News @ M-Media

Blog

  • အမေရိကန်မြေမှာ ကစားသမားဘ၀ အဆုံးသတ်တော့မယ့် မက်ဆီ

    အမေရိကန်မြေမှာ ကစားသမားဘ၀ အဆုံးသတ်တော့မယ့် မက်ဆီ

    ဇွန် ၈၊ ၂၀၂၃

    M-Media 


    -အမေရိကန် မေဂျာလိဂ်ကလပ် Inter Miami အသင်းကို ပြောင်းရွှေ့မယ်လို့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်ပါတယ်။ 

    ပီအက်စ်ဂျီကနေ ထွက်တော့မယ့် မက်ဆီဟာ အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာပါ။ 

    လာမယ့်နှစ် လာလီဂါမှာ စတင်ကျင့်သုံးမယ့် ဘဏ္ဍာရေးညီမျှမှု စည်းမျဥ်းကြောင့် ဘာကာကိုပြန်ဖို့ ဖြစ်မလာခဲ့ဘူးလို့ မက်ဆီက ပြောပါတယ်။ 

    “ဥရောပကိုစွ့န်ခွာပြီး၊ မိုင်ယာမီကိုသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်ကိုယ်တိုင် ချခဲ့တာပါ” လို့ မက်ဆီက စပိန်ပြည်တွင်းသတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။ 

    ဥရောပအသင်းတစ်ခုက သူ့ကို ကမ်းလှမ်းခဲ့ပြီး ဘာစီလိုနာမဟုတ်ရင် တစ်ခြားအသင်းမှာ မကစားချင်တာကြောင့် ငြင်းဆိုခဲ့တယ်လို့လည်း မက်ဆီက ဆိုပါတယ်။ 

    မက်ဆီကို ဆော်ဒီထိပ်သီးကလပ် အလ်ဟီလာက ငွေကြေးအမြောက်အများပေးပြီး ကမ်းလှမ်းခဲ့ပါသေးတယ်။ 

    Inter Miami အသင်းကို ပြောင်းရွှေ့မှုမှာ Adidas နဲ့ Apple လို ကုမ္ပဏီတွေနဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားမှုကလည်း တစ်စိတ်တစ်ပိုင်း ပါ၀င်ပါတယ်။ 

    မက်ဆီဟာ မိုင်ယာမီမှာ အိမ်တစ်လုံး၀ယ်ထားပြီး လက်ရှိမှာ ငှားစားထားပါတယ်။

    Inter Miami အသင်းဟာ အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့အသင်းဖြစ်ပြီး၊ သူ့အသင်းမှာ လာကစားဖို့ ဘက်ခမ်းက မက်ဆီကို အရင်က ကမ်းလှမ်းဖူးပါတယ်။ 

    Ref: BBC

  • ဆော်ဒီမှာ အောင်မြင်မှု ထပ်ယူမယ်ဆိုတဲ့ ဘန်ဇီမာ

    ဆော်ဒီမှာ အောင်မြင်မှု ထပ်ယူမယ်ဆိုတဲ့ ဘန်ဇီမာ

    ဇွန် ၇၊ ၂၀၂၃

    M-Media 


    -ဥရောပမှာ အောင်မြင်မှု ရယူနိုင်ခဲ့သလိုမျိုး ဆော်ဒီမှာလည်း ကြိုးစားရယူသွားမယ်လို့ အလ်-အီတီဟတ်တိုက်စစ်မှူးသစ် ကရင် ဘန်ဇီမာက ပြောကြားလိုက်ပါတယ်။ 

    အသက် ၃၅ နှစ်အရွယ် ဘန်ဇီမာကို ဆော်ဒီလိဂ်ချန်ပီယံ အလ်-အီတီဟတ်အသင်းက အခုတစ်ပတ်အစောပိုင်းမှာ ၂ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။ 

    အသင်းဖော်ဟောင်း ရော်နယ်ဒိုကို ပြိုင်ဘက်အဖြစ် ဘန်ဇီမာတစ်ယောက် ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

    “ကစားသမားကောင်းတွေအများကြီးရှိတဲ့ လိဂ်ကောင်းတစ်ခုပါ။ ကျွန်တော့်သူငယ်ချင်း ခရစ္စတီယာနို ရော်နယ်ဒို ရောက်နေတာက ဆော်ဒီလိဂ်အဆင့်အတန်းဟာ ပိုမို တိုးတက်လာတယ်ဆိုတာ ပြသနေတာ ဖြစ်ပါတယ်။ ဥရောပမှာ အောင်မြင်ခဲ့သလို ဒီမှာလည်း အောင်မြင်အောင် ကစားသွားမှာပါ”

    စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တဲ့အတွက် ဆော်ဒီလိဂ်ကို ပြောင်းရွှေ့လာတာလို့လည်း ဘန်ဇီမာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ရီးယဲလ်မက်ဒရစ်မှာ ၁၄ နှစ်ကြာ ကစားခဲ့တဲ့ ဘန်ဇီမှာဟာ ချန်ပီယံလိဂ် ၅ ကြိမ် အပါအ၀င် စုစုပေါင်း ဖလား ၂၅ လုံး ရယူနိုင်ခဲ့ပါတယ်။ 

    Ref: BBC

  • အသံထက်မြန်သည့် ဒုံးကျည်ကို အီရန် ပိုင်ဆိုင်ပြီ

    အသံထက်မြန်သည့် ဒုံးကျည်ကို အီရန် ပိုင်ဆိုင်ပြီ

    ဇွန် ၇၊ ၂၀၂၃

    M-Media 


    -ဒုံးခွင်းစနစ်တွေကို ဖြတ်ကျော်၀င်ရောက်နိုင်တဲ့ ပြည်တွင်းဖြစ် အသံထက်မြန်တဲ့ ဒုံးကျည်ကို အီရန်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပါတယ်။ 

    ‘ဖာတာ’ လို့အမည်ပေးထားတဲ့ ဒီဒုံးကျည်ဟာ အီရန်စစ်တပ်ကို ပတ်၀န်းကျင်နိုင်ငံတွေထက် နှာတစ်ဖျားသာစေမှာ ဖြစ်ပါတယ်။ 

    အသံထက် ၅ ဆ မြန်တဲ့ ဒုံးကျည်တွေကို လက်ရှိ ကမ္ဘာမှာ အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့သာ ပိုင်ဆိုင်ထားပါတယ်။ ဒီစာရင်းမှာ အီရန်က ပါ၀င်လာတာပါ။ 

    ဖာတာဒုံးကျည်ဟာ တစ်စက္ကန့်ကို ၁၆၈၈၀ ပေ သွားပြီး မိုင်ပေါင်း ၈၇၀ အထိ ရောက်ရှိနိုင်ပါတယ်။ 

    အသံထက်မြန်တဲ့ ဒုံးကျည် တီထွင်ထုတ်လုပ်နေကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ လေတပ်အကြီးအကဲ အမီရ် အလီ ဟာဂျီဇာဒါက ပြီးခဲ့တဲ့ နို၀င်ဘာလမှာ ထုတ်ပြောခဲ့တာပါ။ အဲဒီနောက် ၆ လအကြာမှာပဲ ပထမဆုံး ဒုံးကျည်ကို ထုတ်ပြလာနိုင်တာ ဖြစ်ပါတယ်။ 

    အသံထက်မြန်တဲ့ ဒုံးကျည်တွေဟာ ကမ္ဘာ့လေထုရဲ့ အပြင်ဖက်ကနေပါ ပျံသန်းနိုင်ပြီး ဒုံးခွင်းစနစ်တွေက ဟန့်တားဖို့ မလွယ်ကူတဲ့ ဒုံကျည်မျိုးဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • နိုင်ငံတကာ မွတ်စလင်ခရီးသွားလုပ်ငန်းမှာ အသိအမှတ်ပြု ခံလာရတဲ့ ဖိလစ်ပိုင်

    နိုင်ငံတကာ မွတ်စလင်ခရီးသွားလုပ်ငန်းမှာ အသိအမှတ်ပြု ခံလာရတဲ့ ဖိလစ်ပိုင်

    ဇွန် ၆၊ ၂၀၂၃

    M-Media


    -ပြီးခဲ့တဲ့တစ်ပတ် စင်ကာပူနိုင်ငံမှာ ကျင်းပြုလုပ်ခဲ့တဲ့ ‘ဟာလာလ် ခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံ’ မှာ ‘မွတ်စလင်ခရီးသွားများအတွက် အဆင်ပြေဆုံး နိုင်ငံ’ ဆုကို ဖိလစ်ပိုင်က ရရှိသွားပါတယ်။

    မွတ်စလင်ခရီးသွားလုပ်ငန်းဟာ ကမ္ဘာတစ်၀ှမ်း အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၈ ခုနှစ်ရောက်ရင် ကန်ဒေါ်လာ ၂၂၅ ဘီလီယံအထိ တန်ဖိုးရှိလာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ 

    ဒီလုပ်ငန်းမှာ ၀င်ဆံ့နိုင်အောင် ကြိုးစားသွားမယ်လို့ ဖိလစ်ပိုင်အစိုးရက ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ မွတ်စလင်အများစုရှိရာ နိုင်ငံတွေက ခရီးသွားတွေကို ပိုမို လက်ခံနိုင်စေဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

    ဒီကြိုးပမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် မေလ ၃၀ ရက်နေ့က ဇွန် ၁ ရက်နေ့အထိ ကျင်းပတဲ့ ဟာလာခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံမှာ အသိအမှတ်ပြု ခံခဲ့ရတာပါ။ 

    “ဖိလစ်ပိုင်ကို မွတ်စလင်ခရီးသွားတွေ နှစ်သက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာရေး ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒီဆုက အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒေသတွင်း ဟာလာလ်ခရီးသွားကဏ္ဍမှာ ကျွန်တော်တို့ရဲ့ ပုံရိပ်ကို ဒီဆုက မြှင့်တင်ပေးလိုက်တာလည်း ဖြစ်ပါတယ်” လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီး ခရစ္စတီးနား ဖရက်စကိုက ပြောကြားခဲ့ပါတယ်။ 

    ဒီလိုအသိအမှတ်ပြုခံရတာကြောင့် ဖိလစ်ပိုင်ဟာ စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုရရှိလာမှာဖြစ်ပြီး၊ နိုင်ငံရဲ့ လူမျိုးစုံ၊ ဘာသာစုံ နေထိုင်ရှင်သန်မှု ဓလေ့ကို ချပြနိုင်မှာဖြစ်တယ်လို့လည်း ဖရက်စကိုက ပြောပါတယ်။ 

    လူဦးရေ သန်း ၁၁၀ ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ လူများစုက ခရစ်ယာကန်ကက်သလစ် ဘာသာ၀င်တွေ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာ၀င်က ၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံရဲ့ တောင်ပိုင်းဒေသမှာ အဓိက နေထိုင်ကြပါတယ်။ 

    Ref: Arab News 

  • FA ဖလားဟာ ငယ်ဘ၀အိပ်မက်ပါ။

    FA ဖလားဟာ ငယ်ဘ၀အိပ်မက်ပါ။

    ဒီဖလားဟာ ငယ်ငယ်ကလေးကတည်းက အိပ်မက်မက်ခဲ့ရတဲ့ ဖလားပါ။ နိုင်ငံခြားကစားသမားတွေကတော့ ဒီခံစားချက်ကို သိချင်မှသိလိမ့်မယ်။ ဒီပြိုင်ပွဲမှာ ကစားရတဲ့ဖီလင်၊ ဖိုင်နယ်မှာ ကစားရတဲ့ ဖီလင်ကို အင်္ဂလိပ်ကစားသမားတွေကတော့ ကောင်းကောင်းသိပါတယ်။ အက်စတွန်ဗီလာမှာတုန်းက FA ဖလားဖိုင်နယ်မှာ ကျွန်တော်ရှုံးဖူးတယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော် တော်တော်ကို နိုင်ချင်ခဲ့ပါတယ်။  

    ဂျက် ဂရစ်လစ်ရှ် – မန်စတီးတောင်ပံကစားသမား