News @ M-Media

Blog

  • အလ်-အက်ဆာဗလီကို အစ္စရေးက အပိုင်စီးထားမှုကြောင့် ဂျေရုစလင်တွင် တင်းမာမှုများ မြင့်တက်

    အလ်-အက်ဆာဗလီကို အစ္စရေးက အပိုင်စီးထားမှုကြောင့် ဂျေရုစလင်တွင် တင်းမာမှုများ မြင့်တက်

    ဇူလိုင် ၂၁၊ ၂၀၁၇
    M-Media

    အလ်-အက်ဆာဗလီအား အစ္စရေးက အပိုင်စီးထားမှုကြောင့် ဗလီအပြင်ဘက်တွင် ပါလက်စတိုင်းပြည်သူများ ၀တ်ပြုနေစဉ်

    – အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းက အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးက တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားမှုအတွက် တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဒီနေ့ သောကြာဝတ်ပြုမှုမှာ ကန့်သတ်ချက်တစ်ခု ထပ်ထုတ်လိုက်တဲ့အတွက် အခြေအနေက ပိုပြီးဆိုးမယ့် အနေအထားတွေ ရှိနေပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က အလ်-အက်ဆာ ဗလီအပြင်ဘက် အစ္စရေးစစ်ဆေးရေးဂိတ်မှာ ပါလက်စတိုင်း ၃ ဦးက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အစ္စရေးရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး၊ ပါလက်စတိုင်း သေနတ်သမားတွေလည်း အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာ အစ္စရေးက သောကြာနေ့ဝတ်ပြုမှုကို ပိတ်ပင်ကာ ဗလီဝတ်ကျောင်းတော်ကို ပိတ်ပစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် အာရပ်နိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ရှုတ်ချမှုတွေ ရှိလာပြီး တနင်္ဂနွေနေ့မှာ ဗလီကို ပြန်ဖွင့်ပေးခဲ့ပေမယ့် သတ္တုရှာဖွေရေးစက်တွေ၊ လုံခြုံရေးကင်မရာတွေ မြောက်များစွာ တပ်ဆင်ခဲ့ပြီး ပါလက်စတိုင်းတွေကတော့ ဒါကို လက်မခံတဲ့အတွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပါတယ်။

    ဒီနေ့ သောကြာဝတ်ပြုမှုအတွက် အသက် ၅၀ အောက် ပါလက်စတိုင်းအမျိုးသားတွေ ဗလီထဲ ၀င်ရောက်ခွင့်မပြုဘူးလို့ အစ္စရေးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

    “အသက် ၅၀နဲ့အထက် အမျိုးသားတွေကိုသာ မြို့ဟောင်းနဲ့ Tempole Mount အတွင်း ၀င်ရောက်ခွင့်ပြုပါတယ်။ အမျိုးသမီးတွေကိုတော့ အသက်ကန့်သတ်ထားခြင်း မရှိပါဘူး” လို့ အစ္စရေးရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သောကြာနေ့မနက်ပိုင်း ပါလက်စတိုင်းရပ်ကွက်တွေမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဟ အင်အားတော်တော်များများနဲ့ ၀န်းရံထားပြီး ထူးသဖြင့် ဗလီဝတ်ကျောင်းတော်တစ်ဝိုက်မှာ ဖြစ်ပါတယ်။

    နေ့စဉ် ဆန္ဒပြမှု

    ဆန္ဒပြသူများအား အစ္စရေးရဲတပ်ဖွဲ့ နှိမ်နှင်းမှု

    အစ္စရေးက ဗလီဝတ်ကျောင်းတော်တစ်ဝိုက်မှာ သတ္တုရှာဖွေရေးစက်တွေ၊ တစ်ဦးချင်းသာ ၀င်ရောက်ရမယ့် စက်တွေ၊ လုံခြုံရေးကင်မရာတွေ တပ်ဆင်ခဲ့တာကို ပါလက်စတိုင်းပြည်သူတွေက မကျေနပ်ဘဲ အလ်-အက်ဆာဗလီရဲ့ အမှတ်သညာကို ပြောင်းလဲဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ မှတ်ယူခဲ့ကြပါတယ်။

    ဒါ့ကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစလို့ နေ့တိုင်းလိုလို ဗလီဝတ်ကျောင်းတော်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး အစ္စရေးရဲတပ်ဖွဲ့ကလည်း ရာဘာကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည်နှိမ်နင်းတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

    အစ္စရေးလုံခြုံရေးကက်ဘိနတ်က ဗလီဝတ်ကျောင်းတော်မှာ ချထားတဲ့ လုံခြုံရေးဆိုင်ရာပစ္စည်းတွေကို ဘယ်အချိန်မှာ ဖယ်ရှားမလဲဆိုတာကိုတော့ ရဲတပ်ဖွဲ့က ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

    အင်္ဂါနေ့က အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရာဘာကျည်တွေနဲ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေထဲမှာ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး၊ မွတ်စလင်ကောင်စီရဲ့ အကြီးအကဲဖြစ်တဲ့ ရှိခ် အက်ရီမာ ဆဘ်ရီလည်း ပါဝင်ခဲ့ပါတယ်။

    မနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ အစ္စရေးလုံခြုံရေးဌာနတွေရဲ့ အကြံပြုချက်တွေကို ရရှိခဲ့ပြီး အချို့ဌာနတွေက ဗလီမှာထားရှိတဲ့ လုံခြုံရေးအဆီးအတားတွေကို ဖယ်ရှားပစ်ဖို့ အကြံပြုခဲ့ပေမယ့် ဂျေရုစလင်ရဲတပ်ဖွဲ့ကတော့ သူတို့ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။

    လက်ရှိ ဂျေရုစလင်မှာ ထင်ရှားတဲ့ ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ ၁၀ ဦလောက် အဖမ်းခံထားရပြီး ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ရဲ့ ဖာတာပါတီက ဂျေရုစလင်အဖွဲ့ခွဲခေါင်းဆောင်လည်း ဖမ်းဆီးခံရမှုမှာ ပါဝင်ပါတယ်။

    ဒေါသများမြင့်တက်

    ဆန္ဒပြသူများအား အစ္စရေးရဲတပ်ဖွဲ့ နှိမ်နှင်းမှု

    အလ်-အက်ဆာဗလီကို အပိုင်စီးတဲ့သဘောမျိုး ဖြစ်နေတဲ့ အစ္စရေးရဲ့လုပ်ရပ်အတွက် ပါလက်စတိုင်းက ဟားမက်စ်အဖွဲ့နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ဒီနေ့မှာ အကြီးအကျယ် ဆန္ဒပြဖို့ တိုက်တွန်းထားပါတယ်။

    ဗုဒ္ဓဟူးနေ့က ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက အစ္စရေးရဲ့လုပ်ရပ်တွေဟာ ဘောင်ကျော်နေပြီလို့ သတိပေးခဲ့ပါတယ်။

    ဒိုဟာအခြေစိုက် နိုင်ငံတကာ မွတ်စလင်ဓမ္မပညာရှင်များအစည်းအရုံးကလည်း အလ်-အက်ဆာဗလီမှာ ၀တ်ပြုသူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကို တိုက်တွန်းထားပါတယ်။

    “ဂျေရုစလင်မှာ ဇိုင်ယွန်တွေရဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ သဘောထားကို သောကြာနေ့မှာ ပြသဖို့အတွက် မွတ်စလင်အားလုံးနဲ့ အဲဒီမှာ နေထိုင်သူအားလုံးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ဒီအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    အခုသီတင်းပတ်အစောပိုင်းကလည်း ဂျေရုစလင်က ထိပ်တန်း မွတ်စလင်ခေါင်းဆောင် မွဖ်သီကြီး မိုဟာမက် ဟူစိန်က ဒီတစ်ပတ်သောကြာနေ့မှာ မြို့တွင်းက ဗလီတွေအားလုံးပိတ်ပြီး အလ်-အက်ဆာဗလီရဲ့ ဂိတ်ပေါက်ဝတွေမှာ သောကြာနေ့ ၀တ်ပြုမှုကို ဆုပေါင်းဝတ်ပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံတကာက ကြားဝင်ရန်

    အလ်-အက်ဆာဗလီအား အစ္စရေးက အပိုင်စီးထားမှုကြောင့် ဗလီအပြင်ဘက်တွင် ပါလက်စတိုင်းပြည်သူများ ၀တ်ပြုနေစဉ်

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သူတို့အနေနဲ့ အလ်-အက်ဆာဗလီရဲ့ လက်ရှိအနေအထားကို ပြောင်းလဲလိုတဲ့ဆန္ဒ မရှိဘူးလို့ ပြောထးပေမယ့် ပါလက်စတိုင်းပြည်သူတွေကတော့ သူတို့ပိုင်ဆိုင်တဲ့ အဲဒီနေရာကို အစ္စရေးက သိမ်းယူလိုက်မှာ စိုးရိမ်နေပါတယ်။

    ဂျေရုစလင်မှာ တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ဟာ ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံကိုသွားမယ့်အစီအစဉ် ဖျက်သိမ်းကာ အနောက်ဖက်ကမ်းကို ပြန်ရောက်လာပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြားဝင်ပေးဖို့ကိုလည်း အဘတ်စ်က တိုက်တွန်းဆော်သြထားပါတယ်။

    ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းပြ မြေပုံ

    Ref: Aljazeera

  • ရိုဟင်ဂျာများအား လူကုန်ကူးမှုအတွက် အပြစ်ရှိသူများကို ထိုင်းက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    ရိုဟင်ဂျာများအား လူကုန်ကူးမှုအတွက် အပြစ်ရှိသူများကို ထိုင်းက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    ဇူလိုင် ၂၀၊ ၂၀၁၇
    M-Media

    သံသယရှိသူ ၁၀၀ ကျော်မှာ ထိုင်းစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen၊ ဒေသတွင်း နိုင်ငံရေးသမားတွေ အပါအ၀င် လူ ၇၀ လောက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ဒုတိယဗိုလ်ချုပ်ကြီးကတော့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူကုန်ကူးမှု၊ ဖမ်းဆီးပြန်ပေးဆွဲမှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ထိုင်းနိုင်ငံက နှစ်ရှည်ထောင်ဒဏ်တွေ ယမန်နေ့မှာ ချမှတ်လိုက်ပါတယ်။

    သံသယရှိသူ ၁၀၀ ကျော်မှာ ထိုင်းစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen၊ ဒေသတွင်း နိုင်ငံရေးသမားတွေ အပါအ၀င် လူ ၇၀ လောက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ဒုတိယဗိုလ်ချုပ်ကြီးကတော့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    ဘန်ကောက် ရာဇ၀တ်မှုဆိုင်ရာ တရားရုံးက Manas Kongpaen ဟာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုးဏ်ကွန်ယက်မှာ ပါဝင်ပတ်သက်မှု၊ လူကုန်ကူးမှုအတွက် အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းလုပ်သားတွေနဲ့
    ပတ်သက်လို့ လူကုန်ကူးမှု၊ လာဘ်ယူမှုတွေအတွက်လည်း တာဝန်ရှိခဲ့သူ ဖြစ်ပါတယ်။

    ဒီလူကုန်ကူးမှုမှာ အခရာကျတယ်လို့ ယူဆထားသူ ထိုင်းတောင်ပိုင်းက နာမည်ကြီး စီးပွားရေးနဲ့ နိုင်ငံရေးသမား Pajjuban Aungkachotephan ဟာ ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခံရပြီး၊ မြို့တော်ဝန်ဟောင်း Bannakong Pongphol ကတော့ ထောင်ဒဏ် ၇၈ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    မနေ့က ကြားနာမှုအတွင်း အမြင့်ဆုံးပြစ်ဒဏ်ကို ကျခံခဲ့ရသူက အန်ဝါရ်လို့ သိကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာအမျိုးသား စိုးနိုင်ဆိုသူဖြစ်ပြီး ထောင်ဒဏ် ၉၄ နှစ် ကျခံရမှာဖြစ်ပါတယ်။ သူဟာ ရိုဟင်ဂျာတွေကို လူကုန်ကူးတဲ့လုပ်ငန်း၊ မလေးရှားကို ပို့ပေးဖို့အတွက် ပြန်ပေးဆွဲထားပြီး ငွေညှစ်တဲ့လုပ်ငန်းမှာ ဦးဆောင်နေသူ ဖြ
    စ်ပါတယ်။

    ၂၀၁၅ ခုနှစ် ထိုင်းတောင်ပိုင်းကတောထဲ လူကုန်ကူးသမားတွေ စခန်းချရာ နေရာလို့ ယူဆတဲ့ နေရာတွေမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတွေကို တွေ့ခဲ့ရပြီးတဲ့နောက် ထိုင်းအစိုးရက ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာပါ။

    ဖမ်းဆီးထားတဲ့ လူ ၁၀၀ ကျော်မှာ မြန်မာနိုင်ငံသားတွေ၊ ထိုင်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်က တာဝန်ရှိသူတွေ၊ ဒေသတွင်း နိုင်ငံရေးသမားတွေ ပါဝင်ပြီး ကြားနာမှုတွေကို အခုနှစ်အစောပိုင်းမှာ စတင်ခဲ့ပါတယ်။

    ကြားနာမှုတွေနဲ့ အမိန့်ချမှုတွေကို ဒီနေ့မှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ထိုးအစိုးရရဲ့ ဒီလိုဆောင်ရွက်ချက်တွေကို လူ့အခွင့်အရေးအဖွဲ့တွေက ချီးကျူးခဲ့ပါတယ်။

    Ref: Bangkokpost, Nwe Straits times

  • ကမ္ဘာမှာ အများပြည်သူ ရုံးပိတ်ရက်အများဆုံးက ဘယ်နိုင်ငံတွေလဲ

    ကမ္ဘာမှာ အများပြည်သူ ရုံးပိတ်ရက်အများဆုံးက ဘယ်နိုင်ငံတွေလဲ

    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media

    – ခရီးသွားလုပ်ငန်း ၀ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Wego က ကမ္ဘာပေါ်မှာ အများပြည်သူ ရုံးပိတ်ရက်အများဆုံးနိုင်ငံတွေကို စာရင်းကောက်ရာမှာ အိန္ဒိယနိုင်ငံက တစ်နှစ်ကို ပိတ်ရက် ၂၁ ရက်နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။

    ဒုတိယနေရာမှာ ကိုလံဘီယာနဲ့ ဖိလစ်ပိုင်တို့က ၁၈ ရက်စီနဲ့ ရှိနေပြီး၊ တရုတ်နဲ့ ဟောင်ကောင်တို့က ၁၇ ရက်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

    Wego မားကတ်တင်းအကြီးအကဲ ဂျိုအာချင်း ဟိုလ်တီက တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရီးသွားလာမှုနယ်ပယ်မှာ အမြန်ဆုံးတိုးတက်လာတဲ့ နိုင်ငံဖြစ်ရုံသာမက အလုပ်သမားတွေအတွက် ပိတ်ရက်ရှည်ရှည်ပေးပြီး ပိတ်ရက်တွေဟာ စနေ၊ တနင်္ဂနွေနေ့နဲ့ တိုက်မယ်ဆိုရင်တော့ အစိုးရက ကြားရက်တွေမှာ အစားထိုး ပိတ်ပေး
    တယ်လို့ ဆိုပါတယ်။

    “ဒီနှစ်မှာ တရုတ်ရဲ့ ရုံးပိတ်မယ့်ရက် ၁၇ ခုအတွက် ၂၈ ရက် ပိတ်မှာဖြစ်ပြီး ထိုမ်ဝမ်က ပိတ်ရက် ၁၃ ခုအတွက် ၂၉ ရက် ပိတ်မှာဖြစ်ပါတယ်”

    ကမ္ဘာပေါ်က အများပြည်သူရုံးပိတ်ရက် အနည်းဆုံးနိုင်ငံက တောင်အမေရိကတိုက်က မက္ကဆီကိုနိုင်ငံဖြစ်ပြီး ၇ ရက်သာ ရှိပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ တစ်ဦးချင်း လိုအပ်ချက်အရ ခြွင်းချက်အနေနဲ့ အားလပ်ရက် ပေးထားပါတယ်။

    အာရှမှာ ယူအေအီးက အများပြည်သူရုံးပိတ်ရက် ၁၁ ရက်ရှိပြီး အခြား အာရှနိုင်ငံတွေထက်စာရင် နည်းနေပါတယ်။

    “ဖိလစ်ပိုင်ရဲ့ အများပြည်သူရုံးပိတ်ရက်ဟာ ၁၈ ရက်ဖြစ်ပြီး မယူမနေရ အားလပ်ရက် ၅ ရက် ထည့်ပေါင်းမယ်ဆိုရင် များသွားမှာပါ။ သြစတေးလျအလုပ်သမားတွေကတော့ နေတဲ့ပြည်နယ်အလိုက် ၁၀ ရက်ဝန်းကျင်လောက် ရုံးပိတ်ရက်ရပြီး တစ်နှစ်လုံးအတွက်တွက်မယ်ဆိုရင်တော့ ရက် ၂၀ လောက် ရှိမှာဖြစ်ပါတယ်” လို့ Wego က ပြောကြားခဲ့ပါတယ်။

    Wego ရဲ့ ဒီစာရင်းမှာ မြန်မာနိုင်ငံမပါဝင်ပေမယ့် မြန်မာနိုင်ငံရဲ့ တရားဝင် ရုံးပိတ်ရက်ဟာ တနှစ်ကို ၂၆ ရက်ရှိနေပြီး ကမ္ဘာ့နိုင်ငံတွေနဲ့တွက်ရင် အများဆုံးလို့ ပြောလို့ရပါတယ်။ NLD အစိုးရဟာ ယခင် သင်္ကြန်ပိတ်ရက် ၁၀ ရက်ကို အခုနှစ်ကစလို့ ၅ ရက်သာ သတ်မှတ်ခဲ့ပြီး ဒီ ၅ ရက်အစားကို သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နိုင်ငံတကာ နှစ်သစ်ကိုးရုံးပိတ်ရက်တွေမှာ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

    ကမ္ဘာ့ရုံးပိတ်ရက်အများဆုံး ၁၀ နိုင်ငံစာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။

    1. India1. IndiaNumber of holidays: 21
    2. Colombia, PhilippinesNumber of holidays: 18
    3. China, Hong KongNumber of holidays: 21
    4. Thailand, Turkey, PakistanNumber of holidays: 16
    5. Japan, Malaysia, Argentina, Lithuania, Vietnam, SwedenNumber of holidays: 15
    6. Indonesia, Chile, SlovakiaNumber of holidays: 14
    7. South Korea, Austria, Belgium, Norway, TaiwanNumber of holidays: 13
    8. Finland, RussiaNumber of holidays: 12
    9. Singapore, China, Canada, Italy, Denmark, France, UAE, Morocco, Czech Republic,
    LuxembourgNumber of holidays: 11
    10. US, Portugal, Ukraine, Australia, New Zealand, Netherlands, Croatia, RomaniaNumber of holidays: 10
    Ref: gulfbusiness

  • ရိုဟင်ဂျာများကို လူကုန်ကူးမှုအတွက် ထိုင်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦး အပြစ်ရှိကြောင်း တွေ့ရှိ

    ရိုဟင်ဂျာများကို လူကုန်ကူးမှုအတွက် ထိုင်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦး အပြစ်ရှိကြောင်း တွေ့ရှိ

    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media

    သံသယရှိသူပေါင်း ၁၀၀ ကျော်ပါဝင်သည့် စစ်ဆေးမှုအတွင်း ထိုင်းစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen မှာ လူကုန်ကူးမှု၊ လာဘ်စားမှုနှင့်ပတ်သက်၍ စွဲချက်မြောက်များစွာအတွက် ယနေ့တွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ တရားသူကြီးများက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

    – ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူကုန်ကူးမှုတွင် ပါဝင်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက စစ်ဆေးမှုအတွင်း ဗိုလ်ချုပ်ကြီးတစ်ဦးမှာ အပြစ်ရှိသည်ဟု တရားသူကြီးများက ယနေ့တွင် ဆုံးဖြတ်လိုက်သည်။

    သံသယရှိသူပေါင်း ၁၀၀ ကျော်ပါဝင်သည့် စစ်ဆေးမှုအတွင်း ထိုင်းစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen မှာ လူကုန်ကူးမှု၊ လာဘ်စားမှုနှင့်ပတ်သက်၍ စွဲချက်မြောက်များစွာအတွက် ယနေ့တွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ တရားသူကြီးများက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ တရားမ၀င်လူကုန်ကူးမှု၏ ဂိုဏ်းချုပ်ဖြစ်သည်ဟု ယူဆရသော Pajjuban Aungkachotephan မှာလည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ Pajjuban Aungkachotephan မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဆာတွန်ပြည်နယ်မှ ထင်ရှားသည့် စီးပွားရေးသမားနှင့် နိုင်ငံရေးသမားဟောင်းလည်း ဖြစ်သည်။

    ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရိုဟင်ဂျာအလောင်း ၃၆ ခု မြှုပ်နှံထားသည့်နေရာများကို တွေ့ရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူ ၁၀၀ ကျော်တွင် မြန်မာနိုင်ငံသားများ၊ ထိုင်းရဲတပ်ဖွဲ့ဝင်များ၊ ဒေသတွင်းနိုင်ငံရေးသမားများ ပါဝင်သည်။

    ထိုကဲ့သို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာများကို တွေ့ရှိမှုမှာ မြန်မာနိုင်ငံတွင် ဖိနှိပ်မှုများကြောင့် ထွက်ပြေးလာရသည့် ရိုဟင်ဂျာများအား လူကုန်ကူးကာ မလေးရှားသို့ ပို့ပေးရာ၌ ပြန်ပေးငွေရရန် တောထဲတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ကွန်ယက်များကို ပေါ်ထွက်လာစေခဲ့သည်။

    ထိုင်းအစိုးရမှာ ယခုနှစ်အစမှစ၍ ထိုကိစ္စအတွက် တရားစွဲဆို စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထိုအမှုအား ဦးဆောင်ကိုင်တွယ်နေသည့် ထိုင်းရဲတပ်ဖွဲ့မှ ဗိုလ်ချုပ် Paween Pongsirin က ထိုင်းနိုင်ငံမှ ထင်ရှားသည့်ပုဂ္ဂိုလ်များမှာ ထိုပြဿနာနှင့် ဆက်စပ်နေသည်ကို တွေ့ရှိရပြီးနောက် ၎င်းတို့က မိမိအား သတ်ပစ်ချင်နေသည့်အတွက် ကြောက်ရွံ့နေသည်ဟု ပြောဆိုကာ သြစတေးလျသို့ ထွက်ပြေးလာပြီးနောက် ထိုအမှုမှာ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

    ထိုင်းအာဏာသိမ်းအစိုးရကမူ မိမိတို့အဖြင့် နိုင်ငံ၏ အဓိကလုပ်ငန်းအဖြစ် ဦးစားပေးကာ လူကုန်ကူးမှုကို တိုက်ဖျက်သွားမည်ဟု ပြောကြားထားသည်။

    Ref: Aljazeera

  • အစ္စလာမ်နဲ့ပတ်သက်၍ အထင်မှားမှု များနေသည်ဟု သြဇီအလှဘုရင်မ ပြော

    အစ္စလာမ်နဲ့ပတ်သက်၍ အထင်မှားမှု များနေသည်ဟု သြဇီအလှဘုရင်မ ပြော

    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media

    – သူနားလည်ထားတဲ့ အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးဖြစ်ပြီး ကမ္ဘာမှာ သာသနာနဲ့ပတ်သက်တဲ့ အထင်အမြင်မှားမှုတွေ တော်တော်များများရှိနေတယ်လို့ ၂၀၁၇ ခုနှစ် သြစလေးလျအလှမယ် သရဖူကို ပူပူနွေးနွေးရရှိထားသူ အလှမယ် အက်စ်မာ ဗိုလိုဒါက ပြောကြားလိုက်ပါတယ်။

    အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အက်စ်မာရဲ့ မိသားစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ဘောစနီးယားမှာ စစ်ပွဲအကြီးအကျယ်ဖြစ်နေချိန်က ထွက်ပြေးကာ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရပြီးတဲ့နောက် သြစတေးလျကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

    “ကုရ်အာန်ကနေတစ်ဆင့် ကျွန်မသိတဲ့ အစ္စလာမ်သာသနာဟာ လက်ရှိ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေတဲ့ ဘယ်လိုလုပ်ရပ်မျိုးနဲ့မှ မသက်ဆိုင်ပါဘူး။ လက်ရှိဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် လူတွေက ဘာသာတရားကို လက်ညှိုးထိုးချင်တယ်။ ဒါပေမယ့် အဲဒီလိုလုပ်မယ်ဆိုရင် လုပ်တဲ့သူတွေကို တာဝန်မယူခိုင်းတာမျိုး ဖြစ်နေပါတယ်။ ပြီးတော့ သူတို့ကိုကြည့်ပြီး ဘာသာတရားကို သုံးသပ်လို့မရသလို၊ သူတို့ကိုပဲ ထိထိရောက်ရောက် ရင်ဆိုင်သွားရမှာပါ။ ဘာ့ကြောင်လည်းဆိုတော့ ကျွန်မတို့ဟာ မဆိုင်တာတွေကို အပြစ်တင်နေတာကြောင့် ဖြစ်ပါတယ်” လို့ အက်စ်မာက ပြောပါတယ်။

    ၂၀၁၇ ခုနှစ် သြဇီအလှမယ်ဘွဲ့ ဆွတ်ခူးစဉ်

    အစ္စလာမ်သာသာနာကို ခြိမ်းခြောက်နေတဲ့ ဒီလို အထင်မှား၊ အမြင်မှား ဖြစ်နေမှုကို သူ့ရဲ့ ကျော်ကြားမှုကိုသုံးပြီး ပယ်ဖျက်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း အလှဘုရင်မက ဆိုပါတယ်။

    “အစ္စလာမ်နဲ့ပတ်သက်ပြီး အထင်အမြင် လွဲမှားမှုတွေက တအားများတယ်။ ကုရ်အာန်က သွန်သင်ထားမှုမရှိတဲ့ ပုံစံတွေကို ဖန်တီးထားကြတယ်လို့ ကျွန်မ ခံစားရပါတယ်။ အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေး၊ စည်းလုံးမှု၊ သာယာဝပြောမှု၊ ပူးပေါင်းပါဝင်မှုလို့ ကျွန်မ ယုံကြည်ပါတယ်”

    သြစတေးလျကို ရောက်ရှိချိန်မှာ အသက် ၅ လသာရှိသေးတဲ့ အက်စ်မာဟာ ၂၀၀၈ ခုနှစ်မှာ Miss Teen Australia သရဖူကို ရရှိခဲ့ပြီး၊ ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ Miss World Australia 2017 ပြိုင်ပွဲမှာ အနိုင်ရကာ သြဇီအလှဘုရင်မဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref : Daily Mail