News @ M-Media

Blog

  • လစ်ဗျားကမ်းခြေမှ ရွှေ့ပြောင်းအခြေချသူ ၁၄၀၀ ကို တရက်ထဲမှာ ကယ်တင်ခဲ့

    လစ်ဗျားကမ်းခြေမှ ရွှေ့ပြောင်းအခြေချသူ ၁၄၀၀ ကို တရက်ထဲမှာ ကယ်တင်ခဲ့

    အောက်တိုဘာ ၂၂၊ ၂၀၁၆
    M-Media

    – မြေထဲပင်လယ်ကို ဖြတ်သန်းရန် ကြိုးစားနေသည့် ရွှေ့ပြောင်းအခြေချသူ ၁၄၀၀ ခန့်ကို ကြာသပတေးနေ့က လစ်ဗျားကမ်းခြေမှ ကယ်ဆယ်နိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးသင်္ဘောများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အီတလီကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဆောင်းရာသီနီးကပ်လာပြီဖြစ်သောကြောင့် ရာသီဥတုဆိုးရွားနေသော်လည်း အန္တရာယ်များသည့် မြေထဲပင်လယ်ဖြတ်ကူးများ ဆက်လက်ဖြစ်ပေါ်လျက် ရှိနေကာ တနင်္ဂနွေနေ့မှစ၍ လစ်ဗျားကမ်းခြေမှ ရွှေ့ပြောင်းဒုက္ခသည် ၂၄၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။

    ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့ဖြစ်သည့် Medecins Sans Frontieres မှ ၎င်းတို့အနေဖြင့် ရာဘာရွက်လှေ ခြောက်စီးနှင့် သစ်သားလှေငယ်တစ်စီးဖြင့် လူ ၈၀၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ တစ်ဖန် မော်လ်တာ အန်ဂျီအိုအဖွဲ့ဖြစ်သည့် MOAS ကလည်း ရွက်လှေသုံးစီးဖြင့် ရွှေ့ပြောင်း ဒုက္ခသည် ၄၃၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ၎င်းတို့၏ Twitter စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

    အီတလီကမ်းခြေစောင့်တပ်ဖွဲ့များနှင့် အီးယူလူကုန်ကူးမှုတိုက်ဖျက်ရေး သင်္ဘောတစ်စီးမှ သင်္ဘောသားများက ကျန်ရှိသူများကို ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။

    ဒုက္ခသည်များကို တင်ဆောင်လာသည့် လှေများ နစ်မြုပ်ခြင်းမရှိလျှင်လည်း မီးခိုးငွေ့များရှုရှိုက်နေရခြင်း၊ အပူချိန်လွန်ကဲနေခြင်း၊ ရေဓာတ်ခမ်းခြောက်နေခြင်းနှင့် လူများစုပြုံကြပ်ညပ်နေခြင်းတို့ကြောင့် လိုက်ပါလာသူများမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

    Ref : english.alarabiya.net

  • ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ်၏ ပိုင်ဆိုင်မှု အသိမ်းခံရမည်

    ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ်၏ ပိုင်ဆိုင်မှု အသိမ်းခံရမည်

    အောက်တိုဘာ ၂၂၊ ၂၀၁၆
    M-Media

    thai

    – ရာထူးမှဖြုတ်ချခံခဲ့ရသည့် ၀န်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာကို သူမ၏ လက်ထက် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးစေခဲ့သည့် အစိုးရဘက်ဂျက်သုံး စပါးစီမံကိန်းတစ်ခုအတွက် ပိုင်ဆိုင်မှုများကို သိမ်းယူရန်နှင့် ဒဏ်ကြေး ဘတ် ၃၅ ဘီလီယံ (ကန်ဒေါ်လာ သန်း ၉၉၀ ကျော်) ပေးဆောင်ရန် ထိုင်းတရားရုံးက နို့တစ်စာ ထုတ်ပြန်ထားသည်ဟု သိရသည်။

    လယ်သမားများထံမှ စပါးဝယ်ယူရာတွင် ပေါက်ဈေးထက်ပိုပေးခဲ့သည့် ထိုအစီအစဉ်မှာ ယင်လပ်အစိုးရအဖွဲ့၏ အထိရောက်ဆုံး ပေါ်လစီတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် အထွထွေရွေးကောက်ပွဲတွင် ရာထူး၌ ဆက်ရှိရေး အထောက်အကူ ဖြစ်စေခဲ့သည်။

    ၂၀၁၄ ခုနှတွင် စစ်တပ်မှ ယင်လပ်အား ရာထူးမှ ဖယ်ရှားပြီးနောက် သူမကို အဆိုပါစပါးစီမံကိန်းအတွက် တရားစွဲဆိုခဲ့ပြီး လက်ရှိတွင် တရားရုံး၌ အမှုရင်ဆိုင်နေဆဲ ဖြစ်သည်။

    ယင်လပ်မှာ ယမန်နေ့က ဘန်ကောက်တရားရုံးအပြင်ဘက်၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် လွန်ခဲ့သည့် ၂ ရက်က မိမိ၏ပိုင်ဆိုင်မှုများကို သိမ်းယူမည်ဆိုသည့် နို့တစ်စာရရှိကြောင်း ပြောကြားခဲ့သည်။

    “အဲဒီအမိန့်ဟာ မှန်ကန်မှုမရှိသလို တရားမျှတမှုလည်း မရှိပါဘူး။ ကျွန်မကတော့ ဒီအမှုကို ရင်ဆိုင်ဖို့ ရှိသမျှ နည်းလမ်းတိုင်းကို သုံးသွားပါမယ်”

    သူမကို ထောက်ခံသူများက ယင်လပ်ကို စွဲဆိုထားသည့်အမှုသည် ရှင်နာဝပ်ထရာမိသားစု၏ နိုင်ငံရေးသြဇာ လွှမ်းမိုးမှုကို အပြီးသတ်ချေမှုန်းမည့် စစ်တပ်၏ အကြံအစည်ဖြစ်ကြောင်း ပြောကြားထားသည်။

    ယင်လပ်နှင့် ၎င်း၏လက်ထက် ကတ်ဘိနတ်ဝန်ကြီးဟောင်းများမှာ ထိုကိစ္စနှင့်ဆက်စပ်သော လိမ်လည်မှုပေါင်း ၈၅၀ အတွက် စုံစမ်းစစ်ဆေးမှုကို ခံနေရသည်ဟုလည်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ထိုအထဲမှ အများစုတွင် အငယ်တန်းတာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းမှ တာဝန်ရှိသူများလည်း ပါဝင်နေသည်။

    Ref; CNA

  • ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် ၄ ဦးကို တာမွေမှာ တွေ့လို့ ဖမ်း

    ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် ၄ ဦးကို တာမွေမှာ တွေ့လို့ ဖမ်း

    အောက်တိုဘာ ၂၂ ၊ ၂၀၁၆
    M-Media
    သီဟ
    14671258_630605593785645_2466798977313116683_n
    ရခိုင်ပြည်နယ် ကျောက်တော်က အစ္စလာမ်ဘာသာဝင် (၄) ဦးကို တာမွေမြို့နယ်မှာ တွေ့လို့ ဖမ်းဆီးလိုက်ကြောင်း ပြည်တွင်းသတင်း ဌာန တခု ဖြစ်တဲ့ 5 Plus News ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

    ရန်ကုန်တိုင်း တာမွေမြို့နယ် အရိုးကုန်ရပ်ကွက် အတွင်း အောက်တိုဘာ ၂၂ ရက် မနက် (၃) နာရီလောက်မှာ မီးတန်းလှည့်ကင်း ကားက တွေ့ရှိလို့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း နဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ တယောက်ကို ပွဲစားခ (၁၅) သိန်းနဲ့ လွန်ခဲ့တဲ့ (၅) ရက်ကတည်းက ရောက်ရှိခဲ့တာဖြစ်တယ်လို့ 5 Plus News မှာ ဖော်ပြပါတယ်။

    မလေးရှားကို  အလုပ်သွားရောက်လုပ်ကိုင်ဖို့ ကျောက်တော်က လာတာ စုစုပေါင်း (၅) ဦး ဖြစ်ပြီး ဖမ်းဆီးခံသူများမှာ နာစီး(၂၀)နှစ်၊ ရွှေမောင် (၂၁)နှစ်၊ မောင်လှ (၂၀)နှစ်နဲ့ လာလူး(၂၀)နှစ်  ၄ ဦး ဖြစ်ပြီး လွတ်မြောက်နေသူ  စူမီယာဒန်ဘာ (၂၀)နှစ် ကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးထားသူတွေကို လ.၀.က အက် နဲ့ တာမွေ ရဲစခန်းက အမှုဖွင့်ထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်မှ အစ္စလာမ် ကိုးကွယ်သူ ကမန်လူမျိုးများအပါအဝင် အခြားသော အစ္စလာမ်ဘာသာဝင်များမှာ လွတ်လပ်စွာ သွားလာခွင့် မရှိကြောင်း ၊  မိမိတို့ နေထိုင်ရာမြို့နယ် ပြင်ပသို့ ခရီးသွားလိုလျင် သက်ဆိုင်ရာ လဝက သို့ အကြောင်းကြား ခွင့်ပြုမိန့် တောင်းခံရပြီး သက်ဆိုင်ရာမှ ခွင့်ပြုမှသာ သွားလာခွင့်ရှိသည်။ အဆိုပါ ခွင့်ပြုမိန့် မပါရှိလျင် နယ်ကျော် လဝက ပုဒ်မဖြင့် တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရကြောင်း သံတွဲမြို့ခံ အစ္စလာမ်ဘာသာဝင်တဦးမှ ပြောပြပါတယ်။

    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင် ၁ သန်း ကျော်ရှိတယ်လို့ သိရှိရပါတယ်။

  • တောင်ဆူဒန် စစ်ပွဲကို အစ္စရေးနှင့် ဘူလ်ဂေးရီးယားတို့ မီးမွှေးပေးနေသည်ဟု ကုလ ပြော

    တောင်ဆူဒန် စစ်ပွဲကို အစ္စရေးနှင့် ဘူလ်ဂေးရီးယားတို့ မီးမွှေးပေးနေသည်ဟု ကုလ ပြော

    အောက်တိုဘာ ၂၂၊ ၂၀၁၆
    M-Media

    south

    – ဆောင်ဆူဒန်နိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲကို မီးထိုးပေးနေသူများမှာ အစ္စရေးနှင့် အရှေ့ဥရောပနိုင်ငံတစ်ခုမှ စနစ်တကျ ပြုလုပ်ထားသည့် လက်နက်ထောက်ပံ့ရေး ကွန်ယက်များဖြစ်သည်ဟူသော အထောက်အထား ရှိနေကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    သောကြာနေ့က လုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့သည့် လျှို့ဝှက်အစီခံစာတစ်ခုတွင် ဘူဂေးရီးယားနှင့် အစ္စရေးတို့မှ လက်နက်ရောင်းဝယ်ရေးသမားများက တောင်ဆူဒန်သူပုန်များကို လက်နက်ထောက်ပံ့ပေးခြင်းအားဖြင့် တောင်ဆူဒန်စစ်ပွဲကို နောက်ကွယ်က မီးမွှေးပေးနေကြောင်း ဖော်ပြထားသည်ဟု ကုလကျွမ်းကျင်သူများအဖွဲ့က ဆိုသည်။

    “ဒီသက်သေအထောက်အထားတွေဟာ အားကောင်းတဲ့ကွန်ယက်ချိတ်ဆက်မှုတွေကတဆင့် အရှေ့ဥရောပနဲ့ အရှေ့အလယ်ပိုင်း လက်နက်တင်သွင်းသူတွေဆီက လက်နက်ထောက်ပံ့မှုတွေရရှိနေပြီး အရှေ့အာဖရိက ပွဲစားတွေကနေ တောင်ဆူဒန်ဆီကို ပို့ပေးနေတယ်ဆိုတာ ပြသနေပါတယ်” ဟု အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

    အဆိုပါ လက်နက်ထောက်ပံ့မှုများကို ၂၀၁၄ ခုနှစ် သို့မဟုတ် ထိုထက်စော၍ ၎င်းတို့က ပြုလုပ်ခဲ့ကြောင်း၊ ကွန်ဂိုနိုင်ငံမှ သူပုန်ခေါင်းဆောင် ရိတ် မာချာ၏ တပ်ဖွဲ့များမှာလည်း ၂၀၀၇ ခုနှစ်က ယူဂန်ဒါစစ်ပွဲအတွင်း အစ္စရေးက ရောင်းချခဲ့သော လက်နက်များမှ အကြွင်းအကျန်ဖြစ်သော ရိုင်ဖယ်များကို ကိုင်ဆောင်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : Presstv

  • မုန်တိုင်းငယ် သတိပေးချက် (လိမ္မော်ရောင်အဆင့်)

    မုန်တိုင်းငယ် သတိပေးချက် (လိမ္မော်ရောင်အဆင့်)

    14713731_692988534189561_3927808457678633006_n
    မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၄)၊၂၀၁၆

    မုန်တိုင်းငယ်အ‌ခြေအနေ
    ===============
    (က)ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသောဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိပဲ ဆက်လက် တည်ရှိနေပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် မိုင် (၂၀၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၃၃၀)ခန့်၊ ရန်ကုန်မြို့ ၏ အနောက်-အနောက်တောင်ဘက် မိုင်(၄၀၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့လ်ဘလဲယား မြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၂၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်မည် ဟု ခန့်မှန်းရပါသည်။

    (ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း ဘက်သို့ ဦးတည်နေပါ သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

    မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
    ========================================
    (က)အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တွင်
    မြောက်လတ္တီကျု (၁၃.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

    14691137_692988957522852_640034722030993282_n

    နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
    =======================
    (က) အဆိုပါမုန်တိုင်းငယ်သည် နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ပြီး၊ မြန်မာနိုင်ငံကမ်းရိုးတန်း အနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

    သတိပေးနှိုးဆော်ချက်
    ===============
    (က) အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၃.၁၀.၂၀၁၆)ရက်နေ့မှ (၂၅.၁၀.၂၀၁၆) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါ သည်။
    (ခ)အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။

    အကြံပြုချက်
    ========
    (က) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုရန် အကြံပြုအပ်ပါသည်။

    source: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန