News @ M-Media
Blog
  • ဘာကာတိုက်စစ်မှူနေးမာ ဂိုး ၃၀၀ ပြည့်မြောက်
    ဘာကာတိုက်စစ်မှူနေးမာ ဂိုး ၃၀၀ ပြည့်မြောက်
    အောက်တိုဘာ ၇၊ ၂၀၁၆
    M-Media
    neymar
    – ဘာစီလိုနာအသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေးမာမှာ ယမန်နေ့က ကစားခဲ့သည့် ဘိုလီဗီးယားနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ၎င်း၏ ကစာသမားသက်တမ်းတစ်လျှောက် သွင်းယူခဲ့သည့် ဂိုးပေါင်း ၃၀၀ ပြည့်မြောက်သွားပြီဖြစ်သည်။
    ထိုပွဲတွင် ဂစ်ဘရီယဲလ် ဂျီးဆက်နှင့် တွဲဖက်ကာ တန်ပြန်တိုက်စစ်မှတစ်ဆင့် နေးမာက တစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ၎င်း၏ ၄၉ ဂိုးမြောက်ဂိုးလည်းဖြစ်သည်။ လူငယ်အဆင့်များဖြစ်သည့် ယူ ၁၇၊ ယူ ၂၀ နှင့် အိုလံပစ်ပြိုင်ပွဲများတွင် နေးမာသွင်းယူထားသည့် ဂိုးမှာ စုစုပေါင်း ၁၈ ဂိုး ရှိသည်။
    ကလပ်အဆင့်တွင်မူ ဘာစီလိုနာအသင်းသို့ ရောက်ရှိခဲ့ပြီးနောက် နေးမာ သွင်းယူထားသည့် ဂိုးမှာ စုစုပေါင်း ၉၅ ဂိုးရှိပြီး ဆန်းတို့စ်အသင်းတွင်မှု ၁၃၈ ဂိုး သွင်းယူပေးခဲ့သည်။
    ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံး သွင်းထားသူများ စာရင်းတွင် ပီလီ (၉၅ ဂိုး)၊ ရော်နယ်ဒို (၆၇) ဂိုး၊ ဇီကို (၆၆ ဂိုး) နှင့် ရိုမာရီယို (၅၆) ဂိုးတို့က အစဉ်လိုက် ရပ်တည်နေသည်။
    Ref: Goal
  • Honour killings ကို တိုက်ဖျက်မည့် ဥပဒေသစ်ကို ပါကစ္စတန်အတည်ပြု
    Honour killings ကို တိုက်ဖျက်မည့် ဥပဒေသစ်ကို ပါကစ္စတန်အတည်ပြု
    အောက်တိုဘာ ၇၊ ၂၀၁၆
    M-Media
    honour
    – နိုင်ငံအတွင်း ဂုဏ်သိက္ခာအတွက်သတ်ဖြတ်ခြင်း (Honour killings) ကို ဆန့်ကျင်တားမြစ်သည့် ဥပဒေတစ်ခုကို ပါကစ္စတန်လွှတ်တော်က ယမန်န့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ပြီး ထိုဥပဒေအရ ပြစ်မှုကျူးလွန်သူအတွက် ကျူးလွန်ခံရသူဘက်မှ ကျေအေးပေးသော်လည်း အမြင့်ဆုံး ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။
    ပါကစ္စတန်နိုင်ငံ၌ အမျိုးသမီးငယ်များကို မိသားစုဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုကာ မိသားစုဝင်များက သတ်ဖြတ်မှုမှာ တစ်နှစ်လျှင် ၅၀၀ ခန့်ရှိနေပြီး၊ ချစ်သူနောက်ခိုးရာလိုက်ပြေးခြင်း၊ အမျိုးသားများနှင့် အရောတ၀င်ဆက်ဆံခြင်း သို့မဟုတ် အမျိုးသမီးများအပေါ် ရှိနေသည့် ရှေးရိုးစွဲ သတ်မှတ်ချက်များကို ချိုးဖောက်မှုများကြောင့် ဖြစ်သည်။
    ထိုအဖြစ်အပျက်အများစုတွင် သတ်ဖြတ်ခံရသူများမှာ အမျိုးသမီးများနှင့် ကျူးလွန်သူမှာ ထိုပြစ်မှုအတွက် မိသားစုထံမှ ခွင့်လွှတ်မှုကို ရယူပြီးနောက် အပြစ်ပေးခံရမှုမှ လွတ်မြောက်ခဲ့သည့် ဆွေမျိုးများ ဖြစ်တတ်သည်။
    “နိုင်ငံတစ်ဝှမ်းမှာ ဒီဥပဒေကို အပြည့်အ၀ ကျင့်သုံးသွားမှာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ သူတို့ကို စွမ်းအားမြှင်တင်ပေးဖို့၊ ကာကွယ်ပေးဖို့နဲ့ လွတ်မြောက်စေဖို့ လိုအပ်တယ်တယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
    ယခုကဲ့သို့ ဥပေဒပြဌာန်းနိုင်ခဲ့သော်လည်း တရားရုံးက ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်း ဟုတ်၊ မဟုတ် ဆုံးဖြတ်ရမည့် အခြေအနေရှိနေခြင်း၊ အမျိုးသမီးများ ချစ်သူနောက်လိုက်ပြေးသည့်ကိစ္စအား မဖြေရှင်းနိုင်ခြင်းနှင့် ထိုဥပေဒမှာ အနောက်တိုင်း ယဉ်ကျေးမှုကို သွတ်သွင်းပေးနေခြင်း စသည့် ဝေဖန်းမှုများလည်း ရှိနေသည်။
    ဂုဏ်သိက္ခာအတွက်သတ်ဖြတ်ခြင်းအား ဆန့်ကျင်သည့် ဥပဒေအပြင် အရွယ်မရောက်သူများ၊ မသန်စွမ်းသူများအပေါ် အဓမ္မပြုကျင့်မှုများကို တစ်သက်တစ်ကျွန်း၊ သေဒဏ် စသဖြင့် အပြစ်ဒဏ် တိုးမြှင့်နိုင်မည့် ဥပေဒတစ်ခုကိုလည်း အတည်ပြုခဲ့သည်။
    Ref: Aljazeera
  • နော်ေ၀၀န်ကြီးချုပ် လွှတ်တော်မှာ ပိုကီမွန်ကစား
    နော်ေ၀၀န်ကြီးချုပ် လွှတ်တော်မှာ ပိုကီမွန်ကစား
    အာက်တိုဘာ ၇၊ ၂၀၁၆
    M-Media
    norway
    – နော်ဝေနိုင်ငံရဲ့ ၀န်ကြီးချုပ် အာရ်နာ ဆိုလ်ဘာ့ဂ်ဟာ လွှတ်တော်အစည်းအဝေးအတွင်းမှာ Pokemon Go ဂိမ်း ကစားနေတဲ့ ဓာတ်ပုံတစ်ပုံ ပေါ်ထွက်လာခဲ့ပါတယ်။
    အင်္ဂါနေ့က ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ဒီလိုကစားခဲ့တာဖြစ်ပါတယ်။ ဆိုလ်ဘာ့ဂ်ဟာ ဒီဂိမ်းကို အလွန် စွဲလမ်းနှစ်ခြိုက်သူတစ်ယာက်ဖြစ်ပြီး ဆလိုဗက်ကီးယားကို ၀န်ကြီးချုပ်တာဝန်နဲ့ အလည်အပတ်သွားတဲ့အချိန်မှာတောင်မှ ဒီဂိမ်း ကစားဖို့အတွက် အပြင်ကို ထွက်သွားခဲ့ဖူးပါတယ်။
    သူကတော့ သူရှိနေတဲ့နေရာနဲ့ ၁၀ ကီလိုမီတာအကွာမှာရှိတဲ့ ဥတွေကို ယူဖို့ ဒီလို ထွက်သွားခဲ့တာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    နော်ဝေနိုင်ငံရေးသမားတွေ လွှတ်တော်မှာ ပိုကီမွန်ကစားတာဟာ အခုအကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ Pokemon Go လူကြိုက်အများဆုံးကာလဖြစ်တဲ့ သြဂုတ်လတုန်းကလည်း လွှတ်တော်က အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ နော်ဝေ လေဘာပါတီခေါင်းဆောင် ထရီနီ စကီ ဂရန်ဒီ ဒီဂိမ်းကစားနေတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။
    ဂရန်ဒီက အခု ၀န်ကြီးချုပ် ပိုကီမွန်ကစားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Twitter ကနေ အရွှန်းဖောက်ခဲ့ပါတယ်။
    “ကျွန်မပြောတာ သူကြားပါတယ်။ ကျွန်မတို့ မိန်းမသားတွေက တစ်ချိန်တည်းမှာ အလုပ်နှစ်ခု လုပ်နိုင်ကြတယ်လေ”
    ဆိုလ်ဘာ့ဂ်ကလည်း သူ့အနေနဲ့ ဂိမ်းကို ဖွင့်တဲ့အချိန်မှာ ဂရန်ဒီက ဂိမ်းကိုကစားလို့ ဘုရားကျောင်းထဲတောင် ရောက်နေပြီလို့ TV2 နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
    Ref: the guardian
  • လ.၀.က ရုံးနှင့် ပတ်သက်ပြီး အခက်အခဲရှိနေသည့် ပြည်သူတို့ အသံ (၁)
    လ.၀.က ရုံးနှင့် ပတ်သက်ပြီး အခက်အခဲရှိနေသည့် ပြည်သူတို့ အသံ (၁)
    အောက်တိုဘာ ၇ ၊ ၂၀၁၆
    M-Media
    ယခုရက်ပိုင်း လ.၀.က နဲ့ နိုင်ငံသားစိစစ်ရေးကတ် ကိစ္စအကြောင်း M-Media မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးနဲ့ သတင်းတွေ ဖတ်ရှုပြီး အဆင်မပြေ အခက်အခဲရှိနေတဲ့ ပြည်သူလူထုမှ မိမိတို့ အခက်အခဲများကို မှတ်ချက်ပေးပြိး ဖော်ပြခဲ့ကြပါတယ်။
    အဆိုပါ လူထုအသံများကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ လူထုကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ သိရှိပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်စေရန် အတွက် စုစည်းပြိးဖော်ပြလိုက်ပါတယ်။
    မှတ်ပုံတင် ပျောက်ဆုံးကို ပြန်လျောက်တာ ၅ လ ရှိသွားပါပြီ။ ခုအချိန်ထိမရသေးဘူး။
    လွင်သီတာ (မင်္ဂလာတောင်ညွှန့် )
    —————————
    အဖေက မော်လမြိုင်က အမေကတခြားမြိုတမြို့ ကဆိုလျင် အမေဖြစ်သူက မော်လမြိုင် အိမ်ထောင်စု မဝင်ရသေးလို့ ကလေးတွေကို အိမ်ထောင်စုသွင်းပေးလို မရဘူးလို့ မော်လမြိုင်လဝကရုံးက ပြောပါတယ်။
    အမေကိုလဲ စာရင်း သွင်းလို့ မရဘူးအ ထွက်ကို အရင်ယူခဲ့ ခိုင်းတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြိုမှာ ထွက်ဖို့ သွားတောလည်း အဝင်လ က်ခံကြောင်းအရင်ယူခဲ့ဆိုတော့ ၃ကြိမ် တိတိကြိုးစားတယ်။ မရဘူးဆိုတောစိတ်လျောပြီး ထိုင်နေတုန်း လွတ်တော်ကိုယ်စားလှယ် (၅) ဦးက ပြည်သူနဲ တွေချင်လို့ ရပ်ကွက်ဆင်းတဲ့အချိန်မှာ ကျွန်တော်တင်ပြတော့ ဒီရပ်ကွက်မှာခင်ဗျားလို အခက်အခဲရှိနေတဲ့  မိသားစုဘယ်လောက်ရှိလဲစာရင်းနဲ့ တကွတင်ပြဆိုတော ကျွန်တော်ကိုယ်တိုင်လိုက်ကောက်တာ (၄၀၁) ယောက်ရှိလို တင်ပြတာ အခုထိအဖွဲချုပ်ရုံးမှာ ရှိနေစဲ ၊ သွား တင်ပြတော့ လွှတ်တော်မပြီးသေးဘူးတဲ့အခုဆို (၃) လကျော်ပြီး ရပ်ကွက်ကလူတွေကတော့ နေတိုင်းအိမ်မှာ လာမေးပြီး မင်းတို့ NLD ကလဲအရင်လူတွေလို လူလိမ်တွေလိုပြောပြီးပြန်သွားတယ်။ Media ကတဆင့် ဖော်ပြပေးစေလိုပါတယ် ။ မွန်ပြည်နယ် မော်လမြိုင်မြို စစ်ကဲကုန်းရပ်ကွက် ကပါ။
    ကိုအောင်ဝင်း ( မွန်ပြည်နယ် မော်လမြိုင်မြို စစ်ကဲကုန်းရပ်ကွက်)
    ——————————
    ကျွန်တော်တော့ ကိုယ့်ကလေး (၁၄) နှစ်ပြည့်ပြီ ဒါပေမယ့် လ.ဝ.က ကို မသွားသေးဘူး ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တုန်းက တော်တော်ကို ရစ်ခံလိုက်ရတာ ကိုယ့်ကလေး ကျတော့ ကိုယ့်ထက်ပိုဆိုးမလားလို့။
    (မောင်မျိုး)
    ————————————
    ကျွန်တော့်တပည့်တစ်ယောက် အဖေ၊ အမေ၊ အစ်ကို ၃ ယောက်စလုံး နိုင်ကဒ် ရပြီးပါလျက် သူ့ကျမှ ၂ နှစ်ရှိပြီ နိုင်ကဒ် မရသေးဘူး ရစ်နေတယ်။  ကျိုက်လတ် လဝက ပါ။
    (ကိုကျော်လင်းဦး)
    ————————————
    ကျွန်မသားလေး၂ယောက်၊ အိမ်ထောင်စု စာရင်းထည့်ဖို့လျောက်တာ (၃)နှစ်ရှိပြီ။ ခုထိမရသေးပါ။
    (မခင်မာဆွေ- ဥက္ကံ- တိုက်ကြီး)
    ————————————
    ဘွဲ့ယူဖို့ မှတ်ပုံတင်လျှောက်တာဗျာ။ အဖေက တိုင်းရင်းသား၊ အမေက FRC ၊ အဲ့ဒါ NVC ကတ်ထုတ်ပေးမယ်ပြောတယ်ဗျာ။ လှိုင်မြို့နယ် လ.ဝ.က ရုံးကပါ။  ဘာလုပ်သင့်လဲ။
    (ကိုအေးမင်းအောင်)
    ————————————
    ရန်ကုန်ကျောက်တံတားမြို့နယ်မှာ မှတ်ပုံတင်လုပ်ထားတာ ၃ နှစ်ပြည့်တော့မယ် မရသေးဘူး။ အထောက်ထားပြည့်စုံ လွန်းလို့  ဟိုဘက်ကမ်းတောင်လွန်သေး၊
    (မော်ကျွန်းသား)
    ————————————
    မှတ်ပုံတင်မပြောနဲ့အုန်း။နိုင်ငံသားကဒ်ကိုင်ထားတဲ့အဖေ၊အမေ။ ၆နှစ်နဲ့ ၄နှစ် ခလေးနှစ်ယောက်ရှိတဲ့ မိသားစု နယ်ကနေ ရန်ကုန်ကို ပုံစံ၁၀ထုတ်ပြီး ပြောင်းလာတာ သွေးနှောဆိုပြီး အခုအထိ၂နှစ်လောက်ရှိနေပြီ ရန်ကုန်သန်းခေါင် စာရင်းဝင်လို့မရသေးဘူး။  လမ်းထဲမှာသန်းခေါင် စာရင်းဝင်လို့ မရသေးတာ မိသားစု (၃)စုရှိပါတယ်။ ကမာရွတ်မြို့နယ် လ.၀.ကပါ။
    (ကိုထိန်လင်း- ကမာရွတ်)
    ————————————
    ကျွန်တော့ ၁၁ နှစ်က လုပ်ထားတဲ့ မှတ်ပုံတင် ကဒ်ပြားက အခုထိလဲလို့ကို မရသေးဘူး သွေးနှောတွေတဲ့ အဲဒါဆို ဘာပြုလို့ ၁၁ နှစ်အရွယ်တုန်းက မှတ်ပုံတင်ဟာ သွေးနှောသလေ လုပ်လို့မရပါဆိုပီး မပြောပဲ ယခုကြမှ သွေးနှောတွေတဲ့ အံ့ပါရဲ့ဗျာ
    (ကိုအောင်မင်း)
    ယခုကဲ့သို့ အခက်အခဲရှိသော ပြည်သူများနေဖြင့် မီဒီယာမှ တဆင့် မိမိတို့ အခက်အခဲကို လူထုအသံ ကဏ္ဍ မှ ဖော်ပြပေးစေလိုလျှင် M-Media Facebook Page ကို  Message ပို့၍ သော်လည်းကောင်း၊ [email protected] သို့ အီးမေးလ်ဖြင့်သော် လည်းကောင်း ဆက်သွယ်ပြီးပေးပို့နိုင်ပါတယ်။
  • ရန်ကုန်မှ အမျိုးသမီးနှစ်ဦး တရုတ်ဇနီးအဖြစ် ရောင်းစားခံရ
    ရန်ကုန်မှ အမျိုးသမီးနှစ်ဦး တရုတ်ဇနီးအဖြစ် ရောင်းစားခံရ
    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media
    muse
    – ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှ အမျိုးသမီး ၂ ဦးမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးကာ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန်အတွက် ရောင်းစားခံခဲ့ရသည်ဟု သိရသည်။
    အသက် ၂၉ နှစ်နှင့် အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသမီးများဖြစ်ကြပြီး စက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ အယုံသွင်းကာ ကူမင်းတွင် တရုတ်အမျိုးသားများထံ ရောင်းစားခံခဲ့ရခြင်းဖြစ်သည်။
    မချယ်ရီမြင့်ဆိုသည့် အမျိုးသမီးက ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံရှိ ၀ါးဟားဟား အချိုရည်စက်ရုံတွင် တစ်လ ၅ သိန်းဖြင့် အလုပ်ရမည်ဖြစ်ပြီး သွားလာစရိတ်များကိုလည်း မိမိမှ ကျခံထားက ပထမ ၂ လ လစာမှ ဖြတ်တောက်သွားမည်ဟု ၎င်းတို့အား ပြောကြားခဲ့သည်။
    မေလ ၂၄ ရက်နေ့တွင် ၎င်းတို့ နှစ်ဦးအား မချယ်ရီမြင့်နှင့် ၎င်း၏ မိခင် ဒေါ်စန်းစန်းဝင်းတို့က ရန်ကုန်မှ ရှမ်းပြည်နယ် နယ်စပ်မြို့ မူဆယ်သို့လည်းကောင်း၊ ထို့မှတစ်ဆင့် ကူမင်းသို့ နယ်စပ်ဖြတ်ကျော်သွားရောက်က တရုတ်အမျိုးသားတစ်ယောက်နှင့် တွေ့ပေးခဲ့ပြီး ကူမင်းရှိ အိမ်တစ်လုံးသို့ ခေါ်သွားခဲ့သည်။
    ထိုအိမ်တွင် ၁၀ ရက်ခန့်ကြာပြီးနောက် တရုတ်အိမျိုးသား တစ်ဦးစီက ၎င်းတို့အား ခေါ်ဆောင်သွားခဲ့ပြီး ဒေါ်စန်းစန်းဝင်းကမူ ၎င်းတို့မှာ ထိုအမျိုးသားများ၏ ဇနီးမယားများ ဖြစ်သွားပြီဟု အသိပေးခဲ့သည်။
    ကူမင်းတွင် လအတော်ကြာခဲ့ပြီးနောက် လူကုန်ုကူးခံရသည့် အဆိုပါ အမျိုးသမီး နှစ်ဦစလုံးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မိသားစုများနှင့် အဆက်အသွယ် ရခဲ့သည်။ ထို့နောက် နယ်စပ်ဖြတ်ကျော်၍ မူဆယ်သို့ရောက်ရှိကာ အမျိုးသမီး ယာယီစောင့်ရှောက်ရေးစခန်းတွင် ၂ ပ တ်ကြာ နေထိုင်ခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
    အောက်တိုဘာ ၃ ရက်နေ့တွင် ထိုအမျိုးသမီး ၂ ဦးက ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီးနောက် လှိုင်သာယာ ရဲတပ်ဖွဲ့က မချယ်ရီမြင့်နှင့် ဒေါ်စန်းစန်းဝင်းတို့ကို လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပေဒများအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။
    ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်သည့် စာရင်းအရ လွန်ခဲ့သည့် ၅ နှစ်အတွင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည့် လူကုန်ကူးမှု၏ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံတွင် အတင်းအဓမ္မ လက်ထပ်ရန်အတွက် လူကုန်ကူးခံရမှုဖြစ်သည်ဟု သိရသည်။
    Ref: mmtimes