News @ M-Media

Blog

  • ကမ္ဘာတစ်ဝှမ်း ကျောင်းမတက်နိုင်သည့်ကလေးငယ် ၂၆၄ သန်းရှိနေ

    ကမ္ဘာတစ်ဝှမ်း ကျောင်းမတက်နိုင်သည့်ကလေးငယ် ၂၆၄ သန်းရှိနေ

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    ဆီးရီးယားမှ ကျောင်းနေအရွယ် ကလေးငယ်တစ်ဦး

    – ကမ္ဘာတစ်ဝှမ်းတွင် ပညာသင်ကြားခွင့်မရသည့် ကလေးငယ်များနှင့် လူငယ်အရေအတွက်မှာ သန်း ၂၆၀ ကျော် ရှိနေသည်ဟု ယူနက်စကိုမှ ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။

    ပညာသင်ကြားခွင့် မရသူများတွင် မူလတန်းအရွယ် (အသက် ၆ နှစ်မှ ၁၁ နှစ်အအထိ) ၆၁ သန်း၊ အလယ်တန်းအဆင့် (အသက် ၁၂နှစ်မှ ၁၄ နှစ်အထိ) သန်း ၆၀ နှင့် အထက်တန်းအဆင့် (အသက် ၁၅နှစ်မှ ၁၇ နှစ်အထိ) ၁၄၂ သန်းတို့ ဖြစ်ကြသည်။

    အဆိုပါတွေ့ရှိချက်မှာ ယူနက်စကို၏ စာရင်းအင်းအွဲ့နှင့် ကမ္ဘာ့ပညာရေး စောင့်ကြည့်မှုအစီရင်ခံစာ (GME) တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှ အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။

    ယူနက်စကို၏ ညွှန်ကြားရေးမှူးချုပ် အိုင်ရီနာ ဘိုကိုဗာက ယခုကဲ့သို့ ပညာသင်ကြားခွင့် မရရှိသည့် အခြေအနေအား ကျော်လွှားရေး ပူးပေါင်းအားထုတ်ကြိုးပမ်းသွားရန် ကမ္ဘာ့အသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့သည်။

    ထို့ပြင် ထိုပြဿနာကို ရင်ဆိုင်ဖြေရှင်းရန် ပိုမိုအားကောင်းသည့် အစီအစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ပညာရေးအခွင့်အလမ်းများ ရရှိရေး လှုံ့ဆော်မှုပေးရန်၊ အလှူရှင်များအပါအ၀င် အစိုးရအားလုံးအနေဖြင့် ၎င်းတို့၏ ပညာရေး ကတိကတ၀တ်ကို ဖြည့်ဆည်းရန်လည်း တိုက်တွန်းခဲ့သည်။

    Ref : Aljazeera

  • ရုပ်ရှင်မင်းသမီးကို လိင်စော်ကားမှု သတင်းအတွက် အမေရိကန်သမ္မတဟောင်း ပြန်တောင်းပန်

    ရုပ်ရှင်မင်းသမီးကို လိင်စော်ကားမှု သတင်းအတွက် အမေရိကန်သမ္မတဟောင်း ပြန်တောင်းပန်

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    – လွန်ခဲ့သည့်လေးနှစ်က ရုပ်ရှင်မင်းသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဟု စွပ်စွဲခံရမှုအတွက် အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ အိခ်ျ ဒဘလျူ ဘုရှ်က လူသိရှင်ကြား တောင်းပန်လိုက်သည်။

    အင်္ဂါနေ့တွင် မင်းသမီးဟီသာလင်ဒ်က စီနီယာဘုရှ်မှာ ၎င်းအား လိပ်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ဘုရှ်၏ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်တောင်းပန်ခဲ့ခြင်းဖြစ်သည်။

    “လွန်ခဲ့တဲ့ ၄ နှစ် ကျွန်မအလုပ်လုပ်နေတဲ့ သမိုင်းဆိုင်ရာ တီဗီအစီအစဉ်တစ်ခုရဲ့ ပရိုမိုရှင်းအတွက် ဂျော့ အိခ်ျဒဘလျူဘုရှ်နဲ့ တွေ့ဆုံတဲ့အခါ ဓာတ်ပုံရိုက်ဖို့ ကျွန်မ ပို့စ်ပေးနေတုန်းက သူဟာ ကျွန်မကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပါတယ်။ ကျွန်မကို လက်ဆွဲမနှုတ်ဆက်ပါဘူး။ ဘီးတပ်ကုလားထိုင်မှာထိုင်နေတဲ့သူက ကျွ
    န်မရဲ့ အနောက်ပိုင်းကို ကိုင်ပါတယ်။ သူ့မိန်းမ ဘာဘရာလည်း သူ့ဘေးမှာ ရှိပါတယ်။ ညစ်ညမ်းတဲ့ ရယ်စရာတွေလည်း ကျွန်မကို ပြောပါတယ်” ဟု မင်းသမီးက Instagram တွင် ရေးသားခဲ့သည်။

    “ဓာတ်ပုံတွေရိုက်နေတဲ့တစ်လျှောက်လုံးမှာ ကျွန်မကို ထိတွေ့ကိုင်တွယ်ခဲ့ပါတယ်။ ဘာဘရာက မျက်ရိပ်ပြပြီးထပ်မလုပ်ဖို့ သတိပေးပါတယ်၊ ပြီးတော့ သူ့ရဲ့ လုံခြုံရေးအစောင့်က ဓာတ်ပုံရိုက်ရင် သူ့အနားမှာ မရပ်ဖို့လည်း ပြောခဲ့ပါတယ်”

    ဟီသာလင်ဒ်မှာ နောက်ပိုင်းတွင် ၎င်း၏ အကောင့်ကို ဖျက်သွားခဲ့သည်။

    ဂျော့ဂ်ျ ဘုရှ်၏ ထိုသတင်းမှာ အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီးနောက် နယူးယောက်မှ မင်းသမီး ဂျော်ဒါနာ ဂရိုလ်နစ်က ၂၀၁၆ ခုနှစ် သြဂုတ်လ ဓာတ်ပုံရိုက်မှုတစ်ခုတွင် သူမမှာလည်း ထိုကဲ့သို့ ဂျော့ဂ်ျဘုရှ်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ဘုရှ်၏ ပြောရေးဆိုခွင့်ရှိသူ ဂျင်မ် မက်ဂရက်က သမ္မတဟောင်းအနေဖြင့် မင်းသမီးကို စော်ကားလိုစိတ် မရှိဟုကာကွယ်ပြောဆိုခဲ့သည်။

    “အသက် ၉၃ နှစ်အရွယ် သမ္မတဟောင်းဘုရှ်ဟာ ဘီးတပ်ကုလားထိုင်နဲ့ပဲ သွားလာနေရတာ ၅ နှစ်လောက် ရှိပါပြီ။ ဒါ့ကြောင့် ဓာတ်ပုံတွေရိုက်တဲ့အခါမှာ သူ့ရဲ့လက်ဟာ တစ်ခြားလူတွေရဲ့ခါးနားမှာ ရောက်ရောက်နေပါတယ်” ဟု မက်ဂရသ်ကဆိုပြီး ထိုကဲ့သို့ ထိတွေ့ကိုင်တွယ်မှုမှာ ‘လူများအား အနေအသက်သာစေရန်’ ကြိုးပမ်းခြင်းဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    “သမ္မဘုရှ်ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို တစ်ယောက်ယောက်ကို စိတ်ဒုက္ခရောက်အောင် ရည်ရွယ်လုပ်ဆောင်တာမျိုး ဘယ်တုန်းကမှ မရှိပါဘူး။ သူ စဖို့နောက်ဖို့ ကြိုးစားမှုဟာ မစ္စ လင်ဒ်ကို စော်ကားသလို ဖြစ်သွားတယ်ဆိုရင် သူ့အနေနဲ့ အနူးအညွတ်တောင်းပန်တယ်လို့ ပြောကြားခဲ့ပါတယ်။ ”

    လက်ရှိသမ္မတဒေါ်နယ်ထရမ့်နှင့် သမ္မတဟောင်း ဘီလ်ကလင်တန်တို့မှာလည်း အမျိုးသမီးအချို့ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်သည်ဆိုသည့် စွပ်စွဲမှုများ ခံခဲ့ရဖူးသည်။

    Ref : Press TV

  • ပြည်ပလုပ်သားများအား အကာအကွယ်ပေးမည့် ဥပဒေသစ်တစ်ခု ကာတာ ပြဌာန်း

    ပြည်ပလုပ်သားများအား အကာအကွယ်ပေးမည့် ဥပဒေသစ်တစ်ခု ကာတာ ပြဌာန်း

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    ကာတာရှိ နိုင်ငံခြားအလုပ်သမားများ

    – နိုင်ငံအတွင်းရှိ ပြည်ပလုပ်သားအင်အား ၂ သန်းအား ထောက်ပံ့နိုင်မည့် ရန်ပုံငွေထူထောင်ရေးအတွက် ကာတာမှာ ဥပဒေမူကြမ်းအသစ်တစ်ခုကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြု ပြဌာန်းလိုက်သည်။

    ‘အလုပ်သမားများ ဖူလှုံရေးနှင့် အာမခံရန်ပုံငွေ’ ဟု အမည်ပေးထားသည့် အဆိုပါရန်ပုံငွေသည် သတ်မှတ်ချိန်ထက် အလုပ်ပိုလုပ်ရသည့် လုပ်သားများကို လုပ်အားခ ရှင်းပေးရန်ဖြစ်ပြီး၊ အစိုးရအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် လွတ်လပ်စွာ လည်ပတ်မည်ဟု ကာတာအလုပ်သမားရေးရာဝန်ကြီး Issa al-Nuaimi က ပြောကြားခဲ့သည်။

    အတည်ပြုခဲ့သည့် အခြားဥပဒေများတွင် ပြည်ပလုပ်သားများ နေထိုင်စားသောက်စရိတ်နှင့် ကာမိသော အနည်းဆုံးလုပ်ခ ရရှိရေးလည်း ပါဝင်သည်။

    ကာတာနိုင်ငံမှာ နိုင်ငံခြားအလုပ်သမားအင်အားအတွက် ပြည်ပတိုင်းပြည်များနှင့် အပြန်အလှန်သဘောတူညီချက် ၃၆ ခု လက်မှတ်ရေးထိုးထားပြီး ရည်ရွယ်ချက်မှာ အလုပ်သမားများ တရားဥပဒေအရ အကာအကွယ်ရရှိရေး ဖြစ်သည်။

    ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပရန် အခြေခံအဆောက်အဦးများ တည်ဆောက်နေရသည့်အချိန်တွင် အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ နိုင်ငံခြားအလုပ်သမားများအပေါ် အစိုးရက အကာအကွယ်မပေးသည့် ကိစ္စနှင့်ပတ်သက်၍ ကာတာမှာ ဝေဖန်စောင့်ကြည့်မှုများကို ခံနေရသည်။

    Ref : Aljazeera

  • ရိုဟင်ဂျာဒုက္ခသည်များကိစ္စ ဂျော်ဒန်မိဖုရား၏အမြင် (မြန်မာဘာသာပြန်)

    ရိုဟင်ဂျာဒုက္ခသည်များကိစ္စ ဂျော်ဒန်မိဖုရား၏အမြင် (မြန်မာဘာသာပြန်)

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်မိဖုရား ရာနီယာဟာ အခုတစ်ပတ်အတွင်းမှာ ကော့ဇ်ဘဇားက ကူတူပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ပြီး အခြအနေတွေကို လေ့လာကာ ဒုက္ခသည်တွေကို အားပေးခဲ့ပါတယ်။

  • ယူအေအီး၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် ဗလီ ၉၃၀ ကျော် ပါဝင်

    ယူအေအီး၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် ဗလီ ၉၃၀ ကျော် ပါဝင်

    အောက်တိုဘာ ၂၆၊ ၂၀၁၇
    M-Media

    ယူအေအီးရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ရက်စ် အလ် ခိုင်မာပြည်နယ်က ဗလီဝတ်ကျောင်းတော်ပေါင်း ၉၃၀ မှာ သစ်ပင်ပေါင်း ၅ သောင်း စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

    ယူအေအီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (EPDA) က ကြီးမှူးကာ ဒီသစ်ပင်စိုက်လှုပ်ရှားမှုကို ဆောင်ရွက်မှာဖြစ်ပါတယ်။

    EPDA က နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရိပ်ရအပင်ပေါင်း ၁.၁ သန်း စိုက်ပျိုးရေး လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်ခဲ့တာပါ။

    ဗလီဝတ်ကျောင်းတော်တွေမှာ သစ်ပင်စိုက်မယ့်လှုပ်ရှားမှုကို ယူအေအီး အစ္စလာမ့်ရေးရာနဲ့ လူသားရင်းမြစ် အာဏာပိုင်အဖွဲ့ (IAEA) က ပူးပေါင်းဆောင်ရွက်ပြီး ဗလီဝတ်ကျောင်းတော်တစ်ဝိုက် သီးပင်၊ စားပင်၊ အရိပ်ရအပင်တွေကို စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

    IAEA ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းထားပြီး အပင်တွေစိုက်တာ၊ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တာတွေ လုပ်ဆောင်နေပါတယ်။

    အဖွဲ့ရဲ့ မန်နေဂျာ အလီ အလ် ခန်ဘူလီက “ဒီလှုပ်ရှားမှုဟာ IAEA အနေနဲ့ အစိုးရဌာနအားလုံး၊ အသင်းအဖွဲ့အားလုံးနဲ့ မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဗလီဝတ်ကျောင်းတော်တွေကို စောင့်ရှောက်ရေး စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ ယူအေအီးဟာ ထင်ရှားပြီး နိုင်ငံတစ်ဝှမ်း ထင်ရှားတဲ့နေရာတွေ၊ တောင်တွေ၊ ချိုင့်ဝှမ်းတွေမှာ စိမ်းစိုအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

    Ref: Khaleej Times