News @ M-Media

Blog

  • အမေရိကန်စစ်သင်္ဘောတစ်စီး ဆီတင်သင်္ဘောနှင့် တိုက်မိပြီး စစ်သား ၁၀ ဦး ပျောက်နေ

    အမေရိကန်စစ်သင်္ဘောတစ်စီး ဆီတင်သင်္ဘောနှင့် တိုက်မိပြီး စစ်သား ၁၀ ဦး ပျောက်နေ

    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media

    – အမေရိကန်ရေတပ်မှ ဖျက်သင်္ဘောတစ်စင်းမှာ စင်ကာပူကမ်းရိုးတန်းတွင် ရေနံတင်သင်္ဘောတစ်စီးနှင့် တိုက်မိခဲ့ပြီး သင်္ဘောသား ၁၀ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

    ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS John S McCain မှာ ပုံမှန် ကမ်းကပ်မှုပြုလုပ်ရန် ဆိပ်ကမ်းသို့သွားနေစဉ် မနက်၅ နာရီခွဲအချိန်၌ ဆီတင်သင်္ဘော Alnic MC နှင့် တိုက်မိခဲ့ဖြင်းဖြစ်သည်ဟု အမေရိကန်ရေတပ်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    ထိုအဖြစ်အပျက်အတွင်း စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးသူ ၁၀ ဦးရှိနေကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

    စင်ကာပူ ကာကွယ်ရေးဝန်ကြီး Ng Eng Hen က ထိုအဖြစ်အပျက်ကို ဆိုရှယ်မီဒီယာတွင် အတည်ပြုခဲ့ပြီး စင်ကာပူ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ အမေရိကန်စစ်တပ်မှ အကူအညီတောင်းခံလာပါက ကူညီနိုင်ရန် စင်ကာပူရေတပ်ကို တပ်လှန့်ထားကြောင်း ပြောကြားခဲ့သည်။

    ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီနိုင်ရန်အတွက် ရေတပ်သင်္ဘောများ၊ ရဟတ်ရင်များကို စင်ကာပူရေပိုင်နက်အနီးတွင် ချထားကြောင်း မလေးရှားက ကြေငြာခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် အကူအညီပေးနိုင်ရေး အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

    အဆိုပါ တိုက်မိမှုအတွင်း ရေနံတင်သင်္ဘောမှ မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိဘဲ ရေနံယိုဖိတ်ခြင်းလည်း မရှိခဲ့ပေ။

    Ref: CNA

  • ပါကစ္စတန် မာသာထရီဇာ၏ နောက်ဆုံးခရီး

    ပါကစ္စတန် မာသာထရီဇာ၏ နောက်ဆုံးခရီး

    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media

    – အနာကြီးရောဂါသည်တွေကို ဘ၀တစ်ခုလုံး နှစ်မြှုပ်ပြီး ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဂျာမနီ ခရစ်ယာန်သီလရှင် ရုသ်ဖောင်းအတွက် ပါကစ္စတန်က နိုင်ငံတော် ဈာပမနအခမ်းအနား ကျင်းပပေးခဲ့ပါတယ်။

    ပါကစ္စတန်ရဲ့ မာသာထရီဇာလို့ကျော်ကြားတဲ့ သူမဟာ သြဂုတ် လ ၁၀ ရက်နေ့ အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။

    သူရဲ့ ကြိုးပမ်းမှုကြောင့် ပါကစ္စတန်ဟာ ကမ္ဘာ့အစောဆုံး အနာကြီးရောဂါကင်းစင်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ အခုဗီဒီယိုမှာ သူမရဲ့ ဈာပနပုံရိပ်တွေနဲ့ ပါကစ္စတန်ပြည်သူတွေရဲ့ ၀မ်းနည်းစကားကို ကြားရမှာပါ။

    သတင်းအပြည့်အစုံကိုတော့ အောက်ပါလင့်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

    ပါကစ္စတန်၏ မာသာထရီဇာ အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်

    Video Source – Aljazeera

  • “ဖုန်း Bill ဖြတ်ခံနေရသည့် ကိစ္စ တာဝန်ရှိသူများဖြေရှင်းပေးကြပါ”

    “ဖုန်း Bill ဖြတ်ခံနေရသည့် ကိစ္စ တာဝန်ရှိသူများဖြေရှင်းပေးကြပါ”

    ယနေ့သည် သတင်းအချက်အလက်နည်းပညာခေတ် (Information Technology) ဖြစ်သည်။ လူဦးရေသန်းပေါင်း ၇၀၀၀ကျော် နေထိုင်နေကြသော ကမ္ဘာကြီးသည် အင်တာနက် သတင်း အချက်အလက်နည်းပညာများကြောင့်ပင် “ရွာပုံစံ” ဖြစ်သွားခဲ့ရသည်။ ရွာ၏ သဘောကား ဟုတ်တာလုပ်ရင်လည်း ကျော်စောသည်။ မဟုတ်တာလုပ်ရင်ပေါ်သည့် သဘောဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းများကို စတင်သုံးစွဲခွင့်ပြုစဉ်တွင် ပြည်သူလူထုအားအင်တာနက် ဝန်ဆောင်မှုကို လုံးဝ မပေးခဲ့ပေ။ ၂၀၁၁ခု၊စက်တင်ဘာလမှစ၍ အများပြည်သူလူထုအား အင်တာနက် ဝန်ဆောင်မှု့ကို ရယူလိုလျှင် မြန်မာ့ဆက်သွယ်ရေးသို့ ငွေ ၁၀၀၀၀ကျပ် ပေးသွင်းမှ သာ ထိုဝန်ဆောင်မှု့ကို သုံးစွဲခွင့်ရပါသည်။

    သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် နော်ဝေနိုင်ငံ အခြေစိုက် Telenor Myanmar ဆက်သွယ်ရေးကုပ္မဏီနှင့် ကာတာနိုင်ငံအခြေစိုက် Ooreedoo Myanmar ဆက်သွယ်ရေးကုပ္မဏီတို့ကို ၁၅နှစ်တာ မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့် လိုင်စင်တရားဝင်ချပေးခဲ့ပါ သည်။ ထိုပြည်ပအခြေစိုက်ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီး မြှုပ်နှံလိုပါက နောက်ထပ် (၁၀ နှစ်) အတွက် သက်တမ်းတိုး လျောက်ထားနိုင်ပါသည်။

    လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေ ၅၁.၄၉ သန်းကျော်အား ဝန်ဆောင်မှုပြုနေသော ဆက်သွယ် ရေးကုပ္မဏီကြီး (၃)ခု ရှိနေပါသည်။ ယင်းတို့မှာ (၁) MPT (Myanmar Posts And Telecommunication) (၂) Telenor Myanmar ( Norwegian Telenor Group) (၃) Ooredoo Myanmar တို့ဖြစ်ပါသည်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် (ယခင်ဦးပိုင်စီးပွားရေး) (Myanmar Economic Coporation (MEC)) ကလည်း MECTel အနေနဲ့ CDMA Network ဝန်ဆောင်မှု့ကို ပေးနေပါသည်။ Viet tel ကလည်း တတိယမြောက်၊ ပြည်ပဆက်သွယ်ရေး၊ ကုပ္မဏီအနေဖြင့် ဝန်ဆောင်မှု့ပေးရန် အသင့်ဖြစ်နေပြီဟု သိရသည်။

    လက်ရှိမြန်မာနိုင်ငံတွင် MPT သုံးစွဲသည့် မှတ်ပုံတင်ထားသူဦးရေမှာ ၂၃.၁၈သန်း ကျော်ရှိသည်။ Telenor သုံးစွဲသူ မှတ်ပုံတင်ထားသူပေါင်း ၁၈. ၈သန်းကျော်ရှိသည်။ အော်ရီဒူး (Ooredoo) မှတ်ပုံတင်၍ သုံးစွဲနေသူပေါင်းမှာ ၈.၁၁ သန်းကျော်ရှိလေသည်။ အထက်ပါ ဆက်သွယ်ရေး ဝန်ဆောင်မှု့များအတွက် ဖုန်းဘစ်လ်ဖြည့်ရာတွင် E-load ပုံစံဖြင့်လည်းကောင်း၊ OK software ဝန်ဆောင်မှု့ဖြင့်လည်းကောင်း၊ True money ပုံစံဖြင့်လည်းကောင်း၊ wave money ပုံစံဖြင့်လည်းကောင်း၊ Top-up ငွေဖြည့်ကတ် ၁၀၀၀ကျပ်တန်၊ ၃၀၀၀ကျပ်တန်၊ ၅၀၀၀ကျပ်တန်၊ ၁၀၀၀၀ကျပ်တန်များ ဝယ်၍လည်းကောင်း ဖုန်းBill များကို ငွေဖြည့်နိုင်ပေသည်။

    လူသိအများဆုံး ဆက်သွယ်ရေးကုပ္မဏီကြီး (၃)ခုသည် E- load ဖြင့် ဖုန်းဘေစ်လ်မည်မျှ ထည့်လျှင် အပိုဆုကြေး Bonus အနေဖြင့် Facebook, Viber,Youtube,Line စသည့် လူမှု့ရေး ကွန်ရက်များသုံးစွဲခွင့်ကို ရက်အပိုင်းအခြား အကန့်အသတ် တစ်ခုပေး၍လည်းကောင်း ကွန်ရက်တူ ဆက်သွယ်ရေးကုပ္မဏီအချင်းချင်း စာတိုပို့ခြင်း၊ Phone Bill အပိုသုံးစွဲခွင့်များပေးခြင်း၊ အင်တာနက် ဒေတာ အပို 50MB ၊100 MB များပေးကာ ဖုန်းသုံးစွဲသူများကို မက်လုံးများပေး၍ အပြိုင်အဆိုင် ဖုန်းသုံးစွဲသူများထံ Message များပို့ကာ ကြော်ငြာလျက်ရှိပါသည်။

    အကျိုးရလာဒ်များအနေနဲ့ On-line ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ၊ ပညာရှာနေ သူများ၊ လူမှုရေးလုပ်ဆောင်နေသူများ၊ ဗဟုသုတ ရှာမှီးနေသူများ၊ ရုပ်ရှင်ဂီတဖြင့် အပမ်းဖြေနေ သူများအတွက် အခြေအနေ အတိုင်းအတာ တစ်ခုထိ ခရီးရောက်လျက်ရှိနေပါသည်။

    ဆိုးကျိုးရလာဒ်များကို လက်လှမ်းမှီသလောက် တင်ပြရလျှင် စာရေးသူနေထိုင်သည့် မဟာရန်ကုန်မြို့တွင် မိမိတို့၏မှတ်ပုံတင် (သို့) ယာဉ်မောင်းလိုင်စင် (သို့) နိုင်ငံကူးလက်မှတ် စသည့် အထောက်အထားများ တစ်ခုမျှမပြပဲ၊ မပေးပဲ၊ MPT၊ Ooredoo၊ Telenor နှင့် MEC sim card အမြောက်အများကို ယနေ့အချိန်ထိ ဆင်းကတ်တစ်ကတ်လျှင် ၁၀၀၀ကျပ်မှ စ၍ ငွေ ၅၀၀၀၀ ကျပ်အထိ နံပါတ်လှလျှင် လှသလောက် ဈေးကြီးပေး၍ Online မှ လည်းကောင်း ရန်ကုန်မြို့လယ်ခေါင် လူစည်ကားရာနေရာများတွင် လည်းကောင်း၊ လမ်းဘေးဈေးသည်များထံမှ ဝယ်ယူရရှိနိုင်ပါသည်။ ထိုရောင်းချသည့် ဆင်းကတ်များကို မှတ်ပုံတင်ပြီးကြောင်း အာမခံ၍ ရောင်း နေရာ စာရေးသူသည်လည်း MPT ဆင်းကတ်တစ်ကတ်နှင့် Telenor ဆင်းကတ် တစ်ကတ်ကို ဝယ်၍ မှတ်ပုံတင်ထားခြင်း ရှိ၊မရှိ MPT code *601# call ကိုခေါ်၍လည်းကောင်း၊ Telenor code *979*3*3# call ကိုခေါ်၍ စစ်ဆေးကြည့်ရာ ထိုဆင်းကတ်နှစ်ခုလုံးမှာ မှတ်ပုံတင်ထားပြီးဖြစ် ကြောင်း Message တွင်ဖော်ပြထားသည်ကို တွေ့ရသောအခါ စိုးရိမ်ထိတ်လန့်ခဲ့ရပါသည်။ အကြောင်းမှာ ရာဇဝတ်မှု၊ ဒုစရိုက်မှုတစ်ခုခုကို ကျူးလွန်ခဲ့သူများရှိလျှင် ထိုဆင်းကတ်မှတ်ပုံ တင်ထားသူများကို ခြေရာခံ၍ အမှုမှန်ကို ဖော်ထုတ်ခဲ့သည့် အထောက်အထားများကို အနောက်နိုင် ငံအတော်များများတွင် တွေ့ရသောကြောင့်ဖြစ်ပါသည်။ စာရေးသူတို့နိုင်ငံတွင် မိုဘိုင်းဆင်းကတ် များကို ထိုကဲ့သို့ လက်လွတ်စပယ် အထောက်အထားမဲ့ ဝယ်၍ရနေခြင်းသည် လုံခြုံရေး စည်းတစ်ခု ပေါက်နေသည်ဟု စာရေးသူခံစားမိပါသည်။ ဒီမိုကရေစီနှင့်ဖယ်ဒရယ်ပြည်ထောင်စု စနစ်သို့ သွား နေသည့် အမိ မြန်မာနိုင်ငံတော်ကြီး၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်အောင် ထိုလမ်းဘေးဆင်းကတ်များ သုံးကာ လူမှု့ရေးကါန်ရက် Facebook ပေါ်တွင် ကောလဟာလများ ထုတ်လွင့်ခြင်း၊ လူမျိုးရေး၊ဘာသာရေး၊ အဓိကရုဏ်းများ ဖြစ်အောင် အမုန်းတရားများ ဖြန့်ရာတွင်လည်းကောင်း အသုံးချလာဖွယ်ရှိသည်ကို မျှော်တွေးမိ၍ စိတ်လေးခဲ့ ရပါသည်။

    နောက်ထပ် ကိုယ်တွေ့ဆိုးကျိုး ရလာဒ်တစ်ခုကိုလည်း တင်ပြချင်ပါသည်။ လူမှု့ရေးကွန်ရက် နှင့် အရပ်ထဲတွင် လူပြောများနေသည့် Telenor ဖုန်းဘေလ် ဖြတ်တောက်နေသည့် ကိစ္စဖြစ်ပါသည်။ စာရေးသူသည် ရန်ကုန်စက်မှု့တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့တစ်ခု ရရှိထားသည့် အပြင် ယနေ့ ရေပန်းစားနေသည့် အင်တာနက် နည်းပညာကိုလည်း အတိုင်းအတာတစ်ခုထိ လေ့လာထားပါသည်။ ၂၀၁၇ခု သြဂုတ်လ ၁၀ရက်နေ့က Handset အလွတ်တစ်ခုထဲရှိ တယ်လီနောဆင်းကတ် ဖုန်းဘေလ်လျော့နည်းနေသဖြင့် Top-Up ငွေဖြည့်ကတ် ၁၀၀၀ ကျပ်တန် ဝယ်ယူခဲ့ပြီး ငွေဖြည့်ခဲ့ပါသည်။ Facebook ကို ၅ မိနစ်ခန့်သုံးခဲ့ပါသည်။ Download မလုပ်ခဲ့ပါ။ Auto download များလည်း မလုပ်ထားခဲ့ပါ။ ကုတ်နံပါတ် *124#call ဖြင့် လက်ကျန်ငွေကို စစ်ဆေးကြည့်ခဲ့သောအခါ ၁၂၇ကျပ်သာ ကျန်တော့သည်ကို တွေ့ရပါသည်။ မကျေနပ်သဖြင့် နောက်ထပ် တယ်လီနော ဆင်းကတ်တစ်ခုကိုယူ၍ လက်ကျန်ငွေကို ပထမစစ်ဆေးပြီး Top-Up ငွေ ၁၀၀၀ကျပ်ကို ထပ်ထည့်ပါသည်။ ကံဆိုးနေလို့လားတော့ မသိပါ။ ဒုတိယ sim card ဖြင့် စက္ကန့် ၃၀ စာ ဖုန်းခေါ်ခဲ့ပြီး ငွေစစ်ကြည့်ခဲ့သောအခါ ငွေ ၈၅၀ကျပ် ပါသွားပြန်သည်။ ထို့ကြောင့်စာရေးသူ သည် ဒေါသအတော်အတန် ထွက်သွားမိခဲ့သည်။ ဖုန်းကွန်ရက်စနစ်ကို ထိမ်းချုပ်နေသည့် ကွန်ပြူတာ စက်များ၏ ဖုန်းဆော့ဝဲများကြောင့် အခုလို ပြဿနာများ ဖြစ်ရကြောင်း ပြင်ပတွင် ကြား နေရသော်လည်း တကယ့်လက်တွေ့တွင် တစ်နေ့လုပ်၊တစ်နေ့စား အခြေခံလူတန်းစားများ၏ ငွေများ အလဟသ ဖုန်းဘစ်လ် ဖြတ်တောက်မှု့ထဲ ပါနေခြင်းသည် “တစ်ရက်၊တစ်ပါတ်၊တစ်လ” မဟုတ်တော့ဘဲ လပေါင်းအတော်ကြာနေပြီ ဖြစ်သဖြင့် လက်ရှိအစိုးရ တာဝန်ရှိသူများအနေဖြင့် ထိုပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ရန် “call centre” တစ်ခု အမြန်ဆုံးပြုလုပ်ပြီး စာရေးသူ အပါအဝင် ဖုန်းဘေလ် ဖြတ်တောက်ခံရသည့် ပြည်သူလူထု၏အသံ (People’s voice) များကို စစ်တမ်းကောက်နားထောင်ပြီး ထိထိရောက်ရောက် ဖြေရှင်းသင့်သည်ဟု စာရေးသူထင် မြင်မိပါသည်။ စာရေးသူအနေဖြင့်လည်း ကိုယ်သုံးစွဲသည့် မိုဘိုင်းဖုန်း တယ်လီနောဆင်းကတ်နှင့် တယ်လီနော ၁၀၀၀ကျပ်တန် Top- Up ငွေဖြည့်ကတ်ကို ယခုတိုင် အထောက်အထားတစ်ရပ် အနေဖြင့် သိမ်းဆည်းထားပါသည်။ လိုအပ်လျှင် သက်သေပြနိုင်ရန် ဖြစ်ပါသည်။ အချို့ကလည်း စာရေးသူအား “ဆရာတယ်လီနောမှ ငွေချေးထားလျှင် အခုလိုဖြတ်သည်” ဟု ပြောပါသည်။ စာရေး သူအနေဖြင့် မည်သည့် operator ဆီကမျှ ဖုန်းဘစ်လ်ငွေချေးခြင်းမရှိခဲ့ဖူးပါ။ “ဆွမ်း ဆန်ထဲ ကြွက် ချေး ရောသလို” ဆင်းကတ်တစ်ခုကို ကြိုက်သလိုသုံးပြီး ထိုဆင်းကတ်ကို အကြောင်းအမျိုးမျိုး ကြောင့် မစွန့်ပစ်မှီ ဖုန်းအော်ပရေတာ တစ်ခုဆီမှ ငွေချေးကာ ငွေကုန်အောင်သုံးစွဲပြီး ဖုန်းဆင်းကတ် အစဖျောက်ပစ်သူ မရိုးသားသည့် လူတစ်စုကြောင့်သော်လည်း၊ promotion တွေ၊ bonus တွေ၊ အပြိုင်အဆိုင်ပေးခဲ့ပြီး တွက်ချေကိုက်ရန် ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း ‘ငါးကြင်းဆီနှင့် ငါးကြင်းကြော်၊ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်သည့်၊ ရိုးသားပွင့်လင်းမှုမရှိသည့် လုပ်ရပ်မျိုး’ ကို Telenor အပါအ၀င် လက်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြုနေသည့် အော်ပရေတာများကို လွှတ်တော်မှ ဥပေဒတစ်ခု အမြန်ဆုံးရေးဆွဲပြီး ပြည်သူလူထု၏ ဆုံးရှုံးနစ်နာနေမှုများကို ထိထိရောက်ရောက် အကောင်အထည်ဖော်သင့်ပါကြောင်း လေးလေးနက်နက် တိုက်တွန်း အကြံပြုလိုက်ပါတယ်။

    လေးစားလျက်
    ဂျက်ဖရီတင်အုန်း (ရန်ကုန် စက်မှု့တက္ကသိုလ် R.I.T)

  • ရာဇ၀တ်မှုနှိမ်နှင်းရေးထက် ဂျာနယ်လစ်ဖမ်းဆီးရေးကို အာရုံပိုစိုက်နေတဲ့ မြန်မာ့ရဲတပ်ဖွဲ့

    ရာဇ၀တ်မှုနှိမ်နှင်းရေးထက် ဂျာနယ်လစ်ဖမ်းဆီးရေးကို အာရုံပိုစိုက်နေတဲ့ မြန်မာ့ရဲတပ်ဖွဲ့

    သြဂုတ် ၂၀၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရာဇ၀တ်မှုနှိပ်နှင်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တာထက် ဂျာနယ်လစ်တွေ လိုက်လံဖမ်းဆီးတာမျိုးအတွက် ပိုပြီး အချိန်ပေး အားထုတ်ကြိုးပမ်းနေပုံ ရပါတယ်။

    ဇူလိုင်လ ၃၁ ရက်နေ့မှာ Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ ဘန်ကောက်သွားဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ မင်္ဂလာဒုံရဲစခန်းမှာ ထိန်းသိမ်းခံခဲ့ရပြီး၊ မင်္ဂလာဒုံ စခန်းကလည်း မန္တလေး မဟာအောင်မြေ ရဲစခန်းရဲ့ တောင်းဆိုမှုနဲ့ ကိုဆွေဝင်းကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ တစ်ညနေခဲ့ရပြီး နောက်တစ်နေ့မှာ ကိုဆွေဝင်းကို တရားစွဲဖို့အတွက် မန္တလေးကို လွှဲပြောင်းပေးခဲ့ပါတယ်။

    ကိုဆွေဝင်းဟာ မဘသအဖွဲ့ကို ထောက်ခံသူတစ်ယောက်ရဲ့ ၆၆ (ဃ) နဲ့ တရားစွဲဆိုမှုကို အခုနှစ်အစောပိုင်းမှာ ခံခဲ့ရသူပါ။

    ဒီဆောင်းပါးမှာ ကိုဆွေဝင်းအကြောင်း ဖော်ပြချင်တာမဟုတ်ဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးရေး ကြိုးပမ်းအားထုတ်မှုတွေကို မီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ်။ အဓိက တာဝန်ဝတ္တရားဟာ တရားဥပဒေစိုမိုရေးနဲ့ မှုခင်းနှိမ်နှင်းရေး ဖြစ်ပေမယ့် ရဲတပ်ဖွဲ့ဟာ အခုကိစ္စမှာ အချိန်တွေ၊ ရင်းမြစ်တွေကို ဒီလောက်များများ သုံးသင့်လား? ဒါဟာ ဒီကိစ္စကနေ ပေါ်ထွက်လာတဲ့ မေးခွန်းတစ်ခုပါပဲ။

    မေလ ၂ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်က ပြည်လမ်းပေါ်မှာ ကားတစ်စီးဟာ ဓားပြတိုက်ခံလိုက်ရပါတယ်။ ရန်ကုန်မှာ ရာဇ၀တ်မှုတွေ ထူပြောလာနေတဲ့အချိန်မှာ ဒီ အတင့်ရဲတဲ့ အဖြစ်အပျက်က ဖြစ်သွားခဲ့တာပါ။ ပဲခူးက အမျိုးသမီးတစ်ဦးဟာ တောင်ကိုရီးယားသွားမယ့် လေယာဉ်အမီ ရန်ကုန်လေဆိပ်ကို သားဖြစ်သူနဲ့အတူ လာခဲ့ပြီး အပြန်မှာ ဆီးသွားချင်တဲ့သားအတွက် ကားတွေ ဥဒဟိုသွားလာနေတဲ့ ပြည်လမ်းဘေးမှာ ကားရပ်ထားတဲ့အချိန် ဒီ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    ရုတ်တရက် တိုယိုတာ ကာလ်ဒီနာ တက္ကစီတစ်စီးဟာ သူတို့ရဲ့ကားအရှေ့မှာ ရပ်လိုက်ပြီး လူလေးယောက်ထွက်လာကာ အမျိုးသမီးကို ဓားနဲ့ထောက် ပိုက်ဆံအိတ်၊ ဆွဲကြိုး၊ လက်စွပ်နဲ့ မိုဘိုင်းဖုန်းတွေကို လုယက်သွားခဲ့ပါတယ်။ ဒီပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ငွေကျပ် သိန်း ၄၀ လောက် ရှိပါတယ်။ ဓားပြတိုက်မှုဟာ ည ၉ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘေးနားကဖြတ်သွားနေတဲ့ ကားတွေကလည်း တစ်စီးမှ အကူအညီမပေးခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဒီအမျိုးသမီးဟာ မင်္ဂလာဒုံ မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပြီး ပဲခူးကို ပြန်သွားခဲ့ပါတယ်။

    အဲဒီ သံသယရှိသူ ၄ ယောက်ဟာ တစ်လကျော်လောက်မှ ကံကောင်းထောက်မစွာနဲ့ ဖမ်းမိခဲ့ပါတယ်။ ဇွန်လ အစောပိုင်းတုန်းက ရွှေပြည်သာ လှော်ကားအနီးမှာ အမျိုးသားတစ်ဦးကို လုယက်မှု၊ အပြင်းအထန်နာကျင်စေမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ လှော်ကားရဲစခန်းမှာ စစ်မေးမှုအတွင်း အဲဒီအမျိုးသားဟာ မေလ ၂ ရက်နေ့က ပြည်လမ်း ဓားပြမှုမှာ ပါဝင်တယ်လို့ ၀န်ခံခဲ့ပါတယ်။ တိုယိုတာ ကာလ်ဒီနာတက္ကစီနဲ့ ဓားပြလိုက်တိုက်နေတဲ့ နောက်ထပ် အမျိုးသား ၇ ယောက်ကို ဒီမထင်မှတ်ထားတဲ့ ၀န်ခံမှုကနေတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    သူတို့တွေရဲ့ ဖြောင့်ချက်တွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်မှုမှာ ဒီ လူ ၈ ယောက်ဟာ ၂၀၁၆ ခုနှစ် နှောင်ပိုင်းကတည်းက ဒီတက္ကစီနဲ့ လုယက်မှုတွေကို ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကနေ ဖမ်းဆီးခံခဲ့ရတဲ့ ဇွန်လ အလယ်ပိုင်းအတွင်း သူတို့တွေဟာ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်၊ ဒဂုံဆိပ်ကမ်းနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ လုယက်မှုပေါင်း ၂၈ ခုလောက် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

    သူတို့ရဲ့ တိုက်ရာပါပစ္စည်းတွေမှာ ငွေသား၊ လက်ဝတ်ရတနာ၊ မိုဘိုင်းဖုန်းနဲ့ မော်တော်ဆိုင်ကယ်တွေ ပါဝင်ခဲ့ပါတယ်။ ဒီလူ ၈ ဦးရဲ့ ဓားပြတိုက်မှုကို လူတော်တော်များများက ခံခဲ့ရပြီး လုယက်သွားတဲ့ ပစ္စည်းတွေကလည်း မနည်းပါဘူး။ ဒီပစ္စည်းတွေကို နေရာတော်တော်များများက ၀ယ်သူ အများအပြားကို ရောင်းချမယ်လို့ ယူဆလို့ရပါတယ်။ ၆ လကျော်ကျော်အတွင်း ကျူးလွန်တဲ့ ဓားပြမှု ၂၈ ခုမှာ သဲလွန်စတွေ၊ ကွင်းဆက်တွေ မကျန်ခဲ့ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီရာဇ၀တ်မှုကို အဆုံးသတ်နိုင်ခဲ့တာကလည်း ရဲတပ်ဖွဲ့ရဲ့ အားထုတ်မှုကြောင့်မဟုတ်ဘဲ လှော်ကားမှာ ဖမ်းဆီးရမိတဲ့ လူတစ်ယောက်ရဲ့ မတော်တဆ ၀န်ခံမှုကြောင့်သာ ဖမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမျိုးသားကို ဖမ်းမမိခဲ့ဘူး၊ ဒါမှမဟုတ် သူက ဒီဂိုဏ်းအကြောင်း မဖော်ထုတ်ခဲ့ဘူးဆိုရင်တော့ ဓားပြမှုတွေ ဆက်ဖြစ်နေမှာပါ။ မေ ၂ ရက်နဲ့ ဇွန်လ ဖမ်းမိတဲ့အချိန်ကြားထဲမှာ အဲဒီအုပ်စုဟာ လှော်ကားအပါအ၀င် ရွှေပြည်သာမှာ နောက်ထပ် လုယက်မှု ၈ ခု ကျူးလွန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဂျာနယ်လစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုနဲ့ လုယက်မှုတွေကို ကျူးလွန်တဲ့ လူ ၈ ဦးပါ ဂိုဏ်းတစ်ခုကို ဖမ်းဆီးဖို့ အားထုတ်မှုကို ယှဉ်ကြည့်ပါ။

    ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နောက်ထပ် အာရုံစိုက်ရမယ့် ကိစ္စတစ်ခုက မူးယစ်ကုန်သွယ်မှုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မူယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ ပုံမှန်လိုလိုဖြစ်နေပြီး စိတ်ကြွဆေးပြား သန်းနဲချီပြီး ဖမ်းမိတာမျိုးတွေတောင် ပါဝင်ပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာလည်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေ ပုံမှန်ဖြစ်လာပါတယ်။ အဲဒီ မူးယစ်ဆေးတွေကို တရုတ်နယ်စပ်တစ်လျှောက်မှာ ထုတ်လုပ်တာဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီး တစ်ခါတစ်ရံ ရန်ကုန်တိုင်းဒေသကြီးကိုဖြတ်ကာ ရခိုင်ကို သယ်ဆောင်တာဖြစ်ပါတယ်။ ရခိုင်ကို ဒီလိုသယ်ဆောင်တဲ့လမ်းမှာ ရဲတပ်ဖွဲ့က ဘာ့ကြောင့် ဒါတွေကို မမိတာလဲ။

    ရက္ခိုင့်တပ်မတော် (AA) ရဲ့ နယ်စပ်ဒေသတွေက လက်နက်တွေကိုလည်း ရန်ကုန်ကနေတစ်ဆင့် ရခိုင်ကို သယ်နေပါတယ်။ RPG လောင်ချာတွေကို ဖမ်းမိခဲ့တဲ့ တရားမ၀င်သယ်ဆောင်မှုတစ်ခုမှာ သူတို့ပါဝင်တယ်လို့ AA က ၀န်ခံထားပါတယ်။ ဒါပေမယ့် မဖမ်းမိဘဲ လွတ်သွားတဲ့ အခေါက်တွေ ဘယ်လောက်များနေပြီလဲ။

    ချုံပြီးပြောရရင်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရာဇ၀တ်မှုတိုက်ဖျက်ရေးထက် မီဒီယာကသူတွေကို ဖမ်းဆီးရေးမှာ ပိုပြီး အားထည့်နေတယ်လို့ ဆိုလို့ရပါတယ်။

    တပ်ဖွဲ့ဝင်အင်အား နည်းပါးမှုကြောင့် ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်တယ်လို့ပြောရင် ဒါဟာ မျှတပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့အနေနဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးထက် ဂျာနယ်လစ်တွေ ဖမ်းဆီးရေးကိုသာ ပိုပြီး အာရုံစိုက်ထားမယ်ဆိုရင် မြန်မာနိုင်ငံက ဥပဒေစိုးမိုးရေးဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး တော်တော်လေး စိုးရိမ်နေရတော့မှာပါ။

    Ref: Frontiermyanmar

    (Frontiermyanmar တွင် ဖော်ပြထားသည့် The peculiar priorities of the Myanmar Police Force ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ဗြိတိန်မှ စက်ဘီးဖြင့် ဟဂ်ျလာရောက်သူများ မဒီနာသို့ ရောက်ရှိ

    ဗြိတိန်မှ စက်ဘီးဖြင့် ဟဂ်ျလာရောက်သူများ မဒီနာသို့ ရောက်ရှိ

    သြဂုတ် ၂၀၊ ၂၀၁၇
    M-Media

    Hajj Ride အဖွဲ့

    – ဗြိတိန်ကနေ စက်ဘီးစီးပြီး ဟဂ်ျပြုဖို့ သွားကြတဲ့ အုပ်စုဟာ ၆ ပတ်တာ ကြာမြင့်ခဲ့ပြီးတဲ့နောက် မနေ့က မဒီနာမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။

    ပြင်သစ်၊ ဆွစ်ဇာလန်၊ အီတလီ၊ ဂရိနဲ့ အီဂျစ်နိုင်ငံတွေကို ဖြတ်ကျော်ကာ ကီလိုမီတာပေါင်း ၃ ထောင်လောက်ကို စက်ဘီးနင်းလာရတာဖြစ်ပြီး ဖြတ်သန်းလာတဲ့ ဒေသတိုင်းမှာ အစ္စလာမ့်သတင်းစကားကို ပြန့်နှံစေဖို့ ရည်ရွယ်တယ်လို့ ဒီစက်ဘီးသမားတွေက ပြောကြားခဲ့ပါတယ်။

    ၉ ဦးပါဝင်တဲ့ အဲဒီအုပ်စုဟာ ဂျစ်ဒါကနေ မဒီနာကို လာရောက်ခဲ့တာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မက္ကာကို သွားရောက် ဟဂ်ျပြုကာ ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

    “ဒီ Hajj Ride အစီအစဉ်ဟာ အစ္စလာမ်ရဲ့ မဏ္ဍိုင်ကြီး ၅ ခုထဲက ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ကာ ဆောင်ရွက်ရတဲ့ ဟဂ်ျကျင့်စဉ်ကို ပန်းတိုင်အဖြစ်ထားတဲ့ ပရဟိတ ခရီးစဉ်ဖြစ်ပါတယ်” လို့ ဒီအဖွဲ့ရဲ့ ၀ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    သူတို့ရဲ့ ခရီးစဉ်အတွင်းမှာ လှူဒါန်းငွေ စတာလင်ပေါင် ၁ သန်းလောက် ရှာဖွေနိုင်ဖို့ ရည်မှန်းထားပြီး ဒါတွေအားလုံးကို Human Aid UK ကနေတစ်ဆင့် ဆီးရီးယားဒုက္ခသည်တွေကို လှူဒါန်းမှာ ဖြစ်ပါတယ်။

    ကောက်ခံရရှိတဲ့ ငွေကြေးတွေကို ဆီးရီးယားက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အဓိကထား ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

    Ref: Alarabiya