News @ M-Media

Blog

  • အငြင်းပွားပိုင်နက်မှ တပ်များရုပ်သိမ်းရန် အိန္ဒိကို တရုတ် ထပ်မံသတိပေး

    အငြင်းပွားပိုင်နက်မှ တပ်များရုပ်သိမ်းရန် အိန္ဒိကို တရုတ် ထပ်မံသတိပေး

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    – နှစ်နိုင်ငံတင်းမာမှုများကို ရှောင်ရှားလိုပါက ဟိမ၀န္တာတောင်တန်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော ဒေသတွင် ချထားသည့် တပ်ဖွဲ့များကို ပြန်ရုပ်သိမ်းရန် တရုတ် အိန္ဒိယကို ထပ်မံ တိုက်တွန်းလိုက်သည်။

    တရုတ်၊ အိန္ဒိယနှင့် ဘူတန်တို့ ၃ နိုင်ငံဆုံရာ ဒွတ်ကလန် ကုန်းပြင်မြင့်နှင့် ပတ်သက်၍ ဘူတန်နှင့် တရုတ်တို့မှာ ပိုင်ဆိုင်မှု အငြင်းပွားနေပြီး အိန္ဒိယကမူ ဘူတန်ပိုင်နက်ဖြစ်သည်ဟု ပြောကြားထားသည်။

    အဆိုပါကုန်းပြင်မြင့်တွင် တရုတ်အဖွဲ့များက ဇွန်လ ၁၆ ရက်နေ့တွင် လမ်းတစ်ခု စတင်ဖောက်လုပ်သည့်အချိန် ဘူတန်က အိန္ဒိယကို အကူအညီတောင်းရာမှ ထိုနယ်စပ်သို့ အိန္ဒိယတပ်များ ရောက်လာပြီးနောက် တရုတ်နှင့် အိန္ဒိယတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ လူကန်က နယ်စပ်တွင် ရောက်နေသည့် ၎င်းတို့၏တပ်များကို ရုပ်သိမ်းရန် အိန္ဒိယကို တိုက်တွန်းခဲ့သည်။

    “အိန္ဒိယအနေနဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပြီး၊ တရားမ၀င် နယ်ကျော်လာတဲ့ အိန္ဒိယတပ်တွေ အိန္ဒိယဖက် ချက်ခြင်းပြန်ဆုတ်ပေးဖို့ ကျွန်တော်တို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ” ဟု လူကန်က ပြောကြားခဲ့ကာ ပိုင်နက်အငြင်းပွားမှုအတွက် ဆွေးနွေးမှုမလုပ်ခင် အိန္ဒိယတပ်ဖွဲ့များအနေဖြင့် လုံးဝ ဆုတ်ပေးရမည်ဟုလည်း ဆိုသည်။

    အိန္ဒိယကမူ တရုတ်က ဖောက်လုပ်နေသည့် အဆိုပါလမ်းမှာ နိုင်ငံမြောက်ပိုင်း ပြည်နယ် ၇ ခုနှင့် ချိတ်ဆက်နေသည့် ဒေသသို့ ၀င်ရောက်ခွင့်ရမည် ဖြစ်သောကြောင့် လုံခြုံရေးကို ဆိုးဆိုးဝါးဝါး စိုးရိမ်စရာဖြစ်သည်ဟု သတိပေးခဲ့သည်။

    တရုတ်မှာ ဒွတ်ကလန် ကုန်းပြင်မြင့်နှင့် ကပ်နေသည့် တိဘက်တွင် တနင်္လာနေ့က ၁၁ နာရီကြာ ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး၊ အိန္ဒိယ၏လုပ်ရပ်ကို တုန့်ပြန်သောအနေဖြင့် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ တိဘက်ရှိ ကိုင်လက်ရှိတောင်ကို ရောက်ရှိနိုင်သော တောင်ကြားလမ်းကို ပိတ်ပစ်ခဲ့သည်။

    Ref: RT

  • ရေချိုးခန်းတွင် ဖုန်းသုံးသော ကန်ဆယ်ကျော်သက်တစ်ဦး ဓာတ်လိုက်သေဆုံး

    ရေချိုးခန်းတွင် ဖုန်းသုံးသော ကန်ဆယ်ကျော်သက်တစ်ဦး ဓာတ်လိုက်သေဆုံး

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ ရေစိမ်ချိုးစဉ် အားသွင်းထားသော ဖုန်းကို အသုံးပြုရာမှ ဓာတ်လိုက်သေဆုံးမှုတစ်ခု ပြီးခဲ့သည်ရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူမှာ နယူးမက္ကဆီကိုပြည်နယ် လိုဗင်တန်မြို့မှ မာဒီဆန်ကိုး ဆိုသူဖြစ်ပြီး ရေးချိုးစဉ် ဖုန်းသုံးနေသည့်အကြောင်း သူငယ်ချင်းဖြစ်သူအား နောက်ဆုံးပေးပို့ခဲ့သည့်ပုံကိုလည်း အခြားသူများကို သတိပေးသည့်အနေဖြင့် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

    ဖုန်းအားသွင်းကြိုးကို ပလပ်တွင် တပ်ထားသည့် အဆိုပါပုံနှင့်အတူ “ဖုန်းသုံးတဲ့အခါ ပလပ်နဲ့ အားသွင်းကြိုး ထိုးထားမယ်ဆိုရင် ရေချိုးနေရင်းလည်း သုံးလို့ရပါတယ်” ဟု စာတိုတစ်စောင်ကို မာဒီဆန်ကိုးက ပေးပို့ခဲ့ပြီး သိပ်မကြာခင်မှာပင် ဓာတ်လိုက်သေဆုံးခဲ့သည်။

    သူမ အားသွင်းကာ အသုံးပြုနေသည့် Samsung Edge Plus ဖုန်း ရေချိုးဇလုံထဲကို ကျသွားရာမှ ဓာတ်လိုက်ခဲ့သည်ဟု စောစောပိုင်းက ယူဆထားသော်လည်း စုံစမ်းစစ်ဆးမှုများအရ ဖုန်းမှာ ရေစိုခြင်းမရှိဘဲ မာဒီဆန်ကိုးမှာ အားသွင်းကြိုး ပလပ်ထိုးထားသည့် မီးဘုတ်၏ ကျိုးပဲ့နေသောအပိုင်းကို သတိမမူမိဘဲ ကိုင်မိသေြာေ
    ကာင့် ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။

    မိသားများက ထိုအမျိုးသမီးငယ်မှာ ပလပ်ထိုးချိန်၊ သို့မဟုတ် အားသွင်းထားသည့်ဖုန်းကို ကိုင်သည့်အချိန်တွင် ဓာတ်လိုက်ခြင်းဖြစ်မည်ဟု ယုံကြည်နေသည်။

    သူငယ်ချင်းဖြစ်သူအား မာဒီဆန်ကိုး နောက်ဆုံးပေးပို့ခဲ့သည့် ဓာတ်ပုံကို အများပြည်သူ သိရှိအောင် ပြသရန် မိသားစုကလည်း သဘောတူခဲ့ပြီး အခြားသူများ ထိုကဲ့သို့အမှားမျိုး မပြုလုပ်ရေး သတိပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    “ရေချိုးခန်းဆိုတာ ရေချိုးဖို့နဲ့ ကိုယ့်ရဲ့ သီးသန့်အချိန်အတွက်ပါ။ ဖုန်းဆိုတာ ရေချိုးခန်းနဲ့ ဘာမှ မဆိုင်ပါဘူး။ လျှပ်စစ်နဲ့ ရေဆိုတာ ရောလို့မရပါဘူး။ တစ်စက်လောက်ထိတာနဲ့ သွားမှာပါ” ဟု မာဒီဆန်ကိုး၏ ဒုတိယအမေဖြစ်သူ ဖလီရှာအိုဝင်က ပြောကြားခဲ့သည်။

    Ref: Independent

  • အာဇာနည်နေ့ ဂုဏ်ပြု အထိမ်းအမှတ်  စုစည်းတင်ဆက်မှု

    အာဇာနည်နေ့ ဂုဏ်ပြု အထိမ်းအမှတ် စုစည်းတင်ဆက်မှု

    M-Media

    19-july-1

    ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျရောက်သော အာဇာနည်နေ့ အား ဂုဏ်ပြုသည့် အနေဖြင့် M-Media မှ တင်ဆက်ခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် သက်ဆိုင်သည့် ပိုစ်များကို တစုတစည်းထဲ ဖော်ပြလိုက်ရပါသည် ။

    အတ္ထုပ္ပတ္တိ
    ———-
    ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ – ၁၉၄၇)
    http://www.m-mediagroup.com/news/15844
    .
    ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)
    http://www.m-mediagroup.com/news/15875
    .
    သခင် မြ (၁၈၉၇ – ၁၉၄၇)
    http://www.m-mediagroup.com/news/15956
    .
    ဆရာကြီးဦးရာဇတ် (၁၈၉၈-၁၉၄၇)
    http://www.m-mediagroup.com/news/1388
    အခြားပိုစ်များ http://www.m-mediagroup.com/news/category/famous-perosn/urazak
    .
    မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း
    http://www.m-mediagroup.com/news/15910
    .
    ဦးအုန်းမောင် (၁၉၁၃ – ၁၉၄၇)
    http://www.m-mediagroup.com/news/16085
    .
    ဒီးဒုတ်ဦးဘချို (၁၈၉၃ – ၁၉၄၇)
    http://www.m-mediagroup.com/news/16017
    .
    မန်းဘခိုင် (၁၉၀၃ – ၁၉၄၇)
    http://www.m-mediagroup.com/news/16157
    .
    ရဲဘော် ကိုထွေး (၁၉၂၉ – ၁၉၄၇)
    http://www.m-mediagroup.com/news/16166
    အခြားပိုစ်များ => http://www.m-mediagroup.com/news/category/famous-perosn/yebawkohtwe
    .
    ကဗျာ
    ——
    အလွှာစုံညီ မြန်မာ့အာဇာနည် (ကဗျာ)
    http://www.m-mediagroup.com/news/16211
    .
    ငါတို့ ဗိုလ်ချုပ်သာ ရှိခဲ့ရင် (ကဗျာ)
    http://www.m-mediagroup.com/news/43520
    .
    အယ်ဒီတာ့အာဘော်
    ———————
    အာဇာနည်တို့ရဲ့ နှလုံးသား
    http://www.m-mediagroup.com/news/43516
    .
    သမိုင်းထဲက ပုံရိပ်
    ——————-
    အာဇာနည်များထားရာ ဂျုဗလီဟောသို့ မြန်မာ မွတ်စလင်မ်များ ချီတက် အလေးပြုခဲ့ကြစဉ်။ (၉-၈-၁၉၄၇ ဖဆပလသတင်းစဉ်)
    http://www.m-mediagroup.com/news/16177
    .
    (ရန်ကုန်တရုတ်ကပြားနဲ့ ဟင်္သာတ မူဆလင်များအာဇာနည်နေ့ အခမ်းအနားကိုပါဝင်ချီတက်အလေးပြုပုံ)
    http://www.m-mediagroup.com/news/16063
    .
    အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗ-လ-မ ဋ္ဌာနချုပ်မှ ပေးပို့ခဲ့တဲ့စာ (၁၉၄၇)
    http://www.m-mediagroup.com/news/30020
    .
    ဆောင်းပါး
    ————-
    သမိုင်းထဲက သွေးစွန်းခဲ့တဲ့ နေ့တစ်နေ့
    http://www.m-mediagroup.com/news/16161

    အာဇာနည်များ၏ မြှုပ်နှံမှုမှ ဖေါ်ကြူးသော စည်းလုံးညီညွတ်ရေး စိတ်ဓါတ်
    http://www.m-mediagroup.com/news/1355
    .
    “အာဇာနည်နေ့သည် ဘာသာပေါင်းစုံ သွေးစည်း ညီညွှတ်တဲ့နေ့ ” ဦးသောင်းညွှန့်(ဖျာပုံ)
    http://www.m-mediagroup.com/news/10462
    .
    အာဇာနည်နေ့ နှင့် မြန်မာမွတ်စလင်မ်
    http://www.m-mediagroup.com/news/16218
    .
    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်
    http://www.m-mediagroup.com/news/16191

    ဦးရာဇတ် သား ပြောပြသည့် အာဇာနည် ဦးရာဇတ်အကြောင်း
    http://www.m-mediagroup.com/news/69663

    အာဇာနည် အလွမ်း
    http://www.m-mediagroup.com/news/30133

    ” ၁၉ ဇူလိုင် အာဇာနည်တွေရဲ့ မှတ်သားစရာ သမိုင်းဝင်စကားများ”

    ” ၁၉ ဇူလိုင် အာဇာနည်တွေရဲ့ မှတ်သားစရာ သမိုင်းဝင်စကားများ”

  • ကုလအချက်အလက်ရှာရေးအဖွဲ့ ရခိုင်ပြဿနာကို ပိုဆိုးစေမည်ဟု မြန်မာထပ်ပြော

    ကုလအချက်အလက်ရှာရေးအဖွဲ့ ရခိုင်ပြဿနာကို ပိုဆိုးစေမည်ဟု မြန်မာထပ်ပြော

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာမွတ်စလင်တွေ အဓမ္မကျင့်ခံရတယ်၊ နှိပ်စက်ခံရတယ်၊ အသတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် ကုလရဲ့ အချက်အလက်ရှာဖွေရေးကိစ္စဟာ အခြေအနေကို ပိုမိုဆိုးဝါးစေမယ်လို့ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဒီနေ့မှာ သံတမန်တွေကို ပြောကြားလိုက်ပါတယ်။

    ကုလက မေလအတွင်းမှာ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၃ ဦး ပါဝင်တဲ့ အဲဒီ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပေးဘူးလို့ မြန်မာနိုင်ငံက ပြီးခဲ့တဲ့လမှာ ပြောကြားထားတာပါ။

    “ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လက်မခံပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ အပြုသဘောမဆောင်ဘူးဆိုတာ ကျွန်တော်တို့ တွေ့ရလို့ပါ” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့ မာစီယဲလ်အပါအ၀င် ကုလတာဝန်ရှိသူတွေ၊ သံတမန်တွေနဲ့တွေ့ဆုံစဉ်မှာ ဦးသောင်းထွန်းက ပြောကြားခဲ့တာပါ။

    ဒီဆုံးဖြတ်ချက်ကို လက်မခံဖို့ မြန်မာနိုင်ငံရဲ့ သဘောထားကို တရုတ်နဲ့ အိန္ဒိယတို့က ထောက်ခံမှုကလည်း ‘လမ်းမှန်ကန်းမှန် ရပ်တည်ချက်’ ဖြစ်တယ်လို့လည်း လုံခြုံရေးအကြံပေးက ဆိုပါတယ်။

    “ဒီအဖွဲ့ဟာ မြေပြင်ကအခြေအနေကို ပိုလို့သာ ဆိုးဝါးစေနိုင်တယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်”

    ကုလရဲ့ ဒီ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ အကျိုးရှိမှာမဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်က သွားရောက်ခဲ့တဲ့ ဥရောပခရီးစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ကျူးလွန်ခံရမှုနဲ့ ပတ်သက်ပြီး ကုလက အချက်အလက်ရှာဖွေမှုတွေလုပ်ဖို့ ဥရောပသမဂ္ဂက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ကိုလက်ခံဖို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးကလည်း ပြီးခဲ့တဲ့တစ်ပတ်မှာ မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။

    ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေရဲ့ ပြောကြားမှုကို အခြေခံပြီး ကုလက ဖေဖော်ဝါရီမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်လို့ရနေပြီလို့ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ကျူးလွန်မှုတွေရှိခဲ့ရင် အထောက်အထားပြပြီး လာရောက်တိုင်ကြားနိုင်ကြောင်း၊ ကျူးလွန်သူတွေကို ပြည့်ပြည့်၀၀ အပြစ်ပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

    Ref: Reuters

  • ဟီဂျဘ်ဝတ် မွတ်စလင်အမျိုးသမီး အီမိုဂျီကို Apple က မကြာမီ ဖြန့်ချီမည်

    ဟီဂျဘ်ဝတ် မွတ်စလင်အမျိုးသမီး အီမိုဂျီကို Apple က မကြာမီ ဖြန့်ချီမည်

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    – World Emoji Day အထိမ်းအမှတ်အတွက် Apple က ဖြန့်ချီမယ့် အသက်ဝင်စတစ်ကာတွေထဲမှာ ဟီဂျဘ် ခေါင်းဆောင်းပုဝါ၀တ်ဆင်ထားတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးရဲ့ပုံ ပါဝင်လာတော့မယ်လို့ သိရပါတယ်။

    စတစ်ကာအသစ်အတွက် နမူနာ ၁၂ ခုကျော်ကို မနေ့က ထုတ်ပြခဲ့ပြီး အခုနှစ်နှောင်းပိုင်းမှာ အဲဒါတွေအားလုံးကို ထုတ်ပြန်သွားမှာဖြစ်ကာ Apple က ထုတ်လုပ်တဲ့ ဖုန်းတွေ၊ စမတ်နာရီတွေနဲ့ လက်တော့တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    “မတူကွဲပြားမှုကို ပိုမိုအသိအမှတ်ပြုမှုနဲ့အတူ၊ တိရစ္ဆာန်တွေ၊ အကောင်ပလောင်တွေ၊ အပြုံးမျက်နှာအသစ်တွေနဲ့ အခြားရာတွေပါဝင်တဲ့ ဒီအီမိုဂျီတွေဟာ သုံးစွဲသူတွေ သူတို့ရဲ့ ခံစားချက်ကို ဖော်ပြရမှာ လွယ်ကူစေမှာဖြစ်ပါတယ်” လို့ Apple က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မိုဘိုင်းဖုန်းတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာသုံးတဲ့ စတစ်ကာတွေ၊ Emoji တွေမှာ ဟီဂျဘ်ဝတ် အမျိုးသမီးရဲ့ ရုပ်ပုံပါဝင်ရေး ဂျာမနီမှာနေထိုင်တဲ့ ဆော်ဒီဆယ်ကျော်သက်အမျိုးသမီး ရာရုဖ် အလ်ဟူမေဒီက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီးတဲ့နောက် အကျိုးအမြတ်မယူနဲ့ နိုင်ငံတကာစံအဖွဲ့ Unicode က ဟီဂျဘ်ဝတ်ရုပ်ပုံကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

    ယခုနှစ်ကုန်ပိုင်းတွင် Apple က ထုတ်ပြန်မည့် Emoji များ

    Hijab Emoji Project လို့ အမည်ပေးထားတဲ့ သူ့ရဲ့လှုပ်ရှားမှုမှာ အလ်ဟူမေဒီက သန်းပေါင်းများစွာသော မွတ်စလင်တွေအမျိုးသမီးတွေ အပါအ၀င် ခရစ်ယာန်နဲ့ ဂျူးအမျိုးသမီးတွေဟာလည်း ခေါင်းဆောင်းပုဝါကို ၀တ်ဆင်ကြတယ်လို့ ထောက်ပြခဲ့ပါတယ်။

    Apple က ဒီလို ဟီဂျဘ်ဝတ် အီမိုဂျီကို ထည့်သွင်းခဲ့မှုအပေါ် အွန်လိုင်းမှာ ဝေဖန်မှုတစ်ချို့လည်း ရှိခဲ့ပါတယ်။ အခြား အီမိုဂျီတွေထဲမှာ ကလေးနို့တိုက်နေတဲ့ အမျိုးသမီးပုံ၊ ကြာပွင့်သဏ္ဍာန်ထိုင်ပြီး ယောဂကျင့်နေတဲ့ အမျိုးသားပုံတွေလည်း ပါဝင်ပါတယ်။ Unicode ကလည်း သူတို့ နောက်ထွက်မယ့် အီမိုဂျီမှာ စုစုပေါင်း ၆၉ ခု ပါဝင်မယ်လို့ မေလမှာ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာပေါ်မှာ အမေရိကန်၊ မက္ကဆီကို၊ ဘရာဇီးလ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ယူကေ၊ စပိန်၊ ပြင်သစ်၊ အီတလီနဲ့ ဂျာမနီတို့ဟာ Facebook မှာ စတစ်ကာအများဆုံး အသုံပြုတဲ့နိုင်ငံတွေဖြစ်ပြီး၊ Facebook က ကမ္ဘာတစ်ဝှမ်း တစ်နေ့ကို အီမိုဂျီပေါင်း ၅ ဘီလီယံလောက် ပို့နေကြတယ်လို့ ဆိုပါတယ်။

    Ref: Aljzeera