News @ M-Media
Blog
  • ဗီယက်နမ်တွင် ရေကြီးမှုကြောင့် လူ ၂၀ ကျော် သေဆုံး
    ဗီယက်နမ်တွင် ရေကြီးမှုကြောင့် လူ ၂၀ ကျော် သေဆုံး
    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media
    14729292_1223575941018207_6406982801340491262_n
    – တိုင်ဖုန်းမုန်တိုင်း ဆာရီကာ ၀င်ရောက်ရန် နီးကပ်လာသည့်အချိန်တွင် ဗီယက်နမ်အလယ်ပိုင်း၌ ဆိုးရွားသည့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာသော နေအိမ်များ ပျက်ဆီးခဲ့သည်ဟု အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    နိုင်ငံပိုင်မီဒီယာကမူ ဒေသတွင်းရှိ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ အနည်းဆုံးတစ်ခုက ရေလှောင် တမံမှ ရေကို ဖောက်ချခဲ့ခြင်းကြောင့် ထိုကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ အစိုးရကလည်း ဟာတင် ပြည်နယ်မှ ဟိုဟို ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ ရေလှောင်ကန်မှ ရေအား သတိပေးခြင်းရှိဘဲ ဖောက်ချခဲ့လားဆိုသည်ကို စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။
    ရေကြီးမှုကြောင့် ပျောက်ဆုံးသူ ၄ ဦး ရှိနေပြီး နေအိမ်ပေါင်း ၂၄၀၀၀၀ ကျော်မှာ ပျက်ဆီးခဲ့ရသည်။
    ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ၀င်ရောက်ခဲ့သည့် တိုင်ဖုန်း ဆာရီကာမှာ ဗုဒ္ဓဟူးနေ့တွင် ဗီယက်နမ်သို့ ၀င်ရောက်ရန်ရှိနေပြီး မြောက်ပိုင်းပြည်နယ်များတွင် ကယ်ဆယ်ရေးအစီအမံများကို ကြိုတင်ပြင်ဆင်ကာ တားမြစ်ချက်များလည်း ထုတ်ပြန်ထားသည်။
    Ref : Bangkokpost
  • IS ကို လုံးဝရှင်းလင်းမည့် မူဆိုးလ်မြို့သိမ်းတိုက်ပွဲကို အီရတ်စတင်
    IS ကို လုံးဝရှင်းလင်းမည့် မူဆိုးလ်မြို့သိမ်းတိုက်ပွဲကို အီရတ်စတင်
    အောက်တိုဘာ ၁၇၊ ၂၀၁၆
    M-Media
    14595702_1222867694422365_562980494288598578_n
    – နိုင်ငံအတွင်းက IS အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားရာ တစ်ခုတည်းသောမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် အီရတ် အစိုးရတပ်တွေဟာ ထိုးစစ်ကြီးတစ်ခုကို ဒီနေ့မှာ စတင်လိုက်ပြီဖြစ်ပါတယ်။
    မြို့တွင်းမှာ ပြည်သူလူထုက ၁.၅ သန်းလောက်ရှိနေပြီး ထင်ထားတာထက်များနိုင်တဲ့ IS အဖွဲ့သားတွေဟာ အီရတ်တပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို တွန်းလှန်ဖို့အတွက် ပြည်သူတွေကို လူသားတံတိုင်းအဖြစ်လုပ်မယ့် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ကု
    လက ပြောထားပါတယ်။
    နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ မူဆိုးလ်ကို IS တွေက ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ အီရတ်တပ်ဖွဲ့တွေက ထိုးစစ်တွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ဒီအဖွဲ့ဟာ မြို့ရဲ့ အဓိကကျတဲ့ နေရာတွေကို သိမ်းပု
ိက်ထားနိုင်ဆဲပါပဲ။
    “အချိန်ကျလာပါပြီ။ ကြီးကျယ်တဲ့အောင်မြင်မှုကလည်း လက်တစ်ကမ်းအလိုမှာ ရှိနေပါတယ်” လို့ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ထိပ်တန်းတပ်မှူးတွေ ၀န်းရံပြီး ဒီနေ့မနက်အစောပိုင်းမှာ ရုပ်မြင်သံကြားကနေ ပြောကြားခဲ့ပါတယ်။
    အီရတ်စစ်တပ်ဟာ မျိုးနွယ်စုလက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေ၊ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ လေကြောင်းပစ်ကူတွေနဲ့အတူ ၂၀၁၄၊ ၂၀၁၅ မှာ IS က သိမ်းပိုက်ခဲ့တဲ့ ဒေသတွေကို ပြီးခဲ့တဲ့လတွေအတွင်း ပြန်လည် သိမ်းယူနိုင်ခဲ့ပြီးတဲ့နောက် အခုလို ထိုးစစ်ကြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
    14713608_1222867767755691_6805389553703940436_n
    “သမိုင်းဝင် စစ်ဆင်ရေးမှာ ခင်ဗျားတို့နဲ့အတူ ရပ်တည်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်” လို့ IS ချေမှုန်းရေး ညွှန့်ပေါင်းအဖွဲ့က အမေရိကန်ကိုယ်စားလှယ် ဘရတ် မက်ဂါ့က ထိုးစစ် စတင်ခြင်းမှာပဲ Twitter စာမျက်နှာကနေ ပြော
    ကားခဲ့ပါတယ်။
    ထိုးစစ်အတွက် မြို့ရဲ့အရှေ့ပိုင်းမှာ တပ်ဖွဲ့တွေကို အဓိကထားပြင်ဆင်ထားတာပါ။ ဒါပေမယ့် ဒီတိုက်ပွဲဟာ ထင်သလောက် မလွယ်ဘူး၊ IS တွေဟာ ဆုတ်သွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။
    ကုလကတော့ ဒီတိုက်ပွဲအတွင်းမှာ လူ ၁ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမယ်လို့ ခန့်မှန်းထားပြီး တိုင်းပြည်ရဲ့ မကောင်းလှတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ပိုပြီး ဆိုးရွားသွားစေနိုင်တယ်လို့ ဆိုပါတယ်။
    မူဆိုးလ်မြို့အပြင်မှာရှိနေတဲ့ Save the Children ကတော့ လူ ၆ သောင်းလောက်ကို နေရာထိုင်ခင်းပေးဖို့အတွက် ပြင်ဆင်ထားပါတယ်။
    “တိုက်ပွဲကနေ ထွက်ပြေးတဲ့လမ်းကြောင်းဟာ မလုံခြုံပေမယ့်လည်း မိသားစု တော်တော်များများဟာ ရွေးစရာမရှိပါဘူး။ ဆက်နေရင် အပြန်အလှန်ပစ်ခတ်မှုတွေ၊ ဗုံးကြဲမှုတွေကြောင့် သေဆုံးမယ့်အန္တရာယ်၊ အစားသောက်နည်းနည်း၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု မရှိဘဲ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ဝေးရာမှာ ပိတ်မိမယ့် အန္တရာယ်တွေ ရှိနေပါတယ်” လို့ Save the Children ရဲ့ အီရတ်နိုင်ငံဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး အေရမ် ရှာကာရမ်က ပြောကြားခဲ့ပါတယ်။
    နောက်ပြီး ထွက်ပြေးဖို့ကြိုးစားသူတွေဟာ ထောင်ချောက်တွေ၊ စနိုက်ပါတွေ၊ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်လည်း ရှိနေပြီး၊ အန္တရာယ်ကင်းတဲ့ လမ်းကြောင်းမျိုး မဖန်တီးပေးနိုင်ဘူးဆိုရင်တော့ အရပ်သားတွေ သွေးထွက်သံယို ပိုများနိုင်တယ်လို့လည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    မနေ့မနက် အစောပိုင်းမှာ အီရတ်လေတပ်က ထိုးစစ်စတော့မယ်ဆိုတဲ့ သတိပေးစာရွက်တွေ မြို့ပေါ်မှာကြဲချခဲ့ပြီး ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေမယ့် ညွှန်ကြားချက်တွေလည်း ဒီစာရွက်တွေမှာ ထည့်ရေးပေးထားတယ်လို့ စစ်တပ်က ဆိုပါတယ်။
    လက်ရှိမှာ မူဆိုးလ်မြို့အရှေ့ဘက် ခါဇီဒေသ၊ မြို့မြောက်ဘက် မူဆိုးလ်ဆည်နဲ့ ဘာရှီကာ ဒေသတွေမှာ အီရတ်စစ်တပ်နဲ့ ကာ့ဒ်တပ်ဖွဲ့ Peshmerga တို့က ပူးပေါင်းနေရာယူထားပါတယ်။
    ထိုးစစ်အတွက် အရန်စစ်သားတွေ၊ ဆွန်နီလူမျိုးစုတိုက်ခိုက်ရေးသမားတွေ၊ ရှီအာ ပြည်သူ့စစ်တွေအပါအ၀င် စုစုပေါင်း တပ်ဖွဲ့ဝင် ၂၅၀၀၀ ကျော် ပါဝင်မယ်မှာဖြစ်ပြီး စစ်မျက်နှာ ၅ ခု ဖွင့်သွားမယ်လို့ အီရတ်စစ်တပ်က ဗိုလ်မှူးချုပ် ဟိုင်ဒါ
    ဖဒ်ဟီလ်က ပြောကြားခဲ့ပါတယ်။
    ဒီစစ်ပွဲမှာ အီရတ်အစိုးရစစ်တပ်၊ ကာ့ဒ်တွေရဲ့Peshmerga တပ်ဖွဲ့၊ တူရကီကျောထောက်နောက်ခံမပြု စွန်နီ တိုက်ခိုက်ရေးသမား၊ Popular Mobilisation တပ်ဖွဲ့၊ အီရတ်အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ ရှီအာ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်း ပါဝင်ကြမှာပါ။
    လွန်ခဲ့ ၂ နှစ်အတွင်မှာ အီရတ်စစ်တပ်ဟာ IS တွေလက်ထဲ ကျရောက်သွားတဲ့ အစိတ်အပိုင်းတော်တော်များများကို ပြန်လည်ရယူဖို့ ရုန်းကန်ခဲ့ရသလို မြို့တော် ဘဂ္ဂဒတ် လုံခြုံရေးအတွက်ပါ ရတက်မအေး ဖြစ်ခဲ့ပါတယ်။
    IS နဲ့ အီရတ်တပ်ဖွဲ့တွေအကြား လက်ရှိအချိန်အထိ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အီရတ်ပြည်သူ ၃ သန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူပေါင်း ၁၀ သန်းကျော်လောက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လိုအပ်နေတယ်လို့ ကုလက ပြောကြားထားပြီး ဒါဟာ ကမ္ဘာ့အဆိုးဝါးဆုံး အကြပ်အတည်းလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။
    Ref: Aljazeera
  • တော်ဝင်မိသားစုကို စော်ကားသည့်အတွက် အမျိုးသမီးတစ်ဦးကို ထိုင်း တရားစွဲ
    တော်ဝင်မိသားစုကို စော်ကားသည့်အတွက် အမျိုးသမီးတစ်ဦးကို ထိုင်း တရားစွဲ
    အောက်တိုဘာ ၁၇၊ ၂၀၁၆
    M-Media
    14691055_1222679267774541_1400832654028704026_n
    – ဘုရင်ကြီးဘူမိဘော နတ်ရွာစံမှုအတွက် ထိုင်း ပြည်သူတစ်ရပ်လုံးက ၀မ်းနည်းပူဆွေးနေချိန်တွင် အိမ်ရှေ့မင်းသားနှင့် နန်းတော်ကို ယာယီအုပ်ချုပ်သူတို့အား အသေရဖျက်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ထိုင်းနိုင်ငံသည် တော်ဝင်မျိုးနွယ်နှင့်ပတ်သက်၍ ကမ္ဘာ့အပြင်းထန်ဆုံး ဥပဒေရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဘုရင်၊ ဘုရင်မ၊ အိမ်ရှေ့စံများကို စော်ကားပြောဆိုလျှင် သို့မဟုတ် အသရေညှိုးနွမ်းစေလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။
    ထိုင်းအရှေ့တောင်ပိုင်း ကော့စမွီကျွန်းမှ အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိသည့် အဆိုပါအမျိုးသမီးမှာ သောကြာနေ့က လူမှုကွန်ရက်ပေါ်၌ တောင်ဝင်အသိုင်းအ၀ိုင်းနှင့်ပတ်သက်၍ ဂုဏ်သိက္ခာကျဆင်းစေသည့် ရေးသားမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    “သူမက နတ်ရွာစံသွားတဲ့ ဘုရင်ကြီးအကြောင်းကို ရေးသားတာမဟုတ်ပါဘူး၊ အရိုက်အရာဆက်ခံမယ့် မင်းသားနဲ့ ဘုရင်ကြီးကိုယ်စား ယာယီအုပ်ချုပ်သူတွေအကြောင်း ရေးသားခဲ့တာပါ” ဟု အိမ်ရှေ့ဟ မဟာ ၀ါဂျီရာလောင်ကွန်နှင့် ဘုရင့်ကိုယ်စား ထီးနန်းကို ယာယီစီမံခန့်ခွဲမည့် အသက် ၉၆ နှစ်အရွယ် ပရမ် တင်ဆူလာနွန်ဒါတို့ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
    အဆိုပါ အမျိုးသမီးမှာ တော်ဝင်အသိုင်းအ၀ိုင်းအား စော်ကားသည့် မှတ်ချက်ကို ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပြီးနောက် ပြည်သူများက ဒေါသထွက်ကာ ရဲတပ်ဖွဲ့သို့လာရောက်၍ ထိုအမျိုသမီးအား တရားစွဲဆိုရန် တောင်းဆိုခဲ့သည်။
    လက်ရှိတွင် ထိုအမျိုးသမီးအား တရားစွဲဆိုထားပြီး၊ သူမမှာ ဘုရင်ကြီး၏ ရုပ်ပုံရှေ့တွင်လည်း ဦးချခစား၍ လူသိရှင်ကြား တောင်းပန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
    သက်တော် ၈၈ နှစ်အရွယ်ရှိ ဘုရင်ကြီး နတ်ရွာစံသွားပြီးနောက် ထိုကဲ့သို့ အဖြစ်အပျက်နှစ်ခု ဖြစ်ပွားခဲ့ပြီး နှစ်ခုစလုံးတွင် ပြည်သူများက အရေးယူရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ခြင်းကြောင့် လူအုပ်ဖြင့် တိုက်ခိုက်မည့်အန္တရာယ်အတွက် စိုးရိမှုများလည်း မြင့်တက်ခဲ့သည်။
    Ref : CNA
  • ထိုင်းဘုရင်ကြီးအတွက် ၀မ်းနည်းမှု အခမ်းအနားတွင် ထိုင်းမွတ်စလင်များ ဧည့်ခံ (Photo News)
    ထိုင်းဘုရင်ကြီးအတွက် ၀မ်းနည်းမှု အခမ်းအနားတွင် ထိုင်းမွတ်စလင်များ ဧည့်ခံ (Photo News)
    အောက်တိုဘာ ၁၇၊ ၂၀၁၆
    M-Media
    14680577_1222893047753163_5285321970704260392_n
    – ပြီးခဲ့တဲ့တစ်ပတ်က နတ်ရွာစံသွားတဲ့ ဘုရင်ကြီး ဘူမိဘောအတွက် နန်းတော် အပြင်ဘက် Sanam Luang ကွင်းပြင်မှာ ပြုလုပ်တဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို လာရောက်ကြတဲ့ ထိုင်းပြည်သူတွေကို ဘန်ကောက်မြို့ မတ်စ်ဂျစ်ဒ် ဟာရွန် (Masjid Haroon) ဗလီဝတ်ကျောင်းတော်က မွတ်စလင်မိသားစုတွေက ဧည့်ခံကျွေးမွေးနေတဲ့ ပုံရိပ်ဖြစ်ပါတယ်။
    ဒီဓာတ်ပုံကို ဗလီဝတ်ကျောင်းတော်ရဲ့ တရားဝင် Facebook စာမျက်နှာမှာ လွှင့်တင်ထားတာပါ။
    ထိုင်းဘုရင်ကြီးကို နိုင်ငံအတွင်းက တိုင်းသူပြည်သားအားလုံးက ချစ်ခင်မြတ်နိုးကြပြီး ထိုင်းမွတ်စလင်တွေကလည်း သောကြာဝတ်ပြုမှု၊ အခါကြီးရက်ကြီးတွေမှာ ပြုလုပ်တဲ့ ၀တ်ပြုဆုတောင်းမှုအတွင်းမှာ ဘုရင်ကြီး သက်တော်ရာကျော်ရှည်ဖို့၊ တိုင်းပြည်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးတဲ့ ဓလေ့ထုံးတမ်းတွေလည်း ရှိတယ်လို့ သိရပါတယ်။
  • မုန်တိုင်းသင့် ဟေတီပြည်သူများ အတွက် ဒူဘိုင်းဘုရင်ခံက ကိုယ်ပိုင်လေယာဉ်ဖြင့် အကူအညီပေးပို့
    မုန်တိုင်းသင့် ဟေတီပြည်သူများ အတွက် ဒူဘိုင်းဘုရင်ခံက ကိုယ်ပိုင်လေယာဉ်ဖြင့် အကူအညီပေးပို့
    အောက်တိုဘာ ၁၇၊ ၂၀၁၆
    M-Media
    14680763_1222920671083734_8468438631462263758_n
    – ပြီးခဲ့တဲ့ တစ်ပတ်က ဟာရီကိန်းမက်သယူးဒဏ် ခံစားခဲ့ရသည့် ဟေတီပြည်သူများအတွက် အရေးပေါ်အကူအညီများ ပေးအပ်ရန် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရှိ ဒူဘိုင်းဘုရင်ခံမှာ ထောက်ပံ့ရေးပစ္စည်းများကို ၎င်း၏ ကိုယ်ပိုင်လေယာဉ်ဖြင့် သွားရောက်ပို့ဆောင်ခဲ့သည်ဟု သိရသည်။
    ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ်-မက်ခ်တွမ်ဖြစ်ပြီး အကူအညီ တန်ပေါင်း ၉၀ ကို တင်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
    မုန်တိုင်းကြောင့် ဟေတီတွင် လူပေါင်း ၁၀၀၀ ခန့် သေဆုံးခဲ့ပြီး လူပေါင်း ၃ သိန်းဝန်းကျင်မှာ အိုးအိမ်များ ပျက်ဆီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဟေတီမှာ ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငလျင်ဘေးမှ ပြန်လည်ထူထောင်ရေး ကြိုးစားနေ
    သည့်အချိန်တွင် ယခုကဲ့သို့ မုန်တိုင်ဒဏ် ထပ်ခံရခြင်းဖြစ်သည်။ ငလျင်နောက်ဆက်တွဲ ၀မ်းရောဂါကြောင့် လူပေါင်း တစ်သောင်းဝန်းကျင် သေဆုံးခဲ့သည်။
    ဒူဘိုင်းအစိုးရကမူ ဘုရင်ခံနှင့် ကြင်ရာတော် မင်းသမီး ဟာယာ ဘင်သီ အလ် ဟူစိန်တို့မှာ ထိုကယ်ဆယ်ရေး အကူအညီကို ကိုယ်တိုင်ကြီးကြပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါပစ္စည်းများတွင် တဲများ၊ ခြင်ထောင်များ၊ ဆေးဝါးများနှင့် ရေသန့်စင်သည့် ပစ္စည်းများ ပါဝင်သည်။
    ကုလကမူ ဟေတီတွင် ပြည်သူပေါင်း ၁.၄ သန်းမှာ အရေးပေါ် အကူအညီများ လိုအပ်နေပြီး ၎င်းတို့ကို ကူညီရန်အတွက် ကန်ဒေါ်လာ သန်း ၁၂၀ တောင်းခံထားသည်။
    14713724_1222921017750366_5110753638038106566_n
    “ဟေတီအကြောင်းစဉ်းစားရင် ပုံရိပ်တစ်ခုက ကျွန်မစိတ်ထဲမှာ အမြဲတမ်း စွဲထင်နေပါတယ်။ အဲဒီ ပုံရိပ်က ၂၀၁၀ ငလျင်တုန်းက ပုံရိပ်ဖြစ်ပြီး IHC (ဒူဘိုင်းဘုရင်ခံ ဦးဆောင်သည့် အကူအညီပေးရေးအဖွဲ့) နဲ့ သွားတုန်းမှာ ကျွန်မ မြင်ခဲ့ရတာဖြစ်ပါတယ်” ဟု မင်းသမီး ဟာယာက Instagram စာမျက်နှာတွင် ရေးသားခဲ့သည်။
    “ဒီ လေယာဉ်နဲ့ပဲ ဒီနေ့ ကျွန်မသွားမှာပါ။ ဒီအချိန်မှာလဲ ဘ၀တွေက ဆုံးပါးခဲ့ရပါတယ်။ ဒါဟာ ဟေတီနိုင်ငံရဲ့ လိုအပ်ချက်အတွက်ဖြစ်ပါတယ်။ ပမာဏအချို့သာဖြစ်ပေမယ့် လှူဒါန်းပေးဖို့အတွက်ပါပဲ”
    ထို့နောက် မင်းသမီးမှာ ခင်ပွန်း၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ချီးကျူးခဲ့သည်။ မင်းသမီးမှာ ဂျော်ဒန်ဘုရင်၏ သမီးတော်လည်းဖြစ်သည်။
    14671151_1222921034417031_6453198675744243620_n
    “အာရပ်တွေဖြစ်တဲ့ ကျွန်မတို့ဟာ ဒေ၀ါလီခံနိုင်ပါတယ်။ ကျွန်မတို့ တိုက်ပွဲတွေဝင်နေရတယ်၊ ကျွေးမွေးဖို့၊ နေရာထိုင်ခင်းတွေပေးဖို့အတွက်လည်း ကျွန်မတို့ကိုယ်တိုင် လုပ်နေရပါတယ်။ ဒါပေမယ့် ကျွန်မသိတဲ့ လူသားဆန်မှုစိတ်ဓာတ်ကိုတော့ ကျွန်မ ပြောပြနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတာ့ ကျွန်မတို့ ယူအေအီးနိုင်ငံက လှူဒါန်းမှုမှာရှိနေပြီး၊ ဂျော်ဒန်ပြည်သူတွေက တိုက်ပွဲဝင်မှုမှာ ရှိနေတာကြောင့် ဖြစ်ပါတယ်” ဟု မင်းသမီးက ထည့်သွင်းရေးသားခဲ့သည်။
    Ref Independent