News @ M-Media

Blog

  • ကုလအတွင်းရေးမှူးချုပ်သစ်အဖြစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းကို ရွေးချယ်

    ကုလအတွင်းရေးမှူးချုပ်သစ်အဖြစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းကို ရွေးချယ်

    အောကတိုဘာ ၆၊ ၂၀၁၆
    M-Media

    un

    – ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်၏နေရာကို ဆက်ခံရန်အတွက် ပေါ်တူဂီဝန်ကြီးချုပ် အန်တိုနီယို ဂူတာရက်စ်အား ကုလသမဂ္ဂက ရွေးချယ်လိုက်သည်ဟု သိရသည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၇၆ နှစ်အရွယ် ဂူတာရက်ဇ်မှာ ကုလအတွင်းရေးမှူးချုပ်သစ် ဖြစ်မည်ဟု ပြီးခဲ့သည့်လများအတွင်း တစ်ပြေးနေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က လုံခြုံရေးကောင်စီတွင် အများသဘောတူညီချက်ဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    အဆိုပါ ရာထူးအတွက် အမည်စာရင်းတင်သွင်းခံရသူများမှာ အမျိုးသမီ ၇ ဦးအပါအ၀င် ၁၃ ဦးရှိပြီး နောက်ပိုင်းတွင် ၂ ဦးကို ပြန်လည် ဖယ်ရှားခဲ့သည်။

    “ကျွန်တော်တို့အားလုံး သဘောတူတဲ့သူ ရှိပါတယ်။ သူကတော့ အန်တိုနီယို ဂူတာရက်ဇ် ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ဖြစ်ပြီး ယခုလ လုံခြုံရေးကောင်စီ၏ ဥက္ကဌဖြစ်သူ ဗီတာလီ အိုင် ချာကင်က ပြောကြားခဲ့သည်။

    မစ္စတာ ဂူတာရက်ဇ်မှာ နယူးယောက်စံတော်ချိန် ကြာသာပတေးနေ့မနက်တွင် လုံခြုံရေးကောင်စီ၏ တရားဝင် လက်ခံအတည်ပြုမှုကို ရရှိမည်ဖြစ်ပြီး လာမည့်တစ်ပတ်တွင် ကျင်းပဖွယ်ရှိနေသည့် ကုလ၏ အထွေထွေညီလာခံတွင် အတည်ပြုရေး အမည်စာရင်း တင်သွင်းခံရမည်ဖြစ်သည်။

    အထွေထွေညီလာခံမှ အတည်ပြုပြီးပါက ဂူတာရက်ဇ်မှာ ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည့် ဘန်ကီမွန်၏ နေရာတွင် ဆက်ခံရမည်ဖြစ်သည်။

    Ref : nytimes

  • ကာတာရှိ အစ္စလာမ့် အနုပညာ  ပြတိုက် တွင် နိုင်ငံလုံးဆိုင်ရာ စာဖတ်မှု့ လှုံ့ဆော်ရေး ခမ်းနားစွာ ကျင်းပမည်။

    ကာတာရှိ အစ္စလာမ့် အနုပညာ ပြတိုက် တွင် နိုင်ငံလုံးဆိုင်ရာ စာဖတ်မှု့ လှုံ့ဆော်ရေး ခမ်းနားစွာ ကျင်းပမည်။

    အောက်တိုဘာ ၆ ၊ ၂၀၁၆
    M-Media

    museum_of_islamic_arts_sop
    ကာတာဖေါင်ဒေးရှင်းက ကြီးမှူးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ စာဖတ်မှု့ လှုံ့ဆော်ရေး အခမ်းနားအား ယခုအပတ်၌ အစ္စလာမ့် အနုပညာ  ပြတိုက် တွင်  ပြုလုပ်မည်ဖြစ်ပြီး  ကာတာ ကလေးသူငယ် များ၏ စိတ်ကူးစိတ်သန်းများအား စိတ်ပါဝင်စားလာအောင် ဆွဲဆောင်ကြ ပါလိမ့်မည်။

    ‘ပညာရေးဖျော်ဖြေမှု့ ‘ မျိုးစုံ တင် ဆက်ပြသခြင်းနှင့်အတူ၊ ခလေးများအား ပုံပြောပြိုင်ပွဲတွင် ပါဝင်စေခြင်း၊ လက်ဆင့်ကမ်း ဆော့လို့ရသည့် ပုံမှန်ထက်ကြီး သည့် ဂိမ်းများ၊ နှင့် ရသမျိုးစုံပေးနိုင်သော စာအုပ်လဲဖတ်လို့ရသည့် အစီစဉ်များလည်း ပါဝင်ကြပါသည်။

    ထို့အပြင်၊ ပြတိုက်၏ အသစ်တီထွင်ထားသော စာဖတ်၍ရသည့်  ရွေ့လျား စာကြည့်တိုက် အနေဖြင့် အသုံးပြု၍ရသည့် ထရပ်ကား-ကိုလည်း ခလေး စာအုပ်များ ခင်းကျင်းပြသထားသည့် ပြပွဲရုံနှင့် မလှမ်းမကမ်းနေရာတွင် ရပ်တန့်ထားပေလိမ့်မည်။

    ယခုသတင်း တစ်ပတ်၏ ဆောင်ရွက် လှုပ်ရှားမှု့သည် လှုပ်ရှားမှု့တစိတ်တဒေသ၏ လက်ရှိသွားနေသော လူ့အဖွဲ့စည်းအား ထောက်ကူမှု့ပေးခြင်း၏ ပမာဏခြေလှမ်း ဖြစ်ကြောင်း သိရှိရသည်။

    ယင်းက စာအုပ်စာပေကို ချစ်မြတ်နိုးတတ်သော ယဉ်ကျေးမှု့တစ်ရပ် ထွန်းကားလာအောင် ရည်ရွယ်ပြီး၊ စာအုပ်စာပေများကို ဖတ်ရှု့ခြင်း၊ ဖျော်ဖြေရေး ပွဲလမ်းသဘင်များကြည့်ရှု့ခြင်းနှင့် အကျိုးရှိ သော မိသားစု အချိန်များ အားလုံးကို ပေါင်းစပ်ထားမှု့၏ အရေးကြီးပုံကို ခလေးများနှင့် မိဘများကိုပါ သရုပ်ဆောင်ပြသ သွားမည် ဖြစ်သည်။

    လွန်ခဲ့သော အပတ်က နိုင်ငံလုံးဆိုင်ရာ စာဖတ်မှု့ လှုံ့ဆော်ရေး အခမ်းအနားကို ဟာယသ် ပလာဇာ Hyatt Plaza တွင် အစီစဉ်မျိုးစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

    Museum of Islamic Art Park to host National Reading Campaign Extravaganza   ကို “ရဲဗလမင်းထင်” ဘာသာပြန်ဆိုသည်။

    ref: qatar-tribune

  • အင်္ဂါဂြိုဟ်ကို မိမိတို့ ပထမဆုံးရောက်မယ်လို့ ကြေငြာလိုက်တဲ့ ဘိုးအင်း

    အင်္ဂါဂြိုဟ်ကို မိမိတို့ ပထမဆုံးရောက်မယ်လို့ ကြေငြာလိုက်တဲ့ ဘိုးအင်း

    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media

    mars

    – အခုနာမည်ကြီးနေတဲ့ Space X ဒုံးပျံကိုကျော်ပြီး မိမိတို့ရဲ့ ဒုံးပျံက အင်္ဂါဂြိုဟ်ထံကို ပထမဆုံး လူသား ခေါ်ဆောင်သွားနိုင်မယ်လို့ ဘိုအင်းကုမ္ပဏီက ကြေငြာလိုက်ပါတယ်။

    Space X ကုမ္ပဏီဟာ အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် နာဆာနဲ့ ဂြိုဟ်တုများ လွှတ်တင်နိုင်ရေး ဒုံးပျံတွေကို တည်ဆောက်နောဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာပဲ ကုမ္ပဏီက စီအီးအိုက အဲလွန် မက်စ်က မိမိတို့အနေနဲ့ အင်္ဂါဂြိုဟ်ကိုသွားဖို့ ကြီးကျယ်တဲ့ စီမံကိန်းတွေ ရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “အင်္ဂါဂြိုဟ်ကို ပထမဆုံး ခြေချမယ့်သူဟာ ဘိုးအင်းရဲ့ ဒုံးပျံကို စီးသွားရမယ်ဆိုတာ ကျွန်တော် ယုံကြည်နေပါတယ်” လို့ ဘိုးအင်းကုမ္ပဏီရဲ့ စီအီးအို ဒန်းနစ် မူလင်ဘာ့ဂ်က ယမန်နေ့ ချီကာဂိုမှာပြုလုပ်တဲ့ အာကာသဆိုင်ရာ အခမ်းအနားတစ်ခုမှာ ပြာကြားခဲ့ပါတယ်။

    မက္ကဆီကိုမှာ မက်စ် ဖွင့်ချခဲ့တဲ့ အင်္ဂါဂြိုဟ်သွား စီမံကိန်းမှာ ဂြိုဟ်အတွင်း မြို့တည်ထောင်မယ့် အစီအစဉ်၊ လူထောင်ပေါင်းများစွာက Space X ဒုံးပျံတွေနဲ့ သွားရောက်နေတဲ့ ပုံရိပ်တွေကို ဖန်တီးပြသခဲ့ပါတယ်။

    ဘိုးအင်းအကြီးအကဲ မူလင်ဘာ့ဂ်ကလည်း သိပ်မကြာခင်အချိန်အတွင်းမှာပဲ လူသားတွေဟာ အခြားသော ဂြိုဟ်တွေကို အလွယ်တကူ ခရီးသွားနိုင်တော့မှာဖြစ်ပြီး မိမိတို့ရဲ့ ရည်မှန်းချက်ကတော့ နောက်ရာစုနှစ်မှာ အာကာသခရီးသွားလုပ်ငန်းနဲ့ အာကာသစူးစမ်းရှာဖွေရေးကဏ္ဍမှာ အဓိကကျတဲ့ တိုးတက်မှုတွေကို ပြုလုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ လူသားတွေဟာ ကမ္ဘာပေါ်မှာ လမ်းလျှောက်ရာကနေ၊ လပေါ်မှာ လမ်းလျှောက်နိုင်ခဲ့တယ်ဆိုတာကို တွေးကြည့်ရင် အံ့သြလောက်စရာ ဖြစ်မှာပါ။ ကျွန်တော်တို့ဟာ မြင်းစီးနေတဲ့ ဘ၀ကနေ လေယာဉ်ပေါ် တက်နိုင်ခဲ့ကြပါတယ်” လို့ မူလင်ဘာ့ဂ်က ပြောကြာခဲ့ပါတယ်။

    ပြီးတော့ နောက်ရာစုနှစ်အတွင်း တီထွင်ဖန်တီးမှုတွေဟာ နည်းပညာရပ်ဝန်းမှာ ကြီးကျယ်ပြီး ထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်မှာဖြစ်ကြောင်း၊ အလွန်လျင်မြန်တဲ့ ခရီးသွားလာမှု၊ နာရီအနည်းငယ်အတွင်းမှာ ကမ္ဘာ့ဘယ်နေရာကိုမဆို ဆက်သွယ် သွားလာနိုင်စွမ်းကို ရရှိမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နာဆာက မိမိတို့ဟာ အင်္ဂါဂြိုဟ်ကို Space Launch System (SLS) ဒုံးပျံနဲ့ ၂၀၃၀ ပြည့်နှစ်တွေမှာ လူသားလွှတ်နိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နာဆာရဲ့ ရေရှည် မိတ်ဖက်ဖြစ်တဲ့ ဘိုးအင်းဟာ Space Launch System (SLS) စနစ်ရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    Ref: yahoo.com

  • ဗလီ တိုက်ခိုက်ခံရမှု့ အတွက် တူရကီလူမျိုး ဗလီ ရှေ့ဆောင်ဆရာအား ဂျာမဏီ သမ္မတ တောင်းပန်

    ဗလီ တိုက်ခိုက်ခံရမှု့ အတွက် တူရကီလူမျိုး ဗလီ ရှေ့ဆောင်ဆရာအား ဂျာမဏီ သမ္မတ တောင်းပန်

    အောက်တိုဘာ ၆ ၊ ၂၀၁၆
    M-Media

    ct1-fg7wgaan0ur-e1475593191284
    အဓိပတိ အန်ဂလာမာကယ် မှ ဟမ်ဇားတူရင် Hamza Turan နှင့် သူ့မိသားစုအားတွေ့ဆုံစဉ် Photo © Steffen Seibert/Twitter

    .
    ဂျာမနီနိုင်ငံတွင် အစ္စလာမ့်ကြောက်ရောဂါနှင့် သူစိမ်းကြောက်ရောဂါတို့ တစ်နေ့တခြား မြင့်တက်လာမှု့အပေါ် တူရကီတို့၏ စိုးရိမ်မှု့မြင့်တက်လာ စဉ်မှာပင်၊ ဂျာမနီနိုင်ငံ သမ္ပတနှင့် ဂျာမန်အကြီးကဲ အဓိပတိဖြစ်သူတို့က လွန်ခဲ့သည့်လက ဂျာမနီနိုင်ငံ တွင် အစ္စလာမ့်ကြောက် ရောဂါကြောင့်ဟု ထင်ရသည့် နောက်ဆုံး ပစ်မှတ်ထား တိုက်ခိုက်ခံရသော တူရကီနိုင်ငံသားများပိုင် ဒရစ်ဒန်မြို့ Dresden ရှိ ဗလီမှ ဗလီဆရာတစ်ဦးဖြစ်သူ ဟမ်ဇားတူရင် Hamza Turan အား လက်ခံတွေ့ဆုံခဲ့ပါသည်။
    .
    အင်္ဂါနေ့က တူရင်နှင့် သူ့မိသားစုမှာ သမ္မတ ဂျိုအာချင် ဂေါက်နှင့် အဓိပတိ အန်ဂလာမာကယ်တို့နှင့် တွေ့ဆုံခဲ့ပြီး ဂေါက် မှာ ထို့သို့ တိုက်ခိုက်ခဲ့မှု့အတွက်နှင့် မွတ်စလင်များအား ကာကွယ်ပေးရန် ပျက်ကွက်ခဲ့မှု့အတွက်ပါ တောင်းပန်စကား ပြောကြားခဲ့ပါသည်ဟု ထိုသို့တွေ့ဆုံပြီးနောက် တူရကီ သတင်းဌာနများသို့ ယင်းဗလီဆရာက ပြောကြားခဲ့သည်။
    .
    တူရကီ အန်ဂျီအိုတစ်ခုဖြစ်သော သာသနာရေးရာ တူရကီ-အစ္စလာမ့် ယူနီယံအသင်း the Turkish-Islamic Union for Religious Affairs (DİTİB) က စီမံခန့်ခွဲနေသည့် ဒရစ်ဒန်မြို့ရှိ ဖွာေဿွ့ဟ်ဗလီဝတ်ကျောင်းတော် Faith Mosque မှာ စက်တင်ဘာလနောက်ဆုံး အပတ်က အိမ်လုပ်ဖေါက်ခွဲရေး ပစ္စည်းများဖြင့် တိုက်ခိုက်မှု့ကို ခံခဲ့ရသည်။ ဗလီ ဆရာ တူရင်နှင့် သူ့မိသားစုတို့ စတည်းချရာ ဗလီ၏ နားခိုဆောင်ရှေ့တွင် အဆိုပါ ဗုံးမှာ ပေါက်ကွဲသွားခဲ့ပြီးနောက် အ ဆောက်အအုံ တစ်ခုလုံးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှု့အတွင်း မည်သူတစ်ဦးတစ်ယောက် ကမျှ ထိခိုက်ဒဏ်ရာ မရခဲ့ကြသော်လည်း တရားခံများကတော့ လွတ်မြောက်နေကြဆဲဖြစ်သည်။
    .
    အဆိုပါ အလည်ပတ်ခရီးစဉ်ပြီးနောက် တူရင်က အနဒိုလူ သတင်းဌာနသို့ ပြောကြားခဲ့ရာတွင်- ဂျိုအာချင် ဂေါက်မှာ သူနှင့် သူ့မိသားစုတို့နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါတိုက်ခိုက်ခံရမှု့အတွက် သူက ၀မ်းနည်းကြောင်းဖေါ်ပြခဲ့သလို တောင်းပန် စကားလည်း ပြောကြား ခဲ့ပါသည်။ သူက ကျွန်တော်တို့ကို အခုလို ပြောပါသည်။ ” ကျွန်ုပ်တို့တွေ စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျား တို့ကို ကာကွယ်မပေးနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့၊ အခုလို ဖြစ်ပျက်ခဲ့တာတွေကိုတော့ အသေချာ စုံစမ်းပါ့မယ်”‘ကျွန်တော် ကလည်း သူ့ရဲ့မှတ်ချက်စကား အတွက် ကျေးဇူး တင်ကြောင်း ပြန်လည်ပြောကြား ခဲ့ပါတယ် ‘လို့ တူရင် က ပြောပါသည်။
    .
    အဆိုပါ တိုက်ခိုက်မှု့မှာ လွန်ခဲ့သော ရက်အနည်းငယ်က ဟက်ဆန်မြို့ရှိ မီမာ ဆီနန်ဗလီ Mimar Sinan Mosque ကို မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရမှု့အပြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘီဘရာမြို့ Bebra မှာတော့ DİTİBက ပိုင်သည့် ဗလီအား ပစ်မှတ်ထား၍ မည်သူမည်ဝါမှန်း မသိရသေးသောသူအချို့က အန္တရာယ်မရှိသည့် မိုလိုတော့ အရက်များဖြင့် ပစ်ပေါက် သွားခဲ့ပါသည်။ DİTİB အား ဂျာမန်နိုင်ငံရေးသမားများက အသေရေဖျက်သည့် လှုပ်ရှားမှု့တစ်ခု နိုးကြားလာ ပြီးနောက် တွင် ယင်းဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။မတူညီသော နိုင်ငံရေး ပါတီများမှ ဂျာမန်နိုင်ငံရေးသမား သုံးဦးက ယင်းအဖွဲ့အစည်းမှာ တူရကီအစိုးရ၏ လက်အောက်ခံအဖွဲ့စည်းဖြစ်သဖြင့် ဂျာမနီနိုင်ငံတွင် အစ္စလာမ့် ပညာရေး အား ပုံလာဖေါ်ခြင်းကို လက်မခံ သင့်ကြောင်း ကြေညာခဲ့ပြီးနောက် တွင် DİTİB မှာ” ဘွင်းဘွင်းရှင်းရှင်းကြီးကို ရန်လိုသည့် အဖွဲ့စည်းဖြစ်သည် “ဟု သူတို့၏ ကြေညာချက်များတွင် ပစ်တင်ဝေဖန်ထားလေသည်။
    .
    မွတ်စလင် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဒလဟော ၀င်ရောက်လာမှု့နှင့်အတူ မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိနေသူ အချို့မှ ဂျာမနီနိုင်ငံရှိ ဗလီများကို ပြစ်မှတ်ထား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
    .
    German president apologizes to Turkish imam for mosque attack ကို “ရဲသူရိန်” ကောက်နှုတ် ဘာသာပြန်ဆိုသည်။

    ref: Daily Sabah

  • မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦး ရာထူးမှ နှုတ်ထွက်

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦး ရာထူးမှ နှုတ်ထွက်

    အောက်တိုဘာ ၆ ၊ ၂၀၁၆
    M-Media
    သီဟ
    myanmar-national-human-rights-commission
    မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦး ရာထူးအား သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးထင်ကျော်မှ လက်မှတ်ထိုးပြီး ဒီကနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

    အဆိုပါ အဖွဲ့ဝင်(၄) ဦးမှာ
    (၁) ဦးဇော်ဝင်း
    (၂) ဒေါက်တာ ဉာဏ်ဇော်
    (၃) ဒေါက်တာ ဒေါ်သန်းနွဲ့
    (၄) ဒေါ်မြမြ ဖြစ်ကြပါသည်။

    အင်းဝ အပ်ချူပ်ဆိုင်ပိုင်ရှင်များမှာ အိမ်အကူ အမျိုးသမီးငယ် (၂) ယောက်ကို ညှင်းပန်းနှိပ်စက်မှုတွင် လျော်ကြေးငွေပေးပြီး ကျေအေးနိုင်အောင် ညှိနှိုင်းပေးခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေကို အရေးယူဖို့ ပြည်သူ့လွှတ်တော် က ဆုံးဖြတ်ခဲ့သလို၊ အရပ်ဘက်အဖွဲ့အစည်း ၁၃ဝ ကျော်က နိုင်ငံတော်သမ္မတကို စက်တင်ဘာလ (၂၈) ရက်နေ့ တွင် စာပို့တောင်းဆိုခဲ့သည်။

    ဓါတ်ပုံ- မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် (၁၁) ဦးမှ နှုတ်ထွက်သွားသူ ၄ ဦး (မင်နီဝိုင်းထား)

    Photo-http://www.mnhrc.org.mm/