အောက်တိုဘာ ၁၈၊ ၂၀၁၆
M-Media
– တိုင်ဖုန်းမုန်တိုင်း ဆာရီကာ ၀င်ရောက်ရန် နီးကပ်လာသည့်အချိန်တွင် ဗီယက်နမ်အလယ်ပိုင်း၌ ဆိုးရွားသည့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာသော နေအိမ်များ ပျက်ဆီးခဲ့သည်ဟု အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားလိုက်သည်။
နိုင်ငံပိုင်မီဒီယာကမူ ဒေသတွင်းရှိ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ အနည်းဆုံးတစ်ခုက ရေလှောင် တမံမှ ရေကို ဖောက်ချခဲ့ခြင်းကြောင့် ထိုကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ အစိုးရကလည်း ဟာတင် ပြည်နယ်မှ ဟိုဟို ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ ရေလှောင်ကန်မှ ရေအား သတိပေးခြင်းရှိဘဲ ဖောက်ချခဲ့လားဆိုသည်ကို စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။
ရေကြီးမှုကြောင့် ပျောက်ဆုံးသူ ၄ ဦး ရှိနေပြီး နေအိမ်ပေါင်း ၂၄၀၀၀၀ ကျော်မှာ ပျက်ဆီးခဲ့ရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ၀င်ရောက်ခဲ့သည့် တိုင်ဖုန်း ဆာရီကာမှာ ဗုဒ္ဓဟူးနေ့တွင် ဗီယက်နမ်သို့ ၀င်ရောက်ရန်ရှိနေပြီး မြောက်ပိုင်းပြည်နယ်များတွင် ကယ်ဆယ်ရေးအစီအမံများကို ကြိုတင်ပြင်ဆင်ကာ တားမြစ်ချက်များလည်း ထုတ်ပြန်ထားသည်။
Ref : Bangkokpost
Leave a Reply
You must be logged in to post a comment.