News @ M-Media
Blog
  • ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်သည့် ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲတစ်ခု ပြုလုပ်
    ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်သည့် ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲတစ်ခု ပြုလုပ်
    မေ ၁၃၊ ၂၀၁၇
    M-Media
    – နိုင်ငံအတွင်း ကိုးကွယ်ယုံကြည်ရာမတူသည့် ဘာသာတရားတွေအကြား အမုန်းတရားနဲ့ အမုန်းစကား မပေါ်ပေါက်စေဖို့၊ ပြဿနာအသေးအမွှားတွေကနေ ပဋိပက္ခအသွင် မရောက်စေဖို့၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ဖို့အတွက် မေလ ၁၂ ရက်နေ့က ပုသိမ်ဟော်တယ်မှာ ဘာသာပေါင်းစုံတွေ့ဆုံနှီးနှောဖလှယ်ပွဲတစ်ခု ပြုလုပ်ခဲ့ကြတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
    “ကျွန်တော်တို့ နိုင်ငံတော် တည်ဆောက်နိုင်ဖို့အတွက် Peace Maker တွေဖြစ်ကြဖို့၊ တစ်ဦးနဲ့တစ်ဦး ယုံယုံကြည်ကြည်နဲ့ ရဲရဲရင့်ရင့်ရှိပြီး နိုင်ငံတော်အတွက် အလုပ်လုပ်သွားကြပါလို့၊ စုပေါင်းဦးဆောင်မှုမှာ ဖြစ်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်” လို့ ဦးမန်းဂျော်နီက အမှာစကား ပြောခဲ့ပါတယ်။
    အခမ်းအနားမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ အစ္စလာမ်ဘာသာတို့က ဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ကာ သြ၀ါဒစကားတွေ ပြောကြားခဲ့ပြီး၊ သက်ဝင်ယုံကြည်ရာ မေတ္တာပို့ ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ကြတယ်လို့လည်း ၀န်ကြီးချုပ်ရဲ့ Facebook စာမျက်နှာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
    ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) တို့ သီးသန့်တွေ့ဆုံဆွေးနွေးမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာ ဘာသာဝင် ပုဂ္ဂိုလ်တွေက ဘာသာပေါင်းစုံ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
    Ref: Facebook of မန်းဂျော်နီ
  • ချယ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီ
    ချယ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီ
    မေ ၁၃၊ ၂၀၁၇
    M-Media
    – ယနေ့မနက်က ကစားခဲ့သည့် ၀က်စ်ဘရွန်းအသင်းနှင့်ပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ချယ်ဆီးအသင်းမှာ ရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ပြီဖြစ်သည်။
    အဝေးကွင်းတွင် ကစားခဲ့ရသည့် အဆိုပါပွဲတွင် ချယ်ဆီးမှာ အိမ်ရှင်ဝက်စ်ဘရွန်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး လူစားဝင်လာသည့် ဘတ်ရှူဝါယီ၏ ၈၂ မိနစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
    ထိုနိုင်ပွဲမှာ ချယ်ဆီး၏ ယခုရာသီ ၂၈ ပွဲမြောက် နိုင်ပွဲဖြစ်ပြီး ရာသီပြီးဆုံးရန် ၂ ပွဲသာလိုတော့သည့်အချိန်တွင် ဒုတိယနေရာမှ စပါးအသင်းအား ၁၀ မှတ်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
    ချယ်ဆီနည်းပြ ကွန်တီမှာလည်း မော်ရင်ဟို၊ အန်ဆယ်လော့တီ၊ ပယ်လီဂရီနီတို့ပြီးနောက် ပွဲဦးထွက်ရာသီမှာပင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့် နည်းပြအဖြစ် စာရင်းဝင်သွားခဲ့သည်။ ယခုဖလားက ၃ နှစ်အတွင်း ချယ်ဆီး၏ ဒုတိယမြောက်ဖလားဖြစ်ပြီး၊ စုစုပေါင်း ၆ ခုမြောက်ဖလားလည်းဖြစ်သည်။
    ချယ်ဆီးမှာ မေလ ၂၇ ရက်နေ့တွင် FA ဖလား ဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းနှင့် ကစားရန် ရှိနေသည်။
    Ref: Aljazeera
  • ဆုပ်လည်းဆူး၊ စားလည်းရူးမယ့် မြန်မာနိုင်ငံက စစ်အာဏာရှင်အမွေခံ တရုတ်စီမံကိန်းများ
    ဆုပ်လည်းဆူး၊ စားလည်းရူးမယ့် မြန်မာနိုင်ငံက စစ်အာဏာရှင်အမွေခံ တရုတ်စီမံကိန်းများ
    မေ ၁၂၊ ၂၀၁၇
    M-Media
    – သီရိလင်္ကာပြီးတဲ့နောက် အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်က အဓိက အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှရဲ့ ၀င်ပေါက်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ မေလ ၁၄-၁၅ မှာပြုလုပ်မယ့် One Belt One Road Summit ထိပ်သီးအစည်းအဝေးအရင် ဘင်္ဂလားပင်လယ်အော်က မဟာဗျူဟာကျတဲ့ ရေနက်ဆိပ်ကမ်းအတွက် ရှယ်ယာပိုင်ဆိုင်ခွင့် အများစုပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုအပြီးမှာ အကြွေးအကျပ်အတည်းတစ်ခုဆီကို ဦးတည်နေတဲ့ အနေအထားကို တွေ့နေရပါတယ်။
    တရုတ်ရဲ့ ငွေကြေးစိုက်ထုတ်မှုနဲ့ ဆောင်ရွက်မယ့် ဒီရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာနိုင်ငံက ရှယ်ယာပိုင်ဆိုင်ခွင့် ၅၀-၅၀ တောင်းပေမယ့် တရုတ်က ၈၅ ရာခိုနှုန်းလောက်အထိ ရယူဖို့ မျှော်လင့်နေတယ်လို့ မြန်မာနိုင်ငံက ဒီကိစ္စနဲ့ပတ်သက်ပြီး နီးစပ်တဲ့သူတွေက ပြောကြားပါတယ်။
    တရုတ်နိုင်ငံဟာ အဲဒီ ကျောက်ဖြူရေနပ်ဆိပ်ကမ်းရဲ့ ပိုင်ဆိုင်မှုကို ၇၀ ရာခိုင်နှုန်းနေ ၈၅ ရာခိုင်နှုန်းအထိ တောင်းထားတာပါ။ ကန်ဒေါ်လာ ၇.၃ ဘီလီယံ တန်ဖိုးရှိကာ တရုတ်က ငွေကြေးစိုက်ထုတ်ထားပြီး စီးပွားရေး အားမကောင်းသေးတဲ့ မြန်မာနိုင်ငံအတွက် ဒီနှစ်ရှည်အကြွေးတွေကို ဆပ်ဖို့ ခက်ခဲမယ့် အလားအလာ ရှိပါတယ်။
    မြန်မာနိုင်ငံက ဘယ်လို ဘဏ္ဍာရေး၊ စီးပွားရေး မတည်ငြိမ်မှုမျိုးမဆို အိန္ဒိယကို ထိခိုက်မှာဖြစ်ပြီး ကီလိုမီတာ ၁၆၀၀ ထိပ်စပ်နေတဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသတွေသာမက၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်နဲ့ အရှေ့တောင်အာရှကို ဆက်ထားတဲ့ ဆက်သွယ်ရေးလမ်းကြောင်း စီမံကိန်းတွေအပါအ၀င် ပမာဏ ကြီးကြီးမားမား ရိုက်ခတ်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အိန္ဒိယဟာ ထိုင်း၊ မြန်မာတို့နဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးတစ်ခုကို တည်ဆောက်နေပြီး ဒီလမ်းဟာ နောက်ပိုင်းမှာ ဗီယက်နမ်က လမ်းတွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ နောက်ပြီး အိန္ဒိယဟာ စစ်တွေဆိပ်ကမ်းကို ဆောက်လုပ်ပေးခဲ့ပြီး ဒီဆိပ်ကမ်းဟာ လမ်းကြောင်းအမျိုးမျိုးကနေ မီဇိုရမ်ပြည်နယ်ကို အရှေ့မြောက်ဖက်ဒေသနဲ့ ဆက်သွယ်စေမှာ ဖြစ်ပါတယ်။
    အိန္ဒိယဟာ နိုင်ငံအရှေ့မြောက်ပိုင်းက သူပုန်ထမှုကို တန်ပြန်ဖို့အတွက် မြန်မာနိုင်ငံမှာ လုံခြုံရေးဆိုင်ရာ ပတ်သက်မှု ကြီးကြီးမားမား ရှိပါတယ်။ BIMSTEC အဖွဲ့က လုံခြုံရေး၊ လမ်းပမ်းဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေး အပါအ၀င် ကဏ္ဍတော်တော်များများမှာ နှစ်နိုင်ငံအကြား နီးကပ်မှုကို ဆောင်ကျဉ်းပေးခဲ့ပါတယ်။ ဘင်းစတက်နိုင်ငံတွေအတွင်း ယာဉ်တွေ သွားလာခွင့်အတွက် BIMSCTEC Motor Vehicles Agreement သဘောတူညီချက် ရရှိအောင် ဆောင်ရွက်နေသလို အဖွဲ့အတွင်းက အဖွဲ့ဝင်နိုင်ငံ ၇ ခုရဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီတွေကလည်း ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့ ကြိုစားနေပါတယ်။
    ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကြီးတဲ့ One Belt One Road စီမံကိန်းမှာ ပါဝင်နေပြီး၊ အဲဒီ စီမံကိန်းအောက်မှာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းကို တရုတ်က သူများတွေထက် အတိုးနှုန်းပိုများများနဲ့ ပိုက်ဆံတွေ ပစ်သွင်းနေပါတယ်။ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေအတွက် နှစ်ရှည် အတိုးနည်းချေးငွေရဲ့ အတိုးနှုန်းကို ၀.၁ ရာခိုင်နှုန်းကနေ ၀.၃ ရာခိုင်နှုန်းလို့ နိုင်ငံတကာက သတ်မှတ်ထားပေမယ့် တရုတ်ဘဏ်တွေကတော့ ၆ ရာခိုင်နှုန်းအထက်လောက်ကို အတိုးယူကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ အိန္ဒိယရဲ့ မွမ်ဘိုင်း-အဟ်မဒ်ဒါဘတ် ကျည်ဆံရထား စီမံကိန်းအတွက် ဂျပန်က ကန်ဒေါ်လာ ဘီလီယံ ၅၀ ကို အတိုးနှုန်း ၀.၁ ရာခိုင်နှုန်းနဲ့ နှစ် ၅၀ ချေးပေးခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပ်ါမှာ အနိမ့်ဆုံး အတိုးနှုန်းလည်း ဖြစ်ပါတယ်။
    မြန်မာနိုင်ငံမှာတော့ တရုတ်နိုင်ငံရဲ့ မြစ်ဆုံရေကာတာစီမံကိန်းက ကြီးမားတဲ့ အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ ဒီစီမံကိန်းကို တရုတ်က ငွေကြေးစိုက်ထုတ်တာပါ။ နှစ်အနည်းငယ် အကောင်အထည်ဖော်ပြီး နောက်ပိုင်းမှာ ၂၀၁၁ ခုနှစ်မှာ စီမံကိန်းကို ရပ်လိုက်ရပါတယ်။ မြန်မာနိုင်ငံက လူများစု ဗမာတိုင်းရင်းသားတွေက မြန်မာ့လူ့အဖွဲ့အစည်း အခြေတည်တဲ့ ဧရာဝတီမြစ်တစ်လျှောက် ဘယ်လို ရေကာတာကိုမှ တည်ဆာက်တာကို ခွင့်မပြုပါဘူး။
    ဒီစီမံကိန်းက ထွက်တဲ့ လျှပ်စစ်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်ကို ရောင်းချမှာဖြစ်ပြီး မြန်မာနိုင်ငံက ၁၀ ရာခိုင်နှုန်း အလကားရမယ်လို့ စောစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဖိအားတွေရှိလာပြီးနောက်ပိုင်းမှာ တရုတ်က ဓာတ်အားကို မြန်မာနိုင်ငံအတွက် အဓိကထား ရောင်းချပေးသွားမှာဖြစ်ပြီး ကျန်တဲ့ဟာတွေကိုသာ အခြားနိုင်ငံတွေကို တင်ပို့မယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းကသာ လက်ရှိမှာ လျှပ်စစ်မီး ရရှိနေပါတယ်။ တကယ်လို့ မြန်မာက ဒီစီ မံကိန်းကြီးကို နောက်ဆုံးမှာ ပယ်ဖျက်လိုက်မယ်ဆိုရင် တရုတ်ကို ကန်ဒေါ်လာ သန်း ၈၀၀ လောက် ပြန်လျော်ရမှာဖြစ်ပြီး အစိုးရကို ဆိုးဆိုးဝါးဝါး ထိခိုက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရဖက်က တရုတ်ကို အလျော့ပေးရကောင်း ပေးရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
    ဒါပေမယ့် တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် မျက်စိကျမှုအထဲမှာ နိုင်ငံရဲ့ အဆင်းရဲဆုံး ရခိုင်ပြည်နယ် ကျောက်ဖြူက အထူးစီးပွားရေးဇုန်လည်း ပါဝင်ပါတယ်။ တရုတ်ဟာ နောက်ထပ်စက်မှုဇုန်တစ်ခုရဲ့ ရှယ်ယာတွေကိုလည်း ထိန်းချုပ်ထားပါတယ်။ မြန်ဆုံရေကာတာ စီမံကိန်းမှာ တရုတ်နိုင်ငံက ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံက ၁၅ ရာခိုင်နှုန်းသာ ရှယ်ယာ ရရှိထားတာဖြစ်ပါတယ်။
    Ref: Economic Times
  • အလ်ရှာဘတ်အဖွဲ့ကို ချေမှုန်းနိုင်ရေး လက်နက်တင်ပို့ခွင့်ပြုရန် ဆိုမာလီယာ တောင်းဆို
    အလ်ရှာဘတ်အဖွဲ့ကို ချေမှုန်းနိုင်ရေး လက်နက်တင်ပို့ခွင့်ပြုရန် ဆိုမာလီယာ တောင်းဆို
    မေ ၁၂၊ ၂၀၁၇
    M-Media
    – အလ်ရှာဘတ် အကြမ်းဖက်အဖွဲ့က ထိန်းချုပ်ထားသည့် ဒေသများကို ပြန်လည်ရရှိရန် မိမိတို့တပ်များက တိုက်ပွဲဝင်နေသည့် အချိန်တွင် နိုင်ငံတကာအသိုင်းအ၀ိုင်းက မိမိတို့အပေါ် လက်နက်တင်ပို့မှု ပိတ်ဆို့ထားခြင်းအား ပယ်ဖျက်ပေးရန်အတွက် ဆိုမာလီ သမ္မတ မိုဟာမက် အဘ်ဒူလာဟီ မိုဟာမက်က တောင်းဆိုလိုက်သည်။
    ကြာသာပတေးနေ့က လန်ဒန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ခဲ့သည့် ဆိုမာလီညီလာခံတွင် အဘ်ဒူလာဟီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အလ် ကိုင်းဒါးနှင့် ဆက်နွယ်နေသည့် အဆိုပါ အဖွဲ့ကို နှစ်အနည်းငယ်အတွင်း ချေမှုန်းနိုင်မည်ဖြစ်သော်လည်း မိမိတို့ တပ်ဖွဲ့ဝင်များ အနေဖြင့် ပိုမိုကောင်းမွန်သည့်လက်နက် လိုအပ်သည်ဟု ဆိုသည်။
    “ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် အုပ်စုတွေဟာ AK47 လို အပေါ့စား လက်နက်တွေကို နှစ်ဖက်စလုံး အသုံးပြုပြီး တော်တော်ကြာကြာ တိုက်ခိုက်နေရပါတယ်။ ဆိုမာလီယာအပေါ် အချိန်အတော်ကြာ ရှိနေတဲ့ လက်နက်တင်ပို့မှု ပိတ်ပင်တာဟာ လက်နက်ကြီးတွေကို ရရှိဖို့ ကျွန်တော်တို့ရဲ့
    ကြိုးပမ်းမှုကို အလွန်အမင်း ကန့်သတ်သလို ဖြစ်နေပါတယ်” ဟု ဆိုမာလီသမ္မတက ပြောကြားခဲ့သည်။
    ကုလ လုံခြုံရေးကောင်စီမှာ ဆိုမာလီယာကို ၁၉၉၂ ခုနှစ်ကတည်း လက်နက်တင်ပို့မှု ပိတ်ပင်ထားခဲ့ပြီး ကမ္ဘာအပေါ်တွင် သက်တမ်းအရှည်ဆုံး လက်နက်တင်ပို့မှု ပိတ်ပင်ခြင်းဖြစ်သည်။ သို့သော်လည်း ၂၀၁၃ ခုနှစ်တွင် အပေါ့စား လက်နက်များကို တင်ပို့ခွင့်ပြုခဲ့သော်လည်း ပိတ်ပင်ထားမှုကို ပယ်ဖျက်ခြင်းမရှိသေးပေ။
    Ref: Aljazeera
  • ဆော်ဒီက ပြည်တွင်းဖြစ် မဟာဗျူဟာမြောက် ဒရုန်းတစ်ခုကို ထုတ်ဖော်ပြသ
    ဆော်ဒီက ပြည်တွင်းဖြစ် မဟာဗျူဟာမြောက် ဒရုန်းတစ်ခုကို ထုတ်ဖော်ပြသ
    မေ ၁၂၊ ၂၀၁၇
    M-Media
    – ဆော်ဒီ ဘုရင်အဘ်ဒူလ်အဇစ် သိပ္ပံနဲ့ နည်းပညာမြို့တော် (KACST) က သူတို့ရဲ့ ပြည်တွင်းဖြစ် မောင်းသူမဲ့ ဒရုန်းလေယာဉ်သစ်တစ်ခုကို မနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။
    Saqr 1 လို့ အမည်ပေးထားတဲ့ အဲဒီ ဒရုန်းလေယာဉ်မှာ အင်မတန် အဆင့်မြင့်တဲ့ နည်းပညာတွေကို အသုံးပြုထားပြီး၊ ကေအေ ဂြိုဟ်တုဆက်သွယ်ရေးစနစ် တပ်ဆင်ထားခြင်းက ဒရုန်းလေယာဉ်ကို အားလုံးထက် သာလွန်ကောင်းမွန်စေခဲ့တာဖြစ်တယ်လို့ KACST ဥက္ကဌ တာရ်ကီ ဘင် ဆာအွဒ် ဘင် မိုဟာမက်က ပြောပါတယ်။
    အဲဒီဒရုန်းလေယာဉ်ဟာ ကီလိုမီတာ ၂၅၀၀ ကျော် ပျံသန်းနိုင်ပြီး ဒုံးကျည်၊ လေဆာစနစ်ပါတဲ့ ပဲ့ထိန်းဗုံးတွေလည်း တပ်ဆင်နိုင်ကာ အမြင့်ပေ ကီလိုမီတာ ၅၀၀ ကနေ ၆၀၀၀ အကြားကနေ ပစ်မှတ်တွေကို ပစ်ခတ်နိုင်စွမ်းရှိပါတယ်။
    အမြင့်ပေကတော့ ပေ နှစ်သောင်းအထိ တက်နိုင်ပြီး၊ ၂၄ နာရီကြာ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။
    KACST ကို ၁၉၇၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့အောက်မှာ သိပ္ပံနဲ့ နည်းပညာ သုတေသန စင်တာပေါင်း များစွာ ရှိနေပါတယ်။
    Ref: Alarabiya