News @ M-Media

ကတိမတည်သည့်အတွက် အစ္စရေးကို အသိအမှတ်မပြုရန် ပါလက်စတိုင်း ဗဟိုကောင်စီ ဆုံးဖြတ်

ဇန်န၀ါရီ ၁၆၊ ၂၀၁၈
M-Media

– အော်စလိုငြိမ်းချမ်းရေးစာချုပ်ပါ အချက်တွေကို ချိုးဖောက်တဲ့အတွက် အစ္စရေးနိုင်ငံကို အသိအမှတ်ပြုတာ ရပ်တန်ဖို့ ပါလက်စတိုင်းအုပ်ချုပ်ရေး အမှုဆောင် ကော်မတီကို ပါလက်စတိုင်း ဗဟိုကောင်စီက ညွှန်ကြားလိုက်ပါတယ်။

၂ ရက်တာကြာမြင့်တဲ့ ပါလက်စတိုင်း ဗဟိုကောင်စီရဲ့ အစည်းအဝေးကို မနေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး သမ္မတ မဟ်မူးဒ်အဘတ်စ်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်ရဲ့ သတ်မှတ်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဗဟိုကောင်စီက အစ္စရေးရဲ့ ကျူးကျော် သိမ်းပိုက်မှုတွေကို လူထုက ‘ပုံစံမျိုးစုံနဲ့ တွန်းလှန်တာ’ ကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

ပါလက်စတိုင်းပိုင် ရာမာလာနဲ့ အစ္စရေးအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်တန့်သွားမှာဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုတော့မှာမဟုတ်ကြောင်း ထည့်သွင်းကြေငြာခဲ့ပါတယ်။

ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် တစ်ဖက်သတ်ကြေငြာမှုဟာ ၁၉၉၀ ပြည့်နှစ်တွေက ချုပ်ဆိုခဲ့တဲ့ အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်တာဖြစ်တယ်လို့ အဘတ်စ်က အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

Ref: Alarabiya