News @ M-Media

Blog

  • ကက်ရှိမီးယားရှိ လူအစုလိုက်အပြုံလိုက် မြှုပ်ထားသည့်နေရာများအတွက် အိန္ဒိယ စုံစမ်းမည်

    ကက်ရှိမီးယားရှိ လူအစုလိုက်အပြုံလိုက် မြှုပ်ထားသည့်နေရာများအတွက် အိန္ဒိယ စုံစမ်းမည်

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    – ကက်ရှ်မီးယားဒေသတွင် အမှတ်အသားမရှိသာ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ အနည်းဆုံး ၂၀၈၀ အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အိန္ဒိယ လူ့အခွင့်အရေးကော်မရှင်က ကက်ရှ်မီးယားအစိုးရကို အမိန့်ပးလိုက်သည်ဟု သိရသည်။

    ကရှ်မီးယား လူ့အခွင့်အရေးအဖွဲ့ APDP က အိန္ဒိယနှင့် ပါကစ္စတန်တို့ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှိမီးယားဒေသကို ပိုင်းခြားထားသော ထိန်းချုပ်ရးမျဉ်း (LoC) တစ်လျှောက်ရှိ ပွန့်ခ်ျခရိုင်နှင့် ရာဂျူရီခရိုင်တို့တွင် အမှတ်အသားမပြုထားသော မြေပုံ ၃၈၄၄ ခုကို တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယ လူ့အခွင့်အရေးကော်မရှင်ကို ပြောကြားခဲ့သည်။

    ကော်မရှင်က အမှတ်အသားမပြုထားသော မြေပုံ ၂၀၈၀ ရှိကြောင်း အသိအမှတ်ပြုခဲ့ပြီး လူပျောက်ရှာဖွေနေသည့် မိသားစုဝင်များ၏ DNA စစ်ဆေးချက်နှင့် အလောင်းများ၏ စစ်ဆေးချက်များ နှိုင်းယှဉ်ခြင်း အပါအ၀င် စုံစမ်းစစ်ဆေးမှုအားလုံးကို ၆ လအတွင်း အပြီးအစီးဆောင်ရွက်ပေးရန် ကရှ်မီးယားအစိုးရကို တောင်းဆိုခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့် မြေပုံများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အစိုးရကို ညွှန်းကြားခဲ့ပြီး ကော်မရှင်က တာဝန်ပေးထားသော အထူးစုံစမ်းရေးအဖွဲ့က ကရှ်မီးယားမြောက်ပိုင်းတစ်လျှောက် ၃၈ နေရာ၌ အမည်မသိအလောင်း ၂၇၃၀ မြှုပ်နှံထားကြောင်း တင်ပြခဲ့သည်။

    APDP က ဆယ်စုနှစ်များစွာကြာမြင့်လျက်ရှိသော ကက်ရှ်မီးယား ပဋိပက္ခအတွင်း လူပေါင်း ၈၀၀၀ ခန့် ပျောက်ဆုံးနေသည်ဟု ဆိုပြီး၊ အစိုးရတပ်ဖွဲ့များမှာ လူသတ်မှုများကို ဖုံးကွယ်ရန်အတွက် တိုက်ပွဲများဖန်တီးနေကြောင်း စွပ်စွဲခဲ့သည်။

    အိန္ဒိယနိုင်ငံရှိ ဂျာမူးနှင့် ကက်ရှ်မီးယားပြည်နယ်တို့တွင် တွေ့ရှိရသော အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့်နေရာများအား စုံစမ်းရန် ကော်မရှင်၏တောင်းဆိုမှုကို ထိုအဖွဲ့က ကြိုဆိုခဲ့သည်။

    Ref : Aljazeera

  • IS လက်မှ ဒီအက်ဇိုမြို့ကို ဆီးရီယားစစ်တပ် ပြန်သိမ်းနိုင်

    IS လက်မှ ဒီအက်ဇိုမြို့ကို ဆီးရီယားစစ်တပ် ပြန်သိမ်းနိုင်

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    – ဆီးရီးယားတွင် IS ထိန်းချုပ်ထားသည့် နောက်ဆုံး မြို့ပြနယ်မြေတစ်ခုဖြစ်သော ဒီအက်ဇိုမြို့ကို ဆီးရီးယားစစ်တပ်နှင့် ၎င်း၏ မဟာမိတ်တပ်များက ယမန်နေ့တွင် လုံးဝ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ပိုင်း ရေနံပေါကြွယ်ဝသည့် ပြည်နယ်တွင်ရှိသော အဆိုပါမြို့ကို ၂၀၁၄ ခုနှစ်တွင် IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဆီးရီးယားအစိုးရစစ်တပ်နှင့် ပြည်သူ့စစ်များမှာ ၃ နှစ်ကြာ ပိတ်ဆို့ခံထားခဲ့ရသည်။

    အဆိုပါ ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ခဲ့ပြီးနောက် ဆီးရီးယားတပ်များမှာ စက်တင်ဘာတွင် မြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့သည်။

    ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က ဒီအက်ဇိုပြည်နယ်၏ ၄၀ ရာခိုင်နှုန်းကို IS က ထိန်းချုပ်ထားနိုင်ဆဲဟု ဆိုသည်။

    အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် ကာ့ဒ်ဦးဆောင်သော တပ်ဖွဲ့များနှင့် ဆီးရီးယားစစ်တပ်တို့မှာ ဒီ အက်ဇိုပြည်နယ်အား ပြန်လည် သိမ်းပိုင်နိုင်ရေး ကြိုးပမ်းအားထုတ်နေကြသည်။

    Ref : Aljazeera

  • အမေရိကန်က စစ်ခေါင်းဆောင်များအပေါ်ပိတ်ဆို့မှု NLDအစိုးရသာ ဒုက္ခရောက်မည်ဟု ဦးဇော်ဌေးပြော

    အမေရိကန်က စစ်ခေါင်းဆောင်များအပေါ်ပိတ်ဆို့မှု NLDအစိုးရသာ ဒုက္ခရောက်မည်ဟု ဦးဇော်ဌေးပြော

    နိုဝင်ဘာ ၃၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်ကိစ္စကြောင့် မြန်မာစစ်တပ်အပေါ် အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်မယ်ဆိုရင် အရပ်သားအစိုးရက ဗိုလ်ချုပ်တွေနဲ့ အာဏာခွဲဝေရယူထားရမှုကို ထိခိုက်စေလိမ့်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

    ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်က မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြီးခဲ့တဲ့ လကတည်းက စီစဉ်ခဲ့တာဖြစ်ပြီး အထက်လွှတ်တော်အမတ်တွေက ဒီကိစ္စနဲ့ပတ်သက်လို့ မနေ့မှာ မူကြမ်းတစ်ခု တင်သွင်းခဲ့ပါတယ်။

    အဲဒီမူကြမ်းမှာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် ပြီးခဲ့တဲ့နှစ်မှာ ဖယ်ရှားပေးခဲ့တဲ့ ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ ပါဝင်ပါတယ်။

    ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်ခဲ့ကြတဲ့သူတွေကို ဖော်ထုတ်အရေးယူမှု မပြုလုပ်မချင်း မြန်မာစစ်တပ် တာဝန်ရှိသူတွေအပေါ် ပိတ်ဆို့အရေးယူဖို့၊ ခရီးသွားကန့်သတ်ဖို့၊ စစ်တပ်အပေါ် အမေရိကန်က ပံ့ပိုးကူညီမှု တော်တော်များများကို ရပ်တန့်ထားဖို့ မူကြမ်းမှာ ဖော်ပြထားပါတယ်။

    ဦးဇော်ဌေးက တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်ဖို့အတွက် ပြည်တွင်းမှာ တည်ငြိမ်ဖို့လိုကြောင်း၊ နိုင်ငံတကာက ပိတ်ဆို့မှုတွေလုပ်တာဟာ ခရီးသွားတဲ့သူတွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေကို တိုက်ရိုက် ထိခိုက်ကာ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန် နိုဝင်ဘာ ၁၅ ရက်နေ့ မြန်မာနိုင်ငံကို လာတဲ့အခါ ရခိုင်ပြည်နယ်ကိစ္စ အစိုးရရဲ့ဆောင်ရွက်ချက်တွေကို မြန်မာဘက်က ရှင်းပြဖို့ ရှိနေကြောင်း သူက ဆိုပါတယ်။

    အရပ်သားအစိုးရဟာ စစ်တပ်နဲ့တွဲပြီး အလုပ်လုပ်ဖို့လိုတယ်လို့လည်း ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။

    “တိုင်းပြည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို အစိုးရတစ်ခုတည်းက လုပ်လို့မရပါဘူး။ တပ်မတော်ကလည်း ပါဝင်ဖို့လိုတယ်ဆိုတာ ရှင်းပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အားလုံးကို တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးပြီး သွားရမှာပါ။ ပိတ်ဆို့မှုတွေ၊ ဖိအားတွေက အစိုးရရဲ့အလုပ်ကို ထိခိုက်မှာပါ။ ပိတ်ဆို့မှုတွေလု
    ပ်ရင် ရလဒ်ကောင်းထွက်မှာ မဟုတ်ပါဘူး။ အရင်ကလည်း ဒီလိုအတွေ့အကြုံတွေ ရှိပါတယ်”

    အမေရိကန်ရဲ့ ဒီပိတ်ဆို့မှုတွေဟာ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေသာမကဘဲ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ထိခိုက်ကာ ရလဒ်ဆိုးတွေသာ ထွက်မှာဖြစ်ကြောင်း ဦးဇော်ဌေးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အထက်လွှတ်တော်က လက်နက်ဆိုင်ရာကော်မတီဥက္ကဌ ရီပက်ဘလစ်ကန်အမတ် ဂျွန်မက်ကိန်း၊ အထက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီက ဒီမိုကရက်အမတ် ဘင် ကာဒင်တို့လို အမေရိကန် နိုင်ငံရေးပါတီကြီးနှစ်ခုက သြဇာရှိအမတ်တွေကပါ ထောက်ခံထားတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူရေး မူကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာလည်း တင်သွင်းထားပါတယ်။

    အောက်လွှတ်တော်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေအတွက် ပြတ်ပြတ်သားသားတုန့်ပြန်ဖို့ အစိုးရကို တိုက်တွန်းထားတာပါ။

    မြန်မာစစ်တပ်နဲ့ အစိုးရကတော့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ ဥပဒေဘောင်အတွင်းကသာ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    Ref: Reuters

  • ကာတာ၏ F-15 တိုက်လေယာဉ်စီမံကိန်းကို ပင်တဂွန် အတည်ပြု

    ကာတာ၏ F-15 တိုက်လေယာဉ်စီမံကိန်းကို ပင်တဂွန် အတည်ပြု

    နိုဝင်ဘာ ၃၊ ၂၀၁၇
    M-Media

    ကာတာလေတပ်

    – ကာတာတွင် F-15 တိုက်လေယာဉ်များအား ပံ့ပိုးကူညီရေး ကန်ဒေါ်လာ ၁.၁ ဘီလီယံတန် အစီအစဉ်ကို အမေရိကန် ကာကွယ်ရေးဌာန ပင်တဂွန်က အတည်ပြုလုပ်သည်ဟု သိရသည်။

    ဇွန်လတွင် ကာတာနှင့် အမေရိကန်တို့မှာ ကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး ဘက်စုံသုံးတိုက်လေယာဉ် ၇၂ စီး ၀ယ်ယူရန် လက်မှတ်ရေးထိုးခဲ့သည်။

    အဆိုပါသဘောတူညီချက်တွင် ဆိုက်ဘာလုံခြုံရေး ကာကွယ်ရေး၊ ပံ့ပိုးကူညီရေး၊ အခြား ဆက်စပ်သော ၀န်ဆောင်မှုများအပါအ၀င် လေယာဉ်များ ဒီဇိုင်းဆွဲ တည်ဆောက်ရေးလုပ်ငန်းများလည်း ပါဝင်သည်ဟု အောက်လွှတ်တော်ကို တင်ပြထားကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။

    အဆိုပါ သဘောတူညီချက်ကို ပယ်ချရန်အတွက် အောက်လွှတ်တော်တွင် ရက် ၃၀ အချိန်ရှိနေသည်။

    အမေရိကန် လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ထုတ်ပြန်သော ကြေငြာချက်တွင် ပင်လယ်ကွေ့ဒေသအတွင်း နိုင်ငံရေး တည်ငြိမ်ရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကာတာမှာ အဓိကကျသည့် နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်နှင့် ကာတာလေတပ်တို့၏ ဆက်ဆံရေးမှာ ကောင်းမွန်ခိုင်မြဲနေကြောင်း ဖော်ပြထားသည်။

    ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းက ဆွေးနွေးခဲ့သည့် လေယာဉ်များဝယ်ယူရေး သဘောတူညီချက်မှာ ကာတာ၏ နည်းပညာစွမ်းအား တိုးတက်ရေး၊ အမေရိကန်နှင့် ကာတာတို့အကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက်လည်း ရည်ရွယ်သည်။

    Ref; Aljazeera

  • နျူစီမံကိန်းမှာ အမေရိကန်၏ ကျူးကျော်မှုကို ကာကွယ်ရန်ဟု မြောက်ကိုရီးယားပြော

    နျူစီမံကိန်းမှာ အမေရိကန်၏ ကျူးကျော်မှုကို ကာကွယ်ရန်ဟု မြောက်ကိုရီးယားပြော

    နိုဝင်ဘာ ၃၊ ၂၀၁၇
    M-Media

    – အမေရိကန်၏ ကျူးကျော်မှု လုယက်တိုက်ခိုက်မှုကို ဟန့်တားရန်အတွက် မိမိတို့မှာ နျူလက်နက် လိုအပ်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

    နိုင်ငံပိုင်သတင်းဌာန (KCNA) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Uriminzokkiri ၀က်ဘ်ဆိုက်တွင် ဗုဒ္ဓဟူးနေ့က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်၏ ပိတ်ဆို့မှုများ၊ ဖိအားများ၊ စစ်ရေးခြိမ်းခြောက်မှုများကို ရူးနှမ်းသော ဆောင်ရွက်ချက်များဟုလည်း ဆိုသည်။

    “မြောက်ကိုရီးယားရဲ့ နျူစွမ်းအားဟာ ကိုရီးယားကျွန်းဆွယ်နဲ့ အာရှ အရှေ့မြောက်ပိုင်းမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ကိုရီးယားနိုင်ငံ တည်ရှိခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်”

    ထို့ပြင် မြောက်ကိုရီးယားက နျူလက်နက် ထုတ်လုပ်နေခြင်းမှာ နျူလက်နက်မရှိသော နိုင်ငံများအား အမေရိကန်က ကျူးကျော်၊ တိုက်ခိုက်၊ လုယက်မှုတို့ကဲ့သို့ အခြေအနေမျိုးကို တားဆီးရန်ဖြစ်သည်ဟုလည်း ဆိုသည်။

    ယနေ့တွင်စတင်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အာရှဒေသခရီးစဉ် မစတင်မီ မြောက်ကိုရီးယား၏ ယခုမှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    စက်တင်ဘာလတွင် မြောက်ကိုရီးယားက ၎င်းတို့၏ အင်အားအပြင်းဆုံး နျူစမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လျက် ရှိနေသည်။

    Ref : Aljazeera