News @ M-Media

Tag: YouTube

  • YouTube ကို ဟက်ကာများ ထိုးဖောက်ကာ နာမည်ကြီး သီချင်းများကို ဖျက်ပစ်

    YouTube ကို ဟက်ကာများ ထိုးဖောက်ကာ နာမည်ကြီး သီချင်းများကို ဖျက်ပစ်

    ဧပြီ ၁၀၊ ၂၀၁၈
    M-Media

    သီချင်းရောတွင် တွေ့ရသည့်ပုံ

    – YouTube မှာ လူကြည့်များမှု စံချိန်တင်ခဲ့တဲ့ လူးဝစ် ဖွန်ဆီရဲ့ Despacito သီချင်းဟာ အဖျက်ခံလိုက်ရပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

    ကြည့်ရှုမှု အကြိမ်ပေါင်း ၅ ဘီလီယံနဲ့ YouTube သမိုင်းမှာ ပထမဆုံး သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တယ်လို့ သတင်းထွက်ပြီး ၆ ရက်အကြာမှာ ဒီလို အဖျက်ခံလိုက်ရတာ ဖြစ်ပါတယ်။

    သီချင်းနေရာမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၅ ဦးက ကင်မရာကို သေနတ်ချိန်ထားတဲ့ပုံကို တွေ့မြင်ရပြီး play ကို နှိပ်မယ်ဆိုရင်တော့ video is unavailable (ဖွင့်၍မရပါ) ဆိုတဲ့ စာတန်း ပေါ်လာကာ ကြည့်ရှုလို့ မရတော့ပါဘူး။

    ရှာကီရာ၊ ဆလီနာဂိုးမက်စ်၊ တေလာဆွစ်ဖ်၊ ဒရာကီတို့အပါအ၀င် အခြား အဆိုတော် တော်တော်များများရဲ့ သီချင်းတွေလည်း အဖျက်ခံခဲ့ရပါတယ်။

    သူတို့ကိုယ်သူတို့ Prosox နဲ့ Kuroish လို့ခေါ်တဲ့ ဟက်ကာတွေက ဗီဒီယိုတွေအအောက်မှာ Free Palestine (ပါလက်စတိုင်းလွတ်မြောက်ရေး) ဆိုတဲ့ စာတမ်းတွေကို ရေးသားခဲ့ကြပါတယ်။

    စပိန်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Despacito ဟာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ ထွက်ရှိလာတာဖြစ်ပြီး ကမ္ဘာ့ဂီတလောကမှာ စံချိန်တော်တော်များများကို ချိုးနိုင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

    Ref: Independent

  • YouTube ရုံးချုပ်သို့ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ၀င်ပစ်သောကြောင့် ၃ ဦး ဒဏ်ရာရ

    YouTube ရုံးချုပ်သို့ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ၀င်ပစ်သောကြောင့် ၃ ဦး ဒဏ်ရာရ

    ဧပြီ ၄၊ ၂၀၁၈
    M-Media

    အခင်းဖြစ်ပွားသည့် မြင်ကွင်းတစ်ခု

    – နာမည်ကျော် ဗီဒီယိုဝဘ်ဆိုက်တစ်ခုဖြစ်သည့် YouTube ၏ ဆန်ဖရန်စစ္စကိုအနီးရှိ ရုံးချုပ်ကို အမျိုးသမီးတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမားအမျိုးသမီးမှာ ၎င်းကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ထိုအမျိုးသမီး မည်သူမည်ဝါဖြစ်သည်ဆိုသည်နှင့် မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ဆိုခြင်းကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

    MSNBC သတင်းဌာနက သေနတ်သမားမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ရုံးချုပ်အပြင်ဘက် ပေါ်တီကိုနားနှင့် ထမင်းစားဆောင်အတွင်းသို့ နေ့လည် ထမင်းစားချိန်တွင် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် အဓိကအဆောက်အဦးထဲသို့ ၀င်ရောက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ရဲတပ်ဖွဲ့မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပစ်ခတ်မှုမှာ အတွင်းရေးကိစ္စ မကျေလည်မှုကြောင့်ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်အစိုးရ၏ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပစ်ခတ်မှုမှာ အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုမရှိဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

    ABC သတင်းဌာနကလည်း သေနတ်သမားမှာ အသက် ၃၅ နှစ်မှ ၄၀ အကြားရှိပြီး တောင်ကယ်လီဖိုးနီးယားမှာ အမျိုးသမီးဖြစ်ကြောင်း YouTube နှင့် အဆက်အသွယ် မရှိကြောင်း ဖော်ပြခဲ့သည်။

    Ref: CNA

  • Google မှ အီရန် သတင်းဌာန Press TV ၏ Youtube account ကို အသုံးပြုခွင့်ပိတ်

    ဇူလိုင်-၂၉၊၂၀၁၃
    M-Media

    youtube
    ကြာသာပတေးနေ့က စတင်ကာ Google သည် အီရန်အခြေစိုက် နိုင်ငံတကာသတင်းဌာန တစ်ခုဖြစ်သော Press TV ၏ Youtube အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင်း နေ့စဉ် ပုံမှန်ကြည့်ရှုနေသူများ မှာ Press TV သို့ ဆက်သွယ် မေးမြန်းကြကြောင်း သိရှိရသည်။

    “ပြီးခဲ့တဲ့ ကြာသာပတေးနေ့ အစောပိုင်းထဲက ကျွန်တော်တို့ မည်သည့် ရုပ်သံ သတင်း အသစ်ကိုမှ အွန်လိုင်းတွင် တင်လို့မရခဲ့ဘူး” ဟု Press TV ၏ သတင်းဌာန ဒါရိုက်တာ ဟာမဒ်ရေဇာအမ်မာဒီ (Hamid Reza Emadi) မှ ပြောကြားခဲ့သည်။ သူက ဆက်လက်ပြောကြားခဲ့သည်မှာ Google သည်း မည်သို့သော် အကြောင်းပြချက်မှ ပေးအပ်ခြင်းမရှိဘဲ အကောင့်အား အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင်း ကြည့်ရှုသူများသည် Press TV သို့ ယခုတိုင် အီးမေးလ်များ ပေးပို့ကာ အဘယ်ကြောင့် ဗီဒီယို အသစ်များ မတင်ရသလဲ ဟု မေးမြန်းလျက်ရှိသည်” ဟု သူက ဆိုသည်။

    အမ်မာဒီ က Press TV ကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းမှာ သူ၏ Youtube အကောင့်အတွင်း နိုင်ငံရေး နှင့် ပတ်သက်သော အရာများ တင်ထားသည်ကြောင့်လား၊ သို့မဟုတ် နည်းပညာ ချို့ယွင်း ချက်များ ဖြစ်ပေါ်ခဲ့လို့လား၊ ထိုအရာကို အရင်ဖြေရှင်းမည်ဖြစ်ကြောင်း နှင့် မကြာမှီ အချိန်အတွင်း Youtube တွင် ပြန်လည်ပြသနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    SL/SL