News @ M-Media

Blog

  • ကိုယ်စွမ်းကိုယ်စ (Quote)

    ကိုယ်စွမ်းကိုယ်စ (Quote)

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    အတောင်များဖြင့် မွေးဖွားလာသူ သင်က အဘယ့်ကြောင့် တွားသွားကာ ဘ၀ကို ဖြတ်သန်းနေပါသနည်း (ရူမီ)

    ရူမီ ဘယ်သူလဲ
    —————–
    ရူမီမှာ ၁၃ ရာစု ပါရှန်း ကဗျာဆရာ၊ အစ္စလာမ့်ဒဿနညာရှင်နှင် ဆူဖီသူတော်စင်ဖြစ်ပြီး ၎င်းရေးသားခဲ့သည့် ကဗျာများမှာ အထူးကျော်ကြားသည်။ ၎င်း၏ ကဗျာများကို ဘာသာစကားပေါင်းစုံဖြင့် ဘာသာပြန်ဆိုကာ ဖြန့်ချီကြပြီးအမေရိကန်တွင် ယနေ့အချိန်အထိ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်နေဆဲဖြစ်သည်။

  • စင်ကာပူမွတ်စလင် လက်ဝှေ့သမား တိုင်းပြည်အတွက် ပထမဆုံး WBA ချန်ပီယံဘွဲ့ ရယူပေး

    စင်ကာပူမွတ်စလင် လက်ဝှေ့သမား တိုင်းပြည်အတွက် ပထမဆုံး WBA ချန်ပီယံဘွဲ့ ရယူပေး

    ဧပြီ ၁၁၊ ၂၀၁၇
    M-Medias

    – စင်ကာပူနိုင်ငံမှ လက်ဝှေ့သမား မိုဟာမက် ရစ်ဒ၀မ်မှာ SFC 5: Combat Redefined လက်ဝှေ့ပွဲတွင် Asia Super Featherweight တန်း၌ ဗိုလ်စွဲကာ နိုင်ငံ၏ ပထမဆုံး WBA ချန်ပီယံ ဖြစ်လာခဲ့သည်ဟု သိရသည်။

    စနေနေ့က ကစားခဲ့သည့်ပွဲတွင် အသက် ၂၉ နှစ်အရွယ် ရစ်ဒ၀မ်မှာ အင်ဒိုနီးရှားနိုင်ငံ၏ ထိပ်တန်း ဖယ်သာဝိတ်ကစာသမား ၀ါလ်ဒို ဆာဘူကို ဒုတိယအချီတွင် TKO ဖြင့် အလဲထိုး အနိုင်ယူခဲ့ခြင်းဖြစ်သည်။

    ကစားသမား ၂ ဦးစလုံးမှာ ပထမအချီတွင် အပြန်အလှန် ထိုးသတ်နိုင်ခဲ့သော်လည်း ဒုတိယအချီတွင် ရစ်ဒ၀မ်က အသာရခဲ့ပြီး ၂ မိနစ်မှာ ခွဲမှာပင် အနိုင်ရရှိခဲ့သည်။

    စင်ကာပူတွင် Legends Fight Sport လက်ဝှေ့ လေ့ကျင့်ရေးကျောင်းကို တည်ထောင်ထားပြီး နည်းပြချုပ်အဖြစ် ဆောင်ရွက်နေသည့် ရစ်ဒ၀မ်က ၎င်းအနေဖြင့် ဂုဏ်ယူသည်ဟုဆိုသည်။

    “ဒီအနိုင်အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ၀ါလ်ဒိုလို အတွေ့အကြုံရှိတဲ့ လက်ဝှေ့သမားတစ်ယာက်နဲ့ ထိုးခွင့်ရတဲ့အတွကလည်း ကျွန်တော် ပျော်ရွှင်ပါတယ်။ ၂ ချီလောက်နဲ့ သူ မရှုံးဖူးပါဘူး။ ဒါပေမယ့် ကျွန်တော်ကလည်း ခါးပတ်မရဘဲ ကြိုးဝိုင်းထဲက မဆင်းချင်ပါဘူး။ ကျွန်တော်ရဲ့ လေ့ကျင့်ရေးကျောင်းနဲ့ စင်ကာပူနိုင်ငံအတွက် ဂုဏ်တက်အောင် ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ရစ်ဒ၀မ်က ပြောကြားခဲ့သည်။

    WBA မှာ ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကတွင် အဓိက အဖွဲ့ကြီး ၄ ခုထဲမှ တစ်ခုဖြစ်ပြီး မိုဟာမက်အလီ၊ မိုက်တိုင်ဆန်နှင့် ဂျော့ဖိုးမန်းတို့ကဲ့သို့ ကန္တ၀င်လက်ဝှေ့ကျော်ကြီးများမှာလည်း WBA ချန်ပီယံဟောင်းများ ဖြစ်ကြသည်။

    စင်ကာပူလက်ဝှေ့ချန်ပီယံရှစ် ဥက္ကဌ အာရ်ဗင်း လာလ်ဝါနီက ရစ်ဒ၀မ်အတွက် ဂုဏ်ယူသည်ဟု ပြောကြားခဲ့သည်။

    Ref: Today Online

  • ရခိုင်စစ်ဆင်ရေးများ အတွင်း ဖမ်းဆီးခံထားရသည့် ကလေးများကို လွှတ်ပေးရန် ယူနီဆက်တောင်းဆို

    ရခိုင်စစ်ဆင်ရေးများ အတွင်း ဖမ်းဆီးခံထားရသည့် ကလေးများကို လွှတ်ပေးရန် ယူနီဆက်တောင်းဆို

    စစ်ဆင်ရေးအပြီး မီးလောင်ပျက်ဆီးခဲ့ပြီးနောက် နေအိမ်များပြန်ဆောက်ရန်ပြင်ဆင်နေသည့် ဝပိတ်ကျေးရွာမြင်ကွင်း။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

    ရန်ကုန်၊ ဧပြီ ၁၀

    ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးခံထားရသည့် ကလေးငယ်များအား ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) က မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။

    မငြိမ်မသက်ဖြစ်နေသည့် ပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်တပ်ကဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများအတွင်း လူပေါင်း ၆၀၀ ခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရပြီးကတည်းက စစ်ဆင်ရေးများ စတင်ခဲ့ခြင်း ဖြစ်သည်။

    အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသူ ရိုဟင်ဂျာ ၇၀,၀၀၀ ခန့်က ၎င်းတို့အား ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းနှင့် အကျဉ်းထောက်များအတွင်း အစာရေစာ ငတ်မွတ်သည့်အကြောင်းများကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးများထံ ပြန်ပြောင်းပြောကြားခဲ့ကြသည်။

    ဖမ်းဆီး ထိန်းသိမ်းခံထားရသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များလည်း ပါဝင်သည်။

    ဘူးသီးတောင်အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံထားရသည့် ကလေးသူငယ် ဒါဇင်ပေါင်းများစွာနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့သည်ဟု ယူနီဆက်၏ ဒုတိယအမှုဆောင်ဒါရိုက်တာ Justin Forsyth က ပြောကြားသည်။

    “အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတဲ့ ကလေးငယ်အချို့ ရှိနေပါတယ်။ ကျွန်တော်တို့ ပြောနေတာလည်း ဒီကိစ္စတွေပဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီး စနေနေ့ညနေပိုင်းတွင် ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။

    “ထိန်းသိမ်းခံနေရတဲ့ ကလေးတိုင်းက ကျွန်တော်တို့ကိစ္စပါပဲ” ဟု ၎င်းကပြောသည်။

    အဆိုပါကိစ္စမှာ ပြဿနာတစ်ခုဖြစ်သည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က အသိအမှတ်ပြုသော်လည်း ပြန်လွှတ်ပေးရေးနှင့် ပတ်သက်ပြီး သေချာစွာ ကတိကဝတ်ပြု ပြောကြားခြင်းမရှိဟု ၎င်းကပြောသည်။

    အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ အေက်ဖ်ပီက တနင်္ဂနွေနေ့တွင် ဆက်သွယ်ခဲ့သော်လည်း ၎င်းက တစုံတရာ ပြောကြားခြင်းမရှိပေ။

    ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာရေးသားသူ မစ္စယန်ဟီလီက ၎င်းသွားရောက်ခဲသည့် ဇန်နဝါရီလအတွင်းက ဘူးသီးတောင်အကျဉ်းထောင်တွင် လူ ၄၅၀ ခန့်ကို ထိန်းသိမ်းထားသည်ဟု ပြောကြားသည်။ အများစုမှာ ၎င်းတို့၏ ရှေ့နေများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိကြပေ။

    ရိုဟင်ဂျာကလေးငယ်များအား အခွင့်အရေးများ မရရှိအောင် တားဆီးထားခြင်းက စစ်သွေးကြွများ ဖြစ်လာစေမည်ဆိုသည့်အချက်ကို မြန်မာနိုင်ငံ၏ အရပ်သားအစိုးရအဖွဲ့နှင့် တပ်မတော်အတွင်းတွင် တဖြည်းဖြည်း အသိအမှတ်ပြုလာကြပြီဟု Forsyth ကပြောကြားသည်။

    “အဖြစ်မှန်ကတော့ ခင်ဗျားအနေနဲ့ ဒီအသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ပြဿနာတွေကို မပြောပဲနေမယ်ဆိုလို့ရှိရင် အဲဒါက ခင်ဗျားကို ပြန်လည်ခြောက်လှန့် လာပါလိမ့်မယ်။ ဖြစ်ပျက်ခဲ့တာမှာလည် ဒါကတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

    သတင်း-အေအက်ဖ်ပီ

    Frontier Myanmar မှ ကူးယူဖော်ပြပါသည်။

  • ထိုင်းနိုင်ငံမှ မြန်မာပြည်ဖွား ဘာသာခြားရွှေ့ပြောင်းလုပ်သားများ သက်သေခံစာအုပ် ( CI ) ရရှိရန်ခက်ခဲနေ

    ထိုင်းနိုင်ငံမှ မြန်မာပြည်ဖွား ဘာသာခြားရွှေ့ပြောင်းလုပ်သားများ သက်သေခံစာအုပ် ( CI ) ရရှိရန်ခက်ခဲနေ

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    ဘန်ကောက်မြို့မှ မြန်မာသံရုံး

    – ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအား စခန်းခြောက်ခုတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ် (CI) ထုတ်ပေးလျက်ရှိရာ မြန်မာ ပြည်ဖွား ဘာသာခြားရွှေ့ပြောင်းလုပ်သားများမှာ ခက်ခဲနေကြောင်းသိရသည်။

    မြန်မာနိုင်ငံအစိုးရက မတ် ၃ရက်က စပြီး ထိုင်းနိုင်ငံရှိ ခရိုင်ခြောက်ခုတွင် Certificate of Idendity ဟုခေါ်သော မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ် (CI) ပြုလုပ်ပေးလျက်ရှိသည်။ ထိုသို့ပြုလုပ်ပေးရာတွင် မြန်မာပြည်ဖွားဘာသာခြားများအနေဖြင့် CI စာအုပ်ပြုလုပ်ရန် အခက်အခဲများရှိနေကြောင်း မတ် ၂၃ ရက်က မဟာချိုင်မြို့ ထလေထိုင်ဈေးစင်တာ (၂) သို့ CI စာအုပ်သွားရောက်လျှေက်ထားသည့် ဘာသာခြားများလုပ်ပိုင်ခွင့်မရဘဲ ပြန်ခဲ့ရကြောင်း မြန်မာပြည်ဖွားဘာသာခြား ရွှေ့ပြောင်းလုပ်သားများထံမှသိရသည်။

    “ကျွန်တော်တို့သိထားတာ မူဆလင်၊ ဂေါ်ရခါး၊ဟိန္ဒူတွေအနေနဲ့ မြန်မာနိုင်ငံက အထောက်အထားတစ်ခုခုပြနိုင်ရင် CI လုပ်ခွင့်ရှိတယ်လို့ သိထားတယ်။ ဒါပေမဲ့တကယ်လက်တွေ့ မှာ CI စာအုပ်လုပ်ခွင့် ငြင်းပယ်ခံရတာက လူမျိုးရေးခွဲခြားဆက်ဆံခံရတယ်လို့ ခံစားရတယ်။ အဲ့ဒီနေ့က အခြားနယ်မြေတွေက ဘာသာခြားမြန်မာရွှေ့ပြောင်းလုပ်သားတွေရော အကုန်လုံး CI စာအုပ်မလုပ်ပေးဘဲ ငြင်းလွှတ်ခံခဲ့ရတာ စိတ်မကောင်းဖြစ်မိတယ်” ဟု CI စာအုပ်ပြုလုပ်ခွင့်ငြင်း ပယ်ခံရသည့် ဘာသာခြားမြန်မာရွှေ့ပြောင်းလုပ်သား ကိုစိုးဝင်းက ပြောကြားသည်။

    မြန်မာသံရုံး၏ လိပ်ကျွန်းလူသတ်မှုအထူးစုံစမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ထိုင်း နိုင်ငံတောင်ပိုင်း ဖန်ငမြို့အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က မည်သူမည်ဝါဖြစ်ကြောင်း လက်မှတ် (CI) ကို အစ္စလာမ်ဘာသာဝင်များကို မထုတ်ပေး ရန် မြန်မာအစိုးရက ညွှန်ကြားမည်မထင်ကြောင်း၊ တာဝန်ခံလုပ်ပေးနေသော အစိုးရဝန်ထမ်းများ၏ သဘောဖြင့်သာ လုပ်ကိုင်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း၊ အစ္စလာမ်ဘာသာဝင်များကို CI မထုတ်ပေးပါက နိုင်ငံတော်အနေဖြင့် ကြိုးစားဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးလုပ် ငန်းများကို များစွာထိခိုက်နိုင်ကြောင်း ပြောကြားသည်။

    “မကြာသေးခင်က ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကိုစွပ်စွဲထားတဲ့ လူ့အခွင့်အရေးချိုး ဖောက်နေတယ်။ ခွဲခြားဆက်ဆံနေတယ် ဆိုတဲ့အချက်တွေကို အတည်ပြုလိုက်သလိုဖြစ်သွားမှာကို လည်း ကျွန်တော်တို့အနေနဲ့ စိုးရိမ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

    မတ် ၁၉ ရက်က ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၌ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ဦးဆောင်သော ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့မှ ကိုယ်စားလှယ် ၁၈ ဦးနှင့် မြန်မာလူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ်က အမျိုးသားမှတ်ပုံတင်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင်ပြောကြားခဲ့သည်မှာ မြန်မာနိုင်ငံတွင်နေထိုင်သော အထောက်အထား တစ်ခုခုရှိပါက သို့မဟုတ် CI စာအုပ်လာရောက် လျှောက်ထားသည့် မူဆလင်၊ ဂေါ်ရခါး၊ဟိန္ဒူ စသည့်လူမျိုးများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့ရွာများကို ပြောဆိုနိုင်ပါက CI စာ အုပ်ပြုလုပ်ခွင့်ရှိကြောင်း ပြောကြားခဲ့ကြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေ သူ ကိုစောမောင်က ပြောကြားသည်။

    (29-3-2017 ထုတ် Daily Eleven သတင်းစာမှ ကူးယူဖော်ပြသည်)

  • နိုဘယ်ဆုရှင် မာလာလာကို ငြိမ်းချမ်းရေးသံတမန်အဖြစ် ကုလ ခန့်အပ်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    ကုလအတွင်းရေးမှူးချုပ်နှင့်အတူ တွေ့ရသည့် မာလာလာ ယူဆွဖ်ဇိုင်

    – ပါကစ္စတန်မှ ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာ ယူဆွဖ်ဇိုင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ယမန်နေ့တွင် ‘ကုလ ငြိမ်းချမ်းရေး သံတမန်’ အဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။

    “ခက်ခဲကြပ်တည်းဆုံး နေရာတွေကို ခင်ဗျား သွားဖူးပြီး၊ ဒုက္ခသည်စခန်း တော်တော်များများကိုလည်း လည်ပတ်ဖူးပါတယ်။ ခင်ဗျားရဲ့ ဖောင်ဒေးရှင်းကလည်း လက်ဘနွန်၊ ဘီကာ ချို့င့်ဝှမ်းဒေသတွေမှာ စာသင်ကျောင်းတွေ ဖွင့်ထားပါတယ်။ (ခင်ဗျားဟာ) ကမ္ဘာပေါ်မှာ အရေးပါဆုံးဖြစ်တဲ့ အားလုံအတွက် ပညာရေး အမှတ်သညာလည်းဖြစ်ပါတယ်” ဟု နယူးယောက်မြို့ရှိ ကုလဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် Trusteeship Council အခမ်းအနားတွင် အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

    ဂုဏ်ပြုခန့်အပ်မှုကို လက်ခံခဲ့သည့် မာလာလာက လူ့အဖွဲ့အစည်းများ၊ လူ့အသိုင်းအ၀ိုင်းများ တိုးတက်ရေးအတွက် ပညာရေး၏ အရေးကြီးပုံ၊ အထူးဖြင့် အမျိုးသမီးငယ်များအတွက် ပညာရေးအကြောင်းကို အလေးထား ပြောကြားခဲ့သည်။

    “(ပြောင်းလဲမှု ဆောင်ရွက်ဖို့ကို) ကျွန်မတို့နဲ့ စတင်ရမှာဖြစ်ပြီး၊ အခုပဲ စတင်သင့်ပါတယ်။ အနာဂတ်ကို တောက်ပစေချင်ရင်တော့ အခုပဲ စတင်ဆောင်ရွက်မှာပါ။ အခြားသူတွေကို စောင့်စရာ မလိုပါဘူး” ဟု မာလာလာက ဆိုသည်။

    “ကုလ၏ ငြိမ်းချမ်းရေးသံတမန်” အဖြစ် အရွေးခံရသူများမှာ ထူခြားသူများဖြစ်ပြီး အနုပညာ၊ စာပေ၊ သိပ္ပံ၊ ဖျော်ဖြေရေး၊ အားကစားနှင့် လူမှုဘ၀၏ အခြားသော နယ်ပယ်များမှ ဂရုတစ်စိုက် ရွေးချယ်ခြင်းဖြစ်သည်။ ရွေးချယ်ခံရသူများမှာ ကုလ၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ကူညီလုပ်ကိုင်ရန် သဘောတူရသည်။

    Ref: UN