News @ M-Media

Blog

  • နာဇီကို ကူညီမှုဖြင့် ၉၇ နှစ်အရွယ် အမျိုးသမီးကို ဂျာမနီက အပြစ်ပေး

    နာဇီကို ကူညီမှုဖြင့် ၉၇ နှစ်အရွယ် အမျိုးသမီးကို ဂျာမနီက အပြစ်ပေး

    ဒီဇင်ဘာ ၂၀၊ ၂၀၂၂

    M-Media 


    -ဒုတိကမ္ဘာစစ်က နာဇီအကျဥ်းစခန်းမှာ လက်နှိပ်စက်သမအဖြစ် အမှုထမ်းခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် အဖွားအိုကို လူသတ်မှု ကြံရာပါနဲ့ ဂျာမနီတရားရုံးတစ်ခုက ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။ 

    Irmgard Furchner ဆိုတဲ့ အမျိုးသမီးဟာ ၁၉၄၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ပိုလန်က Stutthof အကျဥ်းစခန်း အုပ်ချုပ်ရေးရုံးမှာ အလုပ်လုပ်ခဲ့တာပါ။ 

    အဲဒီအချိန်က သူမအသက် ၁၈ နှစ် မပြည့်သေးတဲ့အတွက် ကလေးသူငယ်ဥပဒေအရ တရားရုံးက အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

    Stutthof အကျဥ်းစခန်းမှာ ဂျူး၊ ပိုလန်နဲ့ ရုရှားလူမျိုး၊ လိင်တူချစ်သူတွေ၊ ခရစ်ယာန်ယေဟော၀ါအသင်း၀င်တွေ အပါအ၀င် စုစုပေါင်း ၆ သောင်းကျော်ကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

    Irmgard Furchner ဟာ လူပေါင်း ၁၀၅၀၀ သေဆုံးမှုမှာ ကြံရာပါဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ 

    သူမဟာ ၁၉၅၀ ပြည့်နှစ်တွေတုန်းကလည်း တရားစွဲဆိုခံခဲ့ရပြီး အကျဥ်းစခန်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြံအစည်ကို ဆန့်ကျင်ခဲ့တဲ့အတွက် လူတွေအသတ်ခံရမှုမှာ တိုက်ရိုက် တာ၀န်မရှိဘူးဆိုတဲ့ ထုချေချက်နဲ့ ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။

    အခုတစ်ခေါက်စစ်ဆေးမှုမှာတော့ နာဇီတွေရဲ့ အစီအစဥ်အားလုံးမှာ သူမ လိုလိုလားလား ပါ၀င်ဆောင်ရွက်ခဲ့တယ်ဆိုတာကို တရားရုံးက ထင်ထင်ရှားရှား ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

    အစိုးရရှေ့နေ Maxi Wantzen က ဒီတရားစွဲဆိုမှုဟာ သမိုင်းကြောင်းဆိုင်ရာအတွက် အလွန်အရေးပါခဲ့ပြီး နာဇီကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံး အရေးယူတာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters

  • တရုတ်ကိုဗစ်လှိုင်းသစ် လူသေဆုံးမှု မြင့်တက်

    တရုတ်ကိုဗစ်လှိုင်းသစ် လူသေဆုံးမှု မြင့်တက်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၂

    M-Media 


    – တရုတ်နိုင်ငံ မြို့ကြီးတစ်ချို့မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်လှိုင်းသစ်ကြောင့် မီးသင်္ဂြိုဟ်စက်တွေမှာ အလျင်မီ မသင်္ဂြိုဟ်နိုင်တဲ့အထိ သေဆုံးမှုတွေ များနေတယ်လို့ သတင်းထွက်လာပါတယ်။ 

    AFP သတင်းဌာနရဲ့ စုံစမ်းမေးမြန်းမှုအရ ကိုဗစ်ပြန့်နှံ့နေတဲ့ ဘေဂျင်း၊ ချုံကျင်းနဲ့ ကွမ်ကျိုးမြို့တို့က မီးသင်္ဂြိုဟ်စက်တွေမှာ သင်္ဂြိုဟ်သူတွေဟာ ပုံမှန်ထက် ပိုမိုများနေပြီး တစ်ချို့နေရာတွေမှာ အသုဘထားဖို့ နေရာမရှိတာမျိုးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

    တရုတ်အစိုးရကတော့ အင်္ဂါနေ့ ကိုဗစ်ကူးစက်မှု အရေအတွက်ဟာ ၅၂၄၂ ဦးရှိပြီး သေဆုံးသူ ၅ ဦးလို့ သတင်းထုတ်ပြန်ပါတယ်။ 

    တရုတ်မှာ တစ်ကျော့ပြန် ကိုဗစ်ဟာ ပြီးခဲ့တဲ့လကတည်းက စတင်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ တင်းကြပ်တဲ့ ကိုဗစ်စည်းမျဥ်းတွေကြောင့် ပြည်သူတွေ ဆန္ဒပြတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ 

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက လာမယ့်လအနည်းငယ်အတွင်း တရုတ်လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ကိုဗစ်ကူးစက်ဖို့ ရှိနေပြီး လူ ၂ သန်း သေနိုင်တဲ့အထိ ဆိုးရွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ 

    Ref: AFP

  • အာရပ်ကမ္ဘာရဲ့ အမြင့်ဆုံးအဆင့်နဲ့ ဂုဏ်ပြုခံရတဲ့ မက်ဆီ

    အာရပ်ကမ္ဘာရဲ့ အမြင့်ဆုံးအဆင့်နဲ့ ဂုဏ်ပြုခံရတဲ့ မက်ဆီ

    ဒီဇင်ဘာ ၁၈၊ ၂၀၂၂

    M-Media

    -မနေ့က ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်နီးနားကို ဆုချီးမြှင့်ရာမှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီဟာ မက်ဆီကို ၀တ်ရုံတစ်ခု ခြုံပေးခဲ့ပါတယ်။ 

    အဲဒီ၀တ်ရုံရှည်ကို ‘ဘစ်ရှ်သ်’ (Bisht) လို့ခေါ်ပြီး အာရပ်ရိုးရာ ၀တ်စားဆင်ယင်မှုတစ်ခုပါ။ 

    Bhist ကို ဘုရင်၊ အစိုးရအကြီးအကဲ၊ စော်ဘွား၊ အိမ်ရှေ့မင်းသား စသဖြင့် ဂုဏ်သရေရှိ လူကြီးလူကောင်းတွေက  ထူးခြားတဲ့အခမ်းအနားတွေမှာ ၀တ်ဆင်ကြတာပါ။

    အဖြူရောင်၊ အနက်ရောင် ပိတ်စရှည်တွေကို ရွှေနားကွပ်ထားတဲ့ Bhist ၀တ်ရုံဟာ လေးစားတန်ဖိုးထားမှု၊ ဂုဏ်ပြုမှု၊ ချီးကျူးထောပနာပြုမှု စတဲ့ အဓိပ္ပါယ်တွေကို ဖော်ကြူးပါတယ်။ 

    အာရပ်ရိုးရာအရ ဒီလို၀တ်ရုံမျိုး ချီးမြှင့်တာဟာ အမြင့်ဆုံးအဆင့် ဂုဏ်ပြုမှုလည်း ဖြစ်ပါတယ်။ 

    ကာတာ ကမ္ဘာ့ဖလားကျင်းပရေးကော်မတီ အတွင်းရေးမှူး ဟာဆန် အလ်-သာ၀ါဒီက ဒီ၀တ်ရုံ၀တ်ပေးမှုအတွက် အခုလို မှတ်ချက်ပေးပါတယ်။ 

    “ဒီ၀တ်စုံကို ပွဲလမ်းဘသင်တွေမှာ ၀တ်ကြတယ်။ အောင်မြင်မှုကို ဖော်ကြူးတဲ့ အထိမ်းအမှတ်နဲ့လည်း ၀တ်ကြပါတယ်။ အခုလို ၀တ်ပေးတာဟာ မက်ဆီရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတာပါ။ ကမ္ဘာ့ဖလားမှာ အာရပ်ယဥ်ကျေးမှုကို ချပြဖို့ အခွင့်အရေးရခဲ့တယ်။ ကာတာတစ်နိုင်ငံတည်းအတွက်မဟုတ်ဘဲ အာရပ်ကမ္ဘာရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်”

    Ref: Aljazeera

  • ပေါင် ၂ သောင်းကျော်ပေးပြီး ရစ်ချာလီဆန်ကို တက်တူးဖျက်ခိုင်းတဲ့ နေးမာ

    ပေါင် ၂ သောင်းကျော်ပေးပြီး ရစ်ချာလီဆန်ကို တက်တူးဖျက်ခိုင်းတဲ့ နေးမာ

    -ရစ်ချာလီဆန်ရဲ့ နောက်ကျောမှာ ထိုးထားတဲ့ သူ့ပုံတက်တူးကို ပြန်ဖျက်ဖို့အတွက် နေးမာဟာ ပေါင်း ၂၆၀၀၀ ပေးခဲ့တယ်လို့ သတင်းထွက်လာပါတယ်။ 

    ရစ်ချာလီဆန်ဟာ ကျောကုန်းမှာ ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒို၊ နေးမာနဲ့ သူ့ရဲ့ပုံ ဆေးမင်ကြောင် ထိုးခဲ့ပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လွှင့်တင်ခဲ့ပါတယ်။

    နေးမာက သူ့ပုံပါ၀င်နေတဲ့အတွက် စိတ်ဆိုးခဲ့ပြီး ရစ်ချာလီဆန်ကို ပေါင် ၂၆၀၀၀ ပေးကာ ပြန်ဖျက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီရာမှာလည်း နေးမာက ရစ်ချာလီဆန်ကို ဘလော့ခဲ့ပါတယ်။ 

    နေးမာနဲ့ ရစ်ချာလီဆန်ဘက်က ဒီသတင်းတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။ 

    Ref: Football London

  • ဂူဂျာရတ်မှ သားသတ်သမားဟု အိန္ဒိယ၀န်ကြီးချုပ်ကို ပါကစ္စတန် ခေါ်၀ေါ်

    ဂူဂျာရတ်မှ သားသတ်သမားဟု အိန္ဒိယ၀န်ကြီးချုပ်ကို ပါကစ္စတန် ခေါ်၀ေါ်

    ဒီဇင်ဘာ ၁၇၊ ၂၀၂၂

    M-Media 


    -ကုလဆိုင်ရာ ပါကစ္စတန်သံအမတ် ဘီလာ၀ါ ဘူတို ဇာဒါရီက အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီကို ‘ဂူဂျာရတ်က သားသတ်သမား’ လို့ ၀ေဖန်ပြောဆိုလိုက်ပါတယ်။ 

    မိုဒီ ဂူဂျာရတ်ပြည်နယ်ရဲ့ ၀န်ကြီးချုပ်ဖြစ်စဥ်က လူရာချီသေဆုံးတဲ့ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်အောင် ဖန်တီးခဲ့မှုကို ရည်ညွှန်းပြီး ဇာဒါရီက အခုလို ခေါ်၀ေါ်ခဲ့တာပါ။ 

    ကုလဆိုင်ရာ အိန္ဒိယသံအမတ် ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ပါကစ္စတန်ဟာ အကြမ်းဖက်၀ါဒ မြစ်ဖျားခံရာနိုင်ငံဖြစ်တယ်ဆိုတဲ့ ပြောကြားမှုကို ပါကစ္စတန်ဖက်က တုန့်ပြန်တာလည်း ဖြစ်ပါတယ်။ 

    ကုလလုံခြုံရေးကောင်စီရဲ့ အကြမ်းဖက်၀ါဒဆိုင်ရာ အစည်းအ၀ေးအပြီးမှာ အခုလို အပြန်အလှန် ၀ေဖန်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

    ဇာဒါရီက အိန္ဒိယ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ မိခင်အဖွဲ့အစည်း RSS ဟာ ဟစ်တလာရဲ့ SS အဖွဲ့ကို နမူနာယူပြီး ဖွဲ့စည်းထားတဲ့ အစွန်းရောက်အဖွဲ့အစည်းဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုကိစ္စအတွက် စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ 

    Ref: Aljazeera