News @ M-Media
Blog
  • ခြစားမှုကိစ္စအတွက် ၀န်ကြီးချုပ် နေတန်ယာဟုကို တရားစွဲရန် အစ္စရေးရဲတပ်ဖွဲ့ အကြံပြုထား
    ခြစားမှုကိစ္စအတွက် ၀န်ကြီးချုပ် နေတန်ယာဟုကို တရားစွဲရန် အစ္စရေးရဲတပ်ဖွဲ့ အကြံပြုထား
    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈
    M-Media
    – ခြစားမှု၊ မသမာမှု၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုများအတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား တရားစွဲဆိုရန် အစ္စရေးရဲတပ်ဖွဲ့က အကြံပြုလိုက်ပြီး လပေါင်းများစွာ စုံစမ်းစစ်ဆေးမှု ရလဒ်လည်း ဖြစ်သည်။
    ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ရဲတပ်ဖွဲ့၏ အကြံပြုချက်မှာ ရှေ့နေချုပ်ဆီ ရောက်ရှိမည်ဖြစ်ပြီး နေတန်ယာဟုအား တရားစွဲဆိုမှု ပြုမည်၊ မပြုမည်ကို ၎င်းက ဆုံးဖြတ်မည်ဖြစ်သည်။
    ယမန်နေ့ညပိုင်းက ရုပ်သံမှပြောကြားသည့် မိန့်ခွန်းတွင် နေတန်ယာဟုက မိမိအနေဖြင့် ရာထူး၌ ဆက်ရှိသွားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့၏ အကြံပြုချက်မှာ ‘ဘာမှမဖြစ်ဘဲ ပြီးသွားမည်’ ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်လုပ်ခဲ့တာတွေအားလုံးက အစ္စရေးနိုင်ငံရဲ့ အကျိုးအတွက်ပါ။ အခုအချိန်အထိလည်း လုပ်နေပြီး၊ နောင်ကိုလည်း ဆက်လုပ်သွားမှာပါ”
    နေတန်ယာဟုမှာ ခြစားမှုကိစ္စ နှစ်ခုအတွက် စုံစမ်းစစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်။
    ပထမတစ်ခုမှာ ကြွယ်ဝသည့် စီးပွားရေးသမားများထံမှ လာဘ်ငွေများကို လက်ခံခဲ့ကာ နိုင်ငံရေးမျက်နှာသာပေးမှု လုပ်ခဲ့သည့် ကိစ္စဖြစ်သည်။
    ရဲတပ်ဖွဲ့ကထုတ်ပြန်သော ကြေငြာချက်တွင် ၀န်ကြီးချုပ်၏ ခြစားမှု၊ မသမာမှု၊ ယုံကြည်မှု အလွဲသုံးစားလုပ်မှုများအတွက် လုံလောက်သည့် အထောက်အထားများ ရှိနေသည်ဟု ဖော်ပြထားသည်။
    အစ္စရေးသတင်းစာ Haaretz က နေတန်ယာဟုမှာ ကန်ဒေါ်လာ ၂၈၀၀၀၀ ၀န်းကျင် တန်ဖိုးရှိ အရက်ပုလင်းများ၊ ဆေးပြင်းလိပ်များ၊ လက်ဝတ်ရတနာနှင့် အ၀တ်အထည်များ ရယူခဲ့သည်ဟု ဖော်ပြထားသည်။
    ဒုတိယတစ်ခုမှာ ၎င်း၏ ကောင်းကြောင်းများကို ဖော်ပြပေးပါက ပြိုင်ဘက် သတင်းစာများကို အားနည်းအောင် ပြုလုပ်ပေးသွားမည်ဟု အစ္စရေးသတင်းစာ Yedioth Ahronoth နှင့် သဘောတူညီမှုဖြစ်သည်။
    နေတန်ယာဟုကမူ ထိုကိစ္စ နှစ်ခုစလုံးအတွက် အပြစ်မရှိဟု ငြင်းဆိုထားသည်။
    Ref: Aljazeera
  • လက်ရှိ ကိုရီးယားနှစ်နိုင်ငံ နွေးထွေးသောဆက်ဆံရေးကို ထိန်းသိန်းရန် ကင်ဂျုံအန် တိုက်တွန်း
    လက်ရှိ ကိုရီးယားနှစ်နိုင်ငံ နွေးထွေးသောဆက်ဆံရေးကို ထိန်းသိန်းရန် ကင်ဂျုံအန် တိုက်တွန်း
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media
    တောင်ကိုရီးယားမှ ပြန်လာသည့် မြောက်ကိုရီးယာကိုစားလှယ်အဖွဲ့နှင့် ကင်ဂျုံအန်က လက်ချင်းယှက်၍ ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း KCNA က ထုတ်ပြန်ခဲ့သည်။
    – ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြောင့် ကိုရီးယားနှ်နိုင်ငံ ရင်ကြားစေ့ရေး နွေးထွေးလာသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းသွားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်းဆော်သြလိုက်သည်။
    ကင်ဂျုံအန်၏ ညီမဖြစ်သူ ဦးဆောင်သော မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ ပြီးခဲ့သည့်တစ်ပတ်က တောင်ကိုရီးယားသို့ လာရောက်ကာ သမ္မတ မွန်ဂျယ်အင်နှင့် တွေ့ဆုံခဲ့ပြီး ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။
    ကင်ဂျုံအန်ကမူ အိုလံပစ်ပြိုင်ပွဲသို့ မြောက်ကိုရီးယား၏ တက်ရောက်မှုကို အထူးအလေးထား ဆောင်ရွက်ပေးခဲ့သည့် တောင်ကိုရီးယားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က ယနေ့တွင် ဖော်ပြခဲ့သည်။
    ထို့ပြင် ပြန်လည်ရင်ကြားစေ့ရေးနှင့် ဆွေးနွေးညှိနှိုင်းရေးအတွက် နွေးထွေးသော ရပ်ဝန်းတစ်ခုကို ဆက်လက်တည်တံ့အောင် ဆောင်ရွက်သွားနိုင်ရန် ကင်က အရေးပါသော ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
    တောင်ကိုရီးယားမှ ပြန်လာသည့် မြောက်ကိုရီးယာကိုစားလှယ်အဖွဲ့နှင့် ကင်ဂျုံအန်က လက်ချင်းယှက်၍ ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း KCNA က ထုတ်ပြန်ခဲ့သည်။
    တောင်ကိုရီးယား၌ ကျင်းပပြုလုပ်သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ မြောက်ကိုရီးယားက တက်ရောက်လာခြင်းမှာ ကိုရီးယားနှစ်နိုင်ငံအကြား နွေးထွေးသော ဆက်ဆံရေးအဖြစ် အများစုက ရှုမြင်ကြသော်လည်း ၀ါဒဖြန့်ချီမှုတွင် မြောက်ကိုရီးယားက အောင်ပွဲရသွားမည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။
    တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှု ပြုလုပ်ရန် လမ်းဖွင့်ထားသည်ဟု ကင်ဂျုံအန်၏ညီမ ကင်ယိုဂျွန်းနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
    Ref: BBC
  • ရိုဟင်ဂျာဒုက္ခသည်များကို ကြိုဆိုလက်ခံသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ကျေးဇူးတင်
    ရိုဟင်ဂျာဒုက္ခသည်များကို ကြိုဆိုလက်ခံသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ကျေးဇူးတင်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ကြိုဆိုလက်ခံထားတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
    ပုပ်ရဟန်းမင်းကြီးဟာ လွန်ခဲ့တဲ့ ၂ လအရင်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို လာရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို သုံစွဲတာမျိုး၊ သူတို့အပေါ်မှာ စစ်တပ်က ကြမ်းကြမ်းတမ်းတမ်း ပြုမူတာတွေကို လူသိရှင်ကြား ဝေဖန်ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။
    ဒါပေမယ့် ဘင်္ဂလာဒေ့ရှ်ကို သွားရောက်တဲ့အခါမှာ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တစ်ချို့နဲ့ တွေ့ဆုံကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။
    မနေ့က ဘင်္ဂလားဒေ့ရှ်ဝန်ကြီချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပုပ်ရဟန်းမင်းကြီးက ရိုဟင်ဂျာတွေရဲ့ ဆိုးရွားလှတဲ့ ထိခိုက်ခံစားရမှုတွေအတွက် မျှတပြီး၊ တည်တံ့တဲ့ အဖြေတစ်ခုရမယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref : VOA
  • သမ္မတနှင့် ပေါင်းစားသည့် ခရိုနီကို တောင်ကိုရီးယားက ထောင် နှစ် ၂၀ ချ
    သမ္မတနှင့် ပေါင်းစားသည့် ခရိုနီကို တောင်ကိုရီးယားက ထောင် နှစ် ၂၀ ချ
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media
    – တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂျုံဟေး၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးကို ခြစားမှုဖြင့် ဆိုးလ်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်ဟု သိရသည်။
    အသက် ၆၁ နှစ်အရွယ် ချိုဆွန်ဆီလ်ဖြစ်ပြီး သမ္မတနှင့် ရင်းနှီးမှုကို အသုံးချကာ ကိုယ်ကျိုးအတွက် တိုင်းပြည်ရေးရာများကို ၀င်ရောက်စွက်ဖက်ခဲ့သည်ဟု ခရိုင်တရားရုံးက ယနေ့တွင် ဆုံးဖြတ်ခဲ့သည်။
    ပက်ဂျုံဟေးနှင့်ပေါင်းကာ ချိုဆွန်ဆီလ်မှာ ဆမ်ဆောင်းအပါအ၀င် ထိပ်တန်း ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများမှ လာဘ်ငွေ အများအပြားကို ရယူခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စကြောင့်ပင် ပတ်ဂျုံဟေးကို တောင်ကိုရီးယားလွှတ်တော်က သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။
    ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ဖမ်းဆီးခံရသည့် ချိုမှာ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၆.၆ သန်းလည်း ပေးဆောင်ခဲ့ရသည်။
    ဆမ်းဆောင်းအကြီးအကဲ လီဂျယ်ယွန်မှာလည်း ပက်ဂျုံဟေးကို ကန်ဒေါ်လာ ၈.၂ သန်း လာဘ်ထိုးမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခဲ့သော်လည်း ယခုလအစောပိုင်းတွင် အယူခံတရားရုံးက ထောင်ဒဏ်ကို ရုပ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သည်။ ၎င်းအပေါ် ပြုလုပ်ထားသည့် စွဲဆိုချက်များကိုလည်း ဖယ်ရှားပေးခဲ့သည်။
    Ref: Aljazeera