News @ M-Media

Blog

  • အိုလံပစ်ဖွင့်ပွဲတွင် ညီညွတ်သောအလံတော်အောက်၌ ကိုရီးယားနှစ်နိုင်ငံ ချီတက်မည်

    အိုလံပစ်ဖွင့်ပွဲတွင် ညီညွတ်သောအလံတော်အောက်၌ ကိုရီးယားနှစ်နိုင်ငံ ချီတက်မည်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၈
    M-Media

    ၂၀၀၆ အိုလံပစ်တွင် ညီညွတ်သောအလံတော်အောက်၌ ကိုရီးယားနှစ်နိုင်ငံ ချီတက်မှု

    – လာမည့်လတွင် တောင်ကိုရီးယား၌ ကျင်းပပြုလုပ်မည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် နှစ်နိုင်ငံကစားသမားများဖြင့် ညီညွတ်သော အမျိုးသမီး ရေခဲပြင်ဟော်ကီအသင်း ဖွဲ့စည်းရန် ကိုရီးယားနှစ်နိုင်ငံသဘောတူညီခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင်လည်း ညီညွတ်သော အလံတစ်ခုတည်းဖြင့် ချီတက်သွားမည်ဟု သိရသည်။

    တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ယနေ့တွင် နယ်စပ်ရှိ ပန်မူဂျွမ်းရွာတွင် ပြုလုပ်သော ဆွေးနွေးမှုအတွင်း ထိုသဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ ညီညွတ်သောအလံတော်မှာ ကိုရီးယားကျွန်းဆွယ်ကို ကိုယ်စားပြုမည်ဟုလည်း ဆိုသည်။

    အဆိုပါ သဘောတူညီချက်များကို နိုင်ငံတကာ အိုလံပစ်ကော်မတီက အတည်ပြုရန် လိုအပ်နေပြီး ယခုသီတင်းပတ်အဆုံးပိုင်းတွင် မိမိတို့နှစ်နိုင်ငံစလုံးက တင်ပြသွားမည်ဟု တောင်ကိုရီးယားက ထည့်သွင်းထုတ်ပြန်ခဲ့သည်။

    မြောက်ကိုရီးယားမှာ အဆိုပါ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ အကမယ် ၂၃၀၊ အနုပညာရှင် ၁၄၀၊ တိုက်ကွမ်ဒိုကစားသမား ၃၀ အပါအ၀င် စုစုပေါင်း ၅၅၀ ဦး ပါဝင်မည့် အဖွဲ့တစ်ခုကို ဇန်န၀ါရီ ၂၅ ရက်နေ့တွင် စေလွှတ်မည်ဖြစ်သည်။

    ကိုရီးယားနှစ်နိုင်ငံမှာ ၂ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ် ဆွေးနွေးမှုကို ပြီးခဲ့သည့်သီတင်းပတ် ကတည်းက ပြုလုပ်နေခြင်းဖြစ်သည်။

    Ref: Daily Mail

  • ရိုဟင်ဂျာဒုက္ခသည်အားလုံး ၂ နှစ်အတွင်း နေရပ်ပြန်ရေး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ သဘောတူ

    ရိုဟင်ဂျာဒုက္ခသည်အားလုံး ၂ နှစ်အတွင်း နေရပ်ပြန်ရေး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ သဘောတူ

    ဇန်န၀ါရီ ၁၆၊ ၂၀၁၈
    M-Media

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်

    – ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ၂ နှစ်အတွင်း အပြီး နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ဒီကနေ့မှာ သဘောတူခဲ့ပါတယ်။

    နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနတွေက ထုတ်ပြန်တဲ့ကြေငြာချက်တွေမှာ ဘင်္ဂလားဒေ့ရှ်ဖက်က သူတို့ရဲ့ နယ်စပ်မှာ တစ်ဆင့်လွှဲပြောင်းပေးမယ့် ယာယီစခန်း ၅ ခု ဖန်တီးကာ မြန်မာနိုင်ငံက လက်ခံရေးစင်တာ ၂ ခုကို လွှဲပြောင်းပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

    ပထမဆုံး နေရပ်ပြန်ပို့မှုကို လာမယ့် အင်္ဂါနေ့မှာ စတင်မယ်လို့လည်း ဆိုပါတယ်။

    မြန်မာအစိုးရက လူပေါင်း ၃၀၀၀၀ လောက် နေထိုင်နိုင်မယ့် ယာယီစခန်း တစ်ခုကို တည်ဆောက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ‘မြန်မာနိုင်ငံဟာ သူတို့နိုင်ငံအတွင်း နေထိုင်သူတွေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးမှုကို ရပ်တန့်သွားမယ်ဆိုတဲ့ ကတိက၀တ် ထပ်ပေးခဲ့တယ်’ လို့ ဖော်ပြထားပါတယ်။

    မြန်မာဖက်ကတော့ ဖြစ်လာနိုင်တဲ့ ရိုဟင်ဂျာတွေရဲ့ တိုက်ခိုက်မှုတွေအတွက် ကြိုတင်ကာကွယ်မှုတွေ နှစ်ဖက်စလုံး လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို အလေးထားပြောကြားခဲ့ပြီး၊ စစ်သွေးကြွလို့ဆိုတဲ့ လူ ၁၀၀၀ စာရင်းကို ပေးခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ပြီးနောက်ပိုင်း မြန်မာစစ်တပ်က ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ ၆၅၀၀၀၀ ကျော်လောက် ထွက်ပြေးခဲ့ရပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွထဲက မိဘမဲ့တွေ၊ ‘မလိုလားအပ်တဲ့ အခြေအနေမျိုးတွေကနေ မွေးဖွားခဲ့တဲ့ ကလေးတွေ’ ကို လက်ခံဖို့လည်း မြန်မာဖက်ကို တိုက်တွန်းခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ မလိုလားအပ်တဲ့ အခြေအနေမျိုးဆိုတာ အဓမ္မကျင့်မှုကြောင့် ကိုယ်ဝန်ရှိလာတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

    ရိုဟင်ဂျာအမျိုးသမီးတွေကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက အဓမ္မပြုကျင့်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး စစ်တပ်ကတော့ ဒီလုပ်ရပ်တွေမရှိဘူးလို့ ငြင်းဆိုပါတယ်။

    Ref: Reuters

     

  • ဆော်ဒီအိမ်ရှေ့မင်းသားအား ဖိတ်ကြားမှုကို ရုပ်သိမ်းရန် ဗြိတိန်ကို လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    ဆော်ဒီအိမ်ရှေ့မင်းသားအား ဖိတ်ကြားမှုကို ရုပ်သိမ်းရန် ဗြိတိန်ကို လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    ဇန်န၀ါရီ ၁၆၊ ၂၀၁၈
    M-Media

    – ယူကေသို့လာရောက်ရန် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်အား ဖိတ်ကြားထားမှုကို ပြန်ရုပ်သိမ်းသင့်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ယူကေ၀န်ကြီးချုပ် ထရီဇာမေကို တိုက်တွန်းလိုက်သည်။

    လက်နက်ရောင်းချမှု ဆန့်ကျင်ရေးအဖွဲ့ CAAT၊ ယူကေအခြေစိုက် အာရပ် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ AOHR UK တို့အပါအ၀င် လူ့အဖွဲ့အရေးအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့မှာ ယမန်နေ့တွင် ယူကေ ၀န်ကြီးချုပ်ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး အိမ်ရှေ့မင်းသား၏ လာရောက်မှုမှာ ယူကေ၏ အကျိုးစီးပွား၊ ၎င်း၏ စွန့်စားလိုစိတ်ကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများ၏ အကျိုးစီးပွားအတွက် သက်ရောက်မှုရှိမည်မဟုတ်ဟု ဖော်ပြခဲ့သည်။

    “ဆော်ဒီအစိုးရဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး မှတ်တမ်းရှိတဲ့ အစိုးရတွေထဲက တစ်ခုပါ။ ညှင်းပမ်းမှု၊ စိတ်ထင်တိုင်းဖမ်းဆီးမှုနဲ့ တစ်ခြား ဆိုးရွားတဲ့ လုပ်ရပ်တွေအတွက် မှတ်တမ်းတွေ ရှိထားပါတယ်။ ငတ်မွတ်မှုကို လက်နက်တစ်ခုဖြစ် သုံးတဲ့၊ ယီမင်မှာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ၀မ်းလျှောမှု ကပ်ရောဂါကို ဖြစ်စေတဲ့ ကြမ်းကြုတ်တဲ့ အာဏာရှင်ကို ကျွန်တော်တို့တိုင်းပြည်က ထောက်ခံတာ၊ ဆက်ဆံတာမျိုးဟာ ရှက်စရာကောင်းပါတယ်” ဟု လူ့အခွင့်အေ
    ရးအဖွဲ့များက ပြောကြားခဲ့သည်။

    ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့မှာ ၂၀၁၅ ခုနှစ် မတ်လမှစ၍ ယီမင်ရှိ ဟူသီသူပုန်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    ထိုအချိန်မှစ၍ ယူကေကလည်း ကန်ဒေါ်လာ ၆.၃ ဘီလီယံ တန်ဖိုးရှိ လက်နက်များကို ဆော်ဒီအား ရောင်းချခဲ့သည်ဟု CAAT က ဆိုသည်။

    လက်ရှိအချိန်အထိ ယီမင်စစ်ပွဲကြောင့် လူပေါင်း တစ်သောင်းခန့် သေဆုံးခဲ့ပြီး၊ ၀မ်းရောဂါကြောင့် ၂၀၀၀ ခန့် သေဆုံးခဲ့သည်။

    “ဗြိတိန်ကထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေ၊ ဗုံးတွေဟာ အဆင်းရဲဆုံး (ယီမင်) နိုင်ငံရဲ့ အရပ်သားပစ်မှတ်တွေ၊ အခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထား ဖျက်ဆီးရာမှာ အဓိကကျနေပါတယ်။ စစ်တပ်နဲ့ BAE System က ယူကေစစ်သားတွေဟာ ဆော်ဒီ စစ်ဆင်ရေးစင်တာတွေမှာ တာဝန်ထမ်းဆောင်ကာ ဒီကပ်ဆိုးကြီးကို ကူညီပေးနေကြပါတယ်” ဟု ၀န်ကြီးချုပ် ထရီဇာမေထံ ပေးပို့သောစာတွင် ဖော်ပြထားသည်။

    Ref: Aljazeera

     

  • ကတိမတည်သည့်အတွက် အစ္စရေးကို အသိအမှတ်မပြုရန် ပါလက်စတိုင်း ဗဟိုကောင်စီ ဆုံးဖြတ်

    ကတိမတည်သည့်အတွက် အစ္စရေးကို အသိအမှတ်မပြုရန် ပါလက်စတိုင်း ဗဟိုကောင်စီ ဆုံးဖြတ်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၈
    M-Media

    – အော်စလိုငြိမ်းချမ်းရေးစာချုပ်ပါ အချက်တွေကို ချိုးဖောက်တဲ့အတွက် အစ္စရေးနိုင်ငံကို အသိအမှတ်ပြုတာ ရပ်တန်ဖို့ ပါလက်စတိုင်းအုပ်ချုပ်ရေး အမှုဆောင် ကော်မတီကို ပါလက်စတိုင်း ဗဟိုကောင်စီက ညွှန်ကြားလိုက်ပါတယ်။

    ၂ ရက်တာကြာမြင့်တဲ့ ပါလက်စတိုင်း ဗဟိုကောင်စီရဲ့ အစည်းအဝေးကို မနေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး သမ္မတ မဟ်မူးဒ်အဘတ်စ်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်ရဲ့ သတ်မှတ်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

    အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဗဟိုကောင်စီက အစ္စရေးရဲ့ ကျူးကျော် သိမ်းပိုက်မှုတွေကို လူထုက ‘ပုံစံမျိုးစုံနဲ့ တွန်းလှန်တာ’ ကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

    ပါလက်စတိုင်းပိုင် ရာမာလာနဲ့ အစ္စရေးအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်တန့်သွားမှာဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုတော့မှာမဟုတ်ကြောင်း ထည့်သွင်းကြေငြာခဲ့ပါတယ်။

    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် တစ်ဖက်သတ်ကြေငြာမှုဟာ ၁၉၉၀ ပြည့်နှစ်တွေက ချုပ်ဆိုခဲ့တဲ့ အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်တာဖြစ်တယ်လို့ အဘတ်စ်က အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya