News @ M-Media

IS လက်မှ ဒီအက်ဇိုမြို့ကို ဆီးရီယားစစ်တပ် ပြန်သိမ်းနိုင်

နိုဝင်ဘာ ၄၊ ၂၀၁၇
M-Media

– ဆီးရီးယားတွင် IS ထိန်းချုပ်ထားသည့် နောက်ဆုံး မြို့ပြနယ်မြေတစ်ခုဖြစ်သော ဒီအက်ဇိုမြို့ကို ဆီးရီးယားစစ်တပ်နှင့် ၎င်း၏ မဟာမိတ်တပ်များက ယမန်နေ့တွင် လုံးဝ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

နိုင်ငံအရှေ့ပိုင်း ရေနံပေါကြွယ်ဝသည့် ပြည်နယ်တွင်ရှိသော အဆိုပါမြို့ကို ၂၀၁၄ ခုနှစ်တွင် IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဆီးရီးယားအစိုးရစစ်တပ်နှင့် ပြည်သူ့စစ်များမှာ ၃ နှစ်ကြာ ပိတ်ဆို့ခံထားခဲ့ရသည်။

အဆိုပါ ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ခဲ့ပြီးနောက် ဆီးရီးယားတပ်များမှာ စက်တင်ဘာတွင် မြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့သည်။

ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က ဒီအက်ဇိုပြည်နယ်၏ ၄၀ ရာခိုင်နှုန်းကို IS က ထိန်းချုပ်ထားနိုင်ဆဲဟု ဆိုသည်။

အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် ကာ့ဒ်ဦးဆောင်သော တပ်ဖွဲ့များနှင့် ဆီးရီးယားစစ်တပ်တို့မှာ ဒီ အက်ဇိုပြည်နယ်အား ပြန်လည် သိမ်းပိုင်နိုင်ရေး ကြိုးပမ်းအားထုတ်နေကြသည်။

Ref : Aljazeera