News @ M-Media

Blog

  • ရေငုပ်သင်္ဘောတွေကိုယှဥ်မယ့် ဒရုန်းသင်္ဘောတစ်မျိုး တူရကီ ထုတ်လုပ်

    ရေငုပ်သင်္ဘောတွေကိုယှဥ်မယ့် ဒရုန်းသင်္ဘောတစ်မျိုး တူရကီ ထုတ်လုပ်

    နို၀င်ဘာ ၄၊ ၂၀၂၂

    M-Media 

    -ကမ္ဘာ့ဒရုန်းထုတ်လုပ်ရေးနယ်ပယ်မှာ နာမည်ရလာတဲ့ တူရကီဟာ အဆင့်မြင့် ဒရုန်းသင်္ဘောတစ်မျိုးကို ထုတ်ပြလိုက်ပါတယ်။ 

    MIR လို့ အမည်ပေးထားတဲ့ အဲဒီဒရုန်းသင်္ဘောကို တူရကီရဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းလုပ်ငန်း Aselsan နဲ့ ပုဂ္ဂလိက သင်္ဘောကုမ္ပဏီ Sefine တို့ ပူးပေါင်း ထုတ်လုပ်တာဖြစ်ပါတယ်။ 

    သင်္ဘောကို အလိုအလျောက် မောင်းနှင်စနစ်၊ အ၀ေးထိန်းစနစ်၊ လူလိုက်ပါ မောင်းနှင်နိုင်မယ့်စနစ် စတဲ့ စနစ်သုံးမျိုးနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ 

    တူရကီအစိုးရပိုင် ဒုံးကျည်ကုမ္ပဏီ  Roketsan က ထုတ်လုပ်တဲ့ ဒုံးကျည်တွေကို သင်္ဘောမှာ တပ်ဆင်အသုံးပြုနိုင်ပြီး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း သင်္ဘောကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  

    ခေတ်သစ်စစ်ပွဲတွေနဲ့ ကိုက်ညီအောင်၊ ရေငုပ်သင်္ဘောတွေကို ရေပါ်ကနေ ယှဥ်နိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး၊ မကြာခင်မှာ စျေးကွက်တင် ရောင်းချနိုင်တော့မှာပါ။ 

    Ref: Defense News

  • LEGO ရဲ့ ဒေါ်လာ ၁ ဘီဘီယံတန် စက်ရုံ ဗီယက်နမ်မှာ စဆောက်

    LEGO ရဲ့ ဒေါ်လာ ၁ ဘီဘီယံတန် စက်ရုံ ဗီယက်နမ်မှာ စဆောက်

    နို၀င်ဘာ ၄၊ ၂၀၂၂

    M-Media 

    Khởi công xây dựng nhà máy LEGO 1,3 tỷ USD tại Bình Dương


    -ဒိန်းမတ်နိုင်ငံက နာမည်ကျော် ကလေးကစားစရာကုမ္ပဏီတစ်ခုဖြစ်တဲ့ LEGO ရဲ့ ကန်ဒေါ်လာ ၁ ဘီဘီယံ တန်ဖိုးရှိ စက်ရုံကို ဗီယက်နမ်နိုင်ငံမှာ စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။ 

    နိုင်ငံတောင်ပိုင်း Binh Duong ပြည်နယ်က စင်ကာပူနဲ့ ဖက်စက်တည်ဆောက်ထားတဲ့ စက်မှုဇုန်မှာ စက်ရုံတည်ရှိမှာပါ။ ဒီစက်ရုံဟာ LEGO ရဲ့ ကမ္ဘာတစ်၀ှမ်း ၆ ခုမြောက်စက်ရုံ ဖြစ်ပါတယ်။ အာရှမှာတော့ ဒုတိမြောက်ပါ။  

    မနေ့ကလုပ်တဲ့ စက်ရုံအုတ်မြစ်ချပွဲ အခမ်းအနားကို ဗီယက်နမ် ဒုတိယ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ 

    ဗီယက်နမ်အစိုးရရဲ့ ရေရှည်တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိက၀တ်တွေ၊ နိုင်ငံတကာကုန်သွယ်ရေးမှာ ဗီယက်နမ်ရဲ့ ပုံရိပ်ကောင်းမွန်မှု၊ လိုအပ်တဲ့ လူစွမ်းအားအရင်းအမြစ် တည်ရှိမှု စတာတွေကြောင့် စက်ရုံတည်ဆောက်ဖို့ ဗီယက်နမ်ကို ရွေးချယ်ရတာလို့ LEGO လုပ်ငန်းစု စီအီးအို Niels B Christiansen က ပြောကြားခဲ့ပါတယ်။ 

    ၂၀၂၄ ခုနှစ်မှာ စက်ရုံလည်ပတ်နိုင်ဖို့ ရည်ရွယ်ထားပြီး နောက်ထပ် ၁၅ နှစ်အတွင်း အလုပ်အကိုင် ၄၀၀၀ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ 

    Ref:The Star

  • အပြစ်တင်ချင်ရင် စစ်ကောင်စီကိုသာ အပြစ်တင်ပါ

    အပြစ်တင်ချင်ရင် စစ်ကောင်စီကိုသာ အပြစ်တင်ပါ

    “အာဆီယံကို ၀ေဖန်တာမျိုးထက် စစ်ကောင်စီကိုသာ ၀ေဖန်ရမှာပါ။ အပြစ်တင်ကြေး၊ မအောင်မြင်တာကို ပြောကြေးဆိုရင် ကျွန်မတို့ကို၊ အာဆီယံကို လက်ညှိုးထိုးရမှာ မဟုတ်ဘူး။ ကျွန်မတို့ဖက်က လုပ်ရမှာအားလုံး လုပ်ခဲ့တယ်။ နိုင်ငံရေးပြဿနာကနေ မြန်မာနိုင်ငံကို ဆွဲထုတ်နိုင်ဖို့ နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးမှုတွေ ကျွန်မတို့ လုပ်ပေးတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို မြန်မာပြည်သူတွေကလွဲပြီး အပြင်လူတွေ မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်မတို့ သိပါတယ်”

    (ရက်တနို မာဆူဒီ – အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး)

  • သီရိလင်္ကာအစိုးရသစ်ကို လူထုက မကြိုက်သေး

    သီရိလင်္ကာအစိုးရသစ်ကို လူထုက မကြိုက်သေး

    နို၀င်ဘာ ၃၊ ၂၀၂၂

    M-Media 

    -သီရိလင်္ကာနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြမှုတွေ တစ်ကျော့ပြန် ဖြစ်လာပါတယ်။ 

    မနေ့က ရာနဲ့ချီတဲ့လူတွေဟာ မြို့တော်ကိုလံဘိုမှာ စု၀ေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ အစိုးရက အခွန်မြှင့်ဖို့ စီစဥ်နေတာ၊ ငွေကြေးဖောင်းပွမှု မြင့်လာတာ၊ လူထုအပေါ် ဖိနှိပ်မှု တိုးလုပ်လာတာတွေကို ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

    ဆန္ဒပြပွဲကို အတိုက်အခံနိုင်ငံရေးသမားတွက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး အရပ်ဖက်အဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ ပြည်သူတွေ ပါ၀င်ခဲ့ကြပါတယ်။ 

    အစိုးရရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ပိတ်ဆို့လူစုခွဲမှု ပြုလုပ်ခဲ့ပါတယ်။ 

    နိုင်ငံရေးကို ဆယ်စုနှစ်ချီ ကြီးစိုးထားတဲ့ ရာဂျာပက်ဆာ မိသားစုကြောင့် သီရိလင်္ကာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းကို ပြီးခဲ့တဲ့နှစ်ကစပြီး ကြုံတွေ့ခဲ့ရပါတယ်။ လူထုဆန္ဒပြမှုကြောင့် ရာဂျာပက်ဆာမိသားစုလည်း ဇူလိုင်လမှာ ထွက်ပြေးခဲ့ရပါတယ်။ 

    အဲ့ဒီနောက်ပိုင်း ၀န်ကြီးချုပ်ဟောင်း ရာနီလ် ၀စ်ကရီမီဆင်ဟီက သမ္မတဖြစ်လာပေမယ့် အစိုးရဟောင်းရဲ့ ပေါ်လစီအတိုင်းသာ ဆက်သွားနေတဲ့အတွက် လူထုက မကျေမနပ် ဖြစ်လာတာပါ။ 

    နို၀င်ဘာ ၁၄ ရက်နေ့မှာ သီရိလင်္ကာအစိုးရက လာမယ့်နှစ်အတွက် ဘက်ဂျက်ထုတ်ပြန်ဖို့ရှိနေပြီး လူထုကတော့ ဒါကို စောင့်ကြည့်နေပါတယ်။

    Ref: Reuters

  • အီရန်က ဆော်ဒီကို အလစ်အငိုက်၀င်တိုက်ရန် စီစဥ်နေဟု သတင်းထွက်

    အီရန်က ဆော်ဒီကို အလစ်အငိုက်၀င်တိုက်ရန် စီစဥ်နေဟု သတင်းထွက်


    နို၀င်ဘာ ၃၊ ၂၀၂၂

    M-Media

     

    -အီရန်က မကြာခင်မှာ အလစ်အငိုက်၀င်တိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဆော်ဒီထောက်လှမ်းရေး အစီရင်ခံစာမှာဖော်ပြထားပြီး အီရန်ဖက်ကတော့ ဒီသတင်းကို ငြင်းဆိုပါတယ်။ 

    အင်္ဂါနေ့မှာ ဆော်ဒီက ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်ကို အမေရိကန်ထံ ပေးပို့ မျှ၀ေခဲ့တာ ဖြစ်ပါတယ်။ 

    အမေရိကန်ဖက်ကတော့ ဒီလိုခြိမ်းခြောက်မှုအတွက် စိုးရိမ်မိပြီး ဆော်ဒီစစ်တပ်နဲ့ ပုံမှန်ဆက်သွယ်ပြောဆိုမှုတွေရှိကြောင်း၊ ဒေသတွင်း မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရေး နောက်တွန့်နေမှာ မဟုတ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆီရ် ကာနာနီက ဆော်ဒီရဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။ ဒါဟာ အခြေအမြစ်မရှိတဲ့ ပြောကြားချက်သာ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အီရန်ရဲ့ ဆက်ဆံရေး ပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ တုန့်ပြန်ခဲ့ပါတယ်။ 

    အီရန်မှာ လတ်တလော ဖြစ်ပွားနေတဲ့ လူထုဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ အနောက်နိုင်ငံတွေ၊ ဆော်ဒီနဲ့ သူ့ရဲ့ မဟာမိတ်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိကြောင်း အီရန်က စွပ်စွဲထားတာပါ။ 

    အီရန်နဲ့ ဆော်ဒီတို့ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ရန်ဖက်နိုင်ငံတွေ ဖြစ်ကြပြီး အခုနှစ်ပိုင်းအတွင်းမှာ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera