုမှာ မိမိဆန္ဒသဘောအတိုင်း ကျောင်းကိုရွေးချယ်ခွင့်မရှိဘဲ လူကြီးမိဘများနှင့် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတို့ ရွေးချယ်ရာကို မိမိတို့ကလိုက်တက်ရသည်ကများမည်ဟုထင်မိသည်။

    လူတိုင်းတွင်မိမိအားသန်ရာ ကိုယ်စီရှိကြသည်။ မိမိစိတ်မပါသည်သည့်အရာတစ်ခုကိုပြုလုပ်ရမည့်အစား မိမိစိတ်ပါသည့်အရာ တစ်ခုကို ခေါင်းစိုက်ပြီး ကြိုးစားလိုက်မည်ဆိုပါက ထိုသူသည် ထူးချွန်လာမည်မှာ မြေကြီးလက်ခက်မလွဲပါ။ လူကြီးတွေအနေနှင့်လည်း လူငယ်တွေရဲ့မျှော်လင့်ချက်၊

    စိတ်ထက်သန်မှုတွေကို နားလည်ပေးစေလိုပါတယ်။ သူတို့သိနေတဲ့ လိုချင်တဲ့ စီးကြောင်းကြီးထဲကိုပဲ တွန်းပို့သင့်ပါတယ်။

    ကျောင်းတက်လို့ ဘွဲ့ရသွားပြီဖြစ်တဲ့ လူငယ်တွေအတွက်လည်း နိုင်ငံတော်က အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးမပေးနိုင်ဘူးဖြစ်နေတယ်။ လူငယ်တွေအနေနဲ့ စိတ်ဓာတ်ကျလဲကျချင်စရာဖြစ်နေတယ်။ ရရှိထားတဲ့ ဘွဲ့ကတစ်မျိုး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရတာက

    မိမိဘွဲ့နှင့်အနည်းငယ်မှ  စပ်လျဉ်းမှုမရှိ။ လူငယ်များအနေနှင့် မျှော်လင့်ချက်ယုံကြည်ချက်များ ကင်းမဲ့နေသည်မှာလည်း သူတို့ကိုအပြစ်တင်၍မရပါ။

    သူတို့အတွက်တိကျသေချာတဲ့ အလုပ်အကိုင်မှမရှိတာကိုး။ ဘွဲ့ရပြီးတော့ ယောင်ယောင်ဖြစ်နေကြတယ်။ ဒီကျောင်းပြီးရင် ဒီအလုပ်ရမယ်ဆိုတဲ့ကျောင်းဟာ လက်ချိုးရေလို့ရပါတယ်။  ကျောင်းပြီးရင် မိမိတက်မြှောက်ခဲ့တဲ့ပညာနဲ့ သက်ဆိုင်တဲ့အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ သိပ်ကိုလိုအပ်နေပါပြီ။

    လူငယ်ဆိုတာခေတ်ရဲ့ရေစီးကြောင်းထဲမှာ အချိန်တစ်ချိန်တော့ မျောကြရတာပါပဲ။ လူငယ်တွေကိုနားလည်ပေးနိုင်ဖို့ထက် လူငယ်တွေရဲ့ပြသာနာတွေကို နားလည်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်လို့ထင်ပါတယ်။ နည်းပညာရပ်တွေတိုးတက်လာတာနှင့်အမျှ အခုခေတ်လူငယ်တွေကလည်း

    နိုင်ငံတွင်းထက် နိုင်ငံအပြင်ဘက်ကိုကျော်ကြည့်ရကောင်းမှန်း တော်တော်များများသိလာကြတယ်။ ကမ္ဘာကြီးကရွာကြီးသဖွယ်ဖြစ်နေပါပြီ။ လိုချင်တဲ့အရာ၊ သိချင်တဲ့သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်မှာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း ရှာဖွေနေနိုင်ပါပြီ။

    ဒါပေမယ့်ခက်တာက အဲ့လောက်ခွင်ကျယ်နေတဲ့ခေတ်ကြီး၊ လိုချင်တာအကုန်ရ၊ သိချင်တာအကုန်သိလို့ရနိုင်တဲ့ခေတ်ကြီးထဲမှာ “ငါဘာဖြစ်ချင်တယ်၊ ငါဘာကိုဇောက်ချလုပ်မှာလဲ” ဆိုတဲ့ အနာဂတ်ရည်မှန်းချက်တွေက ဝေဝါးနေပါတယ်။ ငါကတော့ ဒါကိုပဲလုပ်မယ်၊

    ဒါငါ့ရည်မှန်းချက်ကဘာလဲဆိုတာကို focus မလုပ်နိုင်ကြဘူးဖြစ်နေတယ်။

    အခုခေတ်လူငယ်တွေ သူများတွေ LCCI တက်တယ်ဆိုရင်လိုက်တက်ကြတယ်။ သူများတွေ ကွန်ပျူတာသင်တယ်ဆိုရင် လိုက်သင်ကြတယ်။ အဲဒါတွေ တက်ထားပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကို သူတို့ကိုယ်တိုင်မဝေခွဲတတ်တော့ဘူး။ ဘယ်သူကမှ ဒီဟာကိုဒီလိုလုပ်ရင်

    ဘယ်လိုဖြစ်မယ်ဆိုပြီး Guide လုပ်ပေးမယ့်လူလည်းမရှိဘူး။

    လူငယ်တွေမှာ အရည်ချင်းတွေရှိပါတယ်။  လူငယ်တွေရဲ့အောင်မြင်မှုဟာ ကိုယ့်ဘာသာအောင်မြင်တာရှိသလို လူကြီးတွေကလည်း ဖန်တီးပေးရပါ့မယ်။ လူကြီးတွေက စင်မြင့်တွေဖန်တီပေးရပါ့မယ်။ လူငယ်တွေမှာ အောင့်မြင်နိုင်တဲ့အစွမ်းအစတွေရှိရင် အစဆွဲထုတ်ပေးပါ့မယ်။ လူငယ်တွေအရည်အချင်းရှိလာအောက် လူကြီးတွေအနေနဲ့လည်း ဆွဲခေါ်ပေးသင့်ပါတယ်။ လူငယ်တွေဟာ လူ့အသိုင်းအဝိုင်းမှာ တန်ဖိုးရှိတဲ့သူတွေဖြစ်တဲ့အပြင် လူသားမျိုးနွယ်တွေရဲ့ အဓိကကျောရိုးလည်းဖြစ်တယ်။ လူငယ်တွေရဲ့ တိမ်မြုပ်နေတဲ့ အခွင့်အရေးတွေကို ဖော်ထုတ်ပေးကြပါ။

    လူငယ်တွေအနေနဲ့ ဘဝရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အချိန်တွေအများကြီး ကျန်ပါသေးတယ်။ “ငါဘာလုပ်ရင်ကောင်းမလဲ” ဆိုတာကို ကိုယ့်ကိုကိုယ်သေချာမေးပြီး ကိုယ့်ရည်မှန်းချက်ဘာလဲဆိုတာကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက် ချသင့်နေပါပြီ။ အစောဆုံးမြင်ခဲ့ရင်

    မိမိရည်မှန်းချက်ကို အောင်မြင်နိုင်မှာပါ။ စာအုပ်တွေဆီကလည်း လူငယ်တွေအတွက် ရစရာတွေအများကြီးရှိပါတယ်။ စာဖတ်တတ်တဲ့အလေ့ရှိရင်ကောင်းမှာပါ။ တခြားဟာတွေနဲ့အချိန်ဖြုန်းမနေပါနဲ့။ စာပေကိုလည်း သေချာလေ့လာပြီး ဘဝအတွက်အကျိုးရှိမဲ့အရာတွေကို အသုံးချကြပါ။

    ပညာဆိုတာ ဆုံးခန်းတယ်ဆိုတာမရှိပါဘူး။ အမြဲလေ့လာနေပါ။ အကျိုးမဲ့တယ်ဆိုတာ ဘယ်တော့မှမဖြစ်နိုင်ပါဘူးဆိုတာကို အကြံပြုချင်ပါတယ်။

    ထက်မြတ်

  • “ခွဲခြားမှုကင်းသော အနာဂတ် မျိုးဆက်ဆီသို့” ဆွေးနွေးပွဲ မန္တလေးမှာပြုလုပ်

    “ခွဲခြားမှုကင်းသော အနာဂတ် မျိုးဆက်ဆီသို့” ဆွေးနွေးပွဲ မန္တလေးမှာပြုလုပ်

    သြဂုတ် ၁၅ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- ချို
    936647_10202176850333768_69966176007521125_n
    သြဂုတ်လ (၁၂)ရက်နေ့တွင် မန္တလေးမြို့၊ ရတနာပုံဈေး တတိယထပ်ရှိ စက်မှုကုန်သည်ကြီးများအသင်း ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်နေ့ ကျင်းပပြုလုပ်ခဲ့ပါသည်။ “ခွဲခြားမှုကင်းသော အနာဂတ် မျိုးဆက်ဆီသို့” ဆိုသော ခေါင်းစဉ်ဖြင့် ဆရာဦးဘုန်း (ဓာတု)၊ ဆရာနေဘုန်းလတ်၊ ဆရာမ မသီတာ (စမ်းချောင်း)တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

    သီချင်းများ၊ သံချပ်များ၊ ပြဇာတ်များ၊ တစ်ခန်းရပ်ပြဇာတ်၊ တေးသရုပ်ဖော်၊ လူငယ်ပညာပေး သရုပ်ဖော်၊ ပန်းချီ အနုပညာ သရုပ်ဖော်မှုများဖြင့် စည်ကားစွာ ကျင်းပခဲ့ပြီး လူငယ်အမြောက်အများ တက်ရောက်ခဲ့ကြသည်။

    Activity Right ၊ Democracy Right ၊ Liberal Right ၊ Human Right များ လုပ်ဆောင်နေသူ မကြီးပွင့် (Rainbow)အား နိုင်ငံတကာလူငယ်နေ့ ပွဲနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ “ဒီပွဲလေး လုပ်ဖြစ်ရတာတော့ နှစ်တိုင်းလည်း ဒီနေ့ ဒီရက်မှာ ပြုလုပ်နေကြပါ။ အမက Mandalay Youth Network Central Board မှာ ပါပါတယ်။ ဒီနှစ်မှာ တိုင်ပင်ကြတာတော့ Mandalay Youth Network လေးတစ်ခုကနေပဲ လုပ်မလား၊ အရင်နှစ်လိုပဲ CBO , CSO အားလုံးပဲ ပေါင်းမလုပ်မလားဆိုပြီး တိုင်ပင်ခဲ့ကြပြီး ခုလို အားလုံးပူးပေါင်းပြီး လုပ်ဖြစ်ခဲ့တာပါ။ ဒီမှာ ပါဝင်ကြတာတော့ လောကအလင်း၊ Mandalay Youth Network ၊ Equality Mandalar ၊ The Seagull တို့ပါ။ ရည်ရွယ်ချက်ကတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် လူငယ်တွေက ခုနောက်ပိုင်းမှာ တစ်ဘက်စွန်းရောက်နေတာလေးတွေ ရှိပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် မန္တလေး ဘာသာရေးအရေးအခင်းမှာ လူငယ်တွေက ၀ုန်းဆို ၀င်ပါလာကြတယ်။ လူငယ်တွေဆိုတာ မျိုးချစ်စိတ်ပြင်းထန်တယ်၊ တကယ်အလုပ်လုပ်နိုင်ပါတယ်။

     ဒါပေမယ့် ခုဖြစ်နေတာက သူတို့စိတ်တွေက နိုးဆွလိုက်လို့ ၀င်ပါလာတာပါ။ အမတို့က အဲ့လို မဖြစ်စေချင်ဘူး။ ဘယ်သူက ဘယ်သူ့ကိုမှ ဖိနှိပ်တာမျိုး မဖြစ်စေချင်ဘူး၊ အဲ့ဒါကြောင့် ခုက စပြီး တွဲခေါ်တဲ့ပုံစံနဲ့ အလုပ်လုပ်တဲ့သဘောပါ။ ဒီနေ့ဆို လူငယ်တွေကို လုံးဝနေရာပေးထားတယ်။ အမတို့က လူငယ်တွေကို တိုင်ပင်တယ်၊ တက်နိုင်သလောက် သူတို့ဘာဖြစ်ချင်သလဲ လုပ်ပေးထားတယ်။ မနှစ်ကထိကို လူကြီးတွေကပဲ တိုင်ပင်ပြီးမှ လူငယ်တွေကို ခေါ်တယ်။ ဒီနှစ်မှာတော့ အစတည်းက လူငယ်တွေကိုခေါ်ပြီး ဘာလုပ်မလဲဆိုတာ တိုင်ပင်ပါတယ်။ လိုချင်တဲ့ အကျိုးရလဒ်ကတော့ မန္တလေးမှာ ရှိနေတဲ့ လူငယ်တွေကို CBO , CSO မှာဖြစ်ဖြစ်၊ Party Side တွေမှာဖြစ်ဖြစ် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာစေချင်တယ်။ ဒီလူတွေနဲ့ ဒီလူတွေပဲ လုပ်နေမယ့်အစား လူကြီးတွေနေရာမှာ လူငယ်ခေါင်းဆောင်လေးတွေ ရောက်လာစေချင်တယ်။ ပြုပြင်ပြောင်းလဲရေး ကာလမှာ ဒီမိုကရေစီ အရေးတွေ အများကြီးလုပ်ဖို့ လိုပါတယ်၊ ဒီလိုနေရာတွေမှာ လူငယ့်အရေးကိစ္စတွေမှာ လူငယ်တွေကို ပိုလုပ်စေချင်တဲ့ အတွက် ဒီပွဲလေးကို စီစဉ်ဖြစ်တာပါ။ အဓိက Target အနေနဲ့ကတော့ အသက် ၁၆ကနေ ၂၄ လူငယ်တွေ နဲ့ အသက် ၁၆ ကနေ ၃၅ အတွင်းမှာရှိတဲ့ လူငယ်အရေးကို စိတ်ဝင်စားတဲ့ ခေါင်းဆောင်တွေပါ။ ဒီလိုပွဲလေးလုပ်ခြင်းအားဖြင့် မန္တလေးမှာရှိတဲ့ လူငယ်တွေက လူငယ်အရေးအရာတွေ လုပ်နေတယ်ဆိုတာတွေ သိသွားမယ်။ လူငယ်ပညာတက်တွေ၊ စိတ်ဓာတ်တက်ကြွသူတွေ အများကြီးရှိပေမယ့် မချိတ်မိသေးပါဘူး။ ဒီပွဲလေးကြောင့် ချိတ်ဆက်မိလာမယ်ထင်ပါတယ်” လို့ ဖြေကြားခဲ့ပါသည်။

    ဆရာဦးဘုန်း (ဓာတု)၊ ဆရာနေဘုန်းလတ်၊ ဆရာမ မသီတာ (စမ်းချောင်း) ဆွေးနွေးချက်များကို အသေးစိပ် ဒီနေရာမှာ ဖတ်ပါ။

  • လူငယ်ရုပ်ရှင်ပွဲတော်တွင် လူငယ်များရဲ့ နှလုံးခုန်သံများကို ကြားခဲ့ရဟု ဦးဇာဂနာပြော

    လူငယ်ရုပ်ရှင်ပွဲတော်တွင် လူငယ်များရဲ့ နှလုံးခုန်သံများကို ကြားခဲ့ရဟု ဦးဇာဂနာပြော

    သြဂုတ် ၁၃၊ ၂၀၁၄
    M-Media
    လမင်း
    df2c9635a2f3da185116446b869748d7e719acb910cae26541b348a1018cee18
    ရန်ကုန်  ။      ။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော မြန်မာ့လူငယ်ရုပ်ရှင်ပွဲတော်တွင် ယနေ့ခေတ် လူငယ်များ၏ နှလုံးခုန်သံကို ကြားသိခဲ့ရသည်ဟု ရန်ကုန်မြို့ Sky Star Hotel တွင် ကျင်းပပြုလုပ်သော မြန်မာလူငယ်ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်ပွဲနှင့် နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားတွင် ဦးဇာဂနာက ယင်းကဲ့သို့ ပြောကြားခဲ့သည်။

    နိုင်ငံတစ်နိုင်ငံမှာ သြဇာအရှိဆုံးက ရုပ်ရှင်ဖြစ်ပြီး သြဇာအရှိဆုံးဖြစ်တဲ့ ရုပ်ရှင်ကို အသုံးမချတတ်ရင်တော့ တိုင်းပြည် ညံ့ဖျင်းရာရောက်သွားပါပြီး အဲ့လို အသုံးမချတတ်တဲ့ အစိုးရတွေနဲ့လည်း မတွေ့ပါရစေနဲ့ ဟု ဆက်လက်ပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ ငယ်ငယ်တုန်းက မရခဲ့တဲ့အခွင့်အရေးတွေ လုပ်ချင်ရက်နဲ့ မလုပ်ရတဲ့အရာတွေကို သူတို့ရသွားပါပြီ သူတို့လုပ်နေပါပြီ ။ လူကြီးတွေဟာ သူတို့နေရာကို လူငယ်တွေအတွက် ဖယ်ပေးရတော့မှာဖြစ်ပါတယ်။

    လူငယ်တွေကို လက်တွဲလို့ရရင်တွဲခေါ်ပါ။ တွဲလို့ မရရင် တွဲတင်ပေးပါ ” ဟု နိုင်ငံတကာလူငယ်များနေ့နှင့် ပတ်သက်ပြီး ဦးဇာဂနာမှ ပြောဆိုခဲ့သည်။သြဂုတ်လ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ရန်ကုန်မြို့Junction Square တွင်ပြသခဲ့သော ပထမဆုံးအကြိမ် လူငယ်ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော ဇာတ်ကားများကို အကဲဖြတ်ဒိုင်များမှ ဆုံးဖြတ်ခဲ့ကြပြီး အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို Violenz Against Violence မှလည်းကောင်း၊ အကောင်းဆုံးဇာတ်လမ်းတိုဆုကို Chicken Carry မှလည်းကောင်း၊ အကောင်းဆုံးအထူးပြုလုပ်ချက်ဆုကို Save the World မှလည်းကောင်း၊ ပရိတ်သတ်မဲပေးမှုအများဆုံးဆုကို ပန်းလှိုင် ဇာတ်ကားမှ လည်းကောင်း အသီးသီးရရှိခဲ့ပါသည်။

    “မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးအနေနဲ့ လူငယ်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ အဆုံးရှုံးစေရန်အတွက် ဆောင်ရွက်နေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မထိရောက်နိုင်သေးပေမဲ့ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပါတယ်။ ကျွန်တော်ခံယူထားတာကတော့ လူငယ်တွေရဲ့အနာဂတ်ကို လစ်လျူရှုတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ရေသောက်မြစ်ကို ဖျက်ဆီးတာနဲ့အတူတူပါပဲ” ဟု မြန်မာနိုင်ငံအစည်းအရုံး ဥက္ကဌ ကိုဇွဲရန်နိုင်က ပြောဆိုခဲ့သည်။

    မြန်မာနိုင်ငံလူငယ်အစည်းအရုံးကို ၂၀၁၁ ဒီဇင်ဘာလက စတင်ဖွဲ့စည်းခဲ့ပြီး မည်သည့်ပါတီ မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံမှ မဟုတ်ဘဲ အသက် ၁၆ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ လူငယ်များ၏ အသံများကိုလည်း ပြည်သူ့လွှတ်တော်သို့ ရောက်ရှိအောင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

    သြဂုတ်လ ၁၂ ရက်နေ့ကို နိုင်ငံတကာ လူငယ်များနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ ၁၉၉၉ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် အခမ်းအနားများ စတင်ကျင်းပခဲ့သည်။

  • ဘာသာပေါင်းစုံ လူငယ်များ နှီးနှော ဖလှယ်ပွဲ တစ်ရပ် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိ

    ဘာသာပေါင်းစုံ လူငယ်များ နှီးနှော ဖလှယ်ပွဲ တစ်ရပ် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိ

    ဇွန်-၁၄၊၂၀၁၄
    M-Media
    သူရိန်၊ လမင်း

    DSC02585

    ရန်ကုန် ။       ။ မြန်မာနိုင်ငံအတွင်း ဘာသာအသီးသီးမှလူငယ်များ စုပေါင်းပါဝင်သော ဘာသာပေါင်းစုံလူငယ်များ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် ကြိုးစားနေကြောင်း သိရသည်။

    “ဘာသာပေါင်းစုံ လူငယ်များရဲ့ လိုလားချက်တွေဖော်ထုတ်နိုင်ဖို့နဲ့ သဟဇာတဖြစ်တဲ့ အနာဂတ်မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံက လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ အတွက် ကျင်းပမှာဖြစ်ပါတယ်” ဟု နှီးနှောဖလှယ်ပွဲကျင်းပမည့် ရည်ရွယ်ချက်ကို Smile Education and Development Foundation မှ ဒါရိုက်တာ ဦးမျိုးဝင်းမှ ပြောကြားသည်။

    ထိုသို့ဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် ဖြစ်ပေါ်နေသော အခြေအနေအကောင်းဘက်ကို ပြုပြင်ရမှာဖြစ်ကြောင်း၊ လူငယ်တွေရဲ့ Religious Youth Service ပုံစံ များကို ဖော်ထုတ်ဖို့ပါ တပါတည်းစဉ်းစား စေလိုကြောင်းဖြင့်ဆိုပါတယ်။ ထိုပြင် လူငယ်များရဲ့တက်ကြွစွာပါဝင်မှုများသည် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သဖြင့် အသိအမှတ်ပြုနေဆဲဖြစ်သည်။

    အဆိုပါ အစီအစဉ်ကို ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာနှင့် အခြားသော ဘာသာစုံများ အတူတကွ ပါဝင်မည်ဖြစ်ပြီး ဘာသာပေါင်းစုံ အချင်းချင်း အပြန်အလှန် မျှဝေခြင်း၊ သက်ဆိုင်ရာ နယ်မြေများတွင် Religious Youth Service အသွင်များပေါ်ပေါက်လာပြီး သဟဇာတ ရှိသော လုပ်ငန်းများ ဖြစ်လာအောင်ရှေ့ဆက်ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်းသိရသည်။

    လက်ရှိတွင် ဘာသာစုံမှ လူငယ်များ စုံညီစွာ ပါဝင်ပြီး ဘာသာရေး အဆောက်အအုံများကို လှည့်လည်လေ့လာသည့် အစီအစဉ်ကို ရန်ကုန်အပါအ၀င် မြို့၅မြို့တွင် ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်တွင် မြန်မာနိုင်ငံတွင်းမှ မြို့ကြီး ၅မြို့နယ်တွင် ထပ်မံတိုးချဲ့ လုပ်ဆောင်သွားဖွယ်ရှိကြောင်းသိရသည်။

  • ရခိုင်မှာ အားလုံးတန်းတူ ပညာသင်ရေး ကူညီပေးခွင့် လူငယ်အဖွဲ တဖွဲမှ ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံပွဲတွင် တောင်းဆို

    သြဂုတ်လ ၂၅၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    P8240077

    မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး ( Myanmar Youth Union- MYU) မှ ကြီးမှူး ကျင်းပသော နိုင်ငံတော် ၀န်ကြီး ဦးအောင်မင်းနှင့် ရန်ကုန် အခြေစိုက် လူငယ် အရပ်ဖက်လူ့ အဖွဲ့အစည်းများ တွေ့ဆုံပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ Myanmar Peace Center တွင် သြဂုတ်လ ၂၄ရက်နေ့က ညနေ ၃နာရီမှ ၅နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးမှ အဖွဲ့ဝင်တစ်ဦးက ” ကျွန်တော်တို့ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်လာတဲ့ အတွက် စိတ်ထဲမှာ လူငယ်တစ်ယောက်အနေနဲ့ အရမ်းဝမ်းသာတယ်။ အခုလို ပွဲမျိုးဖြစ်လာတာကြောင့် နောက်တက်လာမယ့် လူငယ်တွေ အတွက်ရော၊ လူငယ်တွေရဲ့ ပညာရေးအတွက်ရော၊ အလုပ်အကိုင် အတွက်ရော ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ ကျွန်တော် မျှော်လင့်တယ် ” ဟု M-Media သို့ပြောသည်။

    ” ဒီနေ့ ပွဲလေးဟာ တော်တော်လေးကို လူငယ်တွေ အတွက်ရော၊ အစိုးရအတွက်ပါ အကျိုးရှိတယ်။ ဒီလိုမှသာလျှင် အစိုးရ ဘက်က အခက်အခဲတွေကို ကျွန်တော်တို့ သိနိုင်သလို ကျွန်တော်တို့ ဘက်ကလိုချင်တဲ့ ဆန္ဒတွေကိုလည်း အစိုးရဘက်က လူကြီးတွေ၊ ဗဟိုအစိုးရ အဖွဲ့က တိုက်ရိုက် သိနိုင်တာ ဖြစ်တယ်အတွက် အရမ်းကိုကောင်းတဲ့ ပွဲလေးပါ ” ဟု ကဗျာချစ်သူများ အသင်းမှ ကိုဆောင်းခက M-Media သို့ပြောသည်။

    Pray for Myanmar မှ ကိုဇော်မင်းလတ်က ” ကျွန်တော်တို့  အဖွဲ့က ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ကျွန်တော် အစ္စလာမ် ဘာသာဝင် တစ်ယောက်နေနဲ့ ဘာတောင်းဆိုခဲ့သလဲ ဆိုရင် ကျွန်တော်တို့ တက္ကသိုလ်ကျောင်းတွေမှာ ဘွဲ့ရရှိပြီးရင် ဘွဲ့ယူခံနီးမှာ မှတ်ပုံတင်မရှိလို့ ဆိုပြီး ကျောင်းသားလူငယ်တွေဟာ ဘွဲ့ယူနိုင်ခြင်း မရှိပါဘူး။ ဒါဟာ နိုင်ငံတစ်နိုင်ငံလုံးမှာ ဖြစ်နေပါတယ် လို့ ၀န်ကြီးဦးအောင်မင်းကို တောင်းဆိုခဲ့ပါတယ်။

    ဆက်လက်၍ ” ရခိုင်ပြည်နယ်အတွက်  ပညာရေးကို ကျွန်တော်တို့ လူငယ်အဖွဲ့က ကူညီဆောင်ရွက်ပေးဖို့ ကလေးငယ်တွေ ရခိုင်ပြည်နယ်မှာ အားလုံး တန်းတူ ပညာသင်ကြားနိုင်ရန်အတွက် ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးပါ့မယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ သွားရောက်ခွင့်လည်း တောင်းခဲ့ပါတယ်။ ၀န်ကြီးနေနဲ့ ရခိုင်ပြည်မှာရောပြည်နယ်နဲ့ တိုင်းတွေမှာပါ နိုင်ငံတော်အတွက် လူငယ်တွေဟာ အရေးကြီးပါတယ်။ နိုင်ငံတော်အတွက် လူငယ်တွေ ၀ိုင်းလုပ်ပေးပါလို့ ပြောခဲ့ပါတယ်။ သူ့နေနဲ့ ကူညီနိုင်တဲ့ ဟာကို ကူညီပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒီနေ့တွေ့တဲ့ ပွဲလေးဟာ နိုင်ငံတော် အကြီးအကဲတွေက ကျွန်တော်တို့ လူငယ်တွေနဲ့ တွေ့ပြီး လူငယ်တွေရဲ့ ခံစားချက်၊ ပြည်သူတွေရဲ့ ခံစားချက်ကို နားထောင်ပေးပြီးတော့ လိုအပ်တဲ့ ဟာတွေမှာ လုပ်ပေးသင့်ပါတယ်။ လူငယ်တွေဟာ နောင်တစ်ချိန်မှာ နိုင်ငံကို အုပ်ချုပ်မယ့်သူတွေ ဖြစ်ပါတယ်။ လူငယ်တွေကို မြေတောင်မြှောက်ပေးသင့်ပါတယ်” ဟု၎င်းမှ M-Media သို့ ထပ်လောင်းပြောကြားခဲ့သည်။

    ရန်ကုန်အခြေစိုက်လူငယ် အရပ်ဖက် လူ့အဖွဲ့အစည်းမှ ပြည်ထောင်စု အစိုးရ အဖွဲ့သို့ လူငယ် အဖွဲ့အစည်းများ အပါအ၀င် အရပ်ဖက်လူ့ အဖွဲ့အစည်းများ အနေဖြင့် အုပ်ချုပ်ရေးပိုင်းနှင့် ပူးပေါင်း ဆောင်ရွက်ရမည့် အခြေအနေမျိုးတွင် ဖြစ်စေ၊ မိမိတို့ အဖွဲ့အစည်းများမှ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန်နှင့် နိုင်ငံတော်၏ လုပ်ငန်းစဉ်များတွင် ကောင်းမွန်သော အကြံဥာဏ်များနှင့် ဝေဖန်မှုများ ပေးနိုင်ရန် အစိုးရနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများအကြား ပုံမှန်ဆက်ဆံရေး လမ်းကြောင်း တစ်ရပ် မဖြစ်မနေ ထားရှိ ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်တွင် လူငယ်များ၏ အခန်းကဏ္ဍကိုအလေးထားသောအားဖြင့် သင့်လျော်သောဝန်ကြီးဌာနနှင့် တွဲဖက်၍ ( ဥပမာ- အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန) ကိုဖွဲ့စည်း၍ လူငယ်ရေးရာမှုဝါဒတစ်ရပ်ကို ရေးဆွဲအကောင်အထည် ဖော်သင့်ပါကြောင်း ထည့်သွင်း အကြံပြု တင်သွင်းခဲ့ကြောင်း သိရသည်။

    ယင်းပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြတဲ့ အဖွဲ့အစည်းများမှာ-၁။ မြန်မာနိုင်ငံလူငယ်များအစည်းအရုံး၊ ၂။ Myanmar Youth Social and Eduction Local Focus၊ ၃။ ထောင်စုအလင်း(MLDO) ၊ ၄။ RenovatorYouth Network ၊ ၅။ Heart of Youth၊ ၆။ Unison Team၊ ၇။ Noble Mind Civil Group ၊၈။ Yangon Youth Network ၊ ၉။ Mizzima Youth Network ၊ ၁၀။ဂေဟာဟိတပတ်ဝန်းကျင်ထိန်းသိမ်းရေးလူငယ်ကွန်ရက်၊  ၁၁။ Point အဖွဲ့ ၊ ၁၂။ Chin Youth Network၊ ၁၃။ အဖြူရောင်တွဲလက်များ ၊ ၁၄။ လိုင်ဇာလမ်းလျှောက်အဖွဲ့ ၊ ၁၅။ပန်းပျိုးလက်လူငယ်စင်တာအဖွဲ့တို့ပါဝင်ကြောင်းသိရသည်။