News @ M-Media

Blog

  • ဆော်ဒီအာရေဗျ၏ စိတ်ဝင်စားဖွယ်အချက် ၉ ခု

    ဆော်ဒီအာရေဗျ၏ စိတ်ဝင်စားဖွယ်အချက် ၉ ခု

    စက်တင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ ထူထောင်တဲ့ အမျိုးသားနေ့အခမ်းအနားကို နှစ်စဉ် စက်တင်ဘာ ၂၃ ရက်နေ့မှာ ကျင်းပ ပြုလုပ်လေ့ရှိပါတယ်။

    မနက်ဖြန်မှာကျရောက်မယ့် အဲဒီ အမျိုးသားနေ့ အခမ်အနားကို ဂုဏ်ပြုတဲ့အနေနဲ့ ဆော်ဒီရဲ့ ထူးခြားမှု ၉ ခုကို ဆော်ဒီအသင်းဌာနက Al-Arabiya က ဖော်ပြထားပါတယ်။

    ၁။ စကွဲယားကီလိုမီတာ ၈၃၀၀၀ လောက် ကျယ်ဝန်းတဲ့ ဆော်ဒီနိုင်ငံဟာ ကမ္ဘာ့ ၁၃ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။

    ၂။ မြစ်မရှိတဲ့ ကမ္ဘာ့အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။

    ၃။ မြို့တော်ရီယာ့ဒ်ဟာ ကမ္ဘာ့အကြီးဆုံး ကုလားအုတ်ဈေးကွက် တည်ရှိရာနေရာဖြစ်ပြီး တစ်နေ့ကို ကုလားအုတ်ကောင်ရေ ၁၀၀ လောက် ရောင်းချရပါတယ်။

    ၄။ ဆော်ဒီဟာ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးကို ရရှိတော့မှာဖြစ်ပါတယ်။ Kingdom Tower လို့ အမည်ပေးထားတဲ့ အဲဒီတာဝါဟာ ပေပေါင်း ၃၂၈၀ မြင့်ပါတယ်။

    ၅။ ကမ္ဘာ့အကြီးဆုံး ဗလီဝတ်ကျောင်းတော် ၂ ခု ရှိရာနေရာဖြစ်ပြီး အဲဒီ ဗလီဝတ်ကျောင်းတော်တွေကိုနှစ်စဉ် ကမ္ဘာတစ်ဝှမ်း သန်းပေါင်းများစွာသော ၀တ်ပြုသူတွေ လာရောက်ကြပါတယ်။

    ၆။ ကမ္ဘာ့ရှေးဟောင်းမြို့တွေထဲမှာပါဝင်တဲ့ ဆော်ဒီက ‘မာဒါအင် ဆာလေဟ်’ မြို့ဟာ ကုလရဲ့ ကမ္ဘာ့ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

    ၇။ ပင်လယ်ရေငံကနေ ဆားထုတ်လုပ်မှုမှာ ဆော်ဒီနိုင်ငံဟာ ကမ္ဘာ့နိုင်ငံအားလုံးထက် သာလွန်ပါတယ်။

    ၈။ ဆော်ဒီဟာ ကမ္ဘာပေါ်မှာ ရေနံရင်းမြစ် အများဆုံးနိုင်လည်းဖြစ်ပါတယ်။

    ၉။ ‘ရဘ်-အလ် ခါလီ’ ဒေသဟာ ကမ္ဘာပေါ်မှာ တစ်ဆက်တည်းရှိတဲ့ အကြီးဆုံး သဲကန္တာရဖြစ်ပါတယ်။ စကွဲယာကီလိုမီတာ ၆၅၀၀၀၀ ရှိတဲ့ အဲဒီ ကန္တာရဟာ ဆော်ဒီ၊ အိုမန်၊ ယူအေအီး၊ ယီမင်တို့နဲ့ ဆက်နေပါတယ်။

    Ref: Alarabiya

     

  • ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင်က ပြင်းပြင်းထန်ထန် ဝေဖန်ခြိမ်းခြောက်

    ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင်က ပြင်းပြင်းထန်ထန် ဝေဖန်ခြိမ်းခြောက်

    စက်တင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ စိတ်ကစဥ့်ကလျားဖြစ်နေသူတစ်ဦးဖြစ်ပြီး ၎င်း၏ ခြိမ်းခြောက်မှုများအတွက် ‘ကြီးကြီးမားမား’ ပေးဆပ်ရမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က ယနေ့မနက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထရမ့်မှာ ‘နိုင်ငံတစ်ခု၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်သူရန် မထိုက်တန်သူဖြစ်ကြောင်း’၊ ‘မီးဖြင့် ကစားရသည်ကို ကြိုက်နှစ်သက်သည့် လူပေလူတေ၊ ဂိုဏ်းစတားတစ်ဦးသာ ဖြစ်ကြောင်း’ ကင်ဂျုံအန်က ထည့်သွင်း ပြောဆိုခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင်က ထိုကဲ့သို့ တိုက်ရိုက်ပြောဆိုခြင်းမှာ ရှားပါးသည့် ကိစ္စမျိုးလည်းဖြစ်သည်။

    ယခုကြေငြာချက် ထွက်ပေါ်မလာခင် နာရီပိုင်းအရင်က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အပေါ် အရေးယူမည်ဆိုသည့် ခေါင်းဆောင် ကင်ဂျုံအန်၏ စိတ်ပိုင်းဖြတ်မှုကို ဖြည့်ဆည်းပေးရန်အတွက် ပစိဖိတ်သမုဒ္ဒရာတွင် ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ထရမ့်မှာ အင်္ဂါနေ့ ကုလ အထွေထွေညီလာခံ မိန့်ခွန်းတွင် ကင်ဂျုံအန်အား ‘ဒုံးကျည်လူသား’ ဟု ပြောင်လှောင်ခေါ်ဝေါ်ခဲ့ပြီး မြောက်ကိုရီးယားကို လုံးဝ ဖျက်ဆီးသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

    မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ပိုမိုဆောင်ရွက်ရေး ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကိုလည်း ထရမ့်က ယမန်နေ့တွင် လက်မှတ်ရေးထိုခဲ့သည်။

    Ref: Aljazeera

  • ရခိုင်တွင် ကုလကြီးကြပ်မှုဖြင့် အရပ်သားများကို ကာကွယ်ပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အဆိုပြု

    ရခိုင်တွင် ကုလကြီးကြပ်မှုဖြင့် အရပ်သားများကို ကာကွယ်ပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အဆိုပြု

    စက်တင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    ယမန်နေ့က ကုလတွင် မိန့်ခွန်းပြောနေသည့် ရှိခ် ဟာဆီနာ

    – ရခိုင်ပြည်နယ်မှာ လူမျိုးတုန်း သတ်ဖြတ်နေတာတွေကို မြန်မာနိုင်ငံက ရပ်တန့်ရမှာဖြစ်ပြီး အရပ်သားတွေကို ကာကွယ်ဖို့အတွက် ကုလရဲ့ ကြီးကြပ်မှုနဲ့ ‘အန္တရာယ်ကင်းဇုန်’ တွေ ဖန်တီးပေးဖို့ လိုတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ကုလ အထွေထွေညီလာခံမှာ ပြောကြားလိုက်ပါတယ်။

    “ဆာလောင်မွတ်သိပ်မှုအတိနဲ့ ပရိဒေ၀မီး တောက်လောင်ကာ မျှော်လင့်ချက်မဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားဒေသကို ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ဒီမလာခင် ကျွန်မ သွားကြည့်ခဲ့ပါတယ်။ အဓမ္မ မောင်းထုတ်ခံရတဲ့ မြန်မာနိုင်ငံက ဒီလူတွေဟာ သူတို့ ရာစုနှစ်များစွာ နေထိုင်ခဲ့ကြတဲ့ သူတို့ရဲ့ နိုင်ငံကနေ ‘လူမျိုးစုလိုက် သုတ်သင်မှု’ ကြောင့် ထွက်ပြေးလာရတာပါ” လို့ ဟာဆီနာက မနေ့က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

    လက်ရှိမှာ သူတို့နိုင်ငံဟာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၈ သိန်းလောက်ကို ခိုလှုံခွင့်ပေးထားရပြီး၊ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်က အခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ‘လူမျိုးစုလိုက်သုတ်သင်မှု’ လုပ်ရပ်တွေကို ခြွင်းချက်မဲ့ လုံးဝ ရပ်တန့်ဖို့၊ ကုလအနေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို အမြန်ဆုံးလွှတ်ဖို့၊ ကုလရဲ့ ကြီးကြပ်မှုအောက်မှာ ဘာသာလူမျိုး မခွဲခြားဘဲ ‘အန္တရာယ်ကင်းဇုန်’ တွေ ဖန်တီးပေးဖို့၊ အဓမ္မနှင်ထုတ်ခံရပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာတွေအားလုံးကို ရှေရှည်အဆင်ပြေစေမယ့် နည်းလမ်းနဲ့ မြန်မာနိုင်ငံက သူတို့ရဲ့အိမ်တွေကို ပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ထည့်သွင်း အဆိုပြုခဲ့ပါတယ်။

    Ref: un.org

     

  • ဆိုရှယ်မီဒီယာများတွင် အစ္စလာမ်ကိုစော်ကားသည့် စကားလုံးများကို တရုတ်ဖယ်ရှား

    ဆိုရှယ်မီဒီယာများတွင် အစ္စလာမ်ကိုစော်ကားသည့် စကားလုံးများကို တရုတ်ဖယ်ရှား

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    အစ္စလာမ်ဘာသာဝင် တရုတ်လူမျိုးများ

    – တရုတ်လူမှုကွန်ယက် အသုံးပြုသူများကြားတွင် လတ်တလော ကျယ်ပြန့်လာသည့် အစ္စလာမ်သာသနာကို စော်ကားသော စကားလုံးများကို တရုတ်အာဏာပိုင်များက ပိတ်ပင်လိုက်သည်ဟု နိုင်ငံပိုင် မီဒီယာ Global Times က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    “မွတ်စလင်လူနည်းစုတွေဖက်ကို သိသိသာသာ ဘက်လိုက်တယ်လို့ ပြည်သူတွေက ဝေဖန်မှု ရှိနေပေမယ့် မွတ်စလင်တွေကို နစ်နာစေဖို့ တရုတ်အင်တာနက် အသုံးပြုသူတွေက တီထွင်သုံးစွဲနေကြတဲ့ စကားလုံးတွေကို တရုတ် ဆိုရှယ်မီဒီယာ အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်” ဟု ရေးသားထားသည်။

    ထိုကဲ့သို့ ပိတ်ပင်မှုများကြောင့် တရုတ်၏ ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတစ်ခုဖြစ်သော Weibo တွင် ယမန်နေ့မှစ၍ ထိုစကားလုံးများကို ရှာ၍ မရတော့ဘဲ၊ ထိုစကားလုံးများ အသုံးပြုထားသည့် ပို့စ်များကိုလည်း တင်ခွင့်မပေးတော့ပေ။ Weibo ရှာဖွေရေး စာမျက်နှာတွင်လည်း အစ္စလာမ်အား စော်ကားသည့် ရေးသားမှုများကို တရုတ်အစိုးရက ပိတ်ပင်ထားသည်။

    တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုသူမှာ သန်းပေါင်း ၇၀၀ ကျော်ရှိပြီး Twitter၊ Facebook နှင့် Google တို့ကို တရုတ်အစိုးရက သုံးခွင့်မပေးဘဲ၊ နိုင်ငံ၏ အင်တာနက် စည်းမျဉ်းစည်းကမ်းများမှာကိုလည်း အလွန်တင်းကျပ်ထားသည်။

    ဘေဂျင်းရှိ Minzu တက္ကသိုလ်မှ ပါမောက္ခ Xiong Kunxin က အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ အမုန်တရားများ မပြန့်နှံ့စေရန်အတွက် ထိုကဲ့သို့သော တစ်ဖက်စွန်းစကားလုံးများ၊ ၀ါဒဖြန့် ပြောဆိုမှုများကို အင်တာနက်စာမျက်နှာများမှ အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

    တရားဝင် စစ်တမ်းကောက်ယူမှုများ မရှိသော်လည်း တရုတ်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင် ၂၁ သန်းကျော် ရှိမည်ဟု ခန့်မှန်းထားပြီး အများစုမှာ ၀ီဂါနှင့် ဟွေလူမျိုးများ ဖြစ်ကြသည်။

    Ref: Times of India