News @ M-Media

Blog

  • ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်သို့ ဆက်သွယ်မေးမြန်းချက်

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်သို့ ဆက်သွယ်မေးမြန်းချက်

    ‘‘ကျွန်တော်မေတ္တာရပ်ခံချင်တာ ပြည်သူကိုထိတွေ့ပါ။ လူ့အဖွဲ့အစည်းက နှစ်ခုရှိတယ်။ တစ်ဖွဲ့တည်းလုပ်လို့တော့မရဘူး။ နှစ်ခုစလုံးကိုထိတွေ့ရမယ်’’

    မေး- မောင်တောအကြမ်းဖက်မှုဖြစ်စဉ် က ဘာကြောင့်ဖြစ်လာတယ်လို့ ယူဆပါသလဲ။ ပြဿနာရဲ့ဇစ်မြစ် ကို ဘယ်လိုသုံးသပ်လိုပါသလဲ။

    ဦးအေးလွင်- ဒုတိယသမ္မတဦးမြင့်ဆွေတို့ ကော်မရှင်က သုံးသပ်ထားတာ တစ်ခုရှိတယ်။ အဲဒီဒေသမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်များသည် သူတို့ရဲ့ အခြေခံလူ့အခွင့်အရေး တွေကို ချိုးဖောက်ခြင်းခံနေရပြီး တော့ နှစ်ရှည်လများဖိနှိပ်ခံနေရ တဲ့အတွက်ကြောင့် သူတို့ရဲ့ကြိုး စားရုန်းကန်မှုများသည် ဘယ်လိုမှ တရားနည်းလမ်းဘောင်အတွင်း ကနေ လုပ်လို့မရတဲ့အတွက် နောက်ဆုံးမှာ လက်နက်ကိုင်ပဋိ ပက္ခဘက်ကိုရောက်သွားတယ်လို့ အဲဒီဒေသမှာရှိတဲ့ မွတ်ဆလင်တွေရဲ့ ယူဆချက်ကို ကော်မရှင်က ပြောထားတယ်။ အဲဒါ လေးက နည်းနည်းဆီလျော်မလား လို့ ကျွန်တော်ထင်တယ်။ ကျွန် တော်တစ်ယောက်တည်းအကြံ လည်းမဟုတ်ဘူး။ ဦးမြင့်ဆွေ ကော်မရှင်မှာပါတာပြောတာ။ ကျွန်တော်ပြောချင်တာ ခေတ်အ ဆက်ဆက်က ရခိုင်ပြည်နယ်ကြီး က သယံဇာတပေါကြွယ်ဝတယ်။ လူသားရင်းမြစ်တွေကလည်း လူ တော်တွေပဲဗျ။ လူ့အဖွဲ့အစည်း နှစ်ခုစလုံးက လူတော်တွေရှိတယ်။ ရခိုင်မှာဆိုလို့ရှိရင်လည်း တကယ့် ပညာတတ်ကြီးတွေရှိတယ်။ ကျွန် တော်တို့ဆရာတွေအပါအ၀င် တက္ကသိုလ်မှာ။ ဒီအတိုင်းပဲ အစ္စ လာမ်အသိုင်းအ၀ိုင်းမှာလည်းပဲ တကယ့်ကို ထူးထူးချွန်ချွန်ပုဂ္ဂိုလ် တွေရှိတယ်။ နိုင်ငံ့တာဝန်ထမ်း ဆောင်ခဲ့တဲ့၊ တပ်မတော်မှာလည်း ထမ်းဆောင်ခဲ့တဲ့သူတွေရှိတယ်။ ရဲမှာလည်း ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့က ခေတ်အဆက်ဆက်က အုပ်ချုပ် တဲ့သူတွေရဲ့ ကိုင်တွယ်မှုလွဲမှားတဲ့ အပေါ်မှာ ရုပ်ပိုင်းဆိုင်ရာအရ လည်း ဆင်းရဲသွားရတယ်။ အသိ ပညာအရလည်း ချို့တဲ့သွားရ တယ်။ လောကီပညာမှာရော၊ ဘာသာသာသနာမှာ အမှောင်ကျ သွားတဲ့အခါမှာ အဲဒီလိုမဖြစ်သင့် တဲ့ကိစ္စတွေက အဲဒီအပေါ်မှာအ ခြေခံပြီးဖြစ်လာတယ်။ ဆင်းရဲမွဲ တေနေပြီ။ ဗိုက်က ဟောင်း လောင်းဖြစ်နေပြီ။ ‘ငါ့ဝမ်းပူဆာ မနေသာ’ဆိုတဲ့ မြန်မာစကားရှိ တယ်။ အဲဒီလိုကလည်းဖြစ်နေပြီ။ အသိဉာဏ်ကလည်း ခေါင်းပါးနေ တဲ့အခါကျတော့ ဘေးကမြှောက် ပင့်ပေးတဲ့ ပယောဂတွေအပေါ်မှာ လူတွေဟာ အယူအဆတွေ အစွန်းရောက်သွားတာရှိတယ်။ အဲဒါတွေရဲ့အကျိုးဆက်တွေပဲလို့ ကျွန်တော်ထင်တယ်။

    မေး- ဒီလိုအကြမ်းဖက်မှုလျော့နည်း အောင် အစိုးရအနေနဲ့ဘာတွေဦး စားပေးဆောင်ရွက်သင့်တယ်လို့ အကြံပြုချင်လဲ။

    ဦးအေးလွင်-  ကျွန်တော်တို့ကော်မရှင်က လည်း ဒါကိုအကြံပြုထားတယ် လေ။ ဒီလိုတိုက်ခိုက်မှုတွေဖြစ်လာ တော့ ဦးစားပေးကိုနည်းနည်းပြန် ပြောင်းရမယ်။ နံပါတ် (၁) ဦးစား ပေးကတော့ ဥပဒေစိုးမိုးရေး။ ဥပ ဒေစိုးမိုးရေးမှာ တရားမျှတမှုနဲ့ယှဉ် သော ဥပဒေစိုးမိုးရေး။ ဥပဒေ စည်းကမ်းများအတိုင်း အတိအကျ အကောင်အထည်ဖော်ပြီးတော့ ပြစ်မှုကျူးလွန်သူများကို ကျူးလွန် တဲ့အလျောက် မကျူးလွန်တဲ့သူကို လည်းပဲ ဥပဒေအရ ကာကွယ် စောင့်ရှောက်ပေးရမယ်။ ဒုက္ခ ရောက်တာချင်းအတူတူ အပြစ်မဲ့ တဲ့ဒုက္ခရောက်သူတွေကို ကာ ကွယ်စောင့်ရှောက်ပေးရမယ်။ အဲ ဒီတော့ ကျွန်တော်ဆိုလိုချင်တာက ဥပဒေအရ ကိုင်တွယ်မယ်။ လုံခြုံ ရေး၊ ကာကွယ်ရေးလုပ်သလိုပြည် သူများနဲ့ထိတွေ့ဆက်ဆံဖို့လို တယ်။ ပြည်သူများကို လမ်းမှား ရောက်မသွားရလေအောင် အစိုး ရက သိမ်းသွင်းစည်းရုံးဖျောင်းဖျ နိုင်ရင် ပြည်သူရဲ့အားပေးမှုနဲ့ငြိမ်း ချမ်းရေးက ရမယ်။ ပြည်သူမပါရင် ဘာမှလုပ်မရဘူးဗျ။ အဲဒီတော့ ကျွန်တော်မေတ္တာရပ်ခံချင်တာ ပြည်သူကိုထိတွေ့ပါ။ လူ့အဖွဲ့အ စည်းက နှစ်ခုရှိတယ်။ တစ်ဖွဲ့ တည်းလုပ်လို့တော့မရဘူး။ နှစ်ခု စလုံးကို ထိတွေ့ရမယ်။

    မေး- အခုဖြစ်စဉ်က ကိုဖီအာနန်ကော် မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ ထွက်ပြီးပြီးချင်း ဖြစ်လာတာဆို တော့ အချိန်ကိုက်လုပ်ဆောင်တာ လို့ အစိုးရကလည်း ထုတ်ပြန်ထား တော့ ဒီအစီရင်ခံစာအပေါ်မကျေ နပ်မှုတွေရှိနေလို့လား။ ဘယ်လို ယူဆလဲ။

    ဦးအေးလွင်-  ကျွန်တော်တို့ရဲ့ အကြံပြု ချက်ထွက်ပြီး နောက်တစ်ရက်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒါဟာ တိုက်ဆိုင်မှုလို့ပဲ ပြောမလား။ ဒါ မှမဟုတ်ရင်လည်းပဲ ဖြစ်လာတဲ့ ကိစ္စကြီးက တော်တော်ကြာပြီ လေ။ တအိအိ တအိအိနဲ့ဖြစ် လာပြီးတော့ ဒီအချိန်မှာလာပြီး ပေါက်ကွဲတာလား။ ဒီအပေါ်မှာ ကျွန်တော် ဂဃနဏသုံးသပ်ဖို့ ဉာဏ်မမီပါဘူး။ သို့သော် ရုတ်တ ရက်မမျှော်လင့်ဘဲ ဖြစ်လာတာ တော့ မဟုတ်တာသေချာတယ်ဗျ။

    ကျေးဇူးတင်ပါတယ်။

    7Days မှ ကူးယူဖော်ပြပါသည်။

     

  • နောက်ကျပေမယ့် ပျောက်မသွားတဲ့ အမှန်တရား

    နောက်ကျပေမယ့် ပျောက်မသွားတဲ့ အမှန်တရား

    ဝင်းနိုင်ဦး

    ”နိုင်ငံရေးသမားကနေ ဝန်ကြီးချုပ် ဖြစ်လာလို့ ပြန်ရတယ်လို့လည်း ပြောလို့ရ တယ်။ နိုင်ငံရေးသမားက ပြည်သူ့အတွက် ပဲ ကြည့်တာ” အံ့သြမှု၊ ဝမ်းသာမှု၊ ပျော်ရွှင်မှု များ၏အငွေ့အသက်က သူ့စကားသံများ တွင် ပါဝင်နေသည်။

    သြဂုတ်လ ၂၁ရက် ညနေ ၄နာရီတွင် ဆိုင်ခန်းအစားထိုးပြန်ပေးကြောင်း မြို့တော် စည်ပင် တာဝန်ရှိသူတစ်ဦးက ဒေါ်ဝင်းမြမြ ထံ ဖုန်းဖြင့် အကြောင်းကြားခဲ့သည့်အတွက် အံ့သြဝမ်းသာမှုများစွာဖြင့် ပျော်ရွှင်နေခဲ့ သည်။

    သူ့နာမည်က ဒေါ်ဝင်းမြမြ။ ယခင် စစ်အစိုးရလက်ထက် ကြမ်းတမ်းတဲ့ခေတ် ကစပြီး နိုင်ငံရေးလုပ်လာသူ။ သူသာမက သူ့မိသားစုဝင် မောင်နှစ်မ ၅ ဦးလုံး နိုင်ငံရေး လုပ်ခဲ့ကြ ခြင်းဖြစ်သည်။

    ထို့ကြောင့်လည်း ဈေးချိုစီရုံ၊ မြေညီ ထပ် အလယ်လမ်းမကြီး၊ ဆိုင်အမှတ် (၉) စန်းရောင်ရှင် အထည်ဆိုင်ကို အကြောင်းပြ ချက်များစွာဖြင့် ဆိုင်ခန်းအသုံးပြုခွင့်ကို ရုပ် သိမ်းလိုက်တယ်ဆိုပြီး စည်ပင်သာယာရေး ကော်မတီ ဈေးနှင့်သားသတ်ဌာနက ၂ဝဝ၇ ခုနှစ်၊ ဇွန် ၁ ရက်နေ့တွင် ၄င်းတို့ထံ စာတစ် စောင် ပေးပို့လာခဲ့သည်။

    ယင်းစာထဲတွင် ”နိုင်ငံတော်အစိုးရ မှ တားမြစ်ထားသော စာရွက်စာတမ်း၊ အလံ များ ထားသိုခြင်း၊ နံရံတွင်ကပ်ထားခြင်းတို့ ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိရသည်။ ဈေး ဆိုင်ခန်းငှားရမ်းအသုံးပြုခြင်း စည်းကမ်းချက် များကို ဦးဘစိုးက လိုက်နာခြင်းမရှိသဖြင့် ဆိုင်ခန်းအသုံးပြုခွင့်ကို ရုပ်သိမ်းလိုက်သည်”ဟု ဖော်ပြထားခဲ့သည်။

    စန်းရောင်ရှင် အထည်ဆိုင်ပိုင်ရှင် ဦးဘစိုးသည် ဒေါ်ဝင်းမြမြ၏ အစ်ကိုဖြစ် သည်။

    ဒေါ်ဝင်းမြမြတို့ မောင်နှမများသည် ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ လျှောက်လွှာများ စတင်ဝေချိန် တွင် မောင်နှမ ၅ ဦးလုံး တစ်ပတ်အတွင်း ပါတီဝင်များ ဖြစ်ခဲ့ကြသည်။ ထိုအချိန်မှ စတင်ကာ ကြမ်းတမ်းရက်စက်သော စစ်အစိုး ရ၏ဖိနှိပ်မှုများကို သူတို့မိသားစု လှိမ့်နေ အောင် ခံခဲ့ကြရသည်ဟု ဒေါ်ဝင်းမြမြက ပြော သည်။ ၄င်းတို့ မိသားစုကို အကြိမ်ကြိမ် ဖိနှိပ် ခဲ့ခြင်းတွင် ယခုအကြိမ်မှာ အပြင်းထန်ဆုံး ပင် ဖြစ်လေသည်။

    ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်အုပ်ချုပ်ရေးကို အလိုမရှိသည့်အတွက် ဒေါ်ဝင်းမြမြ၏ အစ်ကိုဖြစ်သူက နိုင်ငံတော် အလံကို ဇောက်ထိုးထားခဲ့သည်။ ဒါကြောင့် လည်း အစ်ကိုကြီးမှာ အဖမ်းခံခဲ့ရသည်။ သို့ သော် သူတို့၏ နိုင်ငံရေးလမ်းကြောင်းသည် မှေးမှိန်မသွားခဲ့၊ ဆက်လက်လျှောက်လှမ်းမြဲ ပင်။

    အကြောင်းအမျိုးမျိုးဖြင့် မိသားစု ဝင်များမှာ အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရပြီး ထောင်နန်းစံခဲ့ကြရသည်။ ၁၉၉၉ ခုနှစ် အထိ တပ်မတော်ဧည့်ရိပ်သာများတွင် တစ် လ၊ နှစ်လခန့် ခေါ်ယူထိန်းသိန်းမှုများ အကြိမ် ကြိမ်ခံခဲ့ရပြီး ၁၉၉၉ နောက်ပိုင်းတွင် အကျဉ်း ထောင်များတွင် ခေါ်ယူထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

    အမျိုးသားနိုင်ငံရေးကိုသာ တစိုက် မတ်မတ် လုပ်ဆောင်လာခဲ့တဲ့ ဒေါ်ဝင်းမြမြ အပါအဝင် မောင်နှမများသည် အကျဉ်း ထောင်မှ ပြန်လည် လွတ်မြောက်လာချိန်တွင် လည်း နိုင်ငံရေးကို ဆက်လက်လုပ်ဆောင်ခဲ့ ကြသဖြင့် ဈေးအတွင်း မည်သည့်နေရာတွင် မှ ဆိုင်ခန်းဝယ်ထွက်ခွင့်၊ ဆိုင်ခန်းငှားထွက် ခွင့်မပြုနိုင်အောင် အဆုံးတိုင်ထိ ဖိနှိပ်ခဲ့ ကြသည်။

    ”အိမ်မှာလာပြီး စာရွက်အလွတ်ကို လက်မှတ်ထိုးခိုင်းတယ်။ မိသားစုတစ်ခုလုံး ရဲ့ဘဝနဲ့ သက်ဆိုင်နေပါတယ်။ စဉ်းစားပေး ပါဆိုတာကို မရဘူး။ မထိုးရင် အခြားနည်း သုံးမယ်ပြောတယ် ”ဟု ဒေါ်ဝင်းမြမြက ပြော သည်။

    ဈေးချိုမှ ဈေးဆိုင်ခန်းသိမ်းပြီး နောက် ပိုင်းတွင်လည်း နေအိမ်တွင် အထည်ရောင်းချ ခြင်း မရှိစေရန် စည်ပင်ဝန်ထမ်းများက ရပ် ကွက်အတွင်း လာရောက် စုံစမ်းခဲ့သည်။ နေ အိမ်အတွင်းလည်း ဝင်ရောက် ရှာဖွေစစ်ဆေး ခဲ့သည်။

    ”ဘေးကတိုက်မှာ အသံဖမ်းစက်ကို တွဲလောင်းလေး လာချထားကြတယ်။ ဘဘ ဦးအောင်ရွှေ (ဥက္ကဋ္ဌ) က ဗိုလ်ချုပ်မှူး ကြီးသန်းရွှေဆီ စာရေးပြီး မလုပ်ပါနဲ့ဆိုပြီး ပြောရတယ်။ ဆိုင်ခန်းလည်း ပြန်ပေးပါပြော တယ်။ မရခဲ့ဘူး”ဟု ဒေါ်ဝင်းမြမြက ပြော သည်။ သိမ်းထားသော ဈေးဆိုင်ခန်းကိုလည်း အမြဲစောင့်ကြည့်နေသူများရှိပြီး ဓာတ်ပုံရိုက် မှတ်တမ်းယူကာ သတင်းပေးပို့သူများလည်း ရှိခဲ့သည်။

    ဆိုင်ခန်းသိမ်းဆည်းပြီးနောက် သုံး လအကြာ စက်တင်ဘာလတွင် ဒေါ်ဝင်းမြမြ အား အမေရိကန်သံအမတ်နှင့်တွေ့ဆုံကာ နိုင်ငံရေးအခြေအနေများ ပြောကြားခဲ့သော ကြောင့် ဖမ်းဆီးခံခဲ့ရသည်။

    ပြန်လည်လွတ်မြောက်လာသော အခါ မိသားစုစားဝတ်နေရေးအတွက် ဆိုင် ဖွင့်မရောင်းချနိုင်တော့ဘဲ မန္တလေးမြို့အနီး အနားရှိ မြို့လေးများသို့ သွားရောက်ကာ အထည်ဆိုင်များနှင့် ချိတ်ဆက်ရောင်းချခဲ့ ရသည်မှာ ယနေ့အထိ ဖြစ်လေသည်။

    ဆိုင်ခန်း အသိမ်းခံရပြီးချိန်မှ စတင် ကာ ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲမှ အရပ်သား အစိုးရမဖြစ်ခင်အထိ စည်ပင်သို့တစ်လ တစ် ကြိမ်စာတင်ခဲ့သော်လည်း ဆိုင်ခန်းကို ပြန် လည်မရရှိခဲ့။

    ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကြီး မှ အရပ်သားအစိုးရ တက်လာချိန်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့ထံ ထပ်မံတင် ပြရာ ဈေးချိုမှ စန်းရောင်ရှင်အထည်ဆိုင်ခန်း လေးကို မန်းမြန်မာပလာဇာတွင် အစားပြန် လည်ရရှိတော့မည် ဖြစ်သည်။

    ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က နိုင်ငံရေးလုပ်ကိုင်သောကြောင့် အသိမ်းခံခဲ့ရသော စန်းရောင်ရှင်အထည်ဆိုင် ခန်းအမှုကို ဈေးအကျိုးတော်ဆောင်များ လက်ရှိဆိုင်ခန်းပိုင်ရှင်များ ယခင်စည်ပင် ဝန် ထမ်းဟောင်းနှင့် ယခုစည်ပင်ဝန်ထမ်းများ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ကော်မတီ ရှင်ဖွဲ့ကာ စစ်ဆေးစေခဲ့သည်။

    ကော်မရှင်၏စစ်ဆေးချက်အရ နိုင်ငံရေးလုပ်ကိုင်သောကြောင့် ဖိနှိပ်ရန် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက် ခဲ့သည်။

    ”ရွေးကောက်ပွဲမတိုင်ခင် ဆိုင်ခန်း သိမ်းတာက ဒီမိသားစု စီးပွားရေးမပြေလည် ရင် နိုင်ငံရေးမလုပ်နိုင်ဘူးဆိုပြီး သိမ်းခဲ့တာ”ဟု ဒေါ်ဝင်းမြမြက ပြောသည်။

    ယခုအခါတွင် စန်းရောင်ရှင်အထည် ဆိုင်၏မူလဆိုင်ခန်းနေရာမှာ လေလံတင် ရောင်းချထားပြီးသောကြောင့် တခြားနေရာ တစ်ခုဖြစ်သည့် မန်းမြန်မာပလာဇာ အောက် ထပ် ဆိုင်ခန်းနံပါတ်ြ၁၇ကို ပြန်လည်အစား ထိုးပေးအပ်ခြင်း ဖြစ်သည်။

    ဒေါ်ဝင်းမြမြသည် ၁၉၈၈ခုနှစ်မှ စတင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးမြို့ အရှေ့မြောက်မြို့နယ် ဘဏ္ဍာရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၆ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီ (ယာယီ) အဖွဲ့ဝင် တာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

    အခြားသိမ်းဆည်းခံနေရသူများ အနေဖြင့်လည်း အစိုးရထံ မှန်ကန်သောလမ်း ကြောင်းဖြင့် ချဉ်းကပ်တွေ့ဆုံပြီး မှန်ကန်စွာ တင်ပြပါက ပြန်လည်ရရှိရန် တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်ပေးနေသည်ဟုလည်း ဆိုသည်။

    ယခင်အစိုးရအဆက်ဆက်တွင် နိုင်ငံရေးလုပ်ကိုင်နေသူများသာမက ပြည်သူ များထံကလည်း လယ်ယာမြေများ ခြံဝိုင်းများ နေအိမ်အဆောက်အဦးများ သိမ်းယူမှုများ ရှိခဲ့ပြီး ယခုအစိုးရက သိမ်းဆည်းခံထားရမှု များကို အဓိက ဖြေရှင်းလျက်ရှိသည်။

    အမှန်တရားပေါ်ပေါက်လာဖို့ အ နည်းငယ် နောက်ကျနေတတ်သည်။ သို့သော် လည်း ယင်းအမှန်တရားသည် ပျောက်ကွယ် သွားခြင်းမရှိသည်မှာ ဒေါ်ဝင်းမြမြတို့၏ ဖြစ် ရပ်ကို ကြည့်လျှင်သိနိုင်သည်။

    နိုင်ငံရေးလုပ်ကိုင်သောကြောင့် ဈေးချိုတွင် သိမ်းဆည်းခံခဲ့ရသော စန်းရောင် ရှင် ဆိုင်ခန်းလေးမှာ မန်းမြန်မာပလာဇာ တွင် ပြန်လည်ပေါ်ထွက်လာတော့မည် ဖြစ်သည်။

    ဝင်းနိုင်ဦး
    မန္တလေးခေတ် မှကူးယူဖော်ပြပါသည်။

  • ရိုဟင်ဂျာပြဿနာကြောင့် မြန်မာမှာ IS အဖွဲ့၏ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း မလေးရှားသတိပေး

    ရိုဟင်ဂျာပြဿနာကြောင့် မြန်မာမှာ IS အဖွဲ့၏ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း မလေးရှားသတိပေး

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    အေက်တိုဘာအကြမ်းဖက်တိုက်ခိုက်မှုအပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်သည့် နယ်မြေရှင်းလင်းရေး ပုံရိပ်တစ်ခု

    – အဖိနှိပ်ခံ ရိုဟင်ဂျာတွေအတွက် နိုင်ငံရပ်ခြား IS ထောက်ခံသူတွေရဲ့ တိုက်ခိုက်ခံရဖို့အန္တရာယ်ဟာ မြန်မာနိုင်ငံအတွက် မြင့်တက်လာနေပြီလို့ မလေးရှား အကြမ်းဖက်တိုက်ဖျက်ရေး အကြီးအကဲ အယွဘ်ခန်း မိုင်ဒင်း ပစ်ချေးက ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာအစိုးရကို ဦးဆောင်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားသူ IS အဖွဲ့ဝင် အင်ဒိုနီးရှားအမျိုးသားတစ်ဦးကို မလေးရှား အာဏာပိုင်တွေက ပြီးခဲ့တစ်ပတ်မှာ ထိန်းသိမ်းထားလိုက်ပြီး အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်နွယ်မှုအတွက် ဒီနေ့မှာ တရားစွဲဆိုဖို့ ရှိပါတယ်။

    အယွဘ်ခန်းကတော့ ရိုဟင်ဂျာပြဿနာကြောင့် ဒီလိုထပ်လုပ်မယ့် စစ်သွေးကြွတွေ ထပ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီတိုက်ခိုက်မှုတွေမှာ IS တွေ ပါဝင်တာမျိုး၊ IS နဲ့ ဆက်စပ်တာမျိုး မရှိဘူးလို့ ပြောကြားထားတာပါ။

    လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ရခိုင်ပြည်နယ်ပြဿနာဟာ ဖိလစ်ပိုင်ကနေ အင်ဒိုနီးရှား၊ မလေးရှားတို့အထိ ကျယ်ပြန့်တဲ့ အစ္စလာမ့်မစ်ကွန်ယက်တွေ အသုံးချစရာ ဖြစ်လာမယ့် အန္တရာယ်ရှိနေတယ်လို့ သတိပေးထားပါတယ်။

    “IS ဒါမှမဟုတ် အခြားအဖွဲ့ကလူတွေဟာ ရိုဟင်ဂျာတွေကို ကူညီဖို့အတွက် နည်းလမ်းတွေရှာကာ မြန်မာနိုင်ငံကို သွားကြမယ့် ဖြစ်နိုင်ချေတွေ တော်တော်ရှိနေပါတယ်” လို့ အယွဘ်ခန်းက ပြောကြားခဲ့ပါတယ်။

    မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေဟာ စစ်သွေးကြွအဖွဲ့တွေ လူသစ်စုဆောင်းလို့ကောင်းမယ့် အနေအထားမျိုးဖြစ်နေကြောင်း လုံခြုံရေးကျွမ်းကျင်သူတွေဟာ အရင်ကတည်းက သတိပေးထားတာပါ။

    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုကြောင့် လူပေါင်း ၄၀၀ လောက်သေဆုံးခဲ့ကာ အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ် ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု ဆန့်ကျင်ရှုတ်ချရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    Ref: The Guardian

  • ရခိုင်ပြည်နယ်တွင် လူမျိုးစုလိုက်သုတ်သင်မှုအန္တရာယ် ရှိနေပြီဟု ကုလအတွင်းရေးမှူးပြော

    ရခိုင်ပြည်နယ်တွင် လူမျိုးစုလိုက်သုတ်သင်မှုအန္တရာယ် ရှိနေပြီဟု ကုလအတွင်းရေးမှူးပြော

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့အတွက် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာအစိုးရကို မေတ္တာရပ်ခံလိုက်ပြီး လူမျိုးစုလိုက် သုတ်သင်မှုအန္တရာယ်မျိုး ရှိနေပြီလို့လည်း သတိပေးလိုက်ပါတယ်။

    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ပြည်နယ်မြောက်ပိုင်းက ရဲကင်းပေါင်း ၃၀ လောက်ကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ မတည်ငြိမ်မှုအတွင်း ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာအစိုးရက ရခိုင်တိုင်းရင်းသားတွေကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ပေးထားပြီး တိုက်ခိုက်မှုအတွင်း လူ ၄၀၀ ကျော်လောက် သေဆုံးခဲ့ကာ အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

    မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း စုစုပေါင်း ၁၂၅၀၀၀ လောက်ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

    “ရိုဟင်ဂျာတွေ ဆင်းရဲဒုက္ခ ခံစားနေလာရတာဟာ တော်တော်လေးကြာညောင်းနေပြီဖြစ်ပြီး ဒါဟာ ဒေသတွင်း မတည်ငြိမ်မှုရဲ့ ငြင်းမရတဲ့ အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။ ဒီလို ဆိုးရွားရဲ့ အကြမ်းဖက်သံသရာကို အဆုံးသတ်ဖို့၊ လိုအပ်ချက်ရှိသူအားလုံးကို လုံခြုံရေးနဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားဖို့အတွက် မြန်မာအာဏာပိုင်တွေဟာ ပြတ်သားတဲ့ ဆောင်ရွက်မှုတွေ မဖြစ်မနေ ဆောင်ရွက်ရပါတော့မယ်” လို့ မနေ့မှာ ဂူတာရက်စ်က နယူးယောက် ကုလရုံးချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    အခြေအနေ တည်ငြိမ်လာရေးအတွက် ဖိအားပေးဖို့ ကုလ လုံခြုံရေးကောင်စီကို ဂူတာရက်စ်က တိုက်တွန်းခဲ့ပြီး၊ လုံခြုံရေးကောင်စီကို ပေးစာမှာ “ပြဿနာ ထပ်မံမကြီးထွားအောင် ခိုင်မာတဲ့ ကြိုးပမ်းမှုတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ တာဝန်ရှိနေပြီ” လို့ ဖော်ပြခဲ့ပါတယ်။ ကုလအတွင်းရေးမှူးချုပ်က အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီကို စာပို့တယ်ဆိုတာ ရှားပါးတဲ့ ဖြစ်ရပ်ပါ။

    ကုလအတွင်းရေးမှူးချုပ်ဟာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ ကပ်ဆိုး မဖြစ်အောင် ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ တိုက်တွန်းခဲ့ပြီး ဒီတစ်ပတ်မှာတော့ ပိုမို ဖိအားပေးလာတာဖြစ်ပါတယ်။

    လုံခြုံရေးကောင်စီဟာ ရခိုင်အရေးအတွက် ပြီးခဲ့တဲ့တစ်ပတ်မှာ တံခါးပိတ် ဆွေးနွေးခဲ့ကြပြီး တရားဝင် ကြေငြာချက်တော့ ထွက်မလာခဲ့ပါဘူး။

    ကုလသမ္မတ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရဲ့ ရိုဟင်ဂျာတွေရဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အလွန်အမင်းစိုးရိမ်မိတယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • ရခိုင်အရေး သမိုင်းဝင် ဘိုရိုဘုဒေါရ်ဘုရားတွင် ဆန္ဒပြရန်စီစဉ်မှု အင်ဒိုနီးရှား ခွင့်မပြု

    ရခိုင်အရေး သမိုင်းဝင် ဘိုရိုဘုဒေါရ်ဘုရားတွင် ဆန္ဒပြရန်စီစဉ်မှု အင်ဒိုနီးရှား ခွင့်မပြု

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျာဗားကျွန်းအလယ်ပိုင်းက ဘိုရိုဘုဒေါရ် ဘုရားကြီးမှာ ဆန္ဒပြဖို့ စီစဉ်မှုကို ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    ၉ ရာစုက တည်ထားပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အမှတ်သညာလည်းဖြစ်တဲ့ ဒီဘုရားကြီအနီးမှာ အစ္စလာမ်အဖွဲ့တွေဟာ သောကြာနေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားကြတာပါ။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်ပြီး အင်းနီးရှားနဲ့ မလေးရှားတို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

    “ဘိုရိုဘုဒေါရ်ဘုရားမှာ ပြုလုပ်မယ့် လုပ်ရပ်ကို ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါဟာ အင်ဒိုနီးရှားရဲ့ သမိုင်းအမွေအနှစ်သာမကဘဲ ကမ္ဘာ့ သမိုင်းအမွေအနှစ်လည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားအစိုးရက ရိုဟင်ဂျာပြဿနာအတွက် ဆောင်ရွက်ပြီးဖြစ်တာကြောင့် ဒီကိစ္စအတွက် ဆန္ဒပြစရာ မလိုပါဘူး” လို့ အင်ဒိုရဲတပ်ဖွဲ့အကြီးအကဲ တီတို ကာရ်နာဗီယန်က ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က သွေးထွက်သံယိုမှုတွေကို ရပ်တန့်ဖို့အတွက် အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီဟာ တနင်္လာနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မာဆူဒီဟာ အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

    ဘိုရိုဘုဒေါရ်ဘုရားရှေ့မှာ ဆန္ဒပြဖို့ စီစဉ်သူကတော့ အင်ဒိုနီးရှားရဲ့ ဘာသာရေး သည်းခံနိုင်မှုကို ပြသတဲ့အနေနဲ့ ဘုရားနားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဘိုရိုဘုဒေါရ်ဘုရားဟာ ဘာသာရေးသည်းခံမှုရဲ့ အံ့ချီးဖွယ် အမှတ်ညာဖြစ်ပါတယ်။ ဒီဘုရားကြီးဟာ မွတ်စလင်အများစုရှိရာနိုင်ငံမှာ ရှိနေပေမယ့် လုံခြုံအေးချမ်းနေတယ်ဆိုတာ ကမ္ဘာကြီးကို ပြချင်တာပါ။ ဒီမှာ ဘုန်းကြီးတွေလည်း အန္တရာကင်းနေပါတယ်” လို့ အေနန် အီမာမူဒင်က ပြောကြားခဲ့ပါတယ်။

    Ref: CNA