News @ M-Media

Blog

  • ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပါလက်စတိုင်း ၀န်ကြီးချုပ် ဂါဇာသို့ သွားရောက်

    ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပါလက်စတိုင်း ၀န်ကြီးချုပ် ဂါဇာသို့ သွားရောက်

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    – ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ဟားမက်စ်တို့အကြား အမျိုးသားရင်ကြားစေ့ရေးအပေါ် ကြိုးစားအားထုတ်မှုတစ်ခုအနေဖြင့် ပါလက်စတိုင်း ၀န်ကြီးချုပ် ရာမီ ဟမ်ဒါလာသည် တနင်္လာနေ့က ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

    ၎င်း၏လည်ပတ်မှုအပေါ် သတင်းစာရှင်းလင်းပွဲ၌ ဟမ်ဒါလာက ယခုလည်ပတ်မှုကို ‘သမိုင်းဝင်ကာလတစ်ခု’ အဖြစ် ခေါ်ဆိုခဲ့ပြီး ပါလက်စတိုင်း ပြည်သူများ စည်းလုံးညီညွှတ်ရေးကို ရှေ့ရှုကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ဒီကိုလာရခြင်းဟာ ပါလက်စတိုင်းသမ္မတမဟ်မူးဒ် အတ်စ်ရဲ့ ညွှန်ကြားချက်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ဂါဇာရဲ့ အချက်အခြနေရာကနေ ကမ္ဘာကြီးကို ကြေငြာချင်တာက အနောက်ဖက်ကမ်းနဲ့ ဂါဇာတို့အကြား နိုင်ငံရေးအရ၊ ပထ၀ီအနေအထားအရ ပေါင်းစည်းမှုမရှိဘဲ ပါလက်စတိုင်းတိုင်းနု
ိင်ငံ ဖြစ်လာမှာမဟုတ်ဘူး ဆိုတာပါပဲ”

    ယခုလည်ပတ်မှုသည် ၂ နှစ်အတွင်း ဟမ်ဒါလာ၏ ပထမဆုံးအကြိမ် ဂါဇာသို့ သွားရောက်မှုဖြစ်သည်။

    ဂါဇာရှိ ပါလက်စတိုင်း ပြည်ထဲရေးဝန်ကြီးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ဟားမက်စ်တို့အကြား သဘောထားကွဲလွဲမှုများကို ဖယ်ရှားပြီး ပြည့်ဝသည့် အမျိုးသားရင်ကြားစေ့ရေး အောင်မြင်အောင် ကြိုးစားကာ ပြည်သူလူထု၏ လုံ့လ၀ိရိယ အားကောင်းလာအောင်၊ မိမိတို့၏ အခွင့်အရေးများကို ရယူလာနိုင်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ်တွင် ဟားမက်စ်အဖွဲ့မှာ သမ္မတ မဟ်မူးဒ်အဘတ်စ်၏ ဖာတာပါတီကို လွှတ်တော် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဟားမက်စ်မှာ ဂါဇာကို သိမ်းပိုက်ခဲ့ပြီး အာဏာရ ဖာတာပါတီနှင့် သဘောထားကွဲလွဲမှု ကြီးထွားလာခဲ့သည်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုကိုရုပ်သိမ်းရန် အောက်စဖို့ဒ်ကောင်စီဝင်များ အကြံပြု

    ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုကိုရုပ်သိမ်းရန် အောက်စဖို့ဒ်ကောင်စီဝင်များ အကြံပြု

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    – အောက်စဖို့ဒ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of Oxford ဆုကို ပြန်လည် ရုပ်သိမ်းဖို့အတွက် ကောင်စီဝင်တွေက အကြံပြုခဲ့တယ်လို့ သိရပါတယ်။

    သြဂုတ်လနှောင်းပိုင်းကစပြီး မြန်မာနိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနောက်ပိုင်းမှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ‘ထပ်ပြီးဂုဏ်ပြုဖို့’ သင့်လျော်မှုမရှိတော့ဘူးလို့ဆိုကာ ဆုကို ပြန်ရုပ်သိမ်းဖို့ မနေ့မှာ ကောင်စီဝင်တွေက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာပါ။

    အောက်စဖို့ဒ်ကောင်စီဟာ ၁၉၉၇ ခုနှစ်မှာ Freedom of the Oxford ဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အောက်စဖို့ဒ်မြို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နီးစပ်မှုရှိပြီး ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ St Hugh’s ကောလိပ်မှာ ပညာသင်ယူစဉ် မိသားစုနဲ့အတူ Park Town မြို့မှာ နေထိုင်ခဲ့ဖူးပါတယ်။

    ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် အဲဒီကောလိပ်ကလည်း သူမရဲ့ ပုံတူပန်းချီ အမှတ်တရချိတ်ဆွဲထားမှုကို ပြီးခဲ့တဲ့တစ်ပတ်မှာ ဖြုတ်ချခဲ့ပါတယ်။

    ပြီးခဲ့တဲ့လ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အင်္ဂလိပ်လို မိန့်ခွန်းမှာ နှစ်ပေါင်း ၅၀ လောက် အာဏာရှင်စနစ်အောက်မှာ ရှိခဲ့တဲ့ တိုင်းပြည်ကို သူမအစိုးရရဲ့ သက်တမ်း ၂ နှစ်လောက်အတွင်းမှာ ပြုပြင်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ချက်ဟာ ကြီးမားလွန်းနေကြောင်း၊ မိမိတို့အစိုးရ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာမိတ်ဆွေတွေအနေနဲ့ နားလည်အောင်လေ့လာက အတူတကွ ဖြတ်ကျော်နိုင်ရေး ကူညီပေးစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Oxfordmail

  • အကြမ်းဖက်လူအုပ်အား ဦးဆောင်သည့် ဘုန်းကြီးကို သီရိလင်္ကာဖမ်းဆီး

    အကြမ်းဖက်လူအုပ်အား ဦးဆောင်သည့် ဘုန်းကြီးကို သီရိလင်္ကာဖမ်းဆီး

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    ဖမ်းဆီးခံထားရသည့် ဘုန်းကြီး Akmeemana Dayarathana

    – ရိုဟင်ဂျာဒုက္ခသည် ၃၁ ဦးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ လူအုပ်ကို ဦးဆောင်သူ ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    Akmeemana Dayarathana ဆိုတဲ့ ဘုန်းကြီးဖြစ်ပြီး သူနဲ့ သူ့အပေါင်းအပါတွေဟာ ကိုလံဘိုဆင်ခြေဖုံးက အဆောက်အဦးတစ်ခုမှာ ကုလအစောင့်အရှောက်နဲ့ နေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရန်မူဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြိုးစားခဲ့တာပါ။

    လူအုပ်ဟာ အဆောက်အဦးကို ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပြီး တားဆီးတဲ့ ရဲတပ်ဖွဲ့တွေကိုလည်း ရန်မူ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒုက္ခသည်တွေကိုတော့ ရဲတပ်ဖွဲ့က စောင့်ရှောက်ကာ လုံခြုံတဲ့နေရာမှာ ဖွက်ထားခဲ့ရပါတယ်။

    လက်ရှိမှာ ဒီဘုန်းကြီး အပါအ၀င် လူ ၇ ဦးကို ဖမ်းဆီးကာ လူ့အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲစေမှု၊ ရဲတပ်ဖွဲ့အား တိုက်ခိုက်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတွေနဲ့ တရားစွဲဆို ရမန်ယူထားတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ruwan Gunasekara က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ ဘုန်းကြီးတွေဦးဆောင်တဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ‘ရှက်စရာ’ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စမှာ ပါဝင်သူတွေကို ဖမ်းဆီးဖို့လည်း ရဲတပ်ဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

    အဲဒီဒုက္ခသည်တွေကို ပြီးခဲ့တဲ့ဧပြီလမှာ သီရိလင်္ကာရေတပ်က ကယ်တင်ခဲ့ပြီး ကုလအစောင့်အရှောက်နဲ့ နေထိုင်နေကာ တတိယနိုင်ငံကိုသွားဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

    Ref: Reuters

     

  • ဟိန္ဒူဘာသာဝင်တို့၏ ဒေပါဝလီနေ့ ရုံးပိတ်ရက်ကြေညာ

    ဟိန္ဒူဘာသာဝင်တို့၏ ဒေပါဝလီနေ့ ရုံးပိတ်ရက်ကြေညာ

    ရန်ကုန် ။ ။ ၂၀၁၇ ခုနှစ်  အောက်တိုဘာလ (၁၈) ရက်  နေ့ဟာ ဟိန္ဒူဘာသာ သာသနာဝင်များ၏ “ဒီပါဝလီနေ့” အထိမ်းအမှတ်ဖြစ်သည့် အတွက် အများပြည်သူများ အလုပ်ပိတ်ရက် အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

    နိုင်ငံတော် အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်ကြ သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ကုရ်ဘာနီ အီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး အီဒွလ်အဿွာဟာ နှင့် ဒေပါဝါလီနေ့တို့မှာ ခရစ် သက္ကရာဇ်ကို အခြေခံတွက်ချက်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ ပြက္ခဒိန်ကို အခြေခံထားသောကြောင့် ပုံသေရက်သတ်မှတ်၍ မရခြင်းဖြစ်ကြောင်း သိရပါတယ်။

  • လက်စ်ဗီးဂက်စ်တိုက်ခိုက်မှု IS က တာဝန်ယူသော်လည်း အမေရိကန်နှင့် သေနတ်သမားညီတို့က ပယ်ချ

    လက်စ်ဗီးဂက်စ်တိုက်ခိုက်မှု IS က တာဝန်ယူသော်လည်း အမေရိကန်နှင့် သေနတ်သမားညီတို့က ပယ်ချ

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် စတီဖင် ပဒ်ဒေါ့က်

    – လက်စ်ဗီးဂက်စ်ရှိ ဂီတပွဲတွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုအား IS အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန်က ပယ်ချခဲ့ပြီး သေနတ်သမားမှာ စစ်သွေးကြွအဖွဲ့များနှင့် ဆက်နွယ်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    ဒေသစံတော်ချိန် အောက်တိုဘာလ ၁ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်မှုအတွင်း အနည်းဆုံး လူပေါင်း ၅၀ ခန့် သေဆုံးခဲ့ပြီး ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

    IS ၏ သတင်းဌာနဖြစ်သော Amaq က လက်စ်ဗီးဂက်စ်တိုက်ခိုက်သူမာ IS အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် လအနည်းက အစ္စလာမ်ဘာသာသို့ ပြောင်းထားခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းမရှိချေ။

    FBI အပါအ၀င် အမေရိကန် တာဝန်ရှိသူများက သေနတ်သမားမှာ အသက် ၆၄ နှစ်အရွယ် လူဖြူအမျိုးသား စတီဖင် ပဒ်ဒေါ့က်ဆိုသူဖြစ်ပြီး နိုင်ငံတကာ စစ်သွေးကြွအဖွဲ့များနှင့် ဆက်နွယ်သည့် မည်သည့်အထောက်အထားမှ မတွေ့ရကြောင်း၊ IS ၏ ပြောကြားမှုမှာ မဟုတ်မှန်ဘဲ သေနတ်သမားမှာ စိတ်ရောဂါဆိုင်ရာ ပြဿနာများ ရှိဖူးကြောင်း တုန့်ပြန်ခဲ့သည်။

    ယခုနှစ်အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကာဆီနိုရုံတွင် လူအများအပြား သေဆုံးခဲ့သည့် ပစ်ခတ်မှုတစ်ခုကိုလည်း ၎င်းတို့လက်ချက် ဖြစ်သည်ဟု IS က ပြောကြားခဲ့ဖူးပြီး နောက်ပိုင်း စုံစမ်းစစ်ဆေးမှုများအရ သေနတ်သမားမှာ လောင်းကစားကျွေးနစ်နေသူဖြစ်ပြီး အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုမရှိသည်ကို တွေ့ခဲ့ရသည်။

    ပဒ်ဒေါ့က်မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွက် အကြီးအကျယ် လောင်းကစားမှု ပြုလုပ်ခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    ၎င်း၏ညီဖြစ်သူ အဲရစ် ပဒ်ဒေါ့က်က အငြိမ်းစားလေယာဉ်မှူးဖြစ်သူ ၎င်း၏အစ်ကိုမှာ လောင်းကစားဝိုင်းများ၊ ဟိုတယ်များ၊ ရှိုးပွဲများကို သွားရောက်ကြည့်ရှုတတ်ပြီး နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ခံယူချက်မရှိကြောင်း ပြောကြားခဲ့သည်။

     

    Ref: AP,CNA