News @ M-Media

တရုတ်နှင့် ရုရှား ဒုံးဖျက်စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်မည်

အောက်တိုဘာ ၁၂၊ ၂၁၀၆
M-Media

china-2

– တောင်ကိုရီးယားတွင် ဒုံးခွင်းစနစ်ချထားရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကြိုးစားခဲ့ပြီးနောက် တရုတ်နှင့် ရုရှားတို့သည် လာမည့်နှစ်တွင် ဒုတိယအကြိမ်မြောက် ပူးတွဲ ဒုံးဖျက်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုးရီးယားတို့သည် မြောက်ကိုးရီးယားရန်မှ ကာကွယ်ရန် အကြောင်းပြချက်ဖြင့် အမေရိကန်လုပ် ဒုံးခွင်းစနစ် (THAAD) ကို တပ်ဆင်ရန် ဆွေးနွေးမှုများကို ပြီးခဲ့သည့်လများတွင် ပြုလုပ်ခဲ့သောကြောင့် တရုတ်နှင့် ရုရှားတို့က ပထမဆုံးအကြိမ် ဒုံးဖျက် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေလတွင် ပြုလုပ်ခဲ့သည်။

ယခုအခါတွင် THAAD စနစ်ကို တောင်ကိုးရီးယားကျွန်းဆွယ်တွင် တပ်ဆင်ရန် ရှိနေပြီး အဆိုပါစနစ်၏ အားကောင်းသော ရေဒါများက မိမိတို့၏ လုံခြုံရေးကို ထိခိုက်စေမည်ဖြစ်ပြီး၊ ကိုရီးယားကျွန်းဆွယ်ရှိ တင်းမာမှုများတွင် မည်သည့် လျော့ကျမှုမှ ဖြစ်မည်မဟုတ်ဟု တရုတ်နှင့် ရုရှားတို့က ပြောကြားခဲ့သည်။

ယခု ဒုတိယအကြိမ် နှစ်နိုင်ငံ ဒုံးဖျက် စစ်ရေးလေ့ကျင်မှုကို ဘေကျင်းတွင်ပြုလုပ်ခဲ့သည့် ကာကွယ်ရေးဆိုင်ရာဖိုရမ်တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ ကြေငြာခြင်းမပြုမီ THAAD ဒုံးခွင်းစနစ် တောင်ကိုရီးယားတွင် ချထားမှုကို တရုတ်အကြီးတန်း စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက ဝေဖန်ခဲ့သည်။

Ref : CNA

Comments

Leave a Reply