News @ M-Media

Blog

  • စစ်ဘေးရှောင်များကူဖို့ ရန်ပုံငွေရှာ ဈေးရောင်းပွဲ မြန်မာမွတ်စလင်မ် အရပ်ဘက် အဖွဲများ ပါဝင်ရောင်းချ

    စစ်ဘေးရှောင်များကူဖို့ ရန်ပုံငွေရှာ ဈေးရောင်းပွဲ မြန်မာမွတ်စလင်မ် အရပ်ဘက် အဖွဲများ ပါဝင်ရောင်းချ

    နိုဝင်ဘာ ၂၆ ၊ ၂၀၁၆
    M-Media
    သတင်း-နေသစ်ထွန်း
    15232146_10206257268271157_3193615147808051060_n
    ရန်ကုန်မြို့ ပြည်သူရင်ပြင်၌  ကချင်နှင့် ရှမ်းပြည်နယ် စစ်ဘေးရှောင် ပြည်သူများထံ ပံ့ပိုးကူညီရေး ရန်ပုံငွေရှာ ဈေးရောင်းပွဲတော် တွင် မြန်မာမွတ်စလင်အရပ်ဘက် လူမှူအဖွဲ့အစည်း ၉ ဖွဲ့ စုပေါင်း၍  ဆိုင်ခန်းဖွင့်လှစ်ရောင်းချခဲ့သည်။

    ” ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှ ဖြစ်ပွားနေတဲ့ စစ်ပွဲ ပဋိပက္ခတွေချုပ်ငြိမ်းစေဖို့ စစ်ဘေး ပဋိပက္ခသင့်ပြည်သူတွေ နဲ့တသားထည်းထပ်တူ ခံစားနာကျင်နေကြောင်းကို ဖော်ပြနိုင်ဖို့ နဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေ အမြန်ဆုံး ရပ်ဆိုင်းစေဖို့ ရည်ရွယ်ပြီး အခုလို ဆိုင်ခန်း ဖွင့်လှစ်ရောင်းချတာပါ.။ ရောင်းချငွေ အားလုံးကို ဈေးရောင်းပွဲတော် စီမံမှုကော်မတီက တဆင့် စစ်ဘေးသင့် ပြည်သူတွေထံ လှူဒါန်းသွားပါမယ် ” လို ဆိုင်ခန်း တာဝန်ခံ မဒါလီမြင့်ပြောပါသည်။

    ယင်းဈေးရောင်းပွဲတော်တွင် Social Alliance, OEJM, သစ္စာကွန်ရက်, MMSN, အလင်းစက်ဝန်း,  ရွေးလက်ယာ အင်စတီကျူ,Thirty Stars. Equal စသော လူမှုအဖွဲ့အစည်း ၉ ဖွဲ့မှ စုပေါင်း ဆိုင်ခန်းဖွင့်လှစ်ခဲ့သည်။  ယင်းရန်ပုံငွေ ဈေးရောင်းပွဲတော်ကို စမ်းချောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့က ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်

    15230784_10206257269231181_4894756668741923576_n

  • သမ္မတနှုတ်ထွက်ရန် အကြီးမားဆုံး ဆန္ဒပြမှုကို တောင်ကိုရီးယားပြည်သူများ ပြုလုပ်

    သမ္မတနှုတ်ထွက်ရန် အကြီးမားဆုံး ဆန္ဒပြမှုကို တောင်ကိုရီးယားပြည်သူများ ပြုလုပ်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    south

    – ခြစားမှုရှိသည်ဆိုသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် သမ္မတ ပတ်ဂျုံဟေး နှုတ်ထွက်ပေးရန်အတွက် ၁.၃ သန်းသော တောင်ကိုရီးယားပြည်သူများမှာ ယနေ့တွင် အေးခဲနေသော အပူချိန်ကို အန်တုကာ အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ ဆန္ဒပြမှုကို မြို့တော်ဆိုးလ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါဝင်သူများမှာ ဖယောင်းတိုင်များကိုင်၍ “ပတ်ဂျုံဟေးကို ဖမ်းပေး” “ပက်ကို ထောင်ချ” စသည့် ကျွေးကြော်သံများကို ဟစ်အော်ကာ သီချင်းသီဆိုမှု၊ ကပြမှုများလည်း ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့၏ စုရပ်မှ သမ္မတအိမ်တော်သို့ ချီတက်ခဲ့ကြသည်။

    ပတ်ဂျုံဟေးနှင့်ပတ်သက်သည့် မကောင်းသတင်းများ ထွက်လာခဲ့သည့် ပြီးခဲ့သည့် တစ်လအရင်ကတည်းက တောင်ကိုရီးယားပြည်သူများမှာ ဆန္ဒပြမှုများ တောက်လျှောက်ပြုလုပ်လာခဲ့ပြီး ယနေ့ပြုလုပ်သည့် ဆန္ဒပြမှုမှာ အကြီးဆုံးဖြစ်သည်။

    ယခုဆန္ဒပြပွဲတွင် မိဘများ၊ ကလေးငယ်များ တက္ကသိုလ်ကျောင်းသားများ၊ ဘုန်းကြီးများ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ကမူ စုစုပေါင်း ၂၆၀၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းခဲ့သည်။ သို့သော်လည်း ဆန္ဒပြမှုကို စီစဉ်သူများကမူ ၁.၃ သန်းအထိ ရှိသည်ဟု ဆိုသည်။

    Ref: Channelewsasia

  • အကောင်းဆုံးခြေစွမ်းနဲ့ ဆီမီးဖိုင်နယ်တက်တဲ့ မြန်မာ

    အကောင်းဆုံးခြေစွမ်းနဲ့ ဆီမီးဖိုင်နယ်တက်တဲ့ မြန်မာ

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    mya

    – ဆူဇူကီးဖလား အုပ်စု ဒုတိယ နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာနဲ့ မလေးရှားတို့ရဲ့ ပွဲမှာတော့ မြန်မာအသင်းက အကောင်းဆုံး ခြေစွမ်းနဲ့ ထိုက်တန်တဲ့အနိုင် ရရှိခဲ့ပါတယ်။

    ပွဲအစမှာ နည်းနည်းအထနှေးခဲ့ပေမယ့် ၈ မိနစ်ကျော်လောက်ကတည်းက မြန်မာဟာ မလေးရှားဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ၉ မိနစ်ကျော်ကျော်မှာပဲ ဂိုးရဖို့အခွင့်အရေး ရရှိခဲ့ပါတယ်။ မလေးဂိုးစီးထိပ်ကရတဲ့ ပြစ်ဒဏ်ဘောကနေ အောင်သူရဲ့ ကန်သွင်းချက်ကို မလေးရှားဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး မကြာခင်မှာ မြန်မာတို့ ပင်နယ်တီ ရခဲ့ပေမယ့် အောင်သူရဲ့ကစ်ချက်ကို မလေးဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    နောက်ပိုင်းမှာလည်း မြန်မာကပဲ ဂိုးပေါက်ကို ပိုမိုခြိမ်းခြောက်နိုင်ခဲ့ပြီး တိုက်စစ်မှူးတွေရဲ့ သွင်းဂိုးတွေ ဘားထိထွက်တာ ဂိုးသမား ကာကွယ်သွားနိုင်တာတွေကြောင့် ဂိုးမရခဲ့ပါဘူး။ မလေးရှားကတော့ ၂ ကြိမ်လောက်သာ မြန်မာဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

    ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက တိုက်စစ် ပိုဆင်နိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု တော်တော်များများ လုပ်နိုင်ခဲ့ပေမယ့် ဂိုးကံခေခဲ့ကာ ၈၈ မိနစ်မှာမှ ကွင်းလယ်ကစားသမား ဒေးဗစ်ထန်ရဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့ လိမ်ခေါက်ကာ အဝေးကန်ချက်နဲ့ သွင်းယူနိုင်ခဲ့တာကြောင့် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။

    တစ်ဖက်က ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ပွဲမှာ ဗီယက်နမ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတာကြောင့် ရမှတ် ၉ မှတ် အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး၊ မြန်မာကတော့ ရမှတ် ၆ မှတ် ဒုတိယနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်မှာ မြန်မာက ထိုင်းနဲ့ တွေ့ရမှာဖြစ်ပြီး ဗီယက်နမ်ကတော့ အင်ဒိုနီးရှားနဲ့ ကစားရမှာ ဖြစ်ပါတယ်။

    mya-2

  • ဘိုကိုဟရမ်ကြောင့် လူ ၁ သန်းခန့် အကူအညီပြတ်တောက်

    ဘိုကိုဟရမ်ကြောင့် လူ ၁ သန်းခန့် အကူအညီပြတ်တောက်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    boko

    – အနောက်အာဖရိကရှိ နာမည်ကြီးရေကန် Lake Chad ပတ်ဝန်းကျင်ဒေသတွင် လူပေါင်း ၁ သန်းခန့်ကို ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြတ်တောက်ထားသည်ဟု ကုလက ယခုတစ်ပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

    ချဒ်၊ ကင်မရွန်း၊ နိုင်ဂျာနှင့် နိုက်ဂျီးရီးယား နယ်နမိတ်များဆုံရာ အဆိုပါ Lake Chad ဒေသတွင် ဘိုကိုဟရမ်အဖွဲ့ကြောင့် လူပေါင်း ၁ သိန်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခြား လူသိန်းပေါင်းမျာစွာမှာလည်း အတိဒုက္ခ ရောက်ခဲ့ရသည်။

    လုံခြုံရေးတာဝန်ရှိသူများကမူ ဒေသတွင်းစစ်ဆင်ရေးတပ်ဖွဲ့မှာ အဆိုပါဒေသကို ပြန်လည်ရရှိရန် ကြိုးစားတိုက်ခိုက်နေကြပြီး၊ ပြီးခဲ့သည့်လအနည်းငယ်အတွင်း စစ်သွေးကြွ ရာပေါင်းများစွာမှာ လာရောက်အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။

    ဆာဟီလ်ဒေသဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး တိုဘီ လန်ဇာကမူ မတည်ငြိမှုများကြောင့် ဒေသအများအပြားတွင် အကူအညီပေးရန် မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    “အကူအညီမရောက်နိုင်တဲ့ ဒေသနဲ့ ရွာတွေမှာ စုစုပေါင်း လူ ၁ သန်းလောက်အထိ ရှိမယ်လို့ ယုံကြည်ပါတယ်”

    Ref : IINA

  • ချိုတဲ့မိသားစုများကို အမေရိကန်မွတ်စလင်များ အဟာရဒါနပြု

    ချိုတဲ့မိသားစုများကို အမေရိကန်မွတ်စလင်များ အဟာရဒါနပြု

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    turkey-3

    – အမေရိကန်ပြည်ထောင်စု ချီကာဂိုပြည်နယ် အနောက်မြောက်ဖက်ရှိ ချို့တဲ့မိသားစုများကို အမေရိကန်မွတ်စလင် ပရဟိတအဖွဲ့တစ်ခုက ပြီးခဲ့သည့် ရက်အနည်းအတွင်း ကြက်ဆင်သားများ ဝေငှကာ အဟာရဒါန ပြုခဲ့သည်ဟု သိရသည်။

    Sabeel Food Pantry ဟု အမည်ရသည့် ပရဟိတအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုလှုပ်ရှားမှုမှာ ၎င်းတို့ နှစ်စဉ်ပြုလုပ်နေသည့် လှုပ်ရှားမှုလည်းဖြစ်ကာ ယခုနှစ်တွင် ၃ ဆပို၍ ဒါနပြုခဲ့သည်။

    ကြက်ဆင်များကို စာသင်ကျောင်းများမှတစ်ဆင့် ချို့တဲ့သည့် မိသားစုများကို ဝေငှခဲ့ခြင်းဖြစ်ပြီး အဆိုပါလှုပ်ရှားမှုကို စီစဉ်ခဲ့သည့် ဒေါက်တာ ဆိုဖီယာ ရှာကီရ်ကမူ ယခုကဲ့သို့ ဒါနပြုခွင့်ရသည့်အတွက် ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

    Woodlawn မြို့ ဒေသကျောင်းကောင်စီဥက္ကဌဖြစ်သူ ဗစ်တိုးရီးယား ဘိုဝင်က “ခွဲခြားမှုတွေဟာ ကျွန်မတို့ဆီက လာတာမဟုတ်ပါဘူး၊ ခွဲခြားဆက်ဆံတာမျိုးဟာ ဘယ်လိုခံစားရလဲဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ အဲဒီအစား ကံမကောင်း အကြောင်းမလှသူတွေကို ကူညီဖို့အတွက် သူတို့လေးတွေကို ပြုစုပျိုးထောင်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အဆိုပါ ဒါနပြုမှုတွင် ပါဝင်ခဲ့သည့် စာသင်ကျောင်းများမှ ဆရာများနှင့် ကျောင်းအုပ်များက ထိုလှုပ်ရှားမှုကို ချီးကျူးခဲ့ကြပြီး အချို့ကျောင်းများက ၎င်းအစီအစဉ်ကို ကျောင်းသားမိဘများ ပါဝင်နိုင်သည့် လှုပ်ရှားမှုမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရှကီးရ်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ ရှိုရှာရာက ထိုလှုပ်ရှားမှုမှာ ချို့တဲ့သူများကို ကူညီရမည်ဟူသည့် အစ္စလာမ့်သွန်သင်ချက်များကို အကောင်အထည်ဖော်သည့် ကြိုးပမ်းမှုဖြစ်ကြောင်း၊ ဆာလောင်မွတ်သိပ်သူများကို ကျွေးမွေးခြင်းထက် ပိုပြီး မိဘများအနေဖြင့် သားသမီးများအတွက် ဂရုစိုက်မှု နည်းလမ်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref : IINA