News @ M-Media

Blog

  • ယူအေအီးက အမျိုးသမီး ၃ ဦးကို သံအမတ်အဖြစ် ထပ်မံခန့်အပ်

    ယူအေအီးက အမျိုးသမီး ၃ ဦးကို သံအမတ်အဖြစ် ထပ်မံခန့်အပ်

    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    uae-3

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာ ဗုဒ္ဓဟူးနေ့တွင် သံအမတ် ၈ ဦးကို ခန့်အပ်ခဲ့ပြီး ထိုအထဲမှ ၃ ဦးမှာ အမျိုးသမီးများဖြစ်သည်ဟု သိရသည်။

    အမျိုးသမီး သံအမတ်ကြီးများမှာ နူရာ မိုဟမက် ဂျူမာ၊ ဖာတီမှာ ခါမစ် အလ် မက်ဇရူဝီနှင့် ဟန်နန် ခါလ်ဖန် အလ် အလီလီတို့ ဖြစ်ကြပြီး ဖင်လန်၊ ဒိန်းမတ်နှင့် လတ်ဗီးယားနိုင်ငံဆိုင်ရာ ယူအေအီး သံအမတ်များအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

    အဆိုပါ သံအမတ်များမှာ ယူအေအီး ဒုတိယသမ္မတဖြစ်ပြီး ဒူဘိုင်း အုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရာရှစ်၏ ရှေ့မှောက်တွင် ကျမ်းကျိန်ခဲ့သည်။

    ရှိခ် မိုဟာမက်ကမူ သံအမတ်များအနေဖြင့် သည်းခံမှု၊ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနှင့်အတူ နိုင်ငံကို ကိုယ်စားပြုရန်၊ သက်ဆိုင်ရာနိုင်ငံများနှင့် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံမှုကို တိုးတက်အောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    ယူအေအီးမှာ ယခင်ကလည်း အမျိုးသမီးများကို သံအမတ်မျာအဖြစ် ခန့်အပ်ဖူးပြီး စပိန်၊ ပေါ်တူဂီနှင့် မွန်တီနီဂရိုးတို့တွင် တာဝန်ထမ်းဆောင်နေသည်။ လက်ရှိ ကုလတွင် ယူအေအီးနိုင်ငံဆိုင်ရာ အမြဲတမ်းသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူမှာလည်း အမျိုးသမီး လာနာ နူဆီဘာဟ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်က ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

    ယူအေအီးနိုင်ငံ၏ သံတမန်ဝန်ထမ်းများတွင် အမျိုးသမီးအရေအတွက်က ၂၀ ရာခိုင်နှုန်းရှိနေပြီး နိုင်ငံအတွင်း အုပ်ချုပ်ရေးနှင့် နိုင်ငံရေးပိုင်းတွင်လည်း အမျိုးသမီးခေါင်းဆောင်များ နေရာရမှု ပိုမို မြင့်တက်လာခဲ့သည်။

    Ref: stepfeed

  • ဒီဇင်ဘာ ၁ ရက်မှစ၍ စင်ကာပူသို့ ဗီဇာမလိုဘဲ သွားနိုင်မည်

    ဒီဇင်ဘာ ၁ ရက်မှစ၍ စင်ကာပူသို့ ဗီဇာမလိုဘဲ သွားနိုင်မည်

    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    sg

    – စင်ကာပူသို့ လာရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ ဗီဇာကင်းလွတ်ခွင့်ရမည်ဟု စင်ကာပူ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ဖြစ်သော Immigration and Checkpoints Authority of Singapore က ယမန်နေ့တွင် တရားဝင် ကြေငြာလိုက်သည်။

    စင်ကာပူ-မြန်မာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ရန် အစီအစဉ်ကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က သဘောတူခဲ့ခြင်းဖြစ်သည်။

    Immigration and Checkpoints Authority of Singapore က ထုတ်ပြန်သော ကြေငြာချက်တွင် မြန်မာနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မှာ ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ အကျုံးဝင်မည်ဟု ဖော်ပြထားသည်။

    ထို့ကြောင့် စင်ကာပူသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ဗီဇာမလိုဘဲ ၀င်ရောက်နိုင်မည်ဖြစ်ပြီး ရက်ပေါင်း ၃၀ နေထိုင်နိုင်မည်ဖြစ်သည်။

    singapore

    Ref: yangon.coconuts.co

  • ဂရိမှ ဆီးရီးယားဒုက္ခသည်များအတွက် ယူအေအီး ကူညီ

    ဂရိမှ ဆီးရီးယားဒုက္ခသည်များအတွက် ယူအေအီး ကူညီ

    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    uae
    ဒုက္ခသည်စခန်းများအား ဖွင့်လှစ်ပေးနေစဉ်

    – နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှု အစိတ်အပိုင်းအဖြစ် အာရပ်စော်ဘွားပြည်ထောင်စု (ယူအေအီး) လခြမ်းနီအဖွဲ့ (ERC) က ဆီးရီးယားစစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဂရိတွင် ဒုက္ခသည်စခန်းနှစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

    ယူအေအီးသမ္မတ၏ နောက်ပိုင်းဒေသ ကိုယ်စားလှယ်ဖြစ်သူ ရှိခ် ဟမ်ဒန် ဘင် ဇာယစ် အလ် နဟ်ယန်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များ၊ ဖွံ့ဖြိုးရေး စီမံကိန်းများမှတစ်ဆင့် ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထိခိုက်ခံစားရသည့် မိမိတို့ ညီအစ်ကို မောင်နှမများအတွက် တာဝန်များကို မိမိတို့က ဆက်လက်ရယူသွားမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

    အေသင်မြို့ မိုင် ၃၆၀ အကွာ လာရစ်ဆာဒေသတွင် တည်ရှိသည့် ပထမစခန်းတွင် လူ ၂၀၀၀ ခန့် နေထိုင်နိုင်မည့် အိမ်ယာ ၃၃၁ ခု၊ ဆေးခန်းတစ်ခု၊ ပန်းခြံများနှင့် ပညာရေးနှင့် အားကစားပြုလုပ်နိုင်မည့် အဆောက်အဦးများလည်း ပါဝင်သည်။ အေသင်အနီးတွင်ရှိသည့် ဒုတိယစခန်းမှာမူ လူ ၁၀၀၀ နီးပါးနေထိုင်နိုင်မည့် အိမ်ယာ ၁၅၉ ခု နှင့် အလားတူ အဆောက်အဦးများ ပါဝင်သည်။

    အဆိုပါ ဒုက္ခသည်စခန်းများ ဖွင့်ပွဲအခမ်းအနားသို့ ERC မှ ကိုယ်စားလှယ်အဖွဲ့၊ ဂရိနိုင်ငံဆိုင်ရာ ယူအေအီး သံအမတ်ကြီး ဆူလ်တန် မဂျစ် အလီနှင့် ဂရိတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

    ယူအေအီးမှာ ပြီးခဲ့သည့် စက်တင်ဘာလကလည်း လာမယ့် ၅ နှစ်အတွင်း ဆီးရီယားဒုက္ခသည် ၁၅၀၀၀ ကို လက်ခံမည်ဟု ကြေငြာခဲ့သည်။

    Ref : IINA

  • ဇီကာက အရေးပေါ်အခြေအနေတစ်ခု မဟုတ်တော့ဟု WHO ကြေညာ

    ဇီကာက အရေးပေါ်အခြေအနေတစ်ခု မဟုတ်တော့ဟု WHO ကြေညာ

    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    zika

    – ဇီကာဗိုင်းရပ်စ် ပြန့်နှံ့မှုမှာ ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေမျိုး မဟုတ်တော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေငြာလိုက်ပြီး၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကမူ ထိုရောဂါအား တုန့်ပြန်မှု အားနည်းသွားမည်ကို စိုးရိမ်နေကြသည်။

    WHO ၏ အကြံပေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားတို့ကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာဗိုင်းရပ်စ်ပိုး၏ ခြိမ်းခြောက်မှုမှာ အဆိုပါရောဂါများ၏အဆင့်သာ ရှိသောကြာင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေမှာလည်း အဆုံးသတ်သွားပြီဟု ပြောကြားခဲ့သည်။

    သို့ရာတွင် ကော်မတီအဖွဲ့ဝင်များက ဇီကာပြဿနာအပေါ် လျှော့တွက်ထားမှုမျိုး မဟုတ်ဟုလည်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။ ဇီကာဗိုင်းရပ်စ် ပြန့်နှံ့မှုဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံချင်းစီကမူ အရေးပေါ်အခြေအနေ ကြေငြာနိုင်သည်ဟု အကြံပေးကော်မတီ၏ ဥက္ကဌ ဒေါက်တာ ဒေးဗစ် အလ် ဟေးမန်းက ဆိုသည်။

    အချို့ပညာရှင်များကမူ WHO ၏ ယခုကြေညာချက်သည် ကူးစက်ပျံ့နှံ့နေဆဲဖြစ်သည့် ရောဂါတစ်ခုအပေါ် နိုင်ငံတကာ၏တုံ့ပြန်မှု နှေးကွေးသွားနိုင်ပြီး ကူးစက်ခံရသူများကလည်း ၎င်းတို့တွင် မည်သည့်ပြဿနာမှမရှိဟု ပေါ့ဆသွားစေနိုကြောင်း သတိပေးခဲ့သည်။

    WHO မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဇီကာဗိုင်းရပ်စ်ပြန့်နှံမှုအတွက် အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး ထိုစဉ်က ကမ္ဘာ့အနောက်ခြမ်းရှိ နိုင်ငံအားလုံးနီးပါးနှင့် ကနေဒါတို့တွင် ပြန့်နှံ့ခဲ့သည်။

    Ref : IINA

  • အစိုးရတပ်ဖွဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု ကုလ အရာရှိပြောကြား

    အစိုးရတပ်ဖွဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု ကုလ အရာရှိပြောကြား

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၆

    24112016062535capture-1000x0

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့မှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ John McKissick က မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာမွတ်စလင်တွေကို လုံးဝပပျောက်သွားအောင် လုပ်ဆောင်နေ တယ်လို့ ပြောဆိုကြောင်း မနေ့ကရတဲ့ အေဖက်ပီ သတင်းမှာဖေါ်ပြထားပါတယ်။

    မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့တွေကြောင့် ဒီရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ ရှ်နိုင်ငံကို ထွက်ပြေးလာသူဦးရေ သုံးသောင်းခန့်ရှိပြီဖြစ်ကြောင်း၊ မြန်မာတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုနဲ့ လုယက်မှုတွေကို ကျူးလွန်နေကြောင်း၊ ဒါဟာဒေသခံ လူနည်းစုမွတ်စလင်တွေကို  မြန်မာပြည်တွင်းမှာ တစ်ယောက်မှမရှိအောင် လုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့လည်း နယ်စပ်ဖွင့်ပေးရင် ဒုက္ခသည်တွေအလုံးအရင်းနဲ့ ဝင်လာမှာဖြစ်တဲ့အတွက်  အခက်ကြုံနေကြောင်း ကုလ အရာရှိကပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ထွက်ပြေးရောက်ရှိလာသူတွေဟာ သူတို့ကိုအာဏာပိုင်တွေ ကတွေ့ရင် မြန်မာပြည်ဖက် ပြန်ပို့မှာစိုးရိမ်တဲ့အတွက် ပုန်းအောင်းနေကြတယ်လို့လည်း နယ်ခြားဒေသကလာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။

    RFA မှ ကူးယူဖော်ပြသည်။